Tuesday, January 29, 2013

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ၂၀၁၅ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်မည်

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ၂၀၁၅ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်မည်

နေ့လည် စာစား သုံးရာတွင် နေရောင်ခြည် နှင့် မတည့်သော အစားအစာ များ ဥပမာ- ကရဝေး၊ ကြက်သွန်မိတ်၊ မုန်လာဉ် နှင့် ပဲ ငံပြာရည် အစ ရှိသည် များကို ရှောင်ရှားပြီး နေရောင် ခြည်က ကာကွယ် ပေးသည့် ခရမ်း လွန်ရောင် ခြည်ကို ချေဖျက် နိုင့်သည့် ဗူးသီး၊ ပန်းမုန်လာ၊ ငါးရှဉ့် နှင့် စတော်ဘယ်ရီသီး အစ ရှိသည် များကို စားသုံး သင့်

န့လည် စာစား သုံးရာတွင် နေရောင်ခြည် နှင့် မတည့်သော အစားအစာ များ ဥပမာ- ကရဝေး၊ ကြက်သွန်မိတ်၊ မုန်လာဉ် နှင့် ပဲ ငံပြာရည် အစ ရှိသည် များကို ရှောင်ရှားပြီး

နေရောင် ခြည်က ကာကွယ် ပေးသည့် ခရမ်း လွန်ရောင် ခြည်ကို ချေဖျက် နိုင့်သည့် ဗူးသီး၊ ပန်းမုန်လာ၊ ငါးရှဉ့် နှင့် စတော်ဘယ်ရီသီး အစ ရှိသည် များကို စားသုံး သင့်သည်။
ခရမ်းလွန် ရောင်ခြည် များ မြင့်မား နေ၍ စိုးရိမ်ဖွယ် အခြေအနေ ရှိဟု ဒေါက်တာ ဦးထွန်းလွင် ပြောကြား

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် များတွင် ခရမ်းလွန် ရောင်ခြည်များ သတ်မှတ် ထားသည့် အဆင့်ထက် များစွာ မြင့်တက် နေခြင်း ကြောင့် အန္တရယ် ရှိနိုင် ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် မှ ပြောကြား ခဲ့သည်။

အိုဇုန်းလွှာ သည် ဘေးအန္တရယ် ရှိသည့် ခရမ်းလွန် ရောင်ခြည် လှိုင်းများ ကမ္ဘာ မြေပြင် ပေါ်သို့ မကျရောက် အောင် ကာကွယ် ပေးပြီး ခရမ်းလွန် ရောင်ခြည် ၉၉% ကိုစုပ်ယူ ပေးသည့် သဘာဝ အရံ အတား တစ်ခု ဖြစ် သည့်အတွက် ကမ္ဘာ့ သက်ရှိများ အတွက် မရှိမဖြစ် လိုအပ်သည့် အကာအကွယ် တစ်ခု ဖြစ်သည်။ အိုဇုန်းလွှာ ပျက်စီး မှုကြောင့် အရေပြား ကင်ဆာ ရောဂါ၊ မျက်စိ တိမ်စွဲမှု၊ ခုခံအား ကျဆင်းမှု၊ သီးနှံ အထွက်နှုန်း ကျဆင်းမှု၊ အဏ္ဏဝါ ဂေဟ စနစ် ပျက်စီး မှုနှင့် ရုပ် ဝတ္ထု ပစ္စည်း များ  ယိုယွင်း ပျက်စီး မှုတို့ကို ဖြစ်ပေါ် စေလျက် ရှိ သောကြောင့် ကုလ သမဂ္ဂက  ဦးဆောင်၍ အိုဇုန်းလွှာ ကာကွယ်ရေး အတွက် ၁၉၈၅ ခုနှစ်မှ ယခုနှစ် အထိ  အပြည်ပြည် ဆိုင်ရာ သဘောတူ စာချုပ် များ  ချုပ်ဆို ၍ ကာကွယ် ရေး လုပ်ငန်း များ ဆောင်ရွက် ခဲ့ပါသည်။

မြန်မာ နိုင်ငံသည် အိုဇုန်းလွှာ ကာကွယ်ရေး ဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း၊ အိုဇုန်းလွှာ ပျက်စီး စေသောဒြပ် ပစ္စည်း များဆိုင်ရာ မွန်ထရီယယ် နောက်ဆက် တွဲစာချုပ်နှင့် လန်ဒန် ပြင်ဆင်ချက် စာချုပ် များ၌ ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် လည်းကောင်း၊ ကိုပင်ဟေဂင် ပြင်ဆင်ချက်၌ ၂ဝဝ၉ ခုနှစ် မေ ၂၂ ရက် တွင် လည်းကောင်း၊ မွန်ထရီယယ် ပြင်ဆင်ချက်နှင့် ပေကျင်း ပြင်ဆင်ချက် များ၌ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၃ဝ ရက် တွင် လည်းကောင်း အဖွဲ့ဝင်အဖြစ် ဝင်ရောက် ခဲ့သည်။

အပူချိန် မြင့်မားသည့် နေ့ခင်းပိုင်း အချိန် ကာလ များတွင် ခရမ်းလွန် ရောင်ခြည် လှိုင်းများ  ဖြာထွက်မှု များပြား သောကြောင့် အတတ် နိုင်ဆုံး အပြင် မထွက်ရန် နှင့် လိုအပ်၍ အပြင် ထွက် ပါက ချည်သား စစ်စစ် အ၀တ် အ ထည်များ၊ ချည်သား မဟုတ်သော တခြား အထည် အရောင် ဖျော့ဖျော့ များ ကိုဝတ်ဆင်ခြင်း၊ နေ့လည် စာစား သုံးရာတွင် နေရောင်ခြည် နှင့် မတည့်သော အစားအစာ များ ဥပမာ- ကရဝေး၊ ကြက်သွန်မိတ်၊ မုန်လာဉ် နှင့် ပဲ ငံပြာရည် အစ ရှိသည် များကို ရှောင်ရှားပြီး နေရောင် ခြည်က ကာကွယ် ပေးသည့် ခရမ်း လွန်ရောင် ခြည်ကို ချေဖျက် နိုင့်သည့် ဗူးသီး၊ ပန်းမုန်လာ၊ ငါးရှဉ့် နှင့် စတော်ဘယ်ရီသီး အစ ရှိသည် များကို စားသုံး သင့်သည်။

ယခု ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် များတွင် တိုင်း

တာချက်အရ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း  ၉  အထိ မြင့်တက် နေသည်ဟု ၄င်း၊ မုတ်သုန် ရာသီ ဥတု တွင် အညွှန်းကိန်း  ၆  သို့မဟုတ်  ၇  နှင့် ဥရောပ တွင်  ၄  သို့မဟုတ်  ၅  ပုံမှန် အနေ အထား တွင် ရှိသည် ဟု ဦးထွန်း လွင်မှ ပြောကြားသည်။ အညွှန်းကိန်း ၉ သည် အရေပြား ရောဂါ မှအစ အသက် သေဆုံး သည်အထို ထိခိုက် နိုင်ကြောင်း ကိုလည်း ထည့်သွင်း ပြောကြား ခဲ့သည်။
ခရမ်းလွန် ရောင်ခြည် များ မြင့်မား နေ၍ စိုးရိမ်ဖွယ် အခြေအနေ ရှိဟု ဒေါက်တာ ဦးထွန်းလွင် ပြောကြား

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် များတွင် ခရမ်းလွန် ရောင်ခြည်များ သတ်မှတ် ထားသည့် အဆင့်ထက် များစွာ မြင့်တက် နေခြင်း ကြောင့် အန္တရယ် ရှိနိုင် ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် မှ ပြောကြား ခဲ့သည်။

အိုဇုန်းလွှာ သည် ဘေးအန္တရယ် ရှိသည့် ခရမ်းလွန် ရောင်ခြည် လှိုင်းများ ကမ္ဘာ မြေပြင် ပေါ်သို့ မကျရောက် အောင် ကာကွယ် ပေးပြီး ခရမ်းလွန် ရောင်ခြည် ၉၉% ကိုစုပ်ယူ ပေးသည့် သဘာဝ အရံ အတား တစ်ခု ဖြစ် သည့်အတွက် ကမ္ဘာ့ သက်ရှိများ အတွက် မရှိမဖြစ် လိုအပ်သည့် အကာအကွယ် တစ်ခု ဖြစ်သည်။ အိုဇုန်းလွှာ ပျက်စီး မှုကြောင့် အရေပြား ကင်ဆာ ရောဂါ၊ မျက်စိ တိမ်စွဲမှု၊ ခုခံအား ကျဆင်းမှု၊ သီးနှံ အထွက်နှုန်း ကျဆင်းမှု၊ အဏ္ဏဝါ ဂေဟ စနစ် ပျက်စီး မှုနှင့် ရုပ် ဝတ္ထု ပစ္စည်း များ ယိုယွင်း ပျက်စီး မှုတို့ကို ဖြစ်ပေါ် စေလျက် ရှိ သောကြောင့် ကုလ သမဂ္ဂက ဦးဆောင်၍ အိုဇုန်းလွှာ ကာကွယ်ရေး အတွက် ၁၉၈၅ ခုနှစ်မှ ယခုနှစ် အထိ အပြည်ပြည် ဆိုင်ရာ သဘောတူ စာချုပ် များ ချုပ်ဆို ၍ ကာကွယ် ရေး လုပ်ငန်း များ ဆောင်ရွက် ခဲ့ပါသည်။

Monday, January 28, 2013

အလည်လာတဲ့ မိန်းကလေး/နတ်နွယ်


အချစ်မရှိတဲ့ နေ့ ရက်များ/တင်သန်းဦး


ကုသိုလ်ကြမ္မာ မမီပါခဲ့ /ခင်နှင်းယု


တောက်ပ၍နွေးထွေးသောကောင်းကင်တခုအောက်မှာ/ရှင်မိုး


ဖက်စွတ်မိုး/မောင်စိန်ဝင်း(ပုတီးကုန်း)


အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်

Hlaing Bwa shared Kachin Daily News's photo.
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်



အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။ ယင်းသို့ အွန်လိုင်းတွင် သင်ယူပြီး ဘွဲ့ကိုလည်း အွန်လိုင်းမှပင် ရရှိနိုင်မည်ဖြစ်ကာ လက်ရှိတွင် ဥပဒေဘာသာရပ် (Diploma in Law) ကို စမ်းသပ် သင်ကြား ပေးလျက်ရှိကာ ဘွဲ့ရပြီးသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ ဒေါက်တာ လှတင့် က “ဒီလို အွန်လိုင်းစနစ်နဲ့ သင်ယူနိုင်တဲ့အတွက် မြန်မာနိုင်ငံထဲမှာ မဟုတ်ဘဲ တခြားဘယ်နိုင်ငံ ကိုဘဲ ရောက်နေနေ အဝေးသင် ဘာသာရပ်ကို အွန်လိုင်းကနေ သင်ကြားလို့ရမှာ ဖြစ်ပါတယ်” ဟု ပြောကြား သည်။

 အဆိုပါ အွန်လိုင်းမှ စမ်းသပ်သင်ကြား ပေးလျက်ရှိသည့် ဥပဒေဘာသာရပ်ကို စိတ်ဝင်တစား တက်ရောက် သည့်သူ များပြားလျက်ရှိပြီး ယင်းစနစ်မှာ အောင်မြင်သည်ဟု ဆိုနိုင်သည့် အတွက် နောက်ပိုင်းတွင် အဝေးသင် ဘာသာရပ် အားလုံးကို အွန်လိုင်းမှပင် သင်ယူနိုင်စေရန် စီစဉ်သွားမည်ဖြစ်ကြောင်း ယင်းကဆိုသည်။ ယင်းက ဆက်လက်၍ “ကျောင်းသားတွေအနေနဲ့ အွန်လိုင်းကနေ စာရင်းသွင်းလို့ရ တယ်။ အခု ဆိုရင် စင်ကာပူက ကျောင်းသားတစ်ယောက် အွန်လိုင်းကနေ စာရင်းသွင်းထားတယ်။ သူ့ကိုသင် တန်းသား ခုံအမှတ်တစ်ခု ထုတ်ပေးထားတယ်။ သင်ခန်းစာတွေကို နားလည်လွယ်အောင် အင်္ဂလိပ် လိုရော မြန်မာလိုပါ ရှင်းပေးထားတယ်။ သူနားမလည်ရင် ဆရာတို့ဆီကို အီးမေးလ်နဲ့ လှမ်းမေး တယ်။ ဒီကပြန်ဖြေပေးတယ်။ သူက စင်ကာပူမှာ ဆိုပေမယ့် တော်တော် အဆင်ပြေတယ်” ဟု ပြောသည်။

 ယင်းစနစ်ဖြင့် တက်ရောက်နိုင်မည့် ပုံစံမှာလည်း ပုံမှန်အဝေးသင်တက္ကသိုလ် ပုံစံများအတိုင်းပင် ဖြစ်ကာ ယခုအခါ အွန်လိုင်းအဝေးသင် သင်ကြားရေး စနစ်ဖြင့် သင်ကြားရာတွင် သင်ကြားလိုသူ၏ လက်ဗွေပုံစံနှင့် ဓာတ်ပုံများကို Scan ဖတ်၍ Security System ပြုလုပ်ပေးထားကြောင်း၊ စာမေးပွဲကိုလည်း အွန်လိုင်းပေါ် မှသာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ “စာမေးပွဲက နှစ်ခုဖြေရတယ်။ ပထမနှစ်ဝက်နဲ့ ဒုတိယနှစ် ဝက်ပါ။ အွန်လိုင်းကနေ ဖြေဆိုချိန် သတ်မှတ်ပေးထားတယ်။ တစ်ယောက်နဲ့ တစ်ယောက် မေးခွန်းခြင်းလဲ မတူဘူး။ အချိန်ပြည့်သွားရင် ဘယ်သူမှ ဖြေလို့မရတော့ဘူး။

ပြီးတာနဲ့ အောင်ရှုံးအမှတ်တွေကို တန်းထွက်ပေးတယ်။ ဒုတိယအပတ်မှာကြတော့ စာတမ်းငယ် တစ်စောင် တင်ခိုင်းတယ်။ တော်တော်အောင်မြင်ပါတယ်” ဟု ဒေါက်တာလှတင့်က ပြောသည်။ ယင်းအွန်လိုင်း အဝေး သင် ပညာရေးစနစ်နှင့် ပတ်သက်၍ ပညာရေးကျွမ်းကျင်သူ ဒေါက်တာသိန်းလွင်က “ပညာရပ်တွေ ကို အွန်လိုင်း၊ အင်တာနက်တွေက သင်နိုင်ဖို့ လိုတာပေါ့။ တချို့နိုင်ငံတွေဆို အွန်လိုင်းကနေ တိုက်ရိုက်စနစ်နဲ့ သင်တယ်။ အင်္ဂလန်နဲ့ သြစတြေးလျမှာဆိုရင် အွန်လိုင်းကနေ ပါမောက္ခတွေက ပို့ချပေးတယ်။ သူတို့ဆီမှာ အွန်လိုင်းအတွက် သီးသန့် ပါမောက္ခတစ်ယောက် ထားပေးတယ်။

 ကျောင်းသားကလဲ ပါမောက္ခနဲ့ အွန်လိုင်းကနေ တိုင်ပင်ဆွေးနွေးလို့ ရတယ်” ဟု ပြောသည်။ ဥပဒေပညာ ရပ် ကို အွန်လိုင်းမှ သင်ကြားပေးသည့် စနစ်ကို ပြီးခဲ့သည့် ၂၀၁၂ နိုဝင်ဘာတွင် စတင်ဖွင့်လှစ် ခဲ့ပြီး တက်ရောက် ရမည့် ကာလမှာ တစ်နှစ်ဖြစ်ကာ ဆယ်လ တက်ရောက်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းသင်တန်း တက်ရောက်လို၍ လျှောက်ထားသူ ရာကျော် ရှိသော်လည်း ၅၀ ကျော်သာ လက် ခံနိုင်သေးကြောင်း သိရှိရပါသည်။

From:ခေတ်လူငယ်
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်



အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း
ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။ ယင်းသို့ အွန်လိုင်းတွင် သင်ယူပြီး ဘွဲ့ကိုလည်း အွန်လိုင်းမှပင် ရရှိနိုင်မည်ဖြစ်ကာ လက်ရှိတွင် ဥပဒေဘာသာရပ် (Diploma in Law) ကို စမ်းသပ် သင်ကြား ပေးလျက်ရှိကာ ဘွဲ့ရပြီးသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ ဒေါက်တာ လှတင့် က “ဒီလို အွန်လိုင်းစနစ်နဲ့ သင်ယူနိုင်တဲ့အတွက် မြန်မာနိုင်ငံထဲမှာ မဟုတ်ဘဲ တခြားဘယ်နိုင်ငံ ကိုဘဲ ရောက်နေနေ အဝေးသင် ဘာသာရပ်ကို အွန်လိုင်းကနေ သင်ကြားလို့ရမှာ ဖြစ်ပါတယ်” ဟု ပြောကြား သည်။

မျက်နှာပေါ်က အမဲစက်တွေ ပျောက်ချင်ရင်တဲ့

မျက်နှာပေါ်က အမဲစက်တွေ ပျောက်ချင်ရင်တဲ့။ လုပ်နည်းက လွယ်လွယ်လေးဖြစ်သလို၊ အင်္ဂလိပ်လိုရေးထားတာကလည်း လွယ်လွယ်လေးမို့ ဘာသာမပြန်တော့ဘူးနော်။ လုပ်နည်းက (၂)နည်းပေါ့။ ကြိုက်တဲ့ နည်းကို သုံးလို့ရပါတယ်။ ကျွန်ုပ်ဆိုရင်တော့ သကြားပါတဲ့ နည်းကို သုံးဖြစ်မယ်ထင်တယ်။

You do not have to hide dark spots
on your face with heavy makeup or
subject your delicate skin to harsh
chemical peels or laser treatments
to remove annoying marks.

Whether they are age-related "liver
spots" or stubborn acne and insect
bite scars, nature's warehouse
holds effective options for removing
most dark spots from your face.

ကချင်သမိုင်း သုံးသပ်ချက်များ( Lachid Kachin )

Khin Mgoo shared လူထုအသံ လူထုရင်ဖွင့်အသံ လူထုကိုယ်စားပြုအသံ ဗမာပြည်တိုးတက်ရေးအသံ's photo.
Black Angle
ကချင်သမိုင်း သုံးသပ်ချက်များ( Lachid Kachin )

မေး။ ။ ကိုလိုနီမတိုင်ခင်ခေတ်က စကြရအောင်။ အဲဒီအချိန်တုန်းက ကချင်လူမျိုးတွေနဲ့ မန္တလေးက ဗမာဘုရင်တွေရဲ့အကြားဆက်ဆံရေးက ဘယ်လိုရှိခဲ့သလဲ။
ဖြေ။ ။ ကချင်လူမျိုးတွေဟာ ဗမာပြည်နဲ့တရုတ်ပြည်ကြားမှာ နေထိုင်ခဲ့ကြတယ်။ အင်အားကြီးတိုင်းပြည်နှစ်ခု ကြားနေဖြစ်ခဲ့ကြတယ်။ ဗမာဘုရင်တွေ တရုတ်ပြည်ကိုသွားရောက်တိုင်းမှာ ကချင်အကြီးအကဲတွေနဲ့ညှိနှိုင်း ရလေ့ရှိတယ်။ သမိုင်းမှတ်တမ်းမရှိခင်အချိန်ကတည်းက ကျနော်တို့ဟာ ဒီကြားနေနယ်မြေမှာ နေထိုင်ခဲ့ကြတယ်။ ကချင်တွေဟာ ဒီနယ်စပ်ဒေသကို ထိန်းချုပ်ခဲ့ကြတယ်။ ကချင်လူမျိုးတွေဟာ ဗမာဘုရင်တွေနဲ့ဆက်ဆံရေး ရှိတစ်လှည့်၊ မရှိတစ်လှည့် ဖြစ်ခဲ့တယ်။ တခါတရံ ဗမာဘုရင်တွေက မိုးကောင်း၊ ဗန်းမော်တို့ကိုသိမ်းပိုက်ခဲ့ဖူးတယ်။ အောက်ပိုင်းဒေသတွေလောက်ပါပဲ။ အရင်တုန်းကတော့ ကချင်တွေဟာ ကြေးစားစစ်သားတွေဖြစ်ခဲ့တယ်။ ကချင်တွေရဲ့အားသာချက်က ဒီတောင်တန်းဒေသ၊ ဒီရာသီဥတုတွေနဲ့ သဟဇာတဖြစ်အောင်နေထိုင်တတ်တယ်။ ဗမာတပ်မှာ လက်နက်ကောင်းတွေ ရှိပေမယ့် သဘာဝအတားအဆီးတွေကို သူတို့မကျော်လွှားနိုင်ခဲ့ကြဘူး။ စစ်ဖြစ်တိုင်းမှာ ကချင်တွေနဲ့မိတ်ဖွဲ့တဲ့သူက နိုင်စမြဲပဲ။

မေး။ ။ ဗမာလူမျိုးအများစုက သူတို့ကိုယ်သူတို့ တောင်ပေါ်သားလို့ခေါ်ကြတဲ့ ကချင်၊ ကရင်တို့လိုတိုင်းရင်းသားလူမျိုးတွေထက် သာတယ်လို့ထင်ကြတယ်။ ဘာကြောင့် ဒီလိုဖြစ်တယ်လို့ ထင်သလဲ။
ဖြေ။ ။ ဗမာလူမျိုးတွေဟာ သူတို့မှာ ဘုရင်ရှိခဲ့ဖူးတယ်ဆိုပြီး အင်မတန်ဝံ့ကြွားကြတယ်။ ကျနော်တို့ ကချင်တွေကျတော့ ဗမာ၊ တရုတ် ဘယ်သူ့လက်အောက်မှ မကျရောက်ခဲ့ဖူးတဲ့အတွက် အင်မတန်စိတ်ဓါတ်ခိုင်မာကြတယ်။ ကချင်တွေကို ဗြိတိသျှတွေ ပထမဆုံးအောင်နိုင်ခဲ့တယ်။ ကချင်တွေက အမြဲလိုလို စစ်တိုက်နေကြလေ့ရှိတယ်။ တခါတရံ ကိုယ့်အချင်းချင်းတိုက်ကြတယ်။ တခါတလေတော့ တခြားရန်သူတွေနဲ့ တိုက်ကြတယ်။ ရှမ်းလူမျိုးတွေက အရင်တိုးတက်ခဲ့ကြပြီး ကချင်တွေက ရှမ်းတွေရဲ့ယဉ်ကျေးမှုကို လိုက်လျောညီထွေဖြစ်အောင် အသုံးပြုခဲ့ကြတယ်။ လယ်စိုက်ပျိုးခြင်းကို ရှမ်းလူမျိုးတွေဆီက သင်ယူခဲ့တယ်။ ဗမာဘုရင်တွေက ကချင်တွေကို အရိုင်းအစိုင်းတွေလို့ပဲ သတ်မှတ်ခဲ့ကြတဲ့အတွက် ကချင်တွေကိုထိမ်းချုပ်ဖို့ စိတ်မကူးခဲ့ကြဘူး။ သူတို့ဟာ ကျနော်တို့ကို လုံးဝလျစ်လျူရှုခဲ့ကြတယ်။

မေး။ ။ ကိုလိုနီခေတ်ကို ဆက်သွားကြတာပေါ့။ ဗြိတိသျှတွေက ဗမာပြည်နဲ့ကချင်တွေကို ဘယ်လိုပြောင်းလဲ စေခဲ့သလဲ။
ဖြေ။ ။ ဗြိတိသျှလက်အောက်ကဗမာပြည်နဲ့ ဗမာဘုရင့်တိုင်းပြည်က တခြားစီပါ။ ဗမာဘုရင်တွေရဲ့ နယ်ပယ်က အကန့်အသတ်နဲ့ပဲရှိတာပါ။ ကချင်ပြည်၊ ၀ပြည်၊ ကရင်နီပြည်၊ တခြားပြည်တွေ တစ်ပြည်လုံးကို ဗမာဘုရင်တွေ မထိမ်းချုပ်နိုင်ခဲ့ပါဘူး။ ဗမာပြည်မဒေသလောက်ပဲ သူတို့အုပ်ချုပ်ခဲ့ကြတာပါ။ အိန္ဒိယဒေသ (Indian sub-continent) ကို ကာကွယ်ဖို့အတွက် ဗြိတိသျှတွေက ဒီနယ်မြေဒေသတွေအားလုံးကို သိမ်းပိုက်ခဲ့တယ်။ ၁၈၈၆ ခုနှစ် ဗြိတိသျှကျူးကျော်မှုကိုတွန်းလှန်ခဲ့တုန်းက ဘယ်ဗမာစစ်သူကြီးကမှ မပါဝင်ခဲ့ဘူး။ ကချင်ခေါင်းဆောင်တွေပဲ နယ်ချဲ့တွေကိုတွန်းလှန်ခဲ့တယ်။ ၁၈၈၅ ခုနှစ်မှာ သီပေါဘုရင်လက်က ဗမာ့ထီးနန်းကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ကချင်ပြည်ကိုလည်း အလိုအလျောက်အောင်နိုင်ပြီလို့ ဗြိတိသျှတွေထင်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့တွေရောက်လာတာနဲ့ ကချင်ခေါင်းဆောင်တွေက တော်လှန်တော့တာပဲ။ ဒါကြောင့် ကချင်ဟာ ဗမာဘုရင်တွေရဲ့လက်အောက်ခံ မဟုတ်ဘူးဆိုတာ ဗြိတိသျှတွေသဘောပေါက်သွားခဲ့ကြတယ်။ ဒီကနေ့ ပြည်ထောင်စုမှာ ကျနော်တို့က မိမိဆန္ဒအလျောက် ပူးပေါင်းပါဝင်ခဲ့တာပါ။ ရှမ်း၊ ကချင်နဲ့တခြားတိုင်းရင်းသားတွေမှာ ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်နယ်မြေဒေသ၊ ကိုယ်ပိုင်ဘာသာစကားတွေ ကိုလိုနီအုပ်ချုပ်ရေး မတိုင်ခင်ကတည်းကရှိခဲ့တယ်။ ဗြိတိသျှအစိုးရက တိုင်းရင်းသားနယ်မြေတွေအားလုံးကိုပေါင်းစည်းပြီး ဗြိတိသျှဗမာပြည်ကို တည်ထောင်ခဲ့တာပါ။

မေး။ ။ ဒုတိယကမ္ဘာစစ်မှာ ကချင်တွေ ဗြိတိသျှဘက်ကပါဝင်တိုက်ခိုက်ခဲ့တယ်။ ဗမာတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဦးဆောင်မှုနဲ့ ဂျပန်တွေနဲ့ပဲအချိန်တော်တော်ကြာ ကုန်လွန်ခဲ့တယ်။ ဒီအချက်က ကချင်-ဗမာဆက်ဆံရေးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့သလဲ။
ဖြေ။ ။ ကချင်နဲ့ချင်းတွေက မဟာမိတ်တပ်ပေါင်းစုကို ထောက်ခံတဲ့သူတွေဆိုတော့ ဂျပန်ခေတ်မှာ (ဗိုလ်ချုပ်) အောင်ဆန်းနဲ့ သူ့ရဲ့ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) ရောက်လာချိန်မှာ ကချင်တွေ အမြောက်အများကို နယ်ချဲ့လက်ပါးစေတွေဆိုပြီး သတ်ဖြတ်ခဲ့တယ်။ ကျနော့်ဆီမှာ ဒီအကြောင်းနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေအများကြီးရှိပါတယ်။ ဂျပန်သေနတ်တွေကို နေရာတိုင်းမှာသုံးခဲ့တယ်။ ၁၉၄၄ မတိုင်ခင်အထိ ဘီအိုင်အေတပ်တွေ ရွာတွေထဲဝင်ရောက်ပြီး ကချင်ပြည်သူတွေကို ဒုက္ခမျိုးစုံပေးခဲ့တယ်။ ဘီအိုင်အေက ဗမာပြည်ကို ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရယူပေးခဲ့တယ်ဆိုတာ တကယ့်ဟာသပဲ။ မဟာမိတ်တပ်ပေါင်းစု၊ ကချင်လူမျိုးတွေ၊ မြောက်ပိုင်းကချင်ရိန်းဂျားတပ်သားတွေ တခြားတောင်ပေါ်သားလူမျိုးစုတွေနဲ့ပူးပေါင်းပြီး ဂျပန်ကို နှင်ထုတ်ခဲ့တာပါ။ အောင်နိုင်မှုအထိမ်းအမှတ်အဖြစ်နဲ့ ကချင်ရိန်းဂျားတွေ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၄-၂၆ရက်နေ့အတွင်း ဗန်းမော်မှာ ပနမ်မနောပွဲ(Panam Manau)ကို ကျင်းပခဲ့တယ်။ နောက်တစ်ရက် မတ်လ(၂၇)ကျမှ (ဗိုလ်ချုပ်)အောင်ဆန်းက ရန်ကုန်မှာ ဖက်ဆစ်တော်လှန်ရေးကို စတင်ခဲ့တာပါ။ ဒါ့ကြောင့် ဗမာတွေ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာပါဝင်ခဲ့တာ နှစ်လ၊ သုံးလပါပဲ။ ဂျပန်ကို အောင်နိုင်လိုက်နိုင်တာကြောင့် နိုင်ငံရေးပြောဆိုဆွေးနွေးရာမှာ ကချင်ကအဓိကဖြစ်လာတာပါ။ နိုင်ငံရေးချိန်ခွင်လျှာမှာ ကျနော်တို့ကအသာစီးဖြစ်ခဲ့တာကိုး။ အဲဒါကတော့ အပြောင်းအလဲကာလပေါ့။ အဲဒီအချိန်တုန်းက ဗမာစစ်သားတစ်ယောက်မှ မရှိပါဘူး။ ကချင်တပ်တွေပဲ ရှိတာပါ။ စစ်အောင်နိုင်တဲ့အထိမ်းအမှတ်မနောပွဲမှာ (ဗိုလ်ချုပ်)အောင်ဆန်းနဲ့ သူ့ရဲ့ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေကို ဖိတ်ကြားခဲ့တယ်။ သူတို့ တက်လာပြီး ကျနော်တို့နဲ့တွေ့ဆုံတယ်။ ပြီးတော့ လွတ်လပ်ရေးအတူတကွ ပူးပေါင်းရယူဖို့ သဘောတူခဲ့ကြတယ်။

မေး။ ။ ၁၉၄၇ မှာ ကချင်တွေ အခြားသူတွေနဲ့အတူ ပင်လုံစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့တယ်။ ဦနုရဲ့အရပ်သားအစိုးရက ဒီစာချုပ်ကိုလေးစားလိုက်နာခဲ့လား။
ဖြေ။ ။ (ဗိုလ်ချုပ်)အောင်ဆန်း သေသွားပြီးတဲ့နောက်၊ ဦးနုက ပင်လုံစိတ်ဓါတ်ကို ဆက်လက်ထိန်းသိမ်း ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့အတွက် အဓိကကျရှုံးမှုက နု-အက်တလီစာချုပ်ပဲ။ ပင်လုံစာချုပ်အရ ကျနော်တို့ တန်းတူအခွင့်အရေးရတယ်။ ဒါပေမယ့် တိုင်းရင်းသားလူမျိုးစုတွေက အဲဒီအချိန်တုန်းက ပါးရည်နပ်ရည် မရှိခဲ့ကြဘူး။ နု-အက်တလီစာချုပ်က အင်မတန်အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကာကွယ်ရေး၊ ဘဏ္ဍာရေးအပါအ၀င် အာဏာအရပ်ရပ်ကို ဦးနုရဲ့ဖဆပလအဖွဲ့ချုပ်ကို လွှဲပြောင်းပေးခဲ့ တာကိုး။ ၁၉၄၈ အခြေခံဥပဒေအရ ဖဆပလကဲ့သို့သော အင်အားကြီးပါတီကပဲ ပါလီမန်တစ်ခုလုံးကို ချုပ်ကိုင်ထားတဲ့အပြင် နု-အက်တလီစာချုပ်အရ ဥစ္စာဓနတွေနဲ့လုပ်ပိုင်ခွင့်အာဏာအားလုံးကို ဗြိတိသျှအစိုးရက ရန်ကုန်အစိုးရကိုလွှဲပြောင်းပေးခဲ့တယ်။

မေး။ ။ ကေအိုင်အိုကို ၁၉၆၁ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဘာဖြစ်ခဲ့လဲ။ ဘာလို့ ဒီအဖွဲ့အစည်းကို တည်ထောင်ခဲ့တာလဲ။
ဖြေ။ ။ အဲဒီအချိန်တုန်းက တိုင်းပြုပြည်ပြုလွှတ်တော်မှာ လူနည်းစုတိုင်းရင်းသားကိုယ်စားလှယ်တွေ အကန့်အသတ်နဲ့ပဲ ရှိခဲ့တယ်။ ဗမာအစိုးရက ၁၉၄၈ အခြေခံဥပဒေနဲ့ပါလီမန်မှာ လူနည်းစုတိုင်းရင်းသားအမတ်တွေကို ထိန်းချုပ်ခဲ့တယ်။ ပထမဆုံးအချက်က ကချင်ရွာတွေကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်တဲ့ကိစ္စ။ ကချင်ပြည်သူတွေ၊ အထူးအဖြင့် ကချင်ကျောင်းသားတွေ ဆန့်ကျင်ခဲ့ကြတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်၊ ကိုယ်စားလှယ်နည်းတဲ့အတွက်ကြောင့် ကျနော်တို့မှာ အားမရှိခဲ့ဘူး။ ဒုတိယပြဿနာက နိုင်ငံတော်ဘာသာ။ အခြေခံဥပဒေမှာ ကျနော်တို့က နိုင်ငံရေးနဲ့ဘာသာရေးကိုခွဲခြားထား(Separation of the Church and the State) စေချင်တယ်။ ဒါပေမယ့် ဦးနုက နိုင်ငံရေးကိစ္စမှာ ဗုဒ္ဒဘာသာကိုအသုံးချလာတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ကျနော်တို့ မမုန်းပါဘူး။ ဒါပေမယ့် နိုင်ငံရေးမှာ ဗုဒ္ဓဘာသာကိုဆွဲထည့်လာတာကိုတော့ မကြိုက်ဘူး။
ပင်လုံစာချုပ်မှာပါတဲ့ကတိက၀တ်က မျှတမှုနဲ့အခြေခံအခွင့်အရေး-လူနည်းစုတိုင်းရင်းသားများ ကာကွယ်စောင့်ရှောက်ရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်စွာပြောဆိုခွင့်၊ ဘာသာရေးလွတ်လပ်မှုနဲ့ ဒီမိုကရေစီ။ ဒါတွေက ပင်လုံစာချုပ်မှာပါဝင်တဲ့အကြောင်းအရာတွေ။ ဒါပေမယ့် ဦးနုက ၁၉၄၈ အခြေခံ ဥပဒေကိုသုံးပြီး ဥပဒေကိုလက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားလာတယ်။ နိုင်ငံတော်ဘာသာနဲ့ အာဏာခွဲဝေမှုဆိုတဲ့အချက်နှစ်ချက်ကြောင့် ပါလီမန်ဟာ ကချင်လူမျိုးတွေအတွက် မျှော်လင့်ချက်မဟုတ်တော့ဘူး။ အဲဒါကြောင့် ကျနော်တို့ရဲ့လက်နက်ကိုင်တော်လှန်ရေးကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ စတင်ခဲ့တာပါ။ ဒီကနေ့အထိလည်း ကျနော်တို့ကတော့ နိုင်ငံရေးကိုပဲ ဦးစားပေးဆွေးနွေးချင်တာပါ။ အပစ်ရပ်ဖို့ မလိုဘူး။ ဖွံ့ဖြိုးရေးစီမံကိန်းတွေ မလိုဘူး။ ပင်လုံစာချုပ်ကစတဲ့ ပြဿနာတွေအားလုံးရဲ့အရင်းအမြစ်က နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက် ကျနော်တို့ဘက်က နိုင်ငံရေးကိစ္စတွေကိုပဲ စတင်ဆွေးနွေးသွားရမှာပါ။

မေး။ ။ ကေအိုင်အိုကို စတင်ဖွဲ့စည်းတုန်းက ကချင်တွေက လုံးဝလွတ်လပ်ရေးကို လိုချင်ခဲ့တာပါ။ ၁၉၇၀ နောက်ပိုင်းကျမှ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြောင်းလဲတောင်းဆိုလာတယ်။ ဘာလို့ သူတို့ရဲ့ရပ်တည်ချက်ကို လုံးဝလွတ်လပ်ရေးကနေ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုပြောင်းသွားရတာလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့အခြေခံရည်မှန်းချက်ကို ရနိုင်မှာမဟုတ်ဘူးဆိုတာ သိမြင်လာလို့ပါ။ ဒါ့ကြောင့် အခြေအနေကိုလိုက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကိုတောင်းဆိုရခြင်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့နှလုံးသားထဲမှာ အမြစ်စွဲနေတဲ့လုံးဝလွတ်လပ်ရေးဆိုတာ ကျနော်တို့ရဲ့အခြေအနေအရ ဘယ်လိုနည်းနဲ့မှ ညှိနှိုင်းဆွေးနွေးရယူဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့တိုင်းပြည်ဟာ ကုန်းတွင်းပိတ်ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေကြောင့်၊ ကျနော်တို့ရဲ့စစ်ရေးအင်အား၊ ခေါင်းဆောင်မှုစတာတွေကြောင့် ကျနော်တို့ရဲ့ရပ်တည်ရှင်သန်ခွင့်အတွက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့လိုပါတယ်။
တချိန်တုန်းကတော့ ဆိုရှယ်လစ်အစိုးရတွေ စည်းလုံးညီညွတ်တော့မလို ဖြစ်လာခဲ့တယ်။ ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီယားနဲ့ အနောက်နိုင်ငံတွေ ညီညွတ်ကြတော့မလိုဖြစ်ခဲ့တယ်။ နေရာဒေသတိုင်းမှာ အားလုံးက ပေါင်းစည်းညီညွတ်လာကြတော့ ကျနော်တို့လည်း ပြောင်းလဲဖို့ကြိုးစားခဲ့တယ်။ အခြားတိုင်းရင်းသား လူမျိုးစုတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ရခိုင်တွေနဲ့မဟာမိတ်ဖွဲ့ခဲ့တယ်။ သူတို့နဲ့ ပေါင်းစည်းခြင်းအားဖြင့် ကျနော်တို့ရဲ့နိုင်ငံရေးရပ်တည်ချက်ကို ပိုပြီးခိုင်မာစေချင်ခဲ့တယ်။ ကျနော်တို့ရဲ့နောက်ဆုံး အဆုံးအစွန်ရည်မှန်းချက်ကတော့ လုံးဝလွတ်လပ်ရေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
Black Angle
ကချင်သမိုင်း သုံးသပ်ချက်များ( Lachid Kachin )

မေး။ ။ ကိုလိုနီမတိုင်ခင်ခေတ်က စကြရအောင်။ အဲဒီအချိန်တုန်းက ကချင်လူမျိုးတွေနဲ့ မန္တလေးက ဗမာဘုရင်တွေရဲ့အကြားဆက်ဆံရေးက ဘယ်လိုရှိခဲ့သလဲ။
ဖြေ။ ။ ကချင်လူမျိုးတွေဟာ ဗမာပြည်နဲ့တရုတ်ပြည်ကြားမှာ နေထိုင်ခဲ့ကြတယ်။ အင်အားကြီးတိုင်းပြည်နှစ်ခု ကြားနေဖြစ်ခဲ့ကြတယ်။ ဗမာဘုရင်တွေ တရုတ်ပြည်ကိုသွားရောက်တိုင်းမှာ ကချင်အကြီးအကဲတွေနဲ့ညှိနှိုင်း ရလေ့ရှိတယ်။ သမိုင်းမှတ်တမ်းမရှိခင်အချိန်ကတည်းက ကျနော်တို့ဟာ ဒီကြားနေနယ်မြေမှာ နေထိုင်ခဲ့ကြတယ်။ ကချင်တွေဟာ ဒီနယ်စပ်ဒေသကို ထိန်းချုပ်ခဲ့ကြတယ်။ ကချင်လူမျိုးတွေဟာ ဗမာဘုရင်တွေနဲ့ဆက်ဆံရေး ရှိတစ်လှည့်၊ မရှိတစ်လှည့် ဖြစ်ခဲ့တယ်။ တခါတရံ ဗမာဘုရင်တွေက မိုးကောင်း၊ ဗန်းမော်တို့ကိုသိမ်းပိုက်ခဲ့ဖူးတယ်။ အောက်ပိုင်းဒေသတွေလောက်ပါပဲ။ အရင်တုန်းကတော့ ကချင်တွေဟာ ကြေးစားစစ်သားတွေဖြစ်ခဲ့တယ်။ ကချင်တွေရဲ့အားသာချက်က ဒီတောင်တန်းဒေသ၊ ဒီရာသီဥတုတွေနဲ့ သဟဇာတဖြစ်အောင်နေထိုင်တတ်တယ်။ ဗမာတပ်မှာ လက်နက်ကောင်းတွေ ရှိပေမယ့် သဘာဝအတားအဆီးတွေကို သူတို့မကျော်လွှားနိုင်ခဲ့ကြဘူး။ စစ်ဖြစ်တိုင်းမှာ ကချင်တွေနဲ့မိတ်ဖွဲ့တဲ့သူက နိုင်စမြဲပဲ။