ပျော်ပျော်နေ သေခဲ
ဘဝခရီးမှာ ပျော်ရွှင်ခြင်းများ ပျောက်ဆုံး၍ ချမ်းမြေ့ခြင်း နည်းသူများနှင့်
စာလျှင် ဘဝခရီး တစ်လျှောက် ကိုယ်ရည် ကိုယ်သွေးများ မြှင့်တင်ပြီး ပျော်ရ
ွှင် ချမ်းမြေ့ခြင်း ရှိသူများသည် အသက် ပိုရှည်သည့် အလားအလာ များကြသည်ဟု ဆိုသည်။
အသက် ၅၂ နှစ်မှ ၇၉ နှစ်အရွယ်ရှိ ဗြိတိန်မှ လူပေါင်း ၃၈၀၀ ကျော်အား
ငါးနှစ်တာမျှ စဉ်ဆက်မပြတ် လေ့လာ ခဲ့ရာတွင် အချိန်အများစု၌ ကိုယ်စိတ်
နှစ်ပါး ပျော်ရွှင်စွာရှိကြသူများ၏ သေဆုံးနှုန်းသည် ၃၅ ရာနှုန်းမျှ လျော့နည်း
ကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။ အဆိုပါ လေ့လာမှုတွင် ပါဝင်သူ များအား
အိပ်ယာနိုးပြီးချိန် မိနစ် ၃၀ အကြာ နံနက် ၇ နာရီမှ အစပြု၍ ညအိပ်ယာဝင်ချိန်
ထိတိုင် တစ်နေ့တာအတွင်း လေးချိန်နီးပါးမျှ ၎င်းတို့၏ စိုးရိမ် သောက
စိုးရွံထိတ်လန့်မှု၊ ပျော်ရွှင်မှု စိတ်လှုပ်ရှားမှုစသည့် ခံစားချက် များကို
တစ်ဦးချင်းစီ မှတ်တမ်းပြု လေ့လာခဲ့ခြင်း ဖြစ်သည်။
လေ့လာမှု
မှတ်တမ်းတွင် ပါဝင်သူများ၏ ပျော်ရွှင်မှုခံစားချက် အတိုင်းအဆ နှုန်းထားကို ၁
မှ ၄ထိ စကေးသတ်မှတ် လေ့လာခဲ့သည်။ ၅ နှစ်ကြာသည့် အခါ လန်ဒန် တက္ကသိုလ်အဖွဲ့မှ
သုတေသီများက လေ့လာမှုမှတ်တမ်းတွင် ပါဝင်သူများ၏ သေဆုံးသည့်
အကြောင်းရင်းများ ပါဝင်သူများ၏ အသက် ကျား-မ နှုန်းထား ကျန်းမာရေး၊
ချမ်းသာကြွယ်ဝမှု ပညာရေးနှင့် အိမ်ထောင်ရေး အခြေအနေတို့ကို စစ်ဆေးခဲ့ကြသည်။