တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Wednesday, April 16, 2014
Tuesday, March 4, 2014
ONE Kachin ဆိုသည်မှာ ( ဘာသာပြန်ဆောင်းပါး )
ကချင်မျိုးနွယ်စုဝင်များ ဖြစ်ကြသော ဂျိန်းဖော့၊ လချိဒ်၊ လောဝ်ဝေါ်၊ လီဆူ၊ ရ၀မ်နှင့် ဇိုင်ဝါး လူမျိုးစုတို့သည် ရှေးပဝေသဏီ အချိန်ကာလမှစ၍ တူညီသော နောက်ခံသမိုင်းကြောင်းဖြင့် နေထိုင်ခဲ့ကြသည့် ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်ကြသည်။ ယခုအခါ ကချင်မျိုးနွယ်စုဝင်များ၏ ဘာသာစကား (Dialect) အမျိုးအစားစုံလင်ကွဲပြားမှုကို အကြောင်းပြကာ တိုင်းတစ်ပါးသား လူမျိုးခြားများမှ ကချင်လူမျိုးကို မျိုးနွယ်စုအမည်များဖြင့် အစိတ်စိတ် အမွှာမွှာ ခွဲခြားရန် ကြိုးစားနေကြသည်။
အချိန်ကာလကြာမြင့်စွာ တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခဲ့ကြသည့် အတွက် နေရာဒေသအပေါ်မူတည်၍ လေယူလေသိမ်း၊ စကားလုံးနှင့် ဝေါဟာရ ကြွယ်ဝမှုတို့တွင် အထိုက်အလျောက် ကွဲပြားမှုများရှိသော်လည်း ကချင်မျိုးနွယ်စုဝင်များသည် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ဆင်ယင်ထုံးဖွဲ့မှု နှင့် ရွှေ့ပြောင်း အခြေချနေထိုင်ခြင်းတို့၌ တူညီကြသည့်အလျောက် မျိုးနွယ်စုတစ်ခုနှင့် တစ်ခု ခွဲခြားမရနိုင်ဘဲ တစ်ခုတည်းသော လူမျိုးအဖြစ် စည်းလုံးညီညွတ်စွာ နေထိုင်လျက်ရှိပါသည်။
ကချင်မျိုးနွယ်စုဝင်များသည် မိမိတို့၏ ရွှေ့ပြောင်းနေထိုင်မှုသမိုင်းတွင် အထင်ကရ ဒေသ များဖြစ်သည့် မလိခူးမဂျွယ် (Mali Hku Majoi)၊ ကျိုင်ခူးမဂျွယ် (Chyai Hku Majoi)၊ ခရန်ခူးမဂျွယ် (Hkrang Hku Majoi) စသည့် ဒေသများ၌ အခြေချနေထိုင်ခဲ့ကြပြီး မြောက်အရပ်မှ တောင်ဘက်အရပ်သို့ ဆက်လက် ရွှေ့ပြောင်းနေထိုင်ကြသည်။ ဤသို့ အရှေ့၊ အနောက်နှင့် မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည့်အတွက် ဘာသာစကားအရ အရပ်လေးမျက်နှာကို ခေါ်ဝေါ်ရာ၌ပင် အရှေ့(Sinpraw)၊ အနောက်(Sinna)၊ မြောက်(Dingdung)၊ တောင်(Dingda) ဟူ၍ အစဉ်လိုက် သတ်မှတ် ခေါ်ဆိုကြပါသည်။
Sunday, November 3, 2013
Thursday, October 31, 2013
လွမ်းရတဲ့  အညာ
အခုပုံမျိုးတွေတွေ့တော့
အရမ်းလွမ်းတာ၊ ဟိုအ၇င်ကစိတ်ထဲခံစားချက်အမျိုးမျိုးပေါ်လာလို့၊
ဒီမှာကြုံခဲ့တာလေးတွေနဲ့ပေါင်းပြီး
တပုဒ်ရေးခဲ့ဖူးတယ်၊“သာသည့်မြေသို့နှင့်ငှက်သွင်ပျံကြွမတတ်သော်”၊
အခုဒီနေ့မှစာတိုက်ကရောက်လာတဲ့စာအုပ်လေးစဖတ်ကြည့်ဖြစ်တယ်၊ အမှာစာနဲ့တင်လူက
ရွပိုးထိုးသွားတယ်၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့၊ “စိမ်းနေဦးမည့်ကျွန်တော့မြေ”၊
ဆရာတက္ကသိုလ်ဘုန်းနိုင်လည်း အရင်တချိန်က
ကျွန်တော့လိုမျိုးခံစားချက်ရှိခဲ့ဖူးတာပဲလို့၊သိလိုက်ရတယ်၊
သူ့လိုပဲခံစားချက်ရှိခဲ့ဖူးတဲ့သူကိုလည်း သူ့စာအုပ်ထဲမှာတွေ့လိုက်ရတယ်၊
Wordsworth ဖြစ်ပါတယ်။ အဲတော့ဒီပုံလေးကိုရှယ်ယာယူရင်း
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ အမှာစာလေးကို ရေးပြီးပြန်တင်လိုက်ပါတယ်ဗျာ။
ပထမပုံနှိပ်ခြင်းမှ
စာရေးသူ၏ အမှာစာ
(၁)
“စိမ်းနေဦးမည့် ကျွန်တော့်မြေ”ကို ကြော်ငြာခဲ့သည်မှာ ကြာပြီ၊
ကျွန်တော်၏စာဖတ်ပရိတ်သတ်ကြီးအတွက် မျှော်ရသည်မှာလည်း
ကြာသင့်ရက်ထက်ပိုရှည်ခဲ့ရသည်။ ကျုအမှာစာဖြင့် စာဖတ်ပရိတ်သတ်ကြီးကို
လေးစားစွာ တောင်းပန်ပါသည်။
စင်စစ်မူ ကျုဝတ္တုကြီးကို(၁၉၅၃)ခုနှစ်ကတည်းက ရေးပြီးခဲ့သည်ဆိုလျှင် အံ့သြကြပေမည်။ ကျွန်တော် ရှင်းလင်းတင်ပြပါရစေ။
(၂)
(၁၉၅၃)ခုနှစ်ဆီက ကျွန်တော့်တွင်ဂုဏ်ထူးဘွဲ့ထူးကြီးများ မရှိသေးး
ရာထူးဆိုလျှင်ဝေးစွ၊ ကလောင်နာမည်မှာလည်း စာပေသမုဒ္ဒရာနှိုက်
ရေပွက်ငယ်ပမာသာရှိသေးသည်။ ဘ၀ကို ပင်ပန်းချို့ငဲ့ စွာရုန်းကန်ရင်း
ကျုဝတ္တုကြီးကိုရေးသားပြီးစီးခဲ့သည်။ ထိုစဉ်က
ဝတ္တုအမည်ကို“မဟီမြနန်း”ဟုတပ်ကာမြန်မာပြည်နှိုက် ဒုတိယ၀ါအရင့်ဆုံးဖြစ်သော
အကျော်ကြားဆုံး မဂဇင်း တစောင်သို့ပေးအပ်ခဲ့သည်.....။အရွေးချယ်မခံရရုံမျှမက
စာပင်ပြန်တောင်းလို့မရပဲ ပျောက်ဆုံး လက်လွှတ်ခဲ့ရသည်။
ယခုအချိန်
တိုက်ပိုင်ရှင်များ ဇွတ်ရောအဓမ္မ ၀ိုင်းဓားပြအတိုက်ခံရဆဲအဖြစ်မှ
စဉ်းစားလျှင် ထိုစဉ်က ကြုံရချက်မှာ အသည်းနာဖွယ်ဖြစ်သည်။
Subscribe to:
Posts (Atom)