Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Monday, January 28, 2013

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး

Maung Maung Kyaw and 2 other people shared Aye Chan Mon's photo.
ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး

၁။ ကြက်ဥနှင့် ကြက်သား

အမိုင်နို အက်စစ်တွေက ဆံပင် သန်စွမ်း စေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေ ပါပဲ။ ပရိုတင်းဓာတ် များများ ရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။

၂။ ငါးနှင့် အိုမီဂါ- ၃

မပြည့်ဝ ဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်း စေပါတယ်။ အိုမီဂါ- ၃ အဆီကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးတွေနဲ့ သစ်ကြားသီး၊ မိကျောင်း ကွမ်းဖတ်နဲ့ ပဲပိစပ်တွေကနေ များစွာ ရရှိနိုင်ပါတယ်။

၃။ အမဲသား၊ ကမာကောင်နှင့် အစေ့အဆန်

အမဲသားနဲ့ ကမာကောင်တွေမှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ် ချို့တဲ့ပါက ဆံပင် ကျွတ်စေပါတယ်။ အစေ့အဆန် တွေဖြစ်တဲ့ ဗာဒံစေ့၊ သစ်ကြားသီး တွေကနေလည်း ဇင့်ဓာတ်ကို ရရှိနိုင်ပါတယ်။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ဗီတာမင်အီးတွေ ပါဝင်တာကြောင့် ဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။

၎။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေဖြစ်တဲ့ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေမှာ သံဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် အေနဲ့ စီက ဆံပင်ရဲ့ အရင်းမှာရှိတဲ့ မွေးညင်း အိတ်လေးတွေ ကနေ အဆီတွေကို ထုတ်လုပ် ပေးပြီး ဆံသားနူးညံ့ ပျော့ပျောင်းစေတဲ့ ကွန်ဒီရှင်နာအဖြစ် လုပ်ဆောင် ပေးပါတယ်။

http://www.myawady.com.mm/health/preventing/item/5332-2013-01-25-09-46-33#.UQSL3B03t8E

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး

၁။ ကြက်ဥနှင့် ကြက်သား

အမိုင်နို အက်စစ်တွေက ဆံပင် သန်စွမ်း စေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေ ပါပဲ။ ပရိုတင်းဓာတ် များများ ရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။

၂။ ငါးနှင့် အိုမီဂါ- ၃

မပြည့်ဝ ဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်း စေပါတယ်။ အိုမီဂါ- ၃ အဆီကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးတွေနဲ့ သစ်ကြားသီး၊ မိကျောင်း ကွမ်းဖတ်နဲ့ ပဲပိစပ်တွေကနေ များစွာ ရရှိနိုင်ပါတယ်။

အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း

နန္ဒ ထွန်း shared Knowledge Library .'s photo.
အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
========================

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။

ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။

လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက် နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့ စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။ လေငန်း ရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက် ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်း ရောဂါမှ သက်သာ ပျောက်ကင်း စေသည်။
-------------------------------
မြ၀တီကျန်းမာရေးကဏ္ဍ မှ
အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
========================

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။

ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

Monday, January 7, 2013

သွားဖြူစင်နည်း 6.1.2013

D Nyein Lin and 6 other people shared Aye Chan Mon's photo.
သွားဖြူစင်နည်း

6.1.2013

သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ။
- သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ
- အသားကိုတော့ စားလိုက်ပေါ့နော်။
- အခွံကို မပစ်လိုက်ပါနှင့် . သွားများဖြူဝင်းစေဖို့ အခွံလေးက စွမ်းဆောင်ပေးမှာပါ။
- သီးမွှေးဌက်ပျောသီး အထဲက အခွံနှင့် သွားများအားလုံးကို ပွတ်တိုက်ပေးလိုက်ပါ။
- ပွတ်တိုက်ပြီးတာနှင့် တစ်ရှုးလေးနှင့် စင်ကြယ်အောင် သုတ်ပေးလိုက်တာနှင့် ဖြူဝင်းနေတဲ့သွားများကို သင်တွေ့လိုက်ရပါမယ်။
- ဒီနည်းလေးကတော့ အရိုးရှင်းဆုံးနည်းလမ်းလေး တစ်ခုပါ
- ပြီးတော့ သင့်အတွက်လည်း မပင်ပန်းစေမယ့် နည်းလမ်းလေးပါ
- နေ့တိုင်းမဟုတ်သည့်တိုင် တစ်ပတ်ကို ( 4 ) ရက်လောက် တိုက်ပေးနိုင်ပါတယ်
- အားလုံးအဆင်ပြေပါစေ။

facebook(Htet Kyaw Lynn)

အေးချမ်းမွန်မှ Shan News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ပျော်ပျော်နေ သေခဲ

Lu Bo and KhingKhing Su shared Aye Chan Mon's photo.
ပျော်ပျော်နေ သေခဲ

ဘဝခရီးမှာ ပျော်ရွှင်ခြင်းများ ပျောက်ဆုံး၍ ချမ်းမြေ့ခြင်း နည်းသူများနှင့် စာလျှင် ဘဝခရီး တစ်လျှောက် ကိုယ်ရည် ကိုယ်သွေးများ မြှင့်တင်ပြီး ပျော်ရွှင် ချမ်းမြေ့ခြင်း ရှိသူများသည် အသက် ပိုရှည်သည့် အလားအလာ များကြသည်ဟု ဆိုသည်။

အသက် ၅၂ နှစ်မှ ၇၉ နှစ်အရွယ်ရှိ ဗြိတိန်မှ လူပေါင်း ၃၈၀၀ ကျော်အား ငါးနှစ်တာမျှ စဉ်ဆက်မပြတ် လေ့လာ ခဲ့ရာတွင် အချိန်အများစု၌ ကိုယ်စိတ် နှစ်ပါး ပျော်ရွှင်စွာရှိကြသူများ၏ သေဆုံးနှုန်းသည် ၃၅ ရာနှုန်းမျှ လျော့နည်း ကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။ အဆိုပါ လေ့လာမှုတွင် ပါဝင်သူ များအား အိပ်ယာနိုးပြီးချိန် မိနစ် ၃၀ အကြာ နံနက် ၇ နာရီမှ အစပြု၍ ညအိပ်ယာဝင်ချိန် ထိတိုင် တစ်နေ့တာအတွင်း လေးချိန်နီးပါးမျှ ၎င်းတို့၏ စိုးရိမ် သောက စိုးရွံထိတ်လန့်မှု၊ ပျော်ရွှင်မှု စိတ်လှုပ်ရှားမှုစသည့် ခံစားချက် များကို တစ်ဦးချင်းစီ မှတ်တမ်းပြု လေ့လာခဲ့ခြင်း ဖြစ်သည်။

လေ့လာမှု မှတ်တမ်းတွင် ပါဝင်သူများ၏ ပျော်ရွှင်မှုခံစားချက် အတိုင်းအဆ နှုန်းထားကို ၁ မှ ၄ထိ စကေးသတ်မှတ် လေ့လာခဲ့သည်။ ၅ နှစ်ကြာသည့် အခါ လန်ဒန် တက္ကသိုလ်အဖွဲ့မှ သုတေသီများက လေ့လာမှုမှတ်တမ်းတွင် ပါဝင်သူများ၏ သေဆုံးသည့် အကြောင်းရင်းများ ပါဝင်သူများ၏ အသက် ကျား-မ နှုန်းထား ကျန်းမာရေး၊ ချမ်းသာကြွယ်ဝမှု ပညာရေးနှင့် အိမ်ထောင်ရေး အခြေအနေတို့ကို စစ်ဆေးခဲ့ကြသည်။

စစ်ဆေးချက်အပြီး ကောက်ချက်အရ လေ့လာမှုတွင် ပါဝင်သူများထဲမှ ကိုယ်စိတ်နှစ်ပါး ပျော်ရွှင်မှု အများဆုံး သူများ၏ သေဆုံးနှုန်းသည် ၃.၆ ရာနှုန်းရှိပြီး ပျော်ရွှင်ချမ်းမြေ့မှု အလယ်အလတ် ရှိသူများ၏ သေဆုံးနှုန်းမှာ ၄.၆ ရာနှုန်း ရှိသည်။ ပျော်ရွှင်မှု ပျောက်ဆုံး သူများ၏ သေဆုံးနှုန်းမှာ ၇.၃ ရာနှုန်းမျှ ရှိသည်ဟု ကောက်ချက်ထုတ် ဖော်ပြထားသည်။ ယခုကဲ့သို့ စစ်တမ်းပြု ဖော်ပြချက်သည် ပထမဆုံးဖော်ပြချက် မဟုတ်သော် လည်း အသက်ကြီး သူများ၏ အကျိုးစီးပွားရေးကို ဦးတည်၍ ထပ်ဆင့် ဖော်ပြသော အကြောင်း တစ်ရပ်အဖြစ် အထောက်အပံ့ ဖြစ်စေသည်ဟု သုတေသီတို့မှ ဆိုထားသည်။ ပျော်ရွှင် ချမ်းမြေ့မှု ရှိခြင်းသည် အသက်ရှည် စေမှုနှင့် တိုက်ရိုက် ပတ်သက်သည်ဟု လေ့လာချက်မှ သက်သေ ပြထားခြင်း မရှိပေ။

နောက်ထပ် လေ့လာ စမ်းသပ်ချက် ရှာဖွေချက်များမှ ဤဆက်စပ် ချက်ကို အဖြေပေး နိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း သို့ရာတွင် ပျော်ရွှင်ချမ်းမြေ့မှု ရှိစေခြင်းသည် အသက်ရှည် စေမှုကို ဖြစ်စေသည် ဆိုသော ကောက်ချက်အား ဆရာဝန်များ ပြုစု စောင့်ရှောက်မှု ပေးနေသူများ အနေဖြင့် ကရုထားမှု ရှိစေရန်နှင့် အထူးသဖြင့် သက်ကြီး အရွယ် လူနာများ၏ စိတ်ပိုင်းဆိုင်ရာ အကျိုးကောင်း စားရေးကို ဂရုတစိုက်ရှိရန် သုတေသီတို့က အကြံပြု ထားသည်။

မင်းထက်

BY THE MANDALAY TIMES

အေးချမ်းမွန်မှ   မြ၀တီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ပျော်ပျော်နေ သေခဲ

ဘဝခရီးမှာ ပျော်ရွှင်ခြင်းများ ပျောက်ဆုံး၍ ချမ်းမြေ့ခြင်း နည်းသူများနှင့် စာလျှင် ဘဝခရီး တစ်လျှောက် ကိုယ်ရည် ကိုယ်သွေးများ မြှင့်တင်ပြီး ပျော်ရွှင် ချမ်းမြေ့ခြင်း ရှိသူများသည် အသက် ပိုရှည်သည့် အလားအလာ များကြသည်ဟု ဆိုသည်။

အသက် ၅၂ နှစ်မှ ၇၉ နှစ်အရွယ်ရှိ ဗြိတိန်မှ လူပေါင်း ၃၈၀၀ ကျော်အား ငါးနှစ်တာမျှ စဉ်ဆက်မပြတ် လေ့လာ ခဲ့ရာတွင် အချိန်အများစု၌ ကိုယ်စိတ် နှစ်ပါး ပျော်ရွှင်စွာရှိကြသူများ၏ သေဆုံးနှုန်းသည် ၃၅ ရာနှုန်းမျှ လျော့နည်း ကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။ အဆိုပါ လေ့လာမှုတွင် ပါဝင်သူ များအား အိပ်ယာနိုးပြီးချိန် မိနစ် ၃၀ အကြာ နံနက် ၇ နာရီမှ အစပြု၍ ညအိပ်ယာဝင်ချိန် ထိတိုင် တစ်နေ့တာအတွင်း လေးချိန်နီးပါးမျှ ၎င်းတို့၏ စိုးရိမ် သောက စိုးရွံထိတ်လန့်မှု၊ ပျော်ရွှင်မှု စိတ်လှုပ်ရှားမှုစသည့် ခံစားချက် များကို တစ်ဦးချင်းစီ မှတ်တမ်းပြု လေ့လာခဲ့ခြင်း ဖြစ်သည်။

လေ့လာမှု မှတ်တမ်းတွင် ပါဝင်သူများ၏ ပျော်ရွှင်မှုခံစားချက် အတိုင်းအဆ နှုန်းထားကို ၁ မှ ၄ထိ စကေးသတ်မှတ် လေ့လာခဲ့သည်။ ၅ နှစ်ကြာသည့် အခါ လန်ဒန် တက္ကသိုလ်အဖွဲ့မှ သုတေသီများက လေ့လာမှုမှတ်တမ်းတွင် ပါဝင်သူများ၏ သေဆုံးသည့် အကြောင်းရင်းများ ပါဝင်သူများ၏ အသက် ကျား-မ နှုန်းထား ကျန်းမာရေး၊ ချမ်းသာကြွယ်ဝမှု ပညာရေးနှင့် အိမ်ထောင်ရေး အခြေအနေတို့ကို စစ်ဆေးခဲ့ကြသည်။

Friday, January 4, 2013

ရှားစောင်းလက်ပပ် ဘယ်လို အသုံးဝင်လဲ

July Moe shared Royal Hero Media's photo.
ရှားစောင်းလက်ပပ် ဘယ်လို အသုံးဝင်လဲ

ရှားစောင်း လက်ပပ် အရွက်ကို အရင်းကနေ ဓါးထက်ထက်နဲ့ ဖြတ်ပါ။ တစ်ယောက်စာ အတွက်ပဲ ဆိုရင်တော့ လေးရွက်၊ ငါးရွက်လောက် အနည်းဆုံး ဖြတ်ယူပါ။ အရွက်ငယ် လေးတွေကို မဖြတ်ပဲ အပင်မှာပဲ ချန်ထားခဲ့ပါ။ ရေစင်စင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ဖျားကို ဖြတ်ပစ် လိုက်ပါ။
၁။ ဓါးနဲ့ ပါးပါးလှီးပြီး သစ်သီး ဖျော်ရည်စက်နဲ့ မွှေပါ။

၂။ ပိတ်စပါး သန့်သန့်နဲ့ အရည်ညှစ်ပါ။ ရှားစောင်း လက်ပပ်ရည်ကို အိုးသန့်သန့် တစ်လုံးနဲ့ ခံယူပါ။

၃။ ရှားစောင်း လက်ပပ်ရည်ကို မီးဖိုပေါ်တင်ပြီး မိနစ်၃၀ ခန့်ကြာအောင် ကျိုပါ။ ဆူလာတဲ့ အခါမှာ အမြှုပ်တွေ တက်လာ ပါလိမ့်မယ်။ တက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ် ပစ်ပါ။ အမြှုပ်တွေဟာ ဖန်တဲ့ အရည်တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် အမြှုပ်တွေကို ကုန်အောင် ခပ်ထုတ် ရတာပါ။

၎။ ပျားရည် (သို့မဟုတ်) သကြားသန့်သန့် သင့်ရုံ လောက်ကို ကြိုက်နှစ်သက်တဲ့ အရသာ ဖြစ်အောင်ထည့်ပြီး သမအောင် မွှေပေးပါ။ အအေးခံထားပြီး ရေခဲ သေတ္တာထဲ ထည့်သိမ်း ထားနိုင်လျှင် ပိုကောင်း ပါတယ်။ သွေးချို၊ ဆီးချို ရှိသူများ အတွက်ကတော့ အချို မထည့်သင့်ပါဘူး။ သဘာဝအတိုင်း သောက်တာ ပိုကောင်း ပါတယ်။ ရှားစောင် လက်ပပ် သတ္တုရည်ကို နေ့စဉ် ကြွေဇွန်းကြီး ၁ဇွန်းနှုန်းဖြင့် သုံးကြိမ် သောက်သင့် ပါတယ်။

ရှားစောင်း လက်ပပ်ရည်ကို ဒီအတိုင်းပဲ ထားမယ်ဆိုရင် သူ့ထဲမှာပါဝင်တဲ့ အောက်ဇားလစ် အက်ဆစ် Oxalic Acid တွေက ဓါတ်ပြောင်း သွားတတ်ပါ တယ်။ ဒါကြောင့် ရေခဲသေတ္တာ မရှိသူများ နှစ်ရက်စာ လောက်သာ ကျိုချက် သောက်လျှင် ကောင်းပါတယ်။ နှစ်ရက်ထက် ပိုမထား သင့်ပါဘူး။

ရှားစောင်းလက်ပပ် အမှုန့် ပြုလုပ်နည်း

ရှားစောင်းလက်ပပ် အမှုန့်ပြုလုပ်နည်းကတော့ ...

ရှားစောင်း လက်ပပ် အရွက်ကို သန့်စင်အောင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ချွန်တွေကို ဖယ်ပြီး ပါးနိုင် သလောက် ပါးအောင် လှီးပါ။ ပါးလေ ကောင်းလေ ဖြစ်ပါတယ်။

လှီးထားတဲ့ ရှားစောင်း လက်ပပ် အဖတ်လေးတွေကို ၀ါးနဲ့ လုပ်ထားတဲ့ ဆန်ကောထဲမှာ ဖြန့်လှန်းပါ။ တစ်ရက်နဲ့ မခြောက်ရင် နှစ်ရက်၊ သုံးရက် စသည်ဖြင့် လုံးဝ ခြောက်သွားအောင်လှန်းပါ။

နှစ်ရက်၊ သုံးရက် ကြာတဲ့အခါ ရှားစောင်း လက်ပပ်တွေ လုံးဝ ခြောက်သွားပြီ ဆိုရင် ဆုံထဲမှာ ထည့်ပြီး ထောင်းပါ။ မှုန့်မှုန့်ညက်ညက် လိုချင်တယ် ဆိုရင် တော့ ဆန်ကာချ ပေးရုံပါပဲ။

ရှားစောင်း လက်ပတ် အခြောက်မှုန့် သောက်နည်းကတော့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို

ရေနွေး တစ်ခန်ခွက်နဲ့ ရောပြီး တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ် သောက်ပါ။

ရှားစောင်းလက်ပပ် အမှုန့်ပြုလုပ်ဖို့ အချိန်မရသူတွေ အတွက် ရှားစောင်း လက်ပပ် အခြောက်ဖတ် အတိုင်း ရေနွေးဆူဆူထဲ ခတ်ပြီး ရေနွေးကြမ်း သောက်သလို သောက်သုံး နိုင်ပါ တယ်။ သောက်ရတာ ခက်တယ် ထင်ရင်တော့ ပျားရည် လေးနည်းနည်း ထည့်သောက်ပါ။ သွေးချို၊ဆီးချိုရှိ သူများ အတွက်ကတော့ ပျားရည် မထည့်သင့်ပါဘူး။ ပျောက်ကင်း ကာကွယ် နိုင်တဲ့ ရောဂါများကတော့ အစာအိမ် ပြည်တည်နာနဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ ရောဂါ၊ ဆီးချို၊ သွေးချို၊အသည်း၊ သွေးတိုးရောဂါ အစရှိသည် တို့ကို ကာကွယ် ပျောက်ကင်း နိုင်ပါတယ်။

မြဝတီ ကျန်းမာရေးကဏ္ဍ
ရှားစောင်းလက်ပပ် ဘယ်လို အသုံးဝင်လဲ

ရှားစောင်း လက်ပပ် အရွက်ကို အရင်းကနေ ဓါးထက်ထက်နဲ့ ဖြတ်ပါ။ တစ်ယောက်စာ အတွက်ပဲ ဆိုရင်တော့ လေးရွက်၊ ငါးရွက်လောက် အနည်းဆုံး ဖြတ်ယူပါ။ အရွက်ငယ် လေးတွေကို မဖြတ်ပဲ အပင်မှာပဲ ချန်ထားခဲ့ပါ။ ရေစင်စင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ဖျားကို ဖြတ်ပစ် လိုက်ပါ။
၁။ ဓါးနဲ့ ပါးပါးလှီးပြီး သစ်သီး ဖျော်ရည်စက်နဲ့ မွှေပါ။

၂။ ပိတ်စပါး သန့်သန့်နဲ့ အရည်ညှစ်ပါ။ ရှားစောင်း လက်ပပ်ရည်ကို အိုးသန့်သန့် တစ်လုံးနဲ့ ခံယူပါ။

၃။ ရှားစောင်း လက်ပပ်ရည်ကို မီးဖိုပေါ်တင်ပြီး မိနစ်၃၀ ခန့်ကြာအောင် ကျိုပါ။ ဆူလာတဲ့ အခါမှာ အမြှုပ်တွေ တက်လာ ပါလိမ့်မယ်။ တက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ် ပစ်ပါ။ အမြှုပ်တွေဟာ ဖန်တဲ့ အရည်တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် အမြှုပ်တွေကို ကုန်အောင် ခပ်ထုတ် ရတာပါ။

Sunday, December 30, 2012

နှလုံးကျန်းမာရေး (သတိပြုဖွယ်)

Kobo Gyi and Maung Lwin shared Zaw Mintun Zawmintun's photo.
နှလုံးကျန်းမာရေး (သတိပြုဖွယ်)

ဒီဆောင်းပါးလေးဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့  ပက်သက်တဲ့ ဆောင်းပါး လေးပါ။မြ၀တီ

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။

တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုး တွေဟာ ထမင်းစား နေစဉ်မှာ ရေနွေး သောက်သုံးတဲ့ အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာတော့ သူတို့ ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့အထကို ကျွန်တော်တို့ တွေပြောင်းလဲ ကျင့်သုံး သင့်ပါတယ်။

ခုဆောင်းပါးလေး ကတော့ ထမင်းစား ပြီးတော့ ရေခဲရေ သောက်သုံး သူတွေ အတွက်တော့ သက်ရောက်မှု့  ရှိပါတယ်။ (ကျွန်တော် ပေါ့ဗျာ။) တကယ်တော့ ထမင်းစားပြီးတော့ ရေခဲရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံး လိုက်ခြင်းဟာ အတော်လေး အရသာ ရှိပါတယ်။

ဒါပေမယ့်လည်း ရေခဲရေက နေပြီးတော့ မကြာခင်ကမှ စားသုံးထားတဲ့ အစာတွေကို ဆီခဲတွေ လို အစိုင်အခဲ အဖြစ်ကို ရောက်စေ ပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေကို ဖြိုခွဲပြီးတော့ အူနံရံ တွေက နေပြီး အခဲ အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူ ပါလိမ့်မယ်။ အဲတာတွေဟာ အူထဲ မှာသွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာတွေဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါကို ဖြစ်စေဖို့ ဦးတည်နိုင်ပါတယ်။ အကောင်းဆုံးကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေး ကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။

(အရေးကြီးတဲ့  နှလုံးခုန် ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန် ရုတ်တရက် ရပ်တန့်တဲ့ လက္ခာတွေ အားလုံးမှာ ဘယ်ဖက် လက်မောင်း ကိုက်ခြင်းမျိုး မဟုတ်ပါ။ မေးရိုး တလျှောက် နာကျင် လာခြင်းဟာလဲ သတိထား သင့်ပါတယ်။)

(နှလုံးခုန် ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာတော့ သင်ဟာ ဘယ်တော့မှ ပထမ ရင်ဘတ်နာခြင်း ကိုခံစားရမယ် မဟုတ်ပါ။ ဖျားနာခြင်းနဲ့ ချွေးထွက် လွန်ခြင်း တွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့်ကြတဲ့ သူတွေ ဟာ အိပ်ပျော်နေ ယင်းကနေပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု့က သင့်ကို နိုးထအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ တစ်တွေ ဂရုပြုပြီးတော့ သတိထား ရမှာပါ။ အဲတာက ကျွန်တော်တို့ ဆက်လက် အသက်ရှင် ရပ်တည်ဖို့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။

(နှလုံးရောဂါ အထူးကု တစ်ယောက်က ပြောတာက ဒီစာကို ဖတ်မိသူ တစ်ယောက်ကနေ ပြီးတော့ နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့ မယ်ဆိုယင် သင်နဲ့  ကျွန်ုပ်တို့ ဟာ အနဲ ဆုံး အသက်တစ်ချောင်းကို ကယ်ဆယ်နိုင်မယ် ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကိုဖတ်ပါ။ ပြီးတော့ မိတ်ဆွေ တစ်ယောက်ဆီကို ပို့ ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက် တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေ ကောင်း အဖြစ်နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေးနဲ့ အတူ ဂရုတစိုက်ရှိဖို့  ပေးပို့ ဖြစ်အောင် ပို့ပေး လိုက်ပါဗျာ။

http://www.myawady.net.mm/library/stories/healthstories/item/2026-2012-12-17-12-07-51
နှလုံးကျန်းမာရေး (သတိပြုဖွယ်)

ဒီဆောင်းပါးလေးဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့  ပက်သက်တဲ့ ဆောင်းပါး လေးပါ။မြ၀တီ

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။

တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုး တွေဟာ ထမင်းစား နေစဉ်မှာ ရေနွေး သောက်သုံးတဲ့ အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာတော့ သူတို့ ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့အထကို ကျွန်တော်တို့ တွေပြောင်းလဲ ကျင့်သုံး သင့်ပါတယ်။

မျက်စိကျန်းမာရေး နှင့် စားသင့်သော အစားအစာများ Shared by အာယု

Maung Lwin shared Zaw Mintun Zawmintun's photo.
မျက်စိကျန်းမာရေး နှင့် စားသင့်သော အစားအစာများ
Shared by အာယု
...ယခုတလော စာရေးသူမှာ မျက်စိနဲ့ ပက်သက်ပြီး မကြာခဏ အောင့်လာလိုက်၊ ခေါင်းတွေ နားထင်တွေ ထိုးကိုက်လာ လိုက်နဲ့ စာရေးတာရော စာဖတ်တာမှာပါ အနှောက်အယှက် ဖြစ်နေရတယ်၊
နောက်ပြီး ကွန်ပြူတာ သုံးနေစဉ်မှာရော မသုံးပဲ ပစ်ထားချိန်မှာပါ မျက်ရည်ပူတွေ တောက်လျောက် စီးကျကျနေတာမို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ေ လာက်အောင် တခါတခါ စိတ်ညစ်မိတယ်၊ ဒါကြောင့် ဘလော့ဂါ ဓမ္မမောင်နှမများ ဆီကို လှည့်လည်ဖို့ ပျက်ကွက်တာတွေ များနေတယ်၊ သည်းခံပေးကြပါ လို့ တောင်းဆိုချင်ပါတယ်၊ တခါတလေတော့လည်း ပုံမှန် စာဖတ်ဖြစ်ပေမယ့် ခြေရာ မချန်ထား ဖြစ်လေတော့ …. သည်းခံပေးကြပါ ဟူ၍သာ …

အခုလည်း ကိုယ့်ဒုက္ခနဲ့ ကိုယ်ပါပဲ၊ မျက်စိရှိရင် မျက်စိဒုက္ခ ခံရမှာပေါ့လေ လို့ နှလုံးသွင်းပြီး စိတ်ညစ်တာကို ဖြေသိမ့်နေ ရတယ်၊ ဒါကြောင့် လူတိုင်းမှာ ကျမ္မာရေးနဲ့ ပက်သက်လို့ တစ်ခုမဟုတ် တစ်ခုတော့ တွေ့ကြုံကြရမှာပါပဲ၊ အသက်အရွယ် ကြီးလာလေ ကျမ္မာရေးကို ပိုပြီး ဂရုစိုက်ရလေနဲ့ အော် အနတ္တ လို့တောင် ညည်းမိပါရဲ့၊ ကျမ္မာရေးအကြောင်း ပြောရင်းနဲ့ ကိုယ်တွေ့ ကြုံခဲ့တာလေး ဖောက်သည်ချပါရစေ၊ ဒီနေ့မှာ စာရေးသူတို့ မွန်ဘိုင်း စောမြကောလိပ်အတွင်းရှိ ဋ္ဌာနပေါင်းစုံမှာ တက်ရောက်နေတဲ့ Local ကျောင်းသားတွေရော ၊ foreign ကျောင်းသားတွေရော ကျောင်းဝင်းအတွင်း လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့် ရစေဖို့ ကိုယ်ပိုင် ID ကဒ် လုပ်ထားရမယ် တဲ့။ ဆိုတော့ ပတ်စပို့စ် ဓာတ်ပုံကို မဖြစ်မနေ ရိုက်ကြရ တယ်၊ နောင်တော် ကြီး သီတဂူစတား အပါအ၀င် ဋ္ဌာနတစ်ခုလုံးပေါ့လေ၊ ဓာတ်ပုံရိုက် ရင်းနဲ့ သွေးအမျိုးအစား ကို မေးတဲ့အချိန်မှာ A, B , AB, 0, စသည်ဖြင့် မေးပြီး positive or negative? ဆိုတော့ အားလုံး ပါးစပ်အဟောင်းသား၊ ဒါဆို Plus or Minus ? ပြောင်းမေးတော့လဲ အတူတူပဲ၊ ဘယ်သူမှ ကောင်း ကောင်း မသိကြဘူး၊ အမှန်က ကောင်းကောင်း ဆေးမစစ်ဖူးကြလေတော့ A ပိုး၊ B ပိုး C ပိုးစတာတွေကို ရည်ရွယ်ပြီး မေးနေတာကို နောက်မှ သိကြရတယ်၊ ကိုယ့်နိုင်ငံမှာတော့ ကျမ္မာရေး ၀န်ကြီးဋ္ဌာန ကလဲ ယောင်လို့တောင် စစ်မပေးဘူး၊ ကိုယ်ကိုယ်တိုင်လဲ ဘယ်သူမှမ စစ်ဖြစ်ကြဘူး၊ နိုင်ငံခြားကို အလုပ်လုပ်ဖို့၊ ပညာသင်ဖို့ ထွက်ကြတဲ့ လူတွေ အများစုကတော့ သွားမည့်နိုင်ငံအလိုက် ရောဂါ ၂ မျိုးမှ ၅ မျိုး ၆ မျိုးအထိ စစ်ဆေးခံရတာ၊ ဆေးမှတ်တမ်း ယူရတာ သိရတယ်၊ ရဟန်းတော်များမှာတော့ သွေးလှူဖူးသူ လောက်သာ ကိုယ့်သွေးအမျိုးအစားကို သိကြ ရတယ်၊ အပေါင်း အနှုတ်ဆိုရင်တော့ ဝေးရော၊ ရဟန်းတော်များမှာ နိုင်ငံခြား ထွက်ရင် လဲ သွေးစစ်မှတ် တမ်း မလိုအပ်လေ တော့ အေးအေးဆေးဆေးပဲ နေမိကြတယ်။

Wednesday, December 26, 2012

ချောကလက်သည် အသက်ရှည်စေ

KhingKhing Su shared International news for myanmar's photo.
ချောကလက်သည် အသက်ရှည်စေ

ချောကလက်က သဘာဝ အသက်ရှည်ဆေး ဖြစ်တယ်လို့ ဆေးပညာရှင်တို့ တင်စားခေါ်ဝေါ်ပါတယ်။ 

သူ့မှာ ပါဝင်တဲ့ Antioxidant ဟာ နှလုံးနဲ့ ဆက်စပ်ရောဂါတွေကို ဖြစ် မလာအောင် ကာကွယ်ပေးပါတယ်။ အနက်ရောင် ချောကလက် မှာ စတော်ဘယ်ရီသီးထက် Antioxidant  ၈ ဆ ပိုမိုပါဝင်ပါတယ်။ အခြားသော အာဟာရဓာတ်များနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ချောကလပ်တစ်ခုဟာ နိုက်ထရစ် အောက်ဆိုဒ်ဓာတ်ထုတ်လုပ်မှုကောင်းပြီး သွေးဖိအား (Blood pressure) ကို ပုံမှန်အတိုင်း ရှိအောင် လျော့ချပေးပါတယ်။ ဒါကြောင့် သွေးနဲ့ ဆက်စပ်ပြီး ဖြစ်တဲ့ ရောဂါလည်း ဖြစ်ဖို့ အလားအလာ နည်းသွားပါတယ်။ 

ဒါကြောင့် ချောကလပ်ကို ပုံမှန်စားသုံးခြင်းဖြင့် အသက် ရှည်နိုင်ကြောင်း ဆေးပညာရှင်နဲ့ လေ့လာသူများက ဆိုထားပါတယ်။ 
--
ref: medic-facts

http://www.innewsmyanmar.com/2012/12/blog-post_60.html

Monday, December 24, 2012

နှမ်းမည်းစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ 24 December 2012 |

New MyanmarFoundation shared Aye Chan Mon's photo.
နှမ်းမည်းစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

    24 December 2012  | 
    
နှမ်းမည်းစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ နှမ်းမည်းစေ့ကို ဟင်းရွက် သုပ်တဲ့ အခါ၊ ကိတ်မုန့်၊ ပေါင်မုန့် ပြုလုပ် ရာမှာနဲ့ လက်ဖက်သုပ်ရာမှာ ထည့်စားလေ့ရှိပါ တယ်။ လူအများစု စားဖို့ မေ့လျော့နေ တတ်တဲ့ နှမ်းမည်းစေ့မှာ ကျန်းမာရေး အ ကျိုးကျေးဇူးတွေ အများအပြား ပါဝင်နေ ပါတယ်။ ဒါကြောင့် နှမ်းမည်းစေ့ရဲ့ အာ နိသင်တွေကို သိရှိစေဖို့ ဖော်ပြပေးလိုက် ပါတယ်။

-နှမ်းမည်းစေ့ဟာ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှု ဖြစ်နိုင် ခြေကို လျှော့ချပေးနိုင်ပါတယ်။

-နှမ်းမည်းစေ့မှာပါတဲ့ အင်တီအောက် ဆီးဒင့်တွေက ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ်ပေးပါတယ်။ ဒါ့အပြင် ဦး နှောက်ဆီကို လိုအပ်တဲ့ အာဟာရဓာတ် နဲ့ အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါ တယ်။ ဒါက သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း လက်ခံထား ကြပါတယ်။

နှမ်းမည်းစေ့ဟာ သွေးထဲမှာ အဆီ စုပုံမှုနဲ့ မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တက်စေ ပါတယ်။

à နှမ်းမည်းစေ့မှာပါဝင်တဲ့ အာဟာရ ဓာတ်တွေရဲ့ လုပ်ငန်းဆောင်တာတစ်ခုက ရောင်ရမ်းမှုကို လျော့ကျစေတာ ဖြစ်တဲ့ အတွက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားကင်ဆာဆဲလ် ကြီးထွားမှုကို ဟန့်တားပေးနိုင်ပါတယ်။

à နှမ်းမည်းစေ့မှာ နွားနို့ထက် ပရိုတင်း နှစ်ဆ ပိုမိုပါဝင်ပြီး တခြားဟင်းသီးဟင်း ရွက်ထက် ကယ်လ်စီယမ် အဆ ၄၀ ပိုမို ခြောက်ဆ ပိုမို ပါဝင်နေပါတယ်။ နှမ်း မည်းစေ့ကို စားတာကြောင့် အူမကြီးကင် ဆာ၊ အရိုးပါးရောဂါ၊ ခေါင်းတစ်ခြမ်း ကိုက်တာနဲ့ ရာသီအကြိုဝေဒနာတို့မဖြစ် အောင် ကာကွယ်နိုင်ပါတယ်။

နှမ်းမည်းစေ့မှာပါဝင်တဲ့ ဘီတာစစ်စ တိုစတီရောမှာ ရောင်ရမ်းမှု လျော့ကျစေ တဲ့ လုပ်ငန်းဆောင်တာတစ်ခုရှိပြီး အဆီ ပြန်တဲ့ အရေပြားတွေကို သက်သာစေ ကာ အနာကျက်အား ကောင်းမွန်စေပါ တယ်။

-နှမ်းမည်းစေ့မှာ အများအပြား ပါဝင် တဲ့ ဗီတာမင်အီးဟာ အရေပြားရဲ့ ပျိုမျစ် နုနယ်တဲ့အသွင်ကို ထိန်းသိမ်းပေးထား ပြီး အရေပြားအိုမင်းမှုကို ဟန့်တားပေး နိုင်ပါတယ်။

-နှမ်းမည်းစေ့မှာ ဗီတာမင် B2 ၊B3 ၊ B5၊ B6၊ B9၊ ပရိုတင်း၊ သံဓာတ်၊ ဇင့် (သွပ်)ဓာတ်၊ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖ ရပ်စ်တို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ် အများအပြား ပါဝင်နေ ပါတယ်။

-နှမ်းမည်းစေ့မှာ ပါဝင်တဲ့ ပါရာအမိုင် နိုအက်စစ်ဟာ အိပ်မပျော်တဲ့ဝေဒနာနဲ့ ပင်ပန်းနွမ်းနယ်တာတို့ကို နာမကျန်းမှု အ မျိုးမျိုး ခံစားနေရပါက အမြန်သက်သာ စေပါတယ်။

-နှမ်းမည်းစေ့မှာ ပါတဲ့ အိုမီဂါ ၃ ဖက် တီးအက်စစ်ဟာ ဦးနှောက်ကို အားဖြည့် ပေးပြီး ဦးနှောက်ရဲ့ ပျက်စီးယိုယွင်းမှု ဖြစ်စဉ်ကို နှေးကွေးသွားစေပါတယ်။ နှ လုံးရောဂါထတာကိုလည်း လျော့ကျစေ ပါတယ်။

-နှမ်းမည်းစေ့မှာ ပါဝင်တဲ့ အမိုင်နို အက်စစ်ဟာ ဆံကေသာကို ကျန်းမာလှ ပစေပါတယ်။

ကြယ်စင်

အေးချမ်းမွန်မှGood Health တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
နှမ်းမည်းစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

24 December 2012 |

နှမ်းမည်းစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ နှမ်းမည်းစေ့ကို ဟင်းရွက် သုပ်တဲ့ အခါ၊ ကိတ်မုန့်၊ ပေါင်မုန့် ပြုလုပ် ရာမှာနဲ့ လက်ဖက်သုပ်ရာမှာ ထည့်စားလေ့ရှိပါ တယ်။ လူအများစု စားဖို့ မေ့လျော့နေ တတ်တဲ့ နှမ်းမည်းစေ့မှာ ကျန်းမာရေး အ ကျိုးကျေးဇူးတွေ အများအပြား ပါဝင်နေ ပါတယ်။ ဒါကြောင့် နှမ်းမည်းစေ့ရဲ့ အာ နိသင်တွေကို သိရှိစေဖို့ ဖော်ပြပေးလိုက် ပါတယ်။

-နှမ်းမည်းစေ့ဟာ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှု ဖြစ်နိုင် ခြေကို လျှော့ချပေးနိုင်ပါတယ်။

-နှမ်းမည်းစေ့မှာပါတဲ့ အင်တီအောက် ဆီးဒင့်တွေက ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ်ပေးပါတယ်။ ဒါ့အပြင် ဦး နှောက်ဆီကို လိုအပ်တဲ့ အာဟာရဓာတ် နဲ့ အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါ တယ်။ ဒါက သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း လက်ခံထား ကြပါတယ်။

နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်

KhingKhing Su shared Thet Ko Oo's photo.
နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်

နွားနို့၊ နို့မှုန့်ကိုသောက်သုံးခြင်းအားဖြင့်အရိုးပွခြင်းနှင့်ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ် ပေးနိုင်ကြောင်း အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ပြောသည်။
ပိုးသတ်ဆေးအသုံးပြုထားသောဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ စားသုံး ခြင်းကြောင့် ဖြစ်ပွားသည့် အစာအိမ် ကင်ဆာ၊ အသည်း ကင်ဆာနှင့် မော်တော်ကားများမှ ထွက်ရှိသော ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့များရှူရှိုက်မိခြင်း ကြောင့်
ဖြစ်ပေါ်လာသည့် အဆုတ် ကင်ဆာများကို သာမက ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်လာသည့် လည်ချောင်း ကင်ဆာနှင့် အဆုတ်ကင်ဆာ များအား နွားနို့နှင့် နို့မှုန့်ကို သောက်သုံး ခြင်းဖြင့် ယင်းရောဂါများကို ကာကွယ် ပေးနိုင်ကြောင်း သိရသည်။
နေ့စဉ် နို့တစ်ခွက် ပုံမှန် သောက်သုံးခြင်း အားဖြင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏရဲ့ သုံးပုံ တစ်ပုံကို ဖြည့်ဆည်း ပေးနိုင်ပါတယ်ဟု အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အကြံပြု ပြောကြားသည်။ သို့ရာတွင် နွားနို့နှင့် နို့မှုန့်တွင် ပါဝင်သော Lactose ဓာတ်ကြောင့် လူအချို့တွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်း ဖြစ်ပွား နိုင်ပြီး ပရိုတင်း ဓာတ်ကြောင့်လည်း လူအချို့တွင် ဝမ်းချုပ်ခြင်းတို့လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။
“နွားနို့ဖြစ်ဖြစ်၊ နို့မှုန့်ဖြစ်ဖြစ် မတည့်ရင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ နွားနို့ Allergy ဖြစ်တဲ့ သူတွေကို Lactose Intolarance လို့ခေါ်တယ်။ Lactoseနဲ့ လူတွေရဲ့ ခန္ဓာကိုယ် မတည့်ရင် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နိုင်တယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူဦးရေ သုံးပုံ တစ်ပုံဟာ Lactose Intolarance ရှိတတ်တယ်။ ဒါကြောင့် နို့နဲ့ မတည့်တဲ့ သူတွေကို ပဲနို့ အစားထိုးပြီး သုံးနိုင်တယ်” ဟု အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။ ထို့ပြင် မွေးစမှ ခြောက်လ အရွယ်ထိ ကလေးများကို မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေး သင့်ကြောင်း၊ မိခင်နို့သည် အပူအအေး မျှတပြီး အစာချေ စနစ်ကို ကောင်းစွာ ဖွံ့ဖြိုးအောင် ဆောင်ရွက် ပေးနိုင်ကြောင်း၊ အာဟာရဓာတ်လည်း မျှတစွာပါရှိပြီး ရောဂါများကိုလည်း ကာကွယ်ပေး နိုင်ကြောင်း သိရသည်။
“ကျွန်မသား ငယ်ငယ်တုန်းက နို့မှုန့်တိုက်တာ ဝမ်းချုပ် ဖူးတယ်။ ဝမ်းမချုပ်အောင် သကြား နည်းနည်းရော တိုက်ခဲ့ရတယ်။ လူနို့မှာ သကြားဓာတ် များများပါပြီး နွားနို့ကျတော့ ပရိုတင်းဓာတ် များများပါတယ်။ ပရိုတင်းဓာတ် များတဲ့ အခါကျတော့ ဝမ်းချုပ်တယ်။ အသား အများကြီး စားတဲ့သူ တွေလဲ ဝမ်းချုပ် နိုင်တာပဲ” ဟု ဒေါက်တာ အေးအေးသော် ဒုတိယ ညွှန်ကြားရေးမှူး အာဟာရ စီမံချက် မန်နေဂျာ အာဟာရဌာန၊ စိတ်ကျန်းမာရေး ဦးစီးဌာနက ဆိုသည်။
“နို့ကို ဖျော်တဲ့နေရာမှာ ဖျော်တဲ့ ရေသန့်ရှင်းဖို့နဲ့ ဖျော်တဲ့ လက်တို့၊ ခွက်တို့ သန့်ရှင်းဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ မသန့်ရှင်း ရင်တော့ အီကိုလိုင်ပိုး ပေါက်ပွားပြီး ဝမ်းပျက် ဝမ်းလျှော ဖြစ်နိုင်တယ်။ မြန်မာ နိုင်ငံမှာရှိတဲ့ နို့ဆီ၊ နို့မှုန့် ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ ပြည်ပ ကနေ နို့မှုန့် တင်သွင်းပြီး ပြန်လည် ထုပ်ပိုး ရောင်းချတဲ့ လုပ်ငန်း တွေဆိုရင် FDA မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ထောက်ခံချက် ယူရပါတယ်”ဟု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လင်းက ဆိုသည်။
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန FDAက ပြည်တွင်း နို့ဆီနှင့် နို့မှုန့် လုပ်ငန်းရှင် များအား ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်များ ဖြစ်သည့် Good Manufacturing Practice၊ Good Hygine Practice တို့နှင့်အညီ ထုတ်လုပ်ရန် ညွှန်ကြား ထားကြောင်း သိရသည်။
“ကလေး တစ်နှစ် ကျော်ပြီဆိုရင် ကျွန်တော်တို့ ဆီက နို့မှုန့်ကို ကောင်းကောင်း တိုက်လို့ ရပါပြီ။ နို့မှုန့်မှာ အမျှင်ဓာတ် Non-protein ပါတဲ့ အတွက် ဝမ်းမှန်မှန် သွားနိုင်ပါတယ်။ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနက ညွှန်ကြားထားတဲ့ အတိုင်း ကျန်းမာရေးနဲ့ အညီ ထုတ်လုပ် ထားပါတယ်”ဟု Red Horse Industrial Group မှ ပိုင်ရှင် ဦးထွန်းထွန်းက ဆိုသည်။
Ref : The Flower News
နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်

နွားနို့၊ နို့မှုန့်ကိုသောက်သုံးခြင်းအာြး
ဖင့်အရိုးပွခြင်းနှင့်ကင်ဆာရောဂအမျိုးမျိုးကို ကာကွယ် ပေးနိုင်ကြောင်း အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ပြောသည်။
ပိုးသတ်ဆေးအသုံးပြုထားသောဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ စားသုံး ခြင်းကြောင့် ဖြစ်ပွားသည့် အစာအိမ် ကင်ဆာ၊ အသည်း ကင်ဆာနှင့် မော်တော်ကားများမှ ထွက်ရှိသော ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့များရှူရှိုက်မိခြင်း ကြောင့်
ဖြစ်ပေါ်လာသည့် အဆုတ် ကင်ဆာများကို သာမက ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်လာသည့် လည်ချောင်း ကင်ဆာနှင့် အဆုတ်ကင်ဆာ များအား နွားနို့နှင့် နို့မှုန့်ကို သောက်သုံး ခြင်းဖြင့် ယင်းရောဂါများကို ကာကွယ် ပေးနိုင်ကြောင်း သိရသည်။
နေ့စဉ် နို့တစ်ခွက် ပုံမှန် သောက်သုံးခြင်း အားဖြင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏရဲ့ သုံးပုံ တစ်ပုံကို ဖြည့်ဆည်း ပေးနိုင်ပါတယ်ဟု အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အကြံပြု ပြောကြားသည်။ သို့ရာတွင် နွားနို့နှင့် နို့မှုန့်တွင် ပါဝင်သော Lactose ဓာတ်ကြောင့် လူအချို့တွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်း ဖြစ်ပွား နိုင်ပြီး ပရိုတင်း ဓာတ်ကြောင့်လည်း လူအချို့တွင် ဝမ်းချုပ်ခြင်းတို့လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။

Friday, December 21, 2012

အစိမ်းရောင် ပန်းဂေါ်ဖီ

Zaw Lin shared Myawady Health's photo.
အစိမ်းရောင် ပန်းဂေါ်ဖီ 
http://www.myawady.net.mm/health/knowledge/item/2523-2012-12-21-13-07-29
အဆုပ်ရောဂါ ကာကွယ်ရန် အတွက် အစိမ်းရောင် ပန်းဂေါ်ဖီ စားသုံးသင့် အစိမ်းရောင် ပန်းဂေါ်ဖီ စားသုံးခြင်းသည် အဆုတ် အတွက် အထောက်အကူ ပြုကြောင်း သိရှိရသည်။

နောက်ဆုံး တွေ့ရှိသော သုတေသန ရလဒ်များအရ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ ခံနိုင်ရည်အားကို တိုးမြှင့် ပေးသည်ဟု ဖော်ပြလျက် ရှိသည်။

ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူ (၃၀၀၀၀)ခန့်မှာ စီးကရက် အလွန်အမင်း သောက်သုံးမှုကြောင့် အဆုတ် ရောဂါများ ဖြစ်ပွားပြီး သေဆုံးလျက် ရှိနေသည်။ အမေရိကန် နိုင်ငံမှ သိပ္ပံ ပညာရှင်များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ် အတွင်းရှိ ရောဂါ ကာကွယ်သော ဆဲလ်များကို ပိုမိုလှုပ်ရှား အသက်ဝင် စေသည်ဟု တွေ့ရှိခဲ့သည်။ ထိုဓာတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ကြွယ်ဝစွာ ပါရှိသည်။

NRF2ဟု ခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ်အတွင်း အဆိပ်အတောက် ဖြစ်ပွား စေနိုင်သော ပမာဏကို လျော့ကျ စေနိုင်ပြီး ထိုဆဲလ်များကို နိုးကြားစေမည့် လှုံ့ဆော်မှုမျိုးအား အစိမ်းရောင် ပန်းဂေါ်ဖီတွင်...

Thursday, December 20, 2012

တွဲဖက်၍ မစားသင့်သော အစာများ Posted lu bo Monday, December 10, 2012 at 11:26 PM

Htun Gla shared General Knowledge's photo.
တွဲဖက်၍ မစားသင့်သော အစာများ

Posted lu bo Monday, December 10, 2012 at 11:26 PM 

ဆရာဝန်တွေက သဘောတူထားတာတွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ မြန်မာတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။

• ကကတစ် နှင့် ကြာဟင်း
• ကုန်းကျေး နှင့် ပုစွန်
• ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
• ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး (သံပရာသီး)
• ကျွဲခေါင်းသီး နှင့် လက်ဖက်
• ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
• ကုန်းငှက်သား နှင့် ကြက်ဆူဆီ
• ကန်စွန်းမြစ် နှင့် နှမ်းမှုန့်
• ကြာစွယ် နှင့် ဝက်သား
• ကြက်ဆူဆီ နှင့် ခါသား
• ကြက်ဆူသီး နှင့် ငှက်သား
• ကောက်ညှင်း နှင့် ရေငန်သီး
• ကတိုး နှင့် သရက်သီး
• ကြံတင်လဲ နှင့် နှမ်းမှုန့်ဆုပ်
• ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
• ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ် နှမ်းဆီ
• ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
• ကျောက်ဖရုံ နှင့် အိုးမဲ
• ကြောင်လျှာသီး နှင့် ငါးသေတ္တာ
• ကြောင်လျှာသီး နှင့် ကြက်သား
• ကျေးသား နှင့် ဘူးသီး
• ကျွဲသား နှင့် ကြာစွယ်ကြာဥ
• ကြက်သွန်ဖြူ နှင့် နို့ရည်
• ကြံ့သား နှင့် ငါးခူ၊ ငါးဒန်
• ကြက်သား နှင့် အင်ဖူး
• ကြက်ဟင်းခါးသီး နှင့် မှို
• ကြက်ဟင်းခါးသီး နှင့် ကြက်သား
• ကိုင်းဥ နှင့် ပုဇွန်ချဉ်
• ကြက်ဥ နှင့် ခံသီး
• ကြက်ဥ နှင့် တမာရွက်၊ တမာဖူး
• ချင်း နှင့် သင်္ဘောသီး၊ သင်္ဘောပွင့်
• ချောကလက် နှင့် စောင်းလျား
• ချောကလက် နှင့် ပဲမြစ်
• ချိုချဉ် နှင့် ပဲငါးပိ
• ချဉ်ဆီ နှင့် ထောပတ်
• ခရမ်းပိမ့်သီး နှင့် နို့ရည်
• ခရု နှင့် အမဲသား
• ခိုသား နှင့် ချင်းစိမ်း
• ခိုသား နှင့် ခြေလေးချောင်းသား
• ခိုသား နှင့် မုန်ညင်းဆီ
• ခံသီး နှင့် ငရုတ်ကောင်း
• ခံသီး နှင့် နို့ရည်
• ချီးသီး နှင့် နို့ရည်
• ခံသီး နှင့် ပီလောပီနံဥ
• ချိုချဉ်သကြားလုံး နှင့် စိမ်းစားဥ
• ဂွေးရွက် နှင့် နို့ရည်
• ဂွေးသီး နှင့် အာတာလွတ်ဥ
• ဂွေးသီး နှင့် နို့အေးချောင်း
• ဂွေးသီး နှင့် ပီလောပီနံဥ
• ဂျယ်လီ နှင့် ကော်ဖီ
• ငရုပ်ကောင်း နှင့် ခံသီး
• ငွေ နှင့် ရှိန်းခို
• ငါးချက်သောအိုး နှင့် ပိတ်ချင်းရွက်
• ငါးဆီ နှင့် ပိတ်ချင်းရွက်
• ငှက်ပျောသီး နှင့် မှို
• ငါးရံ့သား နှင့် ပွေးသား
• ငုံးသား နှင့် စောင်းလျား
• ငုံးသား နင့် ခိုသား
• ငှက်သား နှင့် ကြက်ဆူဆီ
• ငါးပူတင်းဥများ
• ငှက်ပျောသီး စားပြီရေအေးသောက်ခြင်း
• စတော်ဘယ်ရီ နှင့် သီးသီး
• စားတော်ပဲ နှင့် သီးသီး
• စိန် နှင့် သံပရာသီး
• စိမ်းစားဥ နှင့် ချောကလက်
• စိမ်းစားဥ နှင့် ရေခဲချောင်း
• စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး
• စောင်းလျားသီး နှင့် ခိုသား
• စောင်းလျားသီး နှင့် ရှောက်သီး
• ဆေးခြောက် နင့်နနွင်းရည်
• ဆီ နှင့် ဆီခဲစပ်တူ
• ဆင်သမနွယ်ရွက် နှင့် နို့ရည်
• ဆောင်မေခါးရွက် နှင့် နို့ရည်
• ဆိတ်ဖူး နှင့် ငှက်ပျောဖူး
• ဆိတ်သား နှင့် ကျွဲသား
• ဆတ်သား နှင့် ဆူးပန်းရွက်
• ဆတ်သား နှင့် နို့ရည်
• ဆိတ်နို့ နှင့် ဆူးပန်းရွက်
• ဆပ်ပြာ နှင့် အုန်းရည်
• ဆပ်ပြာ နှင့် အချဉ်မျိုး
• ဆိတ်နို့ဆိတ်သား နှင့် ငါးကြီးဆီ
• စောင်းလျားသီး နှင့် ပီလောပီနံဥ
• ဥာဏ်ရွက် နှင့် သေရက် အမျိုးမျိုး
• တလည်းသီး နှင့် နို့ရည်
• တလည်းသီး နှင့် ပဲကြီး
• တောပဲရိုင်း နှင့် နို့
• တောင်ပိန္နဲသီး နှင့် နို့ရည်
• တေဇောဘမ်း နှင့် ခါချဉ်ကောင် ကိုက်သည် ကိုမလိမ်းရ၊
• ထနောင်းရွက် နှင့် မန်ကျည်းသီးမှည့်
• ထုံး နှင့် မြင်းသား
• ထန်းလျက် နှင့် နလင်ကျော်
• ထန်းလျက် နှင့် သပြေသီး
• ထန်းရည်ချို နှင့် ဝက်သား
• ထန်းသီး နှင့် နို့မျိုး ချဉ်
• ထန်းလျက် နှင့် သပြေသီး
• ထောပတ် နှင့် ကြေးခွက်
• ထောပတ် နှင့် ဆီခဲအမျိုးမျိုး
• ထုံးရေတို့တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင့် နို့ရည်
• ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
• ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း
• ဒန့်သလွန်ရွက် နှင့် နို့ရည်
• ဒန့်သလွန်သီး နှင့် ကလောဥ
• ဒိန်ချဉ် နှင့် ထန်းသီးမုန့်
• ဒုတ္တာ နှင့် အချဉ်မျိုး
• ဒူးရင်းသီး နှင့် ရှိန်းခို
• ဒေါင်းသား နှင့် နို့ချဉ်
• ဒေါင်းသား နှင့် ပီလောပီနံ
• နလင်ကြော် နှင့် ထန်းလျက်
• နလင်ကြော် နှင့် အချဉ်
• နို့ခဲပျက် နှင့် ပဲဒလက်
• နို့မျိုး နှင့် ဆား
• နို့မျိုး ချဉ် နှင့် ပီလောပီနံဥ
• နို့စိမ်း နှင့် အချဉ်မျိုး
• နို့ရည် နင့် စောင်းလျားသီး
• နို့ရည် နှင့် ကုလားပဲ
• နို့အေးချောင်း နှင့် သခွားသီး
• နို့အေးချောင်း နှင့် ဘူးသီး
• နှမ်းမှုန့်ဆုပ် နှင့် တလည်းသီး
• ပတဲကော နှင့် သံပရာသီး
• ပဒုမ္မာကြာရွက်နု နှင့် ပျားရည်
• ပရုတ်ဆီ နှင့် ကရင်နီကောင်ကိုက်သည့်နေရာကို မလိမ်းပါနှင့်
• ပဲကြီး နှင့် မုန်လာ
• ပဲဒလက်စေ့ နှင့် ဆူးပန်း
• ပဲလင်းမြွေသီး နှင့် လင်းမြွေသား
• ပဲဒလက်စေ့ နင့်ဆိတ်သား
• ပဲစိမ်းစားဥ နှင့် ချိုချဉ်အမျိုးမျိုး
• ပိန္နဲသီး နှင့် ပျားရည်
• ပီလောပီနံ နှင့် ပျားရည်
• ပီလောပီနံ နှင့် ပေအူ
• ပေရည် နှင့် ငှက်သား
• ပျားရည် နှင့် သင်္ကန်းဖွယ် ငှက်သား
• ပျားရည် နှင့် မိုးရည်
• ပျားရည် နှင့် ကင်းပိတ်ရွက်
• ပျားရည် နှင့် ရှားစောင်း
• ပျားရည် နှင့် ပိတ်ချင်းရွက်
• ပုန်းရည် နှင့် ဗျိုင်းအောက်သား
• ပြောင်းသား နှင့် နို့ရည်
• ပိုင်ရီတွန် (Piriton) နှင့် အရက်
• ဖရဲသီး နှင့် နို့မျိုး
• ဖရဲသီး နှင့် ဘဲဥ
• ဖားသား နှင့် မှို
• ဖွတ်သား နှင့် ကြက်ဆူဆီ
• ဖောင်စီးဂဏန်း နှင့် မှို
• ဖန်ခါးသီး နှင့် ပုဒမ္မာကြာရွက်
• ဖန်ခါးသီး နှင့် ပီလောပီနံဥ
• ဗုံလုံသီး နှင့် ပီလောပီနံ
• ဗျိုင်းသား နှင့် ဝက်ဆီ
• ဗျိုင်းအောက်သား နှင့် ဝက်ဆီ
• ဗျိုင်းနှမ်းနှင် သေရည်
• ဘူးသီး နှင့် ကြက်တူရွေးသား
• ဘာစပရိုဆေးပြား နှင့် သံပရာသီး
• ဘာမီတွန် Burmeton ဆေးပြား နှင့် ထန်းလျက်ခဲ
• ဘာမီတွန် Burmeton နှင့် Tiffy တစ်ဖီအစိမ်းရောင် ကတ်
• ဘီလုံးငှက်သား နှင့် ကြက်ဆူဆီ
• ဘာစပရို Buspro ဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊
• မဲနယ်အိုး နှင့် သားငါး
• မဲဇလီဖူးရွက် နှင့် လက်ဖက်သုပ်
• မိချောင်းသား နှင့် နနွင်း
• မန်ကျည်းသီး နှင့် နို့ရည်
• မင်းကွတ်သီး နှင့် သကြား
• မတ်ပဲ နှင့် တင်လဲ
• မတ်ပဲ နှင့် မုန်လာ
• မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက်
• မုန်လာမြစ် နှုင့်ပျားရည်
• မုန်လာ နှုင့် မတ်ပဲ
• မှို နှင့် ရှားစောင်း
• မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး
• မြေဇာဥ နှင့် သစ်ကြားသီး
• မျောက်တည်သီး နှင့် နို့ရည်
• မြွေသား နှင့် ငါးရံသား
• မြန်မာလျက်ဆား နှင့် သွားတိုက်ဆေး
• မြင်းခွာရွက် နှင့် သခွားသီး
• မက်ထရိုနီဒါဇော (Meronidazole) နှင့် အရက်
• ယုန်သား နှင့် မှို
• ရာဘာချဉ် နှင့် ဆိတ်သား
• ရှာလကာချဉ် နှင့် ပီလောပီနံ
• ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး
• ရေခဲသုပ် နှင့် ချင်းသုပ်
• ရေငန်သီး နှင့် လက်ဖက်
• ရှားစောင်းချဉ် နှင့် အမဲသား
• ရှားစောင်း နှင့် ကုလားဗရာကြော်
• ရှောက်သီး နှင့် စောင်းလျားသီး
• ရှောက်သီး နှင့် ပီလောပီနံ
• ရှောက်သီး နှင့် ပဲစိမ်းစားဥ
• ရှောက်သီး နှင့် ခိုသား
• ရှောက်သီး နှင့် နို့ရည်
• ဝက်သားချဉ် နှင့် မဲနယ်အိုး
• ဝက်သား နှင့် ဒိန်ချဉ်
• ဝက်သား နှင့် နွားနို့
• ဝမ်းဘဲဥ နှင့် ဖရဲသီး
• ဝမ်းဘဲဥ နှင့် ပေသီးပေရည်
• ဝါစေ့/ ဝါဆီ နှင့် သမင်သား
• ဝါးမျှစ် နှင့် အင်ဥ
• သမုန်းမြစ် နှင့် အချဉ်ချက်သောအိုး
• သမုန်းရွက် နှင့် ငါးချက်သောအိုး
• သကြားပြာ နှင့် ပျားရည်
• သမင်သား နှင့် ဝါရွက်
• သပြေသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် နို့ရည်
• သံပရာသီး နှင့် စိမ်းစားဥ
• သားငါးအဆီ နှင့် ထောပတ်
• သားငါးတို၏အဆီ နှင့် ချဉ်ဆီ
• သားမျိုးဟင်း နှင့် နှမ်းမှုန့်
• သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
• သေရည်သေရက် နှင့် နှမ်းမှုန့်ဆုပ်
• သေရက်မျိုး နှင့် ပိတ်ချင်းရွက်
• သေရည် နှင့် ဗျိုင်းအောက်သား
• သေရည်သေရက် နှင့် နို့အမျိုးမျိုး
• သစ်ကြားသီး နှင့် ဝက်မြေဇာဥ
• သည်းခြေ နှင့် သားဟင်းမျိုး
• ဟင်းငန်ရွက် နှင့် နှမ်းဖတ်
• ဟစ်တမင်း (Histamine) နှင့် အရက်
• အင်ဥ နှင့် ပြောင်းဆန်
• အမဲသားချဉ် နှင့် မဲနယ်အိုး
• အရက် နှင့် ဘိန်း
• အရက် နှင့် Burmeton ဘာမီတွန်
• အချဉ်မျိုး နှင့် နို့မျိုး
• အိမ်ဆီးချို နှင့် နို့ရည်
• အုန်းသီး နှင့် နိုရည်
• အုန်းရည် နှင့် ပျားရည်
• အုံတုံဆံ နှင့် ကလောဥ
• ဥသျှစ်သီး နှင့် ပျားရည်
• ဥဒေါင်းသား နှင့် ကြက်ဆူဆီ
• ဥမျိုး နှင့် ကြက်ဆူဆီ
• ဥသျှစ်သီး နှင့် ကင်းပိတ်ရွက်
• သြဇာသီး နှင့် ပျားရည်
• တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ
• ကြက်ဆူသီး + ငှက်သား = သေ
• ကျေးသား + ဘူးသီး = သေ
• ကြောင်လျှာသီး + ငါးသေတ္တာ = သေ
• ကြောင်လျှာသီး + ပဲဒလက် = သေ
• ကြောင်လျှာသီး + စပါးကြီးမြွေ = သေ
• ကျွဲကောသီးး + သံပရာသီး = သေ
• ကျွဲခေါင်းသီး + သံပရာသီး = သေ
• ကိုင်းဥ + ပုစွန်ချဉ် = သေ
• ချောကလက် + စောင်းလျားသီး = သေ
• ချောကလက် + ပဲမြစ် = သေ
• ခိုသား + ချင်း = သေ
• ခိုသား + ဖရုံသီး = သေ
• ချင်း + သင်္ဘောသီး = သေ
• ဂွေးသီး + အာတာလွတ် = သေ
• ငှက်ပျောသီး + ထန်းသီး = သေ
• တညင်းသီး + ရှိန်းခို = သေ
• ထန်းလျက် + နလင်ကျော် = သေ
• ထန်းလျက် + ၂၇ ပါးဆေး = သေ
• နို့ဆီ + ကိုးပါးဆေး = သေ
• နွားနို့ + အချဉ်အမျိုးအမျိုး = သေ
• နွားနို့ + မှို = သေ
• နို့အေးချောင်း + ဂွေးသီး = သေ
• ပျားရည် + သြဇာသီး = သေ
• ပျားရည် + အုန်းသီး = သေ
• ပျားရည် + ဥသျှစ်သီး = သေ
• ပီလောပီနံ + ပဲကြားလှော် = သေ
• ပီလောပီနံ + မျှစ်ချဉ် = သေ
• ပီလောပီနံ + ဒေါင်းသား = သေ
• ပီလောပီနံ + အချဉ်အမျိုးမျိုး = သေ
• မင်းကွတ်သီး + သကြား = သေ
• မှို + တညင်းသီး = သေ
• မိုင်လို + ပဲမြစ် = သေ
• မှို + ဖားသား = သေ
• မှို + လယ်ကဏန်း = သေ
• မှို + ယုန်သား = သေ
• ရေခဲမုန့် + ချင်းသုပ် = သေ
• ရှောက်သီး + နွားနို့၊ နို့ရည် = သေ
• လက်ဖက် + ကျွဲခေါင်းသီး = သေ
• ဝက်သား + ထန်းရည်ချို = သေ
• ဝက်သား + ဗျိုင်းသား = သေ
• ဝက်သား + ကြာရိုးကြာစွယ် = သေ
• သပြေသီး + ထန်းလျက် = သေ
• သိုးသား + စောင်းလျားသီး = သေ
• အမဲသား + ခရု = သေ
• အုန်းနို့ခေါက်ဆွဲ + Pepsy ပက်ပစီ = သေ

Written -  Vinsent Vango
တွဲဖက်၍ မစားသင့်သော အစာများ

Posted lu bo Monday, December 10, 2012 at 11:26 PM

ဆရာဝန်တွေက သဘောတူထားတာတွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ မြန်မာတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။

• ကကတစ် နှင့် ကြာဟင်း
• ကုန်းကျေး နှင့် ပုစွန်
• ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
• ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး (သံပရာသီး)
• ကျွဲခေါင်းသီး နှင့် လက်ဖက်
• ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
• ကုန်းငှက်သား နှင့် ကြက်ဆူဆီ
• ကန်စွန်းမြစ် နှင့် နှမ်းမှုန့်
• ကြာစွယ် နှင့် ဝက်သား
• ကြက်ဆူဆီ နှင့် ခါသား
• ကြက်ဆူသီး နှင့် ငှက်သား
• ကောက်ညှင်း နှင့် ရေငန်သီး
• ကတိုး နှင့် သရက်သီး
• ကြံတင်လဲ နှင့် နှမ်းမှုန့်ဆုပ်
• ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
• ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ် နှမ်းဆီ
• ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
• ကျောက်ဖရုံ နှင့် အိုးမဲ
• ကြောင်လျှာသီး နှင့် ငါးသေတ္တာ
• ကြောင်လျှာသီး နှင့် ကြက်သား
• ကျေးသား နှင့် ဘူးသီး

Wednesday, December 19, 2012

မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီးစားမိ၍ ဆေးရုံတင်ထားရ 2012-12-19

Zaw Lin shared Aye Chan Mon's photo.
.မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီးစားမိ၍ ဆေးရုံတင်ထားရ

2012-12-19

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာ အထက်တန်းကျောင်းက ပထမတန်းနဲ့ ဒုတိ...ယတန်းကျောင်းသား အယောက် ၂၀ ကျော်ဟာ ဒီကနေ့လည် ၁၂ နာရီ နေ့လည် ကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာစိုက်ထားတဲ့ ကြက်ဆူသီး များကို စားမိတဲ့အတွက် မူးဝေအော့အန်ပြီး နမ္မတီးတိုက်နယ်ဆေးရုံမှာ ဆေးကုသပေးနေရတယ်လို့ သိရှိရပါတယ်။

အသက် ၇ နှစ်နဲ့ ၈ နှစ်အရွယ် ကျောင်းသားငယ်တွေ အဲသလို ဆေးရုံတင်လိုက်ရတာနဲ့ ပတ်သက်ပြီး မရမ်းကျေးရွားမှာနေထိုင်သူ တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

" ကျောင်းထဲမှာစိုက်ထားတဲ့ ကြက်ဆူသီးစားမိလို့ အဆိပ်ဖြစ်ပြီး တိုက်နယ်ဆေးရုံမှာ တင်ထားရတယ်၊ မေ့နေတဲ့သူ သုံးယောက်၊ လေးယောက်လောက်ပါတယ်၊ အကုန်လုံးက ခေါင်းမထောင်နိုင်ပဲလေးနေကြတယ်၊ အုပ်ချုပ်ရေးမှူးက နောက်ကနေလိုက်သွားတယ်"

ကျောင်းသားငယ်များရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ နမ္မတီးတိုက်နယ် ဆရာဝန်ကြီး ဦးအောင်နိုင်ဝင်းက ဒီလိုရှင်းပြပါတယ်။

" လောလောဆယ်ဆေးရုံးတင်ထားရတာ ၂၄ ယောက်ရှိတယ်၊ အခြေအနေကောင်းပါတယ်၊ ကြက်ဆူသီးစားမိလို့ မူးမယ်၊အန်မယ် သူ့လက္ခဏာက၊ အခြေအနေကိုစောင့်ကြည့်ရမှာပေါ့"

ဆေးရုံတင်ထားရတဲ့ ကလေးငယ်တွေကို နမ္မတီးမြို့က ကုသိုလ်ဖြစ်လူမှုကူညီရေး အသင်းကနေပြီး ကူညီပေးဖို့စီစဉ်နေတယ်လို့ အဲ့ဒီအသင်းက ဦးဝင်းဘိုက ပြောပါတယ်။

မရမ်းအထက်တန်းကျောင်းမှာရှိတဲ့ ကြက်ဆူပင်တွေဟာ ၂၀၀၅ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးမှာ မစိုက်မနေရ စိုက်ခိုင်းချိန်တုန်းက စိုက်ပျိုးထားတဲ့အပင်တွေလို့ ဒေသခံတွေကဆိုပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

အေးချမ်းမွန်မှ  ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ခေတ်သတင်း
‎.မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီးစားမိ၍ ဆေးရုံတင်ထားရ