Pages

Sunday, May 19, 2013

ဘ၀ကို ဘာတွေပေးဆပ်မှာလဲ(လမ်းမှားကနေ သွားလို့မရပါ။ မှားနေရင်တော့ ပြင်ရပါသည်) by Myat Thi Ha (Notes) on Sunday, May 19, 2013 at 3:19am Created on Sunday, 19 May 2013 06:08 Written by ဒေါက်တာ ခင်မောင်ညို


ကမ္ဘာ၏ ကြွယ်ဝမှု၏ ၉၀ ရာခိုင်နှုန်းသည် လူတစ်သန်းတွင်သာ ရှိနေသည်။ ထိုတစ်သန်းသည် ကမ္ဘာပေါ်ရှိ ဥစ္စာဓနများကို လက်ဝါးကြီး အုပ်ထားသည်။ ကျန်သော လူဦးရေ ၆၉၉၉ သန်းသည် မညီမျှသော ဥစ္စာကိုသာ ပိုင်ဆိုင်ကြသည်။ တကယ်တော့ လူတစ်ထောင်ကျော်၏ လက်ထဲတွင်ပင် ဥစ္စာဓနများ စုပြုံနေသည်ဟု ဆိုနိုင်သည်။ မြန်မာပြည်က ပြည်သူသန်း ၆၀ ရဲ့ ဓနဥစ္စာကရော။ လူတစ်ထောင်လောက်မှာပဲ စုပြုံနေပါသလား . . . . .



ပန်းတိုင်ကို သတ်မှတ်ပြီးနောက် လမ်းကြောင်း မှန်ရပါသည်။ လမ်းကြောင်းပေါ် ရောက်ပြီးနောက် လားရာ (direction) သည် အရေးပါလာသည်။ မိမိအတွက် ညွှန်ပြမှုပြုဖို့ လားရာ (direction) ကို တိတိကျကျ သဘောပေါက်ထားရမည်။

ကျွန်တော်က သူငယ်ချင်း ကိုဘသစ်ကို မေးဖူးသည်။ "ပန်းတိုင်၊ လမ်းကြောင်း၊ လားရာ ဘယ်အရာက အရေးကြီးလဲ"

"သုံးချက်စလုံး အရေးကြီးတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက လမ်းကြောင်းပဲ။ မိဘလုပ်ကျွေးချင်သူ ဆိုတာ အင်မတန် မွန်မြတ်တယ်။ ဒါပေမဲ့ သူတို့တစ်တွေဟာ ဓားပြတိုက်ပြီး လုပ်ကျွေးမယ်ဆိုရင် မမှန်တော့ဘူးပေါ့"

"ဟုတ်ကဲ့၊ ဒါကို အချို့က End must justify the means ဆိုပြီး လက်ခံကြတယ်။ တရုတ်ခေါင်းဆောင်ကြီး

တိန့်ရှောက်ဖိန်ကလည်း ကြောင်ဖြူသုံးသုံး ကြောင်မည်းသုံးသုံး ကြွက်သေသည်သာ အဓိကလို့ ဆိုတယ်"၊ "အမှန်ကတော့ လမ်းကြောင်းမှန်ဖို့ အရေးကြီးတယ်။ လမ်းကြောင်းမှန်တယ်ဆိုတာ လားရာမှန်တာကိုလည်း ပြောတာပါ။  သူငယ်ချင်း ပြောဖူးတဲ့ ပုံပြင်လို အဖြစ်အပျက်လေး တစ်ခုကို ပြောပြမယ်"

ကိုဘသစ်သည် ကျွန်တော့်ကို အောက်ပါအတိုင်း ပြောပြသည်။

Tuesday, May 14, 2013

ပထမတန်းစားစိတ်ဓါတ်လူထုစိန်ဝင်း.


ဒဂုန်တာရာ - လရောင်ရွှမ်းမြညတစ်ည.


လှသမိန်- မြန်မာစကားပုံအဘိဓာန်.


မင်းလူ - နှုတ်ခမ်း၏ထောင့်စွန်းများ


http://www.mediafire.com/view/?1xwx7wwg4wq5qwf

တင်မောင်သန်း - သခင်စိတ်ဓာတ် သခင်အကျင့် နှင့် ဆောင်းပါးများ


http://www.mediafire.com/view/?x24h13ysdduubd4

“ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်” by Soe Min (Notes) on Tuesday, May 14, 2013 at 10:04am


          ဟိုးရှေးရှေးတုန်းက နယ်ချဲ့လက်အောက်က လွတ်လပ်ရေးယူပြီး နိုင်ငံသစ်ထူထောင်မလို့ လုပ်တဲ့အခါ တိုင်းရင်းသားတွေကို စည်းရုံးတော့ “ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်” ဆိုတဲ့ စကားလေးကို ပြောခဲ့ကြသတဲ့ကွယ်။ အဲဒီအချိန်တုန်းက တိုင်းရင်းသားတွေဆိုတာ ဗမာစကားကိုတောင် လေးလုံးကွဲအောင် ပြောတတ်တဲ့သူ ခပ်ရှားရှားရယ်။ ပြည်ထောင်စုဆိုတဲ့စကားတောင် ဘာပြောမှန်း မသိတဲ့သူတွေကို ဘယ်လို စည်းရုံးခဲ့သလဲဆိုတော့ “ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား တို့တိုင်းရင်းသားတွေဟာ တမြေတည်းနေ၊ တရေတည်းသောက်ကြတာမို့ ညီအကို မောင်နှမတွေ ဖြစ်တယ်။ အခွင့်အရေးမှန်သမျှ သာတူညီမျှ ရကြမယ်။ ဗမာက တစ်ကျပ်ရရင် ရှမ်းကလည်း တစ်ကျပ်ရရမှာပေါ့။” လို့ အာမဘဏ္ဍေ ခံခဲ့ကြသတဲ့။ အားကိုတို့ ပြောတဲ့စကားဆိုတော့ ဖိုးမူတို့လည်းယုံ၊ ဘောက်ဂျာတို့လည်းယုံ၊ အေခမ်းတို့လည်း ယုံခဲ့ကြတာ အားလုံး အသိပါပဲ။ အခုတော့ နှစ်ပေါင်း ၆၅ နှစ်လောက် ကြာခဲ့ပြီဆိုတော့ အဲဒီမျိုးဆက်တွေလည်း မရှိတော့ဘူး။ သူတို့ရဲ့ မြေးကလေးတွေတောင် အရွယ်ရောက်ကုန်ပြီ။ အချိန်တွေကသင်ပေးခဲ့လို့ စာတွေလည်း တတ်ကုန်ကြပြီပေါ့။ ဒီကနေ့ခေတ်မှာ ဖွာထောင်းကလေးလည်း “အိုးမိုင်ဂေါ့ဒ်၊ တိတ်ရှောဒယ်။ တိတ်လှဒယ်။” ဆိုပြီး အချစ်ရဲ့ သိုယိုတာကို တကမ္ဘာလုံး ပြန့်အောင် ဖြန့်တတ်ပြီ။ နှုတ်ခမ်းမွှေးကားကားနဲ့ ခေါင်းဖြူဖြူ စော်ဘွားသားကြီးလည်း ဘင်္ဂလားသားတွေ အခွင့်အရေးအတွက် လူ့ခွင့်ရေး လူ့ခွင့်ရေး အော်ကာဟစ်ကာနဲ့ ဘေးတီးပေးတတ်နေပြီ။ တိုင်းရင်းသားတွေထဲမှာ အောက်စဖို့ဒ်တက္ကသိုလ်၊ ဟားဗတ်တက္ကသိုလ်က ဘွဲ့ရပညာတတ်ကြီးတွေတောင် ဟောတစ်ယောက် ဟောတစ်ယောက် ထွက်လာခဲ့ကြပြီ။ ဒါကြောင့် ဒီခေတ်ကြီးမှာ “ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်” ဆိုတဲ့စကားဟာ ဘယ်သူ့ကို သွားပြောပြော ယုံမယ့်သူ တစ်ယောက်မှ မရှိတော့ဘူး။ အပြောနဲ့မဟုတ် အလုပ်နဲ့ သက်သေပြခဲ့တာ နည်းတဲ့နှစ်တွေလား။

အတောင်ချိုးခံရတဲ့ ဌက်တကောင် အကြောင်း by Ye Min Tun (Notes) on Tuesday, May 14, 2013 at 9:04am


ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်နှင့်တကွ နောက်လိုက်စစ်ထောက်လှမ်းရေး အပေါင်းတွေရဲ့ တချိန်က ကျောင်းသားတွေ အပေါ်ထားခဲ့သော မေတ္တာစေတနာတွေကို ပြန်သတိရလို့ ကျနော့်ခံစားချက်လေး ချရေးလိုက်ပါတယ်။


ထောင်ခုနှစ်နှစ်ကို အင်းစိန်ထောင်မှာ ကျခံပြီး လွတ်ရက်စေ့လို့ လွတ်လာတဲ့ကျနော်။ အင်းစိန်ထောင်ကြိုးတိုက်ထဲမှာ အကြာကြီး ပိတ်လှောင်ခံထားရလို့ ပိုးဟပ်ဖြူ ဖြစ်နေတဲ့ ကျနော် တယောက် ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလကုန်ပိုင်းရဲ့ နေ့တနေ့မှာတော့ အလွန်ဝမ်းသာနေပါတယ်။ ဘာလို့လည်းဆိုတော့ ကျနော်ရဲ့ ကျောင်း စိန်ပေါလ်ကျောင်းလို့ လူသိများသော အထက (၆) ဗိုလ်တထောင် သွားပြီး ကျောင်းပြန်တက်ဖို့ ကိစ္စအ၀၀ စီစဉ်ရန်ဖြစ်မှာမို့ပါ။

အိမ်က သန်းခေါင်စာရင်းနှင့် ထောင်ထွက်လက်မှတ်ကိုင်လို့ ထွက်အလာမှာပဲ အိမ်ရှေ့ မျက်စောင်းထိုးက ဘန်ဒါပင်အောက် ခုံဝိုင်းလေးမှာ ထိုင်နေတဲ့ လူနှစ်ယောက် စလိုက်လာပါတယ်။ သူတို့က သားရေအိတ်ကိုယ်စီ လွယ်ထားကာ မိုက်ကြည့်ကြည့်ပြီး လိုက်လာတာဖြစ်လို့ သိလိုက်တာတော့ ဒီလူတွေက စစ်ထောက်လှမ်းရေးတွေပါ။  ကုန်သည်လမ်းမမှာ ရှိတဲ့အဖေ့အိမ်ကနေ စထွက်တာနဲ့ လိုက်လာတဲ့ သူတို့ကို ကြည့်မရတာနဲ့ ကျောင်းကို တည့်တည့်မသွားတော့ပါ။ အနော်ရထာလမ်းအတိုင်း တက်သွားပြီး ဟိုးဆူးလေထိပ်မှာ ရှိတဲ့ ဆူးလေကျောက်ကျော အရင်သွားသောက်ပါတယ်။ ပြီးတော့ ရုပ်ရှင်ရုံတွေ အကုန်လုံးကို ပတ်ပြီး ရုပ်ရှင်ကြေငြာဓါတ်ပုံတွေ လိုက်ကြည့်တယ်။ ဗိုလ်ချုပ်လမ်း အတိုင်း ပြန်လျှောက်လာပြီး တခါ လမ်း(၄၀) အထက်လမ်းထဲဝင် ငယ်ပေါင်းကြီးဖေါ်တွေ ၀င်ရှာသေးတယ်။ ပြီးမှ အနော်ရထာလမ်းဖက် ပြန်ထွက်လာပြီး ကျနော့်ကျောင်းဖက်ကို သွားတဲ့အချိန်မှာတော့ ဟိုလူနှစ်ယောက်မျက်နှာ ကျွဲမြီးတိုနေပါပြီ။