SAW BA U GYI die
သမိုင်းဆိုတာ မမေ့အပ်ရာ (သို့ ) မမေ့ကောင်းသောဒဏ်ရာဟောင်း
ဆောင်းပါး - ကညောကော်
ဒီ ဆောင်းပါး ကို ဒီနေ့ ဒီအချိန် ခါ ၂၁ ရာ စုမှာ ရေးသင့်မရေးသင့်နှင့်
ချင့်ချိန်နေခဲ့သည်မှာ အခိုက်အတန့် လေးကြာခဲ့ပါပြီ။ အဘယ်ကြောင့်ဆိုသော်
သည်ဆောင်းပါးကြောင့် တစ်ချို့ သောသူများက အမြင်ကျဉ်းသူ၊ လူမျို
းရေးမုန်းတီးမှုဖန်တီးသူ စသည်ခဲ့ သို့ သော ဝေဖန်တိုက်ခိုင်မှုနှင့်
အထင်မြင်ခံခဲ့ရမှုများကို ရှောင်ကျင်လိုခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ သို့ သောလက်ရှိတစ်ဆင့်ခြင်းဖြစ်ပေါ်လာသော ဖြစ်စဉ်များသည်ကျနော့်အား ဒီဆောင်းပါစတစ်ပုဒ်ကိုရေးသားရန် တွန်းပို့ လာခဲ့ပါသည်။ သမိုင်းဆိုတာမမေ့အပ်ရာ (သို့ ) မမေ့ကောင်းသောဒဏ်ရာဟောင်း ဆိုရာဝယ်.... မိမိကို..စိတ်ကောကိုယ်ပါဒဏ်ရာရအောင်လုပ်ဆောင်ခဲ့သောသူကိုအဲဒီဒဏ်ရာဟောင်းကြီးကိုပြန်စမ်းရေနူးပြီး..တ
မြေ့ မြေ့ နှင့် မကြေနပ်အညိုးအတေးထားကာ ကလဲ့စားခြေလို သောသဘောထား
ထက်..မိမိ ၏ သမိုင်းနှင့် ဒဏ်ရာဟောင်း ဖြတ်သန်းသွားလာခဲ့မှုများအပေါ်တွင် အမြဲတမ်း ပြန်လည်စူးစမ်း.. လေ့ လာသုံးသပ် ကာ နောင်တစ်ခါဒီ လို သမိုင်းမျိုးနှင့် ဒဏ်ရာအသစ်တစ်ခုကိုထပ်ထပ်မံမရစေလိုသောကြောင့်ဖြစ်ပါသည်။
ကရင်လူမျိုးများသည် ဟိုးယခင် မဟာဗမာ လူမျိုးရေး ၀ါဒီ
ဗမာမင်းများအဆက်ဆက်ကနေ ယခုအချိန်ထိ ထိုဗမာ လူမျိုးရေးဝါဒီများ၏
နည်းအမျိုးမျိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျခဲ့မှုများကို ခံခဲ့ ရ ခံနေရဆဲဖြစ်ပါသည်။ (မဟာဗမာလူမျိုးရေးဝါဒီဆိုရာဝယ်..ဗမာတစ်မျိုးသားလုံးကိုမဆိုလိုပါ။အချို
့အချို့ သောငါတို့ သာလူ၊ ငါတို့ သာမင်း၊ ငါတို့ သာသခင်၊ စသည်ကဲ့သို့ သော
လူ့ အသိုင်းအ၀ိုင်းနှင့် ဘယ်သမာသမတ်ကျသည့် လူ့ အဖွဲ
့အစည်းမှလက်မခံနိုင်သည့် ၀ါဒီများကိုသက်ဝင်ယုံကြည် ခါးဝတ်ပုဆိုး
သဖွယ်ကိုင်စွဲထားပြီး အခြားသောတစ်နိုင်ငံတည်းနေမည်သည့်တိုင်းရင်းသားကိုမှ လူမထင် အနိုင်ကျင့်ဗိုလ်ကျနေသော
သူများအချို့ ကိုသာဆိုလိုပါလိုပါသည်။ ထိုသူများနှင့် ထိုသို
့အတွေးအခေါ်ရှိနေသူများကို ယနေ့ အချိန်အခါထိ ရှိနေကြောင်း သိရသောအခါ
ကျနော်သည်သည် ဆောင်းပါးကလေးကို ရေးဖြစ်လာခဲ့ ရပါသည်။