Friday, July 5, 2013

ဌေးမောင် - ပျောက်ဆုံးနေသောကမ္ဘာ.


ဂျူး / ဝထ္ထုတိုများ


ဥဒါန်းမကြေ/အောင်စောဦး


ထောင်နှင့် လူသား/လူထုဦးလှ


ဂျင်မီ/လမင်းစန္ဒာ အင်းလေးကန်သာ



မောင်သာနိုး/ ထင်းရူးပင်ရိပ်


မြသန်းတင့် / လေလွင့် သူ



သခင်နု/ ရက်စက်ပါပေ့ ကွယ်



Wednesday, July 3, 2013

Burma, Not Quite Out of Orwellian Danger | Link TV

Burma, Not Quite Out of Orwellian Danger | Link TV

အမေရိကားရဲ့ “မဲပေးခွင့်ဥပဒေ” ကို ဗဟိုတရားရုံးက ပယ်ချလိုက်ပြီ (Voting Rights Act of 1965) နိုင်ငံတကာသာဂိ၊ ဇူလိုင် ၃၊ ၂၀၁၃



ဇွန်လ ၂၆ မှာ အမေရိကန် ဖယ်ဒရယ်တရားရုံးတော်က (၁၉၉၆ ခုနှစ် - လက်ထိပ်ထိမ်းမြား ကာကွယ်ရေးဥပဒေ) ကို ပယ်ချလိုက်တယ်။ ဒါနဲ့အတူ (၂၀၀၈ ခုနှစ် ကယ်လီဖိုးနီးယားပြည်နယ် လိင်တူများလက်မထပ်ရေးဥပဒေ) ကိုလည်း ပယ်ချလိုက်တယ်။ အဲသည်မှာတင် သာဂိလည်း ဒါကို ရေးကြီးခွင်ကျယ်လုပ် သတင်းဆောင်းပါးရေးနေလိုက်တာ၊ ဇွန် ၂၅ရက်နေ့က ပြည်ထောင်စုတရားရုံးတော် (ဖယ်ဒရယ်= ပြည်ထောင်စု) က (၁၉၆၅ - မဲပေးခွင့်ဥပဒေ) ကို ဇွန် ၂၅နဲ့ ပယ်ချခဲ့တာကို သတိလက်လွတ်ဖြစ်သွားပြီး မရေးမိတော့ဘူး။
၁၉၆၅ မဲပေးခွင့်ဥပဒေရဲ့ အဓိကပြဌာန်းချက်စာပိုဒ်ကို ပြည်ထောင်စုရုံးတော်က ခေတ်နဲ့ စနစ်နဲ့ မညီဘူးဆိုပြီး ပယ်ချတာဖြစ်ပါတယ်။ အဲသည်မှာက လူမည်းတွေနဲ့ လူနည်းစုတွေကို မဲပေးခွင့်နဲ့ ပတ်သက်ပြီ ပြည်နယ်(အချို့)က ကန့်သတ်တဲ့ ဥပဒေတွေကို ပြည်ထောင်စုတရားရုံးတော် သဘောမတူဘဲ ထုတ်ပြန်ခြင်း မပြုရလို့ ဆိုတဲ့ Civil Rights Movement (လူ့အခွင့်အရေးလှုပ်ရှားမှု) ကို အသိအမှတ်ပြုတဲ့ စာပုဒ်ဖြစ်ပါတယ်။
၁၇၇၆ မှာ ဗြိတိန်ကိုလိုနီအဖြစ်က လွတ်လပ်ရေးရခဲ့ပြီးနောက် အမေရိကန်တွေက လူဖြူသခင် အဖြစ် ဆက်ခံလိုက်ကြပြီး၊ လူမည်းတွေကိုတော့ ကျေးကျွန်တွေအဖြစ် လွတ်လပ်ခွင့် မပေးခဲ့ကြပါဘူး။ အဲသည်မှာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၈၀ ကျော်မှာမှ လူမည်းတွေကို ကျေးကျွန်အဖြစ်က လွတ်လပ်ရေးပေးဖို့ အမေရိကန်တွေ အချင်းချင်း တိုက်ပွဲဝင်ခဲ့ရပါတယ်။ ကျေးကျွန်စနစ်ကို ဆက်ထားလိုချင်သူတွေကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးအဓိက တောင်ပိုင်းကပြည်နယ်တွေ ဖြစ်ပါတယ်။ ၁၈၆၀ ခုနှစ်များမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်တွင်းစစ်သွေးချောင်းစီးပြီး တိုက်ခဲ့ရတယ်။ ၁၈၆၅ မှာ မြောက်ပိုင်းသားတွေ စစ်နိုင်ပြီး လူမည်းကျေးကျွန်တွေကို လွတ်လပ်ရေး ပေးနိုင်ခဲ့တယ်။ သို့သော်လည်း လူဖြူတွေက လူမည်းတွေ၊ အသားဝါတွေ၊ အသားညိုတွေကို ဆက်လက်ပြီး လူတတန်းစားတည်း မဆက်ဆံဘဲ ဖိနှိပ်တာတွေ၊ ချုပ်ခြယ်တာတွေ အမြတ်ထုတ်တာတွေ ရှိနေတာကြောင့် နောက် နှစ်ပေါင်း ၁၀၀ ကျော် Civil Rights Movements တွေ ဆက်လက် လှုပ်ရှားခဲ့ကြရပါတယ်။