ကိုသောင်း ပုလဲမြေ's photo.
သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)
ပြည်သူ့ခေတ်
Wednesday, 5 December 2012
------------------------------ ---------------------------
မြန်မာပြည်သည် သယံဇ
ပြည်သူ့ခေတ်
Wednesday, 5 December 2012
------------------------------
မြန်မာပြည်သည် သယံဇ
ာတ ပေါကြွယ်ဝသော နိုင်ငံဟုဆိုသည့်အခါ ကျွန်တော်တို့ ၀မ်းသာ ကြသည်။
သည်စကားကို သူတစ်ပါးက တကယ် ပြောတာလား၊ ကိုယ့်ဘာသာ ကိုယ် ဂုဏ်ဖော် ပြောဆို ၀မ်းမြောက်နေခဲ့ ကြသည်လား၊ ကျွန်တော်မသိ။
သို့သော် ပြီးခဲ့သည့် နှစ်များအတွင်း သယံဇာတ ကျိန်စာဟူသော စကားကို မကြာခဏ ကြားလာရသည့်အခါ ကျွန်တော်တို့ စိတ်မသက်မသာ ဖြစ်ရသည်။
သယံဇာတကျိန်စာတဲ့။
မညှာမတာ ပြောလိုက်သည့်စကား။
သယံဇာတပုံ ပေါ်ထိုင်ကာ ဆင်းရဲမွဲတေနေကြသည့် ကျွန်တော်တို့ အပါအ၀င် နိုင်ငံ တချို့ကို ညွှန်းဆိုခဲ့သော စကားဖြစ်သည်။
အဲသည် တိုင်းပြည်တွေမှာ အစိုးရနှင့် ပြည်သူက မသင့်တင့်။ အုပ်စိုးသူတွေက စီမံခန့်ခွဲပုံ နေရာမကျ။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ မလုပ်တတ် မကိုင်တတ်။ တလွဲ တချော်တွေကြားမှာ အလွဲသုံးမှုတွေကလည်း များပြားသည်။ သည့်အပြင် များသောအားဖြင့် ပြည်သူတင်မြှောက်တာ မဟုတ်ဘဲ အင်အားဖြင့် တက်နေသော အစိုးရများဖြစ်ရာ ပြည်သူ အပေါ် တာဝန်ယူမှုမရှိ၊ လေးစားသိမှတ်မှု မရှိ၊ မိမိ လုပ်တာကိုင်တာ ပြည်သူကို တင်ပြစရာ လိုသည်ဟု မယူဆ။ ပြည်သူ ကလည်း ၎င်းင်းတို့နှင့် မဆက်ဆံ မပူးပေါင်း။ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်သည့်အခါ ပြည်သူတွေမှာ လုပ်ငန်းကိုင်ငန်းမရှိ၊ ၀င်ငွေမရှိသဖြင့် ပြည်သူ့ထံမှ အခွန်အတုပ် ဘယ်လို ကောက်သော်လည်း များများမရ။ သို့သော် အဲဒါကို အုပ်စိုးသူတွေ မပူ။ တိုင်းပြည်မှာ မြေပေါ်မြေအောက် သယံဇာတတွေ ရှိသည်။ အဲဒါတွေ ရောင်းချစားကာ အဲသည်က ငွေဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်ကြသည်။ အုပ်ချုပ်သူ အသိုင်းအ၀ိုင်း ချမ်းသာကြွယ်ဝကြသည်။ လူထုက မွဲမြဲမွဲ၊ တိုင်းပြည်က နုံချာမြဲ နုံချာ။ မကျေနပ်လျှင်လည်း ဘာမှ မတတ်နိုင်။ အုပ်စိုးသူက သယံဇာတ ရောင်းချငွေဖြင့် ဖိနှိပ်ရေး ယန္တရား အင်အား ကောင်းသထက် ကောင်းအောင် မွမ်းမံ ဖြည့်တင်းထားသည်။
အဲသလိုဖြင့် သယံဇာတတွေရှိလျက် ဆင်းရဲတွင်းထဲက မတက်နိုင်သည့် နိုင်ငံများကို သယံဇာတ ကျိန်စာမိနေသူများဟု ဆိုကြခြင်း ဖြစ်သည်။ အဲသည် အထဲမှာ ကျွန်တော်တို့လည်း ပါခဲ့သည်။