တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Tuesday, May 14, 2013
Thursday, May 9, 2013
ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး
နန္ဒ ထွန်း shared တို့ဗမာ Dobama's photo.
ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး============
နိဒါန်း
သဗ္ဗညု မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော်မှူ သည့်နှစ်ကို သာသနာသက္ကရာဇ် ၁ နှစ်ဟူ ၍ စတင် ရေတွက်ခဲ့ရာ ယခုအခါ သာသနာသက္ကရာဇ် နှစ်ပေါင်း ၂၅၀၀ ကျော်လေပြီ ။ ဤ မျှ ရှည်လျားသော နှစ် ပရိစ္ဆေဒ ကာလအတွင်း ဖြတ်သန်းချီတက် လာခဲ့ရသော ဗုဒ္ဓသာ သနာ တော် ၏ ၂၅၀၀ ခရီးလမ်းမတလျောက် ပြန်လည်မျှော်ကြည့် ၍ အတိတ်ကိုလှန် ဇတ်ကြောင်း ပြန်ရပါ မှူ ရွှင်လမ်း အားတက် ဖွယ် ၊ ၀မ်းနည်းကြေကွဲဖွယ် ၊ အံသြထိတ်လန့်ဖွယ် ၊ အောက်မေ့ တသ လွမ်းစွတ်ဖွယ် တို့နှင့် ပြည့်လျှမ်းနေသော ၀တ္တုရှည်ကြီးတပုဒ်နှင့် တူလှပေတော့သည် ။
သာသနာ၂၅၀၀ ခရီးစဉ် သမိုင်းတလျှောက် ၌ ဗုဒ္ဓသာသနာတော်သည် မှိန်ခဲ့တခါ သာ ချီတလှည့် ဖြစ်ခဲ့ရ၏ ။ ငှက်ခါးပြန်သလို နိမ့်တြုံ့မင့်တုံ ကြုံခဲ့ရသည် ။ ခေတ်အဆက်ဆက် အတွင်း ရန်သူ အပြင်ရန်သူတို့၏ တိုင်ခိုက်ထိုးနှက်ချက်များနှင်
သာသနာပြင်ပ အညတိတ္တိယတို့သည် ရံခါပြင်ပမှဝါဒချင်းယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြ ၍ ရံခါသာသနာအတွင်း ၀င်ကာ ပူသတ်ခဲ့ကြသည် ။ သာသန ၀န်ထမ်းရဟန်းတော်များအထဲမှာလဲ သာသနာ့ ရန်ဆူး ရန်ငြောင့်များ ပေါ်ထွက်ခဲ့ပြန်သည် ။ အသားထဲမှလောက်ထွက်၍ သံကိုသံဖျက် သံချေး တက် ခဲ့ သည် ။ ယင်းသာသန ဆူးငြောင့်ခလုပ်များကို ဖယ်ထုတ်ရာမှ ဂိုဏ်းကွဲများဖြစ်ပေါ်ခဲ့ရသည်။ ဆေးကြောဖယ်ရှားပြစ်လိုက်သောအညစ်
Wednesday, May 8, 2013
သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ/by ချစ်လွမ်းမောင်
သူတောင်းစား ပေးတဲ. သင်ခန်းစာ
သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ(ပုံပြင်လေးက မိုက်တယ်.. ရှည်တော့နဲနဲရှည်တယ်၊ စိတ်ဝင်စားရင်တော့ဖတ်ပေါ့
ဖတ်ရတန်ပါတယ်...) စီးပွားရေးသမားတွေ ဖတ်သင့်တယ် =D
ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်.။
Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း
အဓိပ္ပါယ် မပျောက်ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။
"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။အဲဒီသူတော
Monday, May 6, 2013
Sunday, May 5, 2013
“လူထုအားကို အများကြီးလိုသည်” by Soe Min (Notes) on Monday, April 29, 2013 at 10:26am
ရုပ်သေးပွဲတွေမှာ တိုင်းတော်ပြည်တော် တည်ကြတဲ့အခါ ကမ္ဘာပျက်
ကမ္ဘာတည်၊ဟိမ၀န္တာခန်းပြီးတာနဲ့ သပြေပန်းတွေထိုးထားတဲ့ ၀ါးကျည်တောက်ကလေးကို
ဇာတ်စင်အလယ် လာထားလိုက်ရင်ပရိသတ်က သဘောပေါက်တယ်။ ဒါဆို နောက်တစ်ခန်းက
ဝန်လေးပါးထွက်လာပြီး စကားပလ္လင်ခံ၊ ဘုရင်မင်းတရားကြီးနဲ့ ညီလာခံခေါ်ပြီး
ဇာတ်ပန္နက်ရိုက်တော့မှာ။ တကယ့်လက်တွေ့ဘ၀မှာလည်း သိပ်တော့
မကွာပါဘူး။တိုင်းပြည်တစ်ခုတည်ချင် ဘယ်သူက အုပ်ချုပ်မှာတုန်း၊ ဘယ်ပုံစံနဲ့
အုပ်ချုပ်မှာတုန်း။ဝန်ကြီးတွေက ဘယ်သူပါသတုန်း။ ဘယ်သူက ဘယ်သူ့ကို
ဘယ်လိုရွေးကောက်ခွင့်ရှိသတုန်း၊ စတာတွေအတွက်ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေအရ အစိုးရအဖွဲ့ ဖွဲ့စည်းရတယ်။ ဒါကြောင့်သူတို့လည်းလွှတ်တော်တွေ
ညီလာခံတွေ အကြိမ်ကြိမ်ခေါ်ရတယ်။ ဒါပြီးရင်တော့ တိုင်းပြည်ဆိုတာ
ရှင်ဘုရင်၊မူးမတ်၊ စစ်သူကြီးချည့်ပဲ ဇာတ်လမ်းဆင်ကပြီး တိုင်းသူပြည်သားကို
ဖြတ်လျှောက်နောက်ထ ဝေလေလေလေးငါးယောက်လောက်နဲ့ ပြီးသွားလို့ မရဘူး။
တကယ့်အပြင်မှာ အဲသည်လူတွေက သန်းခြောက်ဆယ်တောင်ရှိတာ။ နည်းနည်းနောနော
မှတ်လို့။ ဒါကြောင့်မို့လို့ သူတို့ပါးစပ်က
တဖွဖွအော်နေကြတဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး
တည်ဆောက်ချင်တယ် ဆိုလို့ရှိရင် အဲသည်တိုင်းသူပြည်သားတွေရဲ့အင်အားအပေါ်မှာ
အများကြီး အခြေခံပြီးမှ တည်ဆောက်ယူလို့ရမယ်။ ဒါကို
သူတို့ဆီကအခေါ်အဝေါ်ကCapacity Building တဲ့။ တိုက်ရိုက် ဘာသာပြန်ရင်
ဗူးလုံးနားမထွင်းနဲ့မို့ ဥပမာလေးနဲ့ရှင်းပြပါ့မယ်။
မိုးရွာလို့ ရေခံကြတဲ့အခါ စဥ့်အိုးရှိတဲ့သူက စဥ့်အိုးလောက်၊ ဖျဉ်းအိုးရှိတဲ့သူကဖျဉ်းအိုးလောက်၊ အုန်းမှုတ်ခွက်ပဲ ရှိတဲ့သူကတော့ အုန်းမှုတ်ခွက်လောက်ပဲ ရလိမ့်မယ် မဟုတ်လား။ အခွင့်အလမ်းဆိုတာကတော့
ကောင်းကင်ကရွာတဲ့မိုးများလို ဖြိုင်ဖြိုင်ရွာချင်ရွာမယ်။ ဖွဲဖွဲကျချင်ကျမယ်။ ကိုယ့်အတွက် ရေဘယ်လောက် ရလိုက်သလဲဆိုတာကတော့ ကိုယ့်ဆီမှာခံတဲ့ အိုးပေါ် မူတည်လိမ့်မယ်။Capacity ဆိုတာ အဲဒါကို ပြောတာ။ နိုင်ငံတစ်ခုကို တိုးတက်အောင် ကြိုးစားတဲ့နေရာမှာလည်းအဲသည်နိုင်ငံက ပြည်သူတွေရဲ့ ခံယူနိုင်စွမ်းအားကို အတတ်နိုင်ဆုံး မြှင့်ထားပေးမှ တိုင်းယက်တဲ့ပက္ကလာ မိုးရွာတော့အသင့်ဖြစ်လိမ့်မယ်။ အခုပြောတဲ့ခံယူနိုင်စွမ်းအားဆိုတာက ၁၅၀၀တန်ဖုန်းချပေးရင်ဘယ်လောက်များများတန်းစီပြီး ရအောင်ယူနိုင်သလဲဆိုတာမျိုးကို မဆိုလိုဘူး။ တိုင်းပြည်လူထုဆီမှာရှိတဲ့ ငွေအင်အား၊ လူအင်အား၊ ကာယစွမ်းအား၊ ဥာဏစွမ်းအားတွေကို ပြောတာ။ အဲဒါကြောင့် တို့နိုင်ငံထူထောင်ခါစကဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဖူးတယ်လေ။ “လူထုအားကို အများကြီး လိုသည်” တဲ့။

Subscribe to:
Comments (Atom)