နိုင်ငံရေးစကားလုံး ဗဟုသုတ အချို့ပါ။ စိတ်ဝင်စားသူတွေအတွက် ...
နိုင်ငံရေး စကားလုံးတွေမှာ လက်ဝဲ၊ လက်ယာ ဆိုပြီး ခွဲခြား ပြောဆိုမှုတွေ
ရှိသလို .. ဒီလူက လက်ဝဲ ဝါဒီ၊ ဒီလူက လက်ယာ ဝါဒီဆိုပြီး ပြောဆိုကြတာ
ရှိပါတယ်။
လက်ဝဲ၊ လက်ယာ ဆိုတာ ဘာကို ခေါ်တာပါလဲ။ ဘယ်က ပေါ်ပေါက်လာတာပါလဲ ... စိတ်ဝင်စားစရာပါ။
တချို့က လက်ယာကို .. ရှေးရိုးစွဲဝါဒီ တွေလို့ ခေါ်ကြပြီး၊ လက်ဝဲကို
တော်လှန်သူတွေလို့ ခေါ်ကြပါတယ်။ ဒါလည်း မမှားပါဘူး။ တချို့ကတော့ ...
လက်ယာကို လူချမ်းတွေနဲ့ စီးပွားရေး တစ်ခုကိုပဲ မျက်နှာသာပေးတဲ့
နိုင်ငံရေးမူဝါဒ စွဲကိုင်သူများနဲ့ လက်ဝဲကို လူအများ တန်းတူရေး
(ဆိုရှယ်လစ်၊ ကွန်မြူနစ်) ဝါဒ စွဲကိုင်သူများလို့ သတ်မှတ်ကြပါတယ်။ ဒါလည်း
မှန်ပါတယ်။ လက်ဝဲ၊ လက်ယာ ဝါဒတွေမှာ သူတို့ စွဲကိုင်တဲ့မူဝါဒတွေက
ကွဲကြပါတယ်။ (ဝါဒအကြောင်း ပြောတာ မဟုတ်လို့ ဒီနေရာမှာ ဝါဒကိစ္စ အရှည်
မရှင်းတော့ပါ။)
ဘယ်က ပေါ်ပေါက်လာတာလဲဆိုတာ ကတော့ (ကမ္ဘာ့နိုင်ငံရေး
အတွေးအခေါ် အခင်းအကျင်းကြီး တစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့တဲ့) ... ပြင်သစ်
တော်လှန်ရေးကာလကနေ ထွက်ပေါ်လာတဲ့ စကားလုံး ဖြစ်ပါတယ်။