Thursday, December 13, 2012

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် “ဒီစကား” အောင်ဆန်းစုကြည် by ဟိန်း ထိုက် ဈာန် on Thursday, December 13, 2012 at 7:12am ·

Cho Tu Zal
ဒီစကား က ဘယ်သူတွေ သဘောကျမယ့် စကားလဲ

မတရားလုပ်ခံနေရတဲ့သူတွေကို အဲဒီလို စကားတွေသွားပြောကြည့်ပါလား။ ခု အဲဒီစကားကို နားဝင်ပီယံဖြစ်နေတာ စစ်ဗိုလ်ချုပ်ကြီးတွေ၊ လက်နက်ကြီးငယ်အသွယ်သွယ်ကိုင်ထားတဲ့၊ လုပ်ပိုင်ခွင့်အကုန်မောင်ပိုင်စီးထားတဲ့၊ သန်းပေါင်းများစွာ ချမ်းသာနေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက သဘောကျကြတာ။
လက်ရှိ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့၊ မြန်မာပြည်မှာကုမ္ပဏီတွေထောင်ထားတဲ့၊ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ထားတဲ့၊
လက်ရှိအခြေအနေထက်ပိုမိုလုပ်ပိုင်ခွင့် လိုချင်နေတဲ့ သူတွေက သဘောကျနေတာ။
လယ်သိမ်းခံရ၊ အိမ်သိမ်းခံရလို့ အရူးမီးဝိုင်းသလို ဖြစ်နေရတဲ့ ပြည်သူတွေက သဘောကျနိုင်ကြပါ့မလား လို့ စဉ်းစားကြည့်ပါ။
သူတို့ကို လောလောဆယ်တော့ သည်းခံပါ လို့ ပြောစရာလား။ ဟိုမှာ စားရမဲ့၊ နေရမဲ့ ဘ၀ ကို ရောက်နေပြီ။
အဲဒီလို ပြည်သူတွေကတော့ အဲဒီ စကားကို ဘယ်လိုမှ သဘောကျစရာအကြောင်းမရှိဘူး။
မရှိလို့သာ ခုလို လမ်းပေါ်ကို ဇွတ်ထွက်လာတာပေါ့။
အဲဒီပြည်သူတွေနဲ့ အနီးဆုံးမှာရှိနေတဲ့ သံဃာတွေကလည်း မနေနိုင်လွန်းလို့ပါတာပေါ့။

မသွဲ့သွဲ့ဝင်းတို့ မအေးနက်တို့ကို ဘယ်ပါတီဝင်၊ ဘာနိုင်ငံဘယ်ပြည်ပ က ထောက်ပံ့ပေးထားတယ် လို့ စွပ်စွဲဦးမလို့လဲ။

သေချာ လေးလေးနက်နက် စဉ်းစားပါ။
ဒေါ်စု ကို လေးစားတာ က သပ်သပ်၊ ပြဿနာကို ပကတိအခြေအနေနဲ့ မကွာဘဲ စဉ်းစားသုံးသပ်တာကသပ်သပ်ပါ။
ဒီပြဿနာ ဖြစ်နေတာ ပြည်သူတွေက ဇွတ်ကို ခေါင်းဆောင်ကို အာခံနေသလား၊
သူတို့မှာ အားကိုးလွန်းလို့ လာတဲ့အချိန်မှာ လမ်းလယ်ခေါင် ထိုင်တောင်ကန့်တော့ကြတယ်။
ဒါပေမယ့်နောက်နေ့ အဲဒီ ကုမ္ပဏီကလူတွေ၊ စစ်တပ်ကလူတွေက လယ်တွေကို ဆက်သိမ်း၊ အိမ်တွေကို ဆက်သိမ်းတယ်ဆိုတော့ လမ်းပေါ်တက် ဆန္ဒမပြလို့ ဘာလုပ်ရမလဲ။

ဘယ်မလဲ တွေ့ဆုံးညှိနှိုင်းမှု။
ဒီလိုအခြေအနေမှာ ဆန္ဒမပြနဲ့ ဆို သူပုန်ထ ဖို့ပဲ ရှိတော့တယ်ဗျ။

ဒီတော့ခေါင်းဆောင်တယောက်ရဲ့စကား၊ နိုင်ငံရေးသမားတယောက်ရဲ့စကားဟာ ဘယ်သူတွေ သဘောကျတဲ့ စကားလည်း သေချာစိစစ်ကြည့်ပါ။
သေချာတာက ပြည်သူတွေ တကယ် ဒုက္ခဖြစ်နေတဲ့ ပြည်သူတွေ သဘောကျတဲ့ စကားတော့ မဟုတ်ဘူး။

ချိုတူးဇော်

Burma army sends fresh troops to Indian border in fight against KIO Post 13 December 2012 Kachin news Group

Since the beginning of December Burma’s army has sent hundreds of troops to a remote region along Kachin State’s border with India to face off against forces from the Kachin Independence Organization (KIO), according to eyewitnesses in the area.

More than 300 troops from Light Infantry Division No. 55 are currently staying in the Kachin town of Danai, a local resident tells the Kachin News Group. These troops appear to be headed for army positions near the border at Nam Yun, Pangsau and a military post close to the KIO’s border based Representative Office of Kachin Affair India (ROKA-I).

Many of the troops traveling to Danai have been escorted by local forces from Light Infantry Division No. 88. In effort to avoid drawing attention most of the reinforcements arrived in Danai wearing civilian clothes. According to local residents they were still easy to spot as soldiers.

Local people are concerned that the arrival of the military reinforcements will to lead heavy fighting with the Kachin Independence Army’s Brigade 2, which is based in western Kachin State and controls territory along the India border.

Since the Kachin conflict erupted last year fighting has been much less common along the Kachin India border compared to the heavy fighting that has taken place along the northern border with China.
— with Tsaw Ra Tsaw and Khin Mgoo.
Burma army sends fresh troops to Indian border in fight against KIO

Post 13 December 2012 Kachin news Group

Since the beginning of December Burma’s army has sent hundreds of troops to a remote region along Kachin State’s border with India to face off against forces from the Kachin Independence Organization (KIO), according to eyewitnesses in the area.

More than 300 troops from Light Infantry Division No. 55 are currently staying in the Kachin town of Danai, a local resident tells the Kachin News Group.  These troops appear to be headed for army positions near the border at Nam Yun, Pangsau and a military post close to the KIO’s border based Representative Office of Kachin Affair India (ROKA-I).

Many of the troops traveling to Danai have been escorted by local forces from Light Infantry Division No. 88.   In effort to avoid drawing attention most of the reinforcements arrived in Danai wearing civilian clothes.  According to local residents they were still easy to spot as soldiers.

Local people are concerned that the arrival of the military reinforcements will to lead heavy fighting with the Kachin Independence Army’s Brigade 2, which is based in western Kachin State and controls territory along the India border.

Since the Kachin conflict erupted last year fighting has been much less common along the Kachin India border compared to the heavy fighting that has taken place along the northern border with China.

"ဖတ်ဖြစ်အောင်ဖတ်ကြရန်"

Myint Sein shared Zaw Mintun Zawmintun's photo.
‎"ဖတ်ဖြစ်အောင်ဖတ်ကြရန်"

မင်္ဂလာ နှစ်ဦးရက်ကြီး မကောင်းတာတွေ အမင်္ဂလာ ကိစ္စ တွေ မပြောပြချင်ပေမယ့် မပြောမဖြစ်ပြောရမဲ့ ကိစ္စမို့ အားလုံးသိရအောင်ထပ်ရှယ်ပါတယ်။ . မလေးရှားအ
စိုးရ နှင့် မြန်မာအစိုးရကြား မြေဇာပင်ဖြစ်ရရှာအုန်းမည့် မြန်မာအမျိုးသမီးများဘ၀ .

ပြီးခဲ့သောတရက် နှစ်ရက်ကလားမသိ ..မလေးရှားအစိုးရ ၀န်ကြီးချုပ် နာဂျစ်ဦးဆောင်သော အစိုးရအဖွဲ့နှင့် အတူ မလေးရှား လုပ်ငန်းရှင်များလည်း တအုပ်ကြီး လိုက်ပါသွားသည့် သတင်းကို မလေးရှားတီဗွီ TV.3 ချယ်နယ်မှ ၄င်း၊ အင်တာနက် သတင်းဝက်ဆိုက်ဒ်များ မှတဆင့် ကြားလိုက်မြင်လိုက် ရသည်။

ကျနော့်မိတ်ဆွေတဦးမှလည်း ကျနော့်ထံသို့ ညဖက်ကြီးဖုန်းဆက် အကြောင်းကြား လေသည်။
အကိုရေ ..မလေးရှားဝန်ကြီးချုပ် နာဂျစ် မြန်မာပြည်ကိုသွားပြီဗျ....တဲ့.

Wednesday, December 12, 2012

ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ

အေးချမ်းမွန်မှ International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ

ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့ မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက် ရပါတယ်။ 

၁။ သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
...၂။ ကိုလက်စ်ထရော လျော့ချပေးခြင်း။

၃။ သွေးဖိအားလျော့ချပေးခြင်း (သွေးတိုး ဖြစ်နိုင်ချေကျဆင်း)
၎။ လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။

၅။ အအေးမိ အဖျား ပျောက်ကင်းစေခြင်း။
၆။ အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်းစေခြင်း။

၇။ အဆုတ်နှင့် ဆက်စပ်ရောဂါကို ပျောက်ကင်းစေခြင်း။
၈။ ပြည်တည်နာကို ကျက်စေခြင်း။

၉။ ဆီးလမ်းကြောင်းမှ တစ်ဆင့် ကူးဆက်သော ရောဂါများ အား ပျောက် ကင်းစေခြင်း။ 

၁၀။ ဝမ်းတွင်း အစာချေဖြတ်မှုလုပ်ငန်း အား မြန်ဆန်စေခြင်း။
၁၁။ ကင်ဆာရောဂါအများစုကို မဖြစ်ရန် ကာကွယ်ပေးခြင်း။

၁၂။ ဓာတုဆေးအဆိပ်တို့ကို ပြေစေခြင်း။ 
၁၃။ သွေးမခဲစေရန် တားဆီးကာကွယ်ပေးခြင်း။

၁၄။ အစားစားချင်စိတ် ဖြစ်ပေါ်စေခြင်း။
၁၅။ အင်းဆက်နှင့် ပိုးကောင်ကိုက်ဒဏ်ရာများအား ကုသနိုင်ခြင်း။

၁၆။ မျက်စိအတွင်းတိမ်ကို ကုသနိုင်ခြင်း။ 
၁၇။ ဆီးချိုရောဂါ ကုသပေးခြင်း။ 

၁၈။ အဆစ်ရောင် ရောါဂါများအား ကုသပေးခြင်း။ 
၁၉။ သွားကိုက်ရောဂါအား ပျောက်ကင်းစေခြင်း။

၂၀။ ဝက်ခြံ ပျောက်ကင်းစေခြင်း။
၂၁။ ကိုယ်ခံအား တိုးစေခြင်း။ 
--
Ref: medic-facts

http://www.innewsmyanmar.com/2012/12/blog-post_8025.html

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ

ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပ
ါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့ မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက် ရပါတယ်။

၁။ သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
...၂။ ကိုလက်စ်ထရော လျော့ချပေးခြင်း။

၃။ သွေးဖိအားလျော့ချပေးခြင်း (သွေးတိုး ဖြစ်နိုင်ချေကျဆင်း)
၎။ လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။

၅။ အအေးမိ အဖျား ပျောက်ကင်းစေခြင်း။
၆။ အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်းစေခြင်း။

၇။ အဆုတ်နှင့် ဆက်စပ်ရောဂါကို ပျောက်ကင်းစေခြင်း။
၈။ ပြည်တည်နာကို ကျက်စေခြင်း။

၉။ ဆီးလမ်းကြောင်းမှ တစ်ဆင့် ကူးဆက်သော ရောဂါများ အား ပျောက် ကင်းစေခြင်း။

၁၀။ ဝမ်းတွင်း အစာချေဖြတ်မှုလုပ်ငန်း အား မြန်ဆန်စေခြင်း။
၁၁။ ကင်ဆာရောဂါအများစုကို မဖြစ်ရန် ကာကွယ်ပေးခြင်း။

၁၂။ ဓာတုဆေးအဆိပ်တို့ကို ပြေစေခြင်း။
၁၃။ သွေးမခဲစေရန် တားဆီးကာကွယ်ပေးခြင်း။

၁၄။ အစားစားချင်စိတ် ဖြစ်ပေါ်စေခြင်း။
၁၅။ အင်းဆက်နှင့် ပိုးကောင်ကိုက်ဒဏ်ရာများအား ကုသနိုင်ခြင်း။

၁၆။ မျက်စိအတွင်းတိမ်ကို ကုသနိုင်ခြင်း။
၁၇။ ဆီးချိုရောဂါ ကုသပေးခြင်း။

၁၈။ အဆစ်ရောင် ရောါဂါများအား ကုသပေးခြင်း။
၁၉။ သွားကိုက်ရောဂါအား ပျောက်ကင်းစေခြင်း။

၂၀။ ဝက်ခြံ ပျောက်ကင်းစေခြင်း။
၂၁။ ကိုယ်ခံအား တိုးစေခြင်း။
--
Ref: medic-facts

http://www.innewsmyanmar.com/2012/12/blog-post_8025.html

“ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ”

“ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ”
သဘာဝ တရားအရ ယောက်ျားတွေဟာ ကိုယ်နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်း ၀င်ကြပါတယ်။
တချို့ စုံတွဲတွေ က ရုပ်ရည် အသွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတ
တ် ပါတယ်။

အချစ်မြေပုံ

ဘ၀အဖော်ကို ရွေးချယ်တာနဲ့ ပတ်သက်ပြီး ပြောနိုင်တဲ့ အချက် တစ်ခု ကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက် ထဲမှာ သဘောကျတာနဲ့ သဘော မကျတာ စတာ တွေကို သိုလှောင် မှတ်သား ထားတဲ့ သတင်း အချက်အလက် အုပ်စု ရှိနေတာ ပါပဲ။ ဒါကို အချစ်မြေပုံလို့ တင်စားချင် ပါတယ်။ အဲဒီ အထဲမှာ ဆံပင် အရောင်၊ မျက်လုံး အရောင်၊ အသံ၊ ကိုယ်နံ့၊ ခန္ဓာကိုယ်ပုံ ပန်း သဏ္ဌာန် စတာတွေ ပါဝင်နေ ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ကို ဆွဲဆောင် နိုင်စေမယ့် ကိုယ်ရည်ကိုယ်သွေး အမျိုး အစား (ဥပမာ- နွေးထွေး ကြင်နာတဲ့ ပုံစံ မျိုးလား၊ ခင်မင် ရင်းနှီးလွယ်တဲ့ ပုံစံမျိုး လား၊ မာကျောတဲ့ ပုံစံမျိုးလား၊ အေးဆေး တည်ငြိမ်တဲ့ ပုံစံမျိုးလား)ကိုလည်း မှတ်သား ထားပါတယ်။ ဒါကြောင့် လူတွေဟာ အချစ်မြေပုံက လမ်းညွှန်ထားတဲ့ ပုံစံနဲ့ကိုက်ညီတဲ့ သူကို တွေ့တဲ့အခါ ဘ၀အဖော်အဖြစ် ရွေးချယ်မိတတ်ကြ တာပါ။

“ကုလားဆီးဖြူသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ”

“ကုလားဆီးဖြူသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ”
ကုလားဆီးဖြူသီးကို ဆေးဖက်ဝင် အသီးတစ်မျိုးအဖြစ် အသုံးပြုကြပါတယ်။
ကုလားဆီးဖြူသီးက သဘာဝ အင်တီအောက်ဆီးဒင့် တစ်မျိုး ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါ စနစ်အားလုံးကို အားသစ်လောင်းပေးပြီး ခွန်အားနဲ့ ကျန်းမာရေး ကောင်းမွန်မှုကို ရရှိစေပါတယ်။ ကုလား ဆီးဖြူသီးကို သဘာဝ ဗီတာမင်စီ အများဆုံး အသီးထဲမှာ ပါဝင်တယ် လို့ ဆိုထားပြီး လတ်ဆတ်တဲ့ ဆီးဖြူသီးဖျော်ရည် တစ်ခွက်မှာ လိမ္မော်ရည်ထက်
ဗီတာမင်စီ အဆ ၂၀ နီးပါး ပါဝင်နေပါတယ်။ ကုလားဆီးဖြူသီးရဲ့ အကျိုးကျေးဇူးတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

အစာအိမ်အူလမ်းကြောင်း စနစ်ကို ကျန်းမာစေခြင်း

ကုလားဆီးဖြူသီးဟာ အစာမကြေတာ၊ အက်စစ်ဆန်တက်မှု များပြီး ရင်ပူတာ၊ ဝမ်းချုပ်တာ၊ လေပွတာစတဲ့ အစာအိမ် အူလမ်းကြောင်း ဝေဒနာတွေကို သက်သာပျောက်ကင်းစေ ပါတယ်။ အသည်း လုပ်ငန်း ဆောင်တာ ကောင်းမွန်ခြင်း ကုလားးဆီး ဖြူသီးဟာ အသည်းရဲ့ လုပ်ငန်း ဆောင်တာ တွေကို တိုးတက် ကောင်းမွန်အောင် ကူညီနိုင်ပါတယ်။

လက်ပန်းတောင်းတောင် အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၁)

Zaw Lin shared The Power of Fraternity - စည်းလုံးခြင်းရဲ့ အင်အား's photo.
လက်ပန်းတောင်းတောင် အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၁)

ယခုသတင်းအား www.photayokeking.org မှ ကူးယူဖော်ပြပါသည်။
မူရင်းသတင်းအား http://photayokeking.org/hot-news/1060-01-myanmar-police-force-part-01 တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။ ယခု သတင်းကို www.facebook.com/pofpage မှ တင်ပြပေးလိုက်ပါသည်။

အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၁) ။ ။ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်အနေဖြင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ ဂယက်ရိုက်နေတဲ့ လက်ပန်းတောင်းတောင် အရေးအခင်းတွင် အကြမ်းဖက်နှိမ်နှင်းခဲ့ရတဲ့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး အကြောင်းအရာများကို သတင်းအနေဖြင့်၎င်း၊ သတင်းဆောင်းပါးအနေဖြင့်၎င်း ဖော်ပြရန် စီစဉ်ထားပါတယ်။ နိုင်ငံတော်မှာ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့တည်းသာရှိရမည်ဟု သတ်မှတ်ထားရာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ လုပ်ငန်းတာဝန် သဘောသဘာဝအရ ဆက်စပ်ရောထွေး ပတ်သက်နေတာမို့ တင်ပြရခြင်း ဖြစ်ပါတယ်။

                                  (၂) ။ ။ ယခုအခါ လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းထားပြီးဖြစ်လို့ သတင်းအချက်အလက် အထောက်အထား လိုက်လံစုဆောင်းနေပြီဖြစ်ရာ တစ်ထောင့်တစ်နေရာမှ တင်ပြထားချက်များကို အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ အစိုးရအဆက်ဆက် အမိန့်နှင့်တာဝန်အရ ထမ်းဆောင်ရသည်ဆိုသော်လည်း စည်းကမ်းတကျနှင့် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိမှု၊ အကျင့်စာရိတ္တ အနည်းနဲ့အများ ပျက်ယွင်းမှု၊ အစိုးရအဖွဲ့များရဲ့ တာဝန်ခံခြင်း၊ ဖြေရှင်းနိုင်ခြင်း မရှိမှုတို့ကြောင့် ပြည်သူလူထုရဲ့ ဝေဖန်ပြစ်တင်ခြင်းကို အမြဲလိုလို ခံရသလို အစိုးရအဖွဲ့များရဲ့ ထိုးကျွေးခြင်းကိုလည်း ခံရပါတယ်။ ရဲသမိုင်း အစဉ်အလာကစပြီး တပ်ပုံစံ ဇာတ်သွင်းတာကအလယ်၊ လက်ရဲဇက်ရဲ သွေးသံရဲရဲနဲ့ ပရမ်းပတာနိုင်လှတဲ့ နိုင်ငံတော်ရဲရဲ့ အနေအထား၊ လက်ပန်းတောင်းတောင်ပိနေတဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြောင်းအရာများကို ပြည်တွင်းက ရဲတပ်ဖွဲ့နဲ့ နီးစပ်သူမိတ်ဆွေများရဲ့ သတင်းပေးပို့ချက်ပေါ် မူတည်ပြီး စဉ်ဆက်မပြတ်တင်ပြသွားပါမယ်။

၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် ဗြိတိသျှ ကိုလိုနီ၏ ရဲလုပ်ငန်းစနစ်ကို စတင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရလက်ထက်တွင် ရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံအသွင်သဏ္ဍာန်ကို ဗြိတိသျှပုံစံအချိုးအား အနည်းငယ်သာ ပြင်ဆင်ပြီး ဖွဲ့စည်းပေးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်တွင် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ဗြိတိသျှကိုလိုနီရဲ့ လက်ကိုင်တုတ်ပုလိပ်ဟု ပြည်သူတွေက ခေါ်ဝေါ်သမုတ်ခဲ့လို့ ပြည်သူ့ရဲလို့ ပြောင်းလဲခေါ်တွင်စေခဲ့ပါတယ်။ မဆလခေတ်မှာ ရဲတွေရဲ့ အကျင့်စရိုက်ဆိုးများ ပပျောက်စေဖို့ နေပြည်တော်ရဲများဟုခေါ်တွင်ကာ စစ်တပ်မှ အရာခံ၊ အကြပ်ကြီးတွေအား ခေါ်ယူသွတ်သွင်းစေခဲ့ပါတယ်။

န၀တအစိုးရလက်ထက်တွင် ပြည်သူ့ရဲအစား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု ပြောင်းလဲခေါ်ဆို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ရန်ကုန်မြို့ကမ်းနားလမ်းရှိ ပုလိပ်ရုံးကြီးအား ရန်ကင်းဆရာစံလမ်းသို့ ပြောင်းရွှေ့စေခဲ့ပါတယ်။ ပြည်နယ်/တိုင်းရဲတပ်ဖွဲ့မှူးများကို ရဲမှူးကြီးအဆင့်ထားရှိပြီး ခရိုင်ရဲတပ်ဖွဲ့မှူးများကို ဒုရဲမှူးကြီးအဆင့် သတ်မှတ်ကာ မြို့နယ်ရဲတပ်ဖွဲ့မှူးများကို ဒုရဲမှူးများအဆင့် တာဝန်ပေးအပ်ထားခဲ့ပါတယ်။ နအဖလက်ထက်တွင် အုပ်ချုပ်ရေးတာဝန်များဖြစ်ကြတဲ့ မယက၊ ခယက၊ တယကများမှာ အဖွဲ့ဝင်များအဖြစ် ရဲများအား ထည့်သွင်းစေခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ရဲချုပ်၊ ဒုတိယရဲချုပ်နှင့် ဦး/ရေး/ထောက် ဆိုင်ရာတို့ကို ရဲမှူးချုပ်အဆင့်များက တာဝန်ယူကြီးကြပ်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုလုံးအား ကြီးကြပ်ကွပ်ကဲထိန်းချုပ်ပါတယ်။

ရဲဦးစီးဌာနတွင် ရဲမှူးချုပ်တစ်ဦးမှ ဦးစီး၍ နိုင်ငံအတွင်း လုံခြုံရေး၊ ထောက်လှမ်းရေး၊ မှုခင်းများ၊ သင်တန်းများ၊ ဖွဲ့စည်းမှု၊ ကြီးကြပ်ကန့်သတ်ပစ္စည်းများ ထုတ်ပေးအပ်နှံခြင်း၊ စစ်ဆေးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးများကို ကြီးကြပ်ဆောင်ရွက်ပါတယ်။ ရဲရေးဌာနမှာတော့ ရဲမှူးချုပ်တစ်ဦးမှ ကွပ်ကဲပြီး ရာထူးခန့်ထားရေး၊ ပြောင်းရွှေ့နေရာချထားရေး၊ ရဲစည်းကမ်း၊ လစာစရိတ်၊ သက်သာချောင်ချိမှုနှင့် အငြိမ်းစားခံစားခွင့်များ ဆောင်ရွက်ပါတယ်။ ရဲထောက်ဌာနတွင် ရဲမှူးချုပ်တစ်ဦးမှ ကွပ်ကဲပြီး ထောက်ပံ့ပို့ဆောင်ရေး၊ ပြင်ဆင်ရေး၊ ဝယ်ယူဖြည့်တင်းရေး၊ ဘဏ္ဍာရေးများ ဆောင်ရွက်ပါတယ်။ ဓါတုဗေဒစစ်ဆေးရေးဌာနကို ညွှန်ကြားရေးမှူးအဆင့်မှ ကြီးကြပ်ကွပ်ကဲ၍ အစွန်းအထင်း/ အဆိပ်အတောက် ဓါတ်ခွဲစစ်ဆေးပေးခြင်း၊ မူးယစ်ဆေးဝါးနှင့် အထွေထွေ ဓါတ်ခွဲစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကိုတော့ အောက်ပါအတိုင်း သတ်မှတ်ခဲ့ပါတယ် -

(က) ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး။

(ခ) တရားဥပဒေစိုးမိုးရေး။

(ဂ) မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး။

(ဃ) ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး။

မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်မှာရှိတဲ့တပ်ဖွဲ့တွေကို -

(က)ဆူပူအကြမ်းဖက်မှုနှင့် အဓိကရုဏ်းများအား အဓိကနှိမ်နင်းရသော ရဲတပ်ရင်းများနဲ့

(ခ) တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရသော နယ်မြေခံရဲတပ်ဖွဲ့ / ရဲစခန်းများ ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့တွေ၊ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်အထူးတပ်ဖွဲ့ တို့ကတော့ တရားဥပဒေ စိုးမိုးရေးလုပ်ရတဲ့ တပ်ဖွဲ့တွေထဲမှာ ပါဝင်ပါတယ်။ ဆူပူအကြမ်းဖက်မှုနဲ့ အဓိကရုဏ်းနှိမ်နှင်းရေးလုပ်ငန်းတွေကို ရဲတပ်ရင်းများက တာဝန်ယူရပါတယ်။

လက်ပန်းတောင်းတောင်အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၂) ကို [LINK=http://photayokeking.org/]http://photayokeking.org[/LINK] မှ ဆက်လက် ဖော်ပြသွားပါမယ်။
လက်ပန်းတောင်းတောင် အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၁)

ယခုသတင်းအား www.photayokeking.org မှ ကူးယူဖော်ပြပါသည်။
မူရင်းသတင်းအား http://photayokeking.org/h
ot-news/1060-01-myanmar-police-force-part-01
တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။ ယခု သတင်းကို www.facebook.com/pofpage မှ တင်ပြပေးလိုက်ပါသည်။

အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၁) ။ ။ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်အနေဖြင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ ဂယက်ရိုက်နေတဲ့ လက်ပန်းတောင်းတောင် အရေးအခင်းတွင် အကြမ်းဖက်နှိမ်နှင်းခဲ့ရတဲ့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး အကြောင်းအရာများကို သတင်းအနေဖြင့်၎င်း၊ သတင်းဆောင်းပါးအနေဖြင့်၎င်း ဖော်ပြရန် စီစဉ်ထားပါတယ်။ နိုင်ငံတော်မှာ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့တည်းသာရှိရမည်ဟု သတ်မှတ်ထားရာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ လုပ်ငန်းတာဝန် သဘောသဘာဝအရ ဆက်စပ်ရောထွေး ပတ်သက်နေတာမို့ တင်ပြရခြင်း ဖြစ်ပါတယ်။

(၂) ။ ။ ယခုအခါ လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းထားပြီးဖြစ်လို့ သတင်းအချက်အလက် အထောက်အထား လိုက်လံစုဆောင်းနေပြီဖြစ်ရာ တစ်ထောင့်တစ်နေရာမှ တင်ပြထားချက်များကို အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ အစိုးရအဆက်ဆက် အမိန့်နှင့်တာဝန်အရ ထမ်းဆောင်ရသည်ဆိုသော်လည်း စည်းကမ်းတကျနှင့် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိမှု၊ အကျင့်စာရိတ္တ အနည်းနဲ့အများ ပျက်ယွင်းမှု၊ အစိုးရအဖွဲ့များရဲ့ တာဝန်ခံခြင်း၊ ဖြေရှင်းနိုင်ခြင်း မရှိမှုတို့ကြောင့် ပြည်သူလူထုရဲ့ ဝေဖန်ပြစ်တင်ခြင်းကို အမြဲလိုလို ခံရသလို အစိုးရအဖွဲ့များရဲ့ ထိုးကျွေးခြင်းကိုလည်း ခံရပါတယ်။ ရဲသမိုင်း အစဉ်အလာကစပြီး တပ်ပုံစံ ဇာတ်သွင်းတာကအလယ်၊ လက်ရဲဇက်ရဲ သွေးသံရဲရဲနဲ့ ပရမ်းပတာနိုင်လှတဲ့ နိုင်ငံတော်ရဲရဲ့ အနေအထား၊ လက်ပန်းတောင်းတောင်ပိနေတဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြောင်းအရာများကို ပြည်တွင်းက ရဲတပ်ဖွဲ့နဲ့ နီးစပ်သူမိတ်ဆွေများရဲ့ သတင်းပေးပို့ချက်ပေါ် မူတည်ပြီး စဉ်ဆက်မပြတ်တင်ပြသွားပါမယ်။

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်

ကွန်မြူနစ်ရန်မြန်မာပြည်မှာ ရှိပါသလား၊ ၂၀၀၈ ဖွဲ.စည်းပုံ သည် Road to Perdition-- ငရဲပြည်သို. သွား ရာ လမ်း by Aye Aye Soe Win on Friday, November 30, 2012 at 2:37pm ·

Usual way of crackdown in Burma.
အောက်ပါအတိုင်းမေးခွန်းတွေ ရှိပါတယ်။

---ကွန်မြူနစ်ရန်မြန်မာပြည်မှာ ရှိပါသလား၊
---ကွန်မြူနစ်လို. ဖြဲခြောက်လိုက်ရင်လဲ ကြောက်ဖို. လိုလား

---စစ်အစိုးရလန်.တာဘာလည်း၊
---ပြည်သူက တွန်းလှန်တာ ဘာလည်း။

---ဖြစ်နေတာက ဘာ.ကြောင်.လဲ။
---ဆက်ဖြစ်မှာက ဘာကြောင်.လဲ။              

((အဖြေတွေက ပို.စ်တ်ရဲ. အဆုံးမှာ ရှိပါတယ်။ ))

ခု ဖြစ်နေတာတွေက ဗိုလ်ချုပ်လက်ထက် ကိုလိုနီစနစ်တိုက်ပွဲ နဲ.လားလားမဆိုင်ပါ။ နယ်ချဲ.ဆန်.ကျင်ရေး အမျိုးသားလွတ်မြောက်ရေးဆိုတာ ခေါင်းစဉ်မှားနေပါတယ်။ ဗိုလ်ချုပ်ပုံ ဗိုလ်ချုပ်ဦးဆောင်တဲ. တိုက်ပွဲတွေ  ကို မဆီ မဆိုင် ရှောက် အသုံးချ နေပီး၊  ဗိုလ်ချုပ်ကြုံခဲ.တဲ. အချောင်သမား တွေထက် အဆ ၁၀၀၀ပို ဆိုးတဲ.  သန်းရွှေ ဂိုဏ်းကို ဖော. မပြောစေချင်၊ အကာ အကွယ်မပေးစေချင်ပါ။

Tuesday, December 11, 2012

ပြုပြင်မှု အလွဲသုံးစားမှု နဲ့ အခွင့်ထူးခံစားမှု by Lu Cifer on Saturday, December 8, 2012 at 8:43am ·

စစ်အစိုးရဟာ ၁၉၈၈ ကနေ ဒီကနေ့အထိ တိုင်းပြည်မှာ လိုအပ်နေတဲ့ အခြေခံကောင်းတွေကို တည်ဆောက်ပေးခဲ့တယ်လို့ အစိုးရသစ်မူဝါဒ ရှင်းလင်းတဲ့မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရရဲ့  သက်တမ်းတနှစ်အတွင်းမှာ ဝန်ကြီးဌာန (၁၅) ခုဟာ ကျပ်သန်းပေါင်း ငါးသောင်းကျော်နဲ့ အမေရိကန်ဒေါ်လာနှစ်သိန်းကျော် အလွဲသုံးစားလုပ်ထားကြောင်း စာရင်းစစ်ချုပ်ဦးသိန်းထိုက်ကျော်က ပြည်ထောင်စုလွှတ်တော်ကို နိုဝင်ဘာလ (၁၄) ရက်နေ့က တင်ပြပါတယ်။ မွေးမြူးရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက သန်းလေးသောင်းကျော် အလွဲသုံးစားလုပ်ထားက အများဆုံးပါ။

ကျန်တဲ့ဝန်ကြီးဌာန (၁၄) ခုကလည်း သန်းပေါင်းရာထောင်ချီပြီး အလွဲသုံးစားလုပ်ကြပါတယ်။ စာရင်းစစ်ချုပ်ရုံးက အရေးယူတဲ့အတွက် ပြန်ပေးကြတာရှိပေမယ့် ကျန်သန်းလေးသောင်းကျော်နဲ့ အမေရိကန်ဒေါ်လာ ခုနှစ်သောင်းကျော်ဆပ်ဖို့ ကျန်ရှိသေးတယ်လို့ ဆိုပါတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့အစိုးရ တည်ဆောက်ရေးဟာ အစိုးရသစ်ရဲ့  အရေးကြီးဆုံး လုပ်ငန်းဖြစ်တယ်လို့ ဦးသိန်းစိန်ပြောပြီး တနှစ်အကြာမှာ ဝန်ကြီးဌာန (၁၅) ခုရဲ့  မသမာမှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။