တနှစ်ကုန်လို့ နောက်နှစ်သစ်တခုကို ပြောင်းခဲ့ပါပြီ။ နှစ်သစ်ကူးတို့
ထုံးစံအတိုင်း နိုင်ငံအကြီးအကဲတွေ၊ လူထုခေါင်းဆောင်တွေ၊ အဖွဲ့အစည်းအသီးသီးက
အကြီးအကဲတွေ လူမှုရေး နိုင်ငံရေး နဲ့ အနုပညာလောကက
ထင်ရှားကျော်ကြားသူတွေရဲ့ နှစ်သစ်ကူး ဆုတောင်းတွေကို ကြားရပါတယ်။
အမြင်အမျိုးမျိုး ရှုဒေါင့်အမျိုးမျိုးကနေ အမိမြန်မာပြည်
ငြိမ်းချမ်းသာယာစေကြောင်း ဆုမွန်ကောင်းတွေတောင်းသွားကြရာမှာ သံသယသံလေးတွေ
ကိုလည်း နေရာအတော်များများမှာ ကြားလိုက်ရပါတယ်။ အားလုံးလိုလိုက
၂၀၁၃ခုနှစ်မှာ အကောင်းဘက်ကို ပြောင်းလဲစေလိုတဲ့ဆန္ဒနဲ့ ဆုတွေ
တောင်းခဲ့ကြပါတယ်။ ဘယ်လိုဘဲ အကောင်းမြင်ပြီး ဆုတွေတောင်းတောင်း
တိုင်းပြည်မှာ ဒီနေ့ကြုံတွေ့နေကြရတဲ့ ပကတိဘာဝအခြေအနေတွေ၊
အရှိတရားတွေကိုတော့ မျက်ကွယ်ပြုလို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်အနေနဲ့တော့
ဆန္ဒတွေ စိတ်စေတနာတွေကို အခြေမပြုဘဲ ပကတိအရှိတရားတွေ အပေါ်အခြေခံပြီး
နိုင်ငံရဲ့ရှေ့ အလားအလာကို ခန့်မှန်းကြည့်ချင်ပါတယ်။ အခြေအနေတခုရဲ့
အလားအလာကို တွက်ချက်ရာမှာ ပကတိအရှိတရားများက ပေးတဲ့အဖြေ တွေကသာ
အမှန်ဖြစ်နိုင်ပါတယ်။ စိတ်ဆန္ဒကိုများများ အခြေပြုလေ များများမှားလေ
ဖြစ်မှာပါ။
တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Friday, January 4, 2013
Thursday, January 3, 2013
ကချင်စစ်ဘေးဒုက္ခသည်တွေကိုဘယ်လို စဉ်းစားပေးမှာလဲ KIA ?
Thein Moe and Boon Myo Myo shared မွန်းဒီပါ's photo.
ကချင်စစ်ဘေးဒုက္ခသည်တွေကိုဘယ်လို------------------------------
KIA ကိုတိုင်းရင်းသားတွေရဲ့အခွင့်အေ
ဝင်နေတဲ့အဖွဲ့လို့ အရင်ကစိတ်ထဲမှာအသိအမှတ်ပြုခဲ့သေ
ဒါပေမယ့် ခုနောက်ပိုင်းတဖြည်းဖြည်းသိလာတာ
မည်မည်ရရမရှိတဲ့အဖွဲ့တစ်ခုဆိုတာ
ကိုင်စွဲပြီးတိုက်ပွဲဝင်နေတာလဲ၊
ထည့်ပြီး “ခင်ဗျားတို့စိတ်ကြိုက်အုပ်ချုပ
အုပ်ချုပ်မယ်ဆိုတာမျိုးရှိရဲ့လာ
ရွက်နေတဲ့အဖွဲ့ဖြစ်တယ်ဆိုတာသေချ
သည်တွေအတွက်ဘာတွေများကူညီစောင့်
ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၃) by Aung Htoo on Thursday, January 3, 2013 at 10:01am ·
စာရေးသူ၏
ဆောင်းပါးများကို ဖတ်ပြီးနောက် စာဖတ်သူ ဖိုးကြီး ဆိုသူတဦးက “ အရင်က
ခင်ညွန့်တို့ သန်းရွှေတို့ အကြောင်း ကို လက်ဖက်ရည်ဆိုင်မှာတောင် ခပ်ကျယ်ကျယ်
မဝေဖန်ရဲတဲ့ခေတ်၊ အခုက NLD အာဏာရလို့ အစိုးရ ဖွဲ့နိုင်ခဲ့ရင် ဒေါ်စု နဲ့
NLD ကို ဝေဖန်တဲ့စကားမျိုး ခပ်ကျယ်ကျယ် မဟရဲ မဆိုရဲ တဲ့ခေတ်များ
ရောက်လာလေမလား မသိဘူး။ မကြိုက်လဲ မတတ်နိုင်ဘူး မသင့်တာတွေ့တော့ ပြောရမှာပဲ
အခုလဲ ပြောမယ် နောင်လဲပြောမယ်။” ဟု မှတ်ချက် ပြု ခဲ့သည်။ စာရေးသူသည် အဆိုပါ
စာဖတ်သူနှင့် သဘောချင်း တူပါသည်။
ဝေဘန်ရေးသည် ဒီမိုကရေစီ၏ အသက်သွေးကြောဖြစ်သလို လူပုဂ္ဂိုလ်တဦး၏ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် လည်း ဖြစ်သည်။ နိုင်ငံရေးပါတီ တရပ်တွင် ပါတီတွင်း ဝေဘန်ရေး ရှိမှ ကောင်းစွာရှင်သန်ပါမည်။ လူ့အဖွဲ့အစည်း၌ လူထု အတွင်း လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ရှိမှ တိုးတက်ပါမည်။ ဤအခြေခံမှ ဆက်လက်ဝေဘန်သွားပါမည်။
ဥပဒေစိုးမိုးရေးကို တည်ဆောက်မပေးနိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
၂၀၀၈ ဖွဲ့စည်းပုံကို မည်သို့ ချဉ်းကပ်မည်နည်း ဟူသည်မှ မြန်မာနိုင်ငံ၏ မျက်မှောက်ပြသနာများတွင် သော့ချက်ဖြစ် လာသည်။ ဥပဒေစိုးမိုးရေး ရနိုင် မရနိုင် ချိန်ထိုးရမည့် စံပေတန် ဖြစ်လာသည်။
၂၀၀၈ ဖွဲ့စည်းပုံကို ဖြစ်နိုင်လျှင် လုံးဝဖျက်သိမ်းပစ်သင့်သည်။ အနည်းဆုံးအားဖြင့် ယင်း၏ အခြေခံကြောရိုး များအား ပြင်ကိုပြင်ရပါမည်။ ဤသည်မှာ တိုင်းပြည်အကျိုး အတွက် လျှောက်ရမည့် လမ်းကြောင်းပင်။ ယင်းလမ်း ကြောင်းကို အထောက်အပံ့ဖြစ်စေရန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လှုပ်ရှားမှုများနှင့် စပ်လျှဉ်း၍ လူထု၏ အခန်း ကဏ္ဍကို တိုးမြင့်စေခြင်း ဖြစ်သည်။

“အထွေထွေယဉ်ကျေးခြင်း”
Nwe Aung and 2 other people shared အလင်းရောင် ချစ်သူ's photo.
“အထွေထွေယဉ်ကျေးခြင်း”၁။ လူကြီးလူကောင်းများနှင့် လည်းကောင်း၊ လူစိမ်းများနှင့် လည်းကောင်း စကားပြောလျှင် ခေါင်းငုံ့၍မပြောပါနှင့်၊ ထိုသူကိုကြည့်၍ပြောရာ၏။
၂။ စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်းမဖြစ်နှင့်၊ ရဲတင်းလွန်းသောအမူအရာဖြင့် မဖွယ်မရာလည်းမပြုနှင့်၊
(သူတစ်ပါးသည် သင့်အားအပြစ်ရှာနေသည်ဟုမထင်နှင့
၃။ သူတစ်ပါးစကားပြောလျှင် ကြားဖြတ်၍မပြောရ၊ ထိုသူ၏စကားဆုံးအောင် စောင့်ဆိုင်းရာ၏။
အကယ်၍ စိတ်မပါသ့ည့်တိုင်အောင် စိတ်မပါသည့် အမူအရာမပြဘဲ စိတ်ပါသကဲ့သို့ နားထောင်ရာ၏။
၎။ ဖြည့်စွက်၍ပြောရန်ရှိသော်လည်း ထိုသူစကားပြီးဆုံးမှ ယဉ်ကျေးသောအမူအရာနှင့် ရိုသေစွာဖြည့်စွက်ရမည်။
(မိမိတတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့် သဘော၊ ဆရာလုပ်လိုသည့် သဘောဖြင့် ပြောဆိုခြင်းမပြုရ)။
Tuesday, January 1, 2013
ဆန္ဒရယ် … လက်တွေ့ရယ် … ၂၀၀၈ အခြေခံဥပဒေရယ် (Tu Maung Nyo)
Myint Sein shared Sa Maung's photo.
ဆန္ဒရယ် … လက်တွေ့ရယ် … ၂၀၀၈ အခြေခံဥပဒေရယ် (Tu Maung Nyo)“သမ္မတ” ဖြစ်ချင်တာကစိတ်ကူးပဲ ၊ အဲဒီစိတ်ကူး အကောင်အထည်ဖြစ်လာဖို့ လက်တွေ့ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံ ဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါကလူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “သမ္မတ” ဖြစ်ချင်တာဟာ စိတ်ကူး အဖြစ်ပဲတည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာမဟုတ်ပါဘူး။
“စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု”
Subscribe to:
Comments (Atom)