Saturday, December 8, 2012

ဥာဏ်အနီနဲ့ ဥာဏ်အနက်” ......by ရေးသားသူ - နတ်မှုး (ဥာဏ်နီ ဥာဏ်နက်ဆောင်းပါးမှ)

ဒီမို ဖက်တီး's photo.
လူထုအနေဖြင့် သူတို့၏ကံကြမ္မာကို ဘယ်သူဘယ်ဝါဒ သားမှန်းမသိသော ဗိုလ်ချုပ်တွေ၊ ပါတီခေါင်းဆောင်တွေထက် သူတို့ချစ်သော တိုင်းပြည် နှင့်လူမျိုးအတွက် အသက်စွန့် သွားသော အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်ဆောင်ဆန်း၏သမီး လက်ထဲသို့ သာ ပုံအပ်ချင်၍ဖြစ်သည်။ 

မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းပြည် ကို တိုးတက်အောင် လုပ်နိုင်သော အရည်အချင်းတွေရှိသည်ဟု အပြည့်အ၀ယုံကြည်သည်။ 

“ကျုပ်တို့ပြည်သူလူထုရဲ့သဘောဆန္ဒမပါဘဲ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို နှစ်ပေါင်း(၁၀၀)နီးပါး အုပ်ချုပ်ခဲ့တယ်။ နောက် ဂျပန်တွေ ၀င်လာတယ်။ နောက် မဆလ၊ န၀တ၊ နအဖ ဆိုတာတွေ လည်း ပြည်သူ့ ဆန္ဒနဲ့ တက်လာတာမဟုတ်ဘူး။ လက်နက်အားကိုးနဲ့တက်လာတဲ့ အာဏာသိမ်း အစိုးရတွေပဲ။ စီမံအုပ်ချုပ်မှု ညံ့ဖျင်းခဲ့တဲ့အတွက် တိုင်းပြည် ဆင်းရဲတွင်းနက်ခဲ့တယ်။ ကမ္ဘာ့ အဆင်းရဲ ဆုံးနိုင်ငံ စာရင်းဝင်သွားတယ်။ န၀တ၊ နအဖတွေလည်း ၂၂ နှစ် ကျော် အုပ်ချုပ်ခဲ့တယ်။ ကျုပ်တို့ပြည်သူတွေ စကားတောင် ကျယ်ကျယ် မပြောရဲဘူး။ ကြောက်နေရ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျုပ်တို့ အားကိုးတယ်။ သူက ကျုပ်တို့နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဗျ။ နောက်ပညာတတ်တယ်။ ဘာပဲဖြစ်ဖြစ် အရင်လူတွေထက်တော့ အပုံကြီးသာတယ်ဆိုတာ ကျုပ်တို့ရဲရဲကြီး ယုံကြည်တယ်”

" အင်္ဂလိပ်တွေတောင် နှစ်ပေါင်း ၁၀၀ နီးပါး အုပ်ချုပ်သွားသေးတာ။ အင်္ဂလိပ်မယား ငါးနှစ်လောက်အုပ်ချုပ်တော့ ဘာဖြစ်သေးလဲ။ "

ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ် ယောက်ျားယူခြင်းကို ခွင့်လွှတ်သည်။ ခွင့်မလွှတ်နိုင်သည်မှာ စစ်အစိုးရဖြစ်သည်။ 

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရေးမှ ပထုတ်ပြီး၊ သူတို့ ဗိုလ်ချုပ် များသာ ထာဝရ မိုးကောင်းချင်နေသည်။ သို့ဖြင့် စစ်အစိုးရ အလိုကျ ရေးဆွဲထားသော ၂၀၀၈ ခုနှစ် နာဂစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပေါ်ပေါက် ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏သမ္မတမဖြစ်ရန် ကန့်သတ်မှုများသာမက ထိုအခြေခံဥပဒေ ကို ပြင်ဖို့ ခက်ရန်အတွက် ပြည်သူလူထုက ရွေးချယ်တင်မြှောက် ခြင်းမပြုရသော စစ်ဗိုလ် ၂၅% ကိုပါ လွှတ်တော်ထဲမှာ ထိုင်ခွင့်ပေးထားလိုက်သေးသည်။

ထိုနာဂစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အားကိုးပြုလျက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဗိုလ်ချုပ်ဟောင်းများက ....

“ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အရင်ပြင်ရလိမ့်မယ်“ ဟု ပြောလာကြသည်။

ပြောမှာပေါ့ … စစ်အစိုးရက သူတို့လက်ထဲကို နိုင်ဖဲထည့်ပေးခဲ့တာကိုး။ ကာတွန်း ဆရာ အော်ပီကျယ်ပြောတာ … သတိရမိသည်။

“ကျုပ်တို့လူမျိုးမှာ ဥာဏ်ရောင်စုံရှိဖို့ လိုတယ်ဗျ။ ဒါမှအမြင်ကျယ်ပြီး တိုင်းပြည် တိုးတက်မှာပေါ့။ အခုတော့ ဒီလူတွေမှာ ဥာဏ်အရောင် နှစ်မျိုးပဲရှိတယ်။ ဥာဏ်အနီနဲ့ ဥာဏ်အနက်” ......

ရေးသားသူ - နတ်မှုး (ဥာဏ်နီ ဥာဏ်နက်ဆောင်းပါးမှ)
လူထုအနေဖြင့် သူတို့၏ကံကြမ္မာကို ဘယ်သူဘယ်ဝါဒ သားမှန်းမသိသော ဗိုလ်ချုပ်တွေ၊ ပါတီခေါင်းဆောင်တွေထက် သူတို့ချစ်သော တိုင်းပြည် နှင့်လူမျိုးအတွက် အသက်စွန့် သွားသော အာဇာ
နည်ခေါင်းဆောင် ဗိုလ်ချုပ်ဆောင်ဆန်း၏သမီး လက်ထဲသို့ သာ ပုံအပ်ချင်၍ဖြစ်သည်။

မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းပြည် ကို တိုးတက်အောင် လုပ်နိုင်သော အရည်အချင်းတွေရှိသည်ဟု အပြည့်အ၀ယုံကြည်သည်။

တရားခံအစစ် “ ၂၀၀၈ ”

Kyaw Naing Win's photo.
တရားခံအစစ် “ ၂၀၀၈ ”

“ ဒီ လက်ပတောင်း တောင်ဆိုတာ မုံရွာမြို့ရဲ့ Land Mark ပါ။ ဒီ Land Mark ကြီးကို ဖြိုစတမ်းဆိုရင် ပုပ္ပားတောင်ကြီးထဲမှာ အလူမီနီယံတွေရှိတယ်ဆိုရင်ဖြိုချမှာလား။ သိဂုင်္တ္တရ ကုန်းမှာ ပလူတိုနီယမ်တွေရှိတယ်ဆို ရင်ရောခင်ဗျားတို့ဖြိုကြမှာလား။ဘနှဖူး သိုက်မတူးကြပါနဲ့။

မြစ်ဆုံတုန်းကလည်း ကျွန်တော်တို့ ပေါက်ကွဲပြီးပြီ။ ပြောပြီးပြီ။ ပြောပြီးတော့ နောက်တစ်ခါ ဒီလိုဖြစ်လာပြန်ပြီး နောက်ဖြစ်ဦးမှာပဲ။ အဲဒီတော့ ခင်ဗျားတို့က ဆန်စဉ်ရာကို ကျည်ပွေ့မလိုက်ကြပါနဲ့။ ငါးပွက်ရာ ငါးစာမချကြပါနဲ့။ အဓိကကို ဆုပ်ကိုင်နိုင်ရမယ်။ အဓိက ကဘာလဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ မဟုတ်မမှန်အနှစ်သာရတွေ ခင်ဗျားတို့ခံစားနေရတာ။ အဲဒီတော့ ကျွန်တော်တို့အားလုံးဟာ ဒါတွေကို ရှုတ်ချပြီးတော့ ပြီးမသွားပါနဲ့။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းနိုင်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာကို အားလုံးစဉ်းစားဖို့လိုတယ်။ ဥပဒေတစ်ခုကိုပြဋ္ဌာန်းမယ်ဆိုရင် ဥပဒေတစ်ခုက ယုတ္တိတန်ရမယ်။ အများလက်ခံနိုင်ရမယ်။ အဓိပ္ပာယ်ရှိရမယ်။ ဒီဥပဒေကို ဘယ်သူပြုစုခဲ့တာလဲ။ လူတစ်ဦးတစ်ယောက်က အာဏာရှင်တစ်ယောက်ကနေ စိတ်တိုင်ကျရေးဆွဲပြီးတော့မှ နှစ်ပေါင်းများစွာ အချိန်ယူပြီးတော့ စိတ်တိုင်းကျအကာအကွယ်ယူဖို့အတွက် ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ စိတ်တိုင်းကြခံစားဖို့အတွက် ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ တပ်မတော်ကို အင်မတန်ချစ်တယ်။ လေးစားတယ်။ အဲဒီတော့ တပ်မတော်ကို လူမှန်နေရာမှန် ပြန်ပို့ချင်တယ်။ သိက္ခာရှိတဲ့ မြန်မာ့တပ်မတော်ဖြစ်စေချင်တယ်။ စီပွားရေးလုပ်တဲ့ တပ်မတော်မဖြစ်စေချင်ဘူး။
 
ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာပေါ်မှာ မရှိတဲ့ကိစ္စ နှစ်ခုရှိတယ်။ အဲဒါကတော့ အစိုးရက သတင်းစားထုတ်ပြီး တပ်မတော်က စီးပွားရေးလုပ်တာပဲဖြစ်တယ်။ အဲဒါလည်း ကမ္ဘာစံချိန် တင်ထားတယ်။ ကျွန်တော်တို့ဆိုလိုချင်တာက အောက်ခြေမှာရှိတဲ့ အကြပ်၊ ရဲဘော်တွေ၊ တပ်သားတွေ ဘယ်လောက်ချမ်းသာနေလဲ၊ အဲဒီတော့ ရေပေါ်ဆီအလွှာကြီး ကြီးထွားအောင်လုပ်တဲ့ ဒီ Plan ကြီးကို မလိုချင်ပါဘူး။ သူတို့ဆီမှာ လက်ရှိရထားတဲ့ ဥစ္စာကလည်း တစ်သက်မဟုတ်ဘူး ဆယ်သက်စားတောင်မကုန်ပါဘူး။ ဒါတွေအားလုံး သိပြီးသားပါ။ အဲဒါကို ဘာလို့များတောင် ထပ်ပြီးလောဘကြီးနေရတာလဲ။ ဘာလို့များ ထမင်းချက် ငါးယောက်အတွက်၊ မာလီငါးယောက်အတွက် ထပ်ပေးပါလို့တောင်းနေရတာလဲ။ 

အဲဒီတော့  အဓိပ္ပာယ်မရှိတာကြီးကို လက်ခံနေရင် နောက်ထပ်ဒီလိုပြဿနာတွေကြုံနေရမှာပဲ။ အဓိပ္ပာယ်မရှိတာကို ဖြတ်ပစ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လွတ်လပ်တဲ့ပြည်သူတွေက လွတ်လပ်တဲ့ သဘောဆန္ဒအရ ဆွဲရမှာဖြစ်ပါတယ်။  ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ကြီးကို ကျွန်တော်တို့အယုံအကြည် မရှိတဲ့ အတွက် အားလုံးဆန္ဒနဲ့ပျက်အောင်လုပ်ရမယ်။ တရားခံအစစ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပေဒေပါ။”


- ဦးစိုးညွန့် (မြန်မာငှက် နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသင်းဥက္ကဌ)
တရားခံအစစ် “ ၂၀၀၈ ”

“ ဒီ လက်ပတောင်း တောင်ဆိုတာ မုံရွာမြို့ရဲ့ Land Mark ပါ။ ဒီ Land Mark ကြီးကို ဖြိုစတမ်းဆိုရင် ပုပ္ပားတောင်ကြီးထဲမှာ အလူမီနီယံတွေရှိတယ်ဆိုရင်ြ
ဖိုချမှာလား။ သိဂုင်္တ္တရ ကုန်းမှာ ပလူတိုနီယမ်တွေရှိတယ်ဆို ရင်ရောခင်ဗျားတို့ဖြိုကြမှာလား။ဘနှဖူး သိုက်မတူးကြပါနဲ့။

မြစ်ဆုံတုန်းကလည်း ကျွန်တော်တို့ ပေါက်ကွဲပြီးပြီ။ ပြောပြီးပြီ။ ပြောပြီးတော့ နောက်တစ်ခါ ဒီလိုဖြစ်လာပြန်ပြီး နောက်ဖြစ်ဦးမှာပဲ။ အဲဒီတော့ ခင်ဗျားတို့က ဆန်စဉ်ရာကို ကျည်ပွေ့မလိုက်ကြပါနဲ့။ ငါးပွက်ရာ ငါးစာမချကြပါနဲ့။ အဓိကကို ဆုပ်ကိုင်နိုင်ရမယ်။ အဓိက ကဘာလဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ မဟုတ်မမှန်အနှစ်သာရတွေ ခင်ဗျားတို့ခံစားနေရတာ။ အဲဒီတော့ ကျွန်တော်တို့အားလုံးဟာ ဒါတွေကို ရှုတ်ချပြီးတော့ ပြီးမသွားပါနဲ့။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းနိုင်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာကို အားလုံးစဉ်းစားဖို့လိုတယ်။ ဥပဒေတစ်ခုကိုပြဋ္ဌာန်းမယ်ဆိုရင် ဥပဒေတစ်ခုက ယုတ္တိတန်ရမယ်။ အများလက်ခံနိုင်ရမယ်။ အဓိပ္ပာယ်ရှိရမယ်။ ဒီဥပဒေကို ဘယ်သူပြုစုခဲ့တာလဲ။ လူတစ်ဦးတစ်ယောက်က အာဏာရှင်တစ်ယောက်ကနေ စိတ်တိုင်ကျရေးဆွဲပြီးတော့မှ နှစ်ပေါင်းများစွာ အချိန်ယူပြီးတော့ စိတ်တိုင်းကျအကာအကွယ်ယူဖို့အတွက် ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ စိတ်တိုင်းကြခံစားဖို့အတွက် ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ တပ်မတော်ကို အင်မတန်ချစ်တယ်။ လေးစားတယ်။ အဲဒီတော့ တပ်မတော်ကို လူမှန်နေရာမှန် ပြန်ပို့ချင်တယ်။ သိက္ခာရှိတဲ့ မြန်မာ့တပ်မတော်ဖြစ်စေချင်တယ်။ စီပွားရေးလုပ်တဲ့ တပ်မတော်မဖြစ်စေချင်ဘူး။

Friday, December 7, 2012

ခေတ်ဆိုတာ လူက လုပ်တာပါ by Htain Linn on Thursday, December 6, 2012 at 12:05pm · ထိန်လင်း



            တိုးတက်လာတဲ့ အခြေအနေများနဲ့အတူ နေရာတိုင်း တိုင်းပြည်တိုင်းမှာ အပြောင်းအလဲတွေက အမြဲမပြတ် ဖြစ်လျက်ပါ။ အပြောင်းအလဲတွေထဲမှာ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းတွေ ဒွန်တွဲနေမှာပါပဲ။ ဘယ်ဟာက ဖြစ်သင့်တဲ့အပြောင်းအလဲ၊ ဘယ်ဟာက မဖြစ်သင့်တဲ့အပြောင်းအလဲ ဆိုတာတွေကတော့ တစ်ဦးချင်းကပဲဖြစ်ဖြစ်၊ လူမှုအ၀န်းအ၀ိုင်းကပဲဖြစ်ဖြစ် စဉ်းစားတွေးဆရမှာဖြစ်ပါတယ်။
            ဈေးကွက်စီးပွားရေး ဆိုတဲ့ ခဏကလေး ဖွင့်သလိုလုပ်လိုက်တဲ့အချိန်ကစပြီး မြန်မာပြည်ရဲ့ လူမှုစီးပွားနယ်ပယ် ပုံစံပြောင်းလဲလာခဲ့တာ မှတ်မိကြမှာပါ။ ဖက်စပ်လုပ်ငန်းတွေ ပေါ်လာတယ်၊ ပုဂ္ဂလိကလုပ်ငန်းတွေ များလာတယ်၊ စက်ရုံအလုပ်ရုံတွေ စတိုးဆိုင်တွေ မီနီမတ်ကက်တွေ စသဖြင့် သိသိသာသာ ပေါ်ထွက်လာခဲ့သလို မြို့နေလူတန်းစားရဲ့ ငွေကြေးရှာဖွေမှု အသက်မွေးဝမ်းကျောင်းလုပ်ငန်းအသစ်တွေ ပေါ်ခဲ့ပါတယ်။
            ပြတင်းပေါက်ကို ဖွင့်တဲ့အခါ အပြင်က လေကောင်းလေသန့်တွေ ၀င်လာနိုင်သလို၊ ညေၟာ်နံ့တွေလည်း ၀င်လာနိုင်တယ်။ ခြင်တွေယင်တွေ အမှိုက်သရိုက်တွေလည်း ၀င်လာနိုင်တာပဲ။ ဒါတွေကိုတော့ ကာကွယ်ရမှာပေါ့။ အဓိက က ပညာရေးနဲ့ အသိအမြင်ကျယ်ပြန့် မြင့်မားဖို့က အရေးကြီးပါတယ်။

Thursday, December 6, 2012

နေ့သစ် » သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (အပိုင်း-၄)

နေ့သစ် » သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (အပိုင်း-၄)

EX - ABSDF: အံ့သြလွန်းလို့ သေတော့မယ် (ကောင်းဆက်နိုင်)

EX - ABSDF: အံ့သြလွန်းလို့ သေတော့မယ် (ကောင်းဆက်နိုင်): by   ပြည်သူ့ခေတ်   on Thursday, December 6, 2012 at 5:50am · မချင့်မရဲ ခုတလော သမ္မတကြီး လုပ်ပုံတွေက ကျုပ်စိတ်ကို တော်တော် ကသ...

တိဘက်ဒေသမှာ မကြာခင်က ဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင်မှုတွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်

တိဘက်ဒေသမှာ မကြာခင်က ဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင်မှုတွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပြီး စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပြီး တရုတ်အစိုးရရဲ့ တင်းကျပ်တဲ့ မူဝါဒတွေက တိဘက်မှာ တင်းမာမှုတွေ ပိုဆိုးအောင် လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောလိုက်ပါ တယ်။ ၂၀၀၉ ခုနှစ်ကစလို့ တရုတ်နိုင်ငံ အနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင်သူ တိဘက်လူမျိုး ၉၂ ယောက် ရှိပြီး နိုဝင်ဘာ တလတည်
းမှာ တင် ၂၈ ယောက် ရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေဟာ တရုတ်အစိုးရ ဆန့်ကျင် ဆန္ဒပြ စုရုံးမှုတွေနဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေ ရှိနေချိန်မှာ ခုလို ကိုယ့်ကိုယ်ကို အဆုံးစီရင် ဆန္ဒပြမှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ ဖွဲ့စည်းခွင့်တွေ အပေါ်မှာ အစကတည်းက တင်းကျပ်ထားပြီးသား ဥပဒေတွေနဲ့ တိဘက် ဆန္ဒပြသူတွေကို တရုတ်အစိုးရက ဖိနှိပ်နေတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Maria Otero က ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

အမေ့မေတ္တာကို နားမလည်တဲ့ သားမိုက် တစ်ယောက်ရဲ့ ဖွင့်ဟ ၀န်ခံချက်လေးပါ..။သံဝေဂ ရစရာပါ ..ပရိသတ်ကြီးဖတ်ကြည့်ကြပါ..။ )

Nanlin Shwe shared မိဘကို ချစ်မြတ်နိုးသူများ's photo.
( အမေ့မေတ္တာကို နားမလည်တဲ့ သားမိုက် တစ်ယောက်ရဲ့ ဖွင့်ဟ ၀န်ခံချက်လေးပါ..။သံဝေဂ ရစရာပါ ..ပရိသတ်ကြီးဖတ်ကြည့်ကြပါ..။ )

ကျွန်တော် အမေ့ကိုမုန်းတယ်… အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး…. မျက်လုံးတစ်ဘက်ပဲရှိတယ်…. ရုပ်ဆိုးလိုက်တာ… အရမ်းကို ရှက်ဖို့ ကောင်းတာပဲ… ဆိုင်လေး သေးသေး ၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်။ ဒီလို ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကိုကြည့်ပြီး ကျွန်တော် ရှက်တယ်…. အမေ့ကြောင
့် လူတွေက ကျွန်တော်တို့ကို အထင်သေးကြတယ်လို့ ကျွန်တော်ထင်တယ်… သူများ အမေတွေလို ဘာလို့များ အမေဟာ ချမ်းသာအောင် မလုပ်သလဲ ဆိုတာ ကျွန်တော်ဖြင့် နားကို မလည်နိုင်ပါဘူး…. ဒါကြောင့် အမေ့ကို ကျွန်တော် မချစ်ဘူး.. မုန်းတယ်…
ဒီနေ့ ကျွန်တော်တို့ မူလတန်းကျောင်းမှာ အားကစား ပြိုင်ပွဲတွေလုပ်တယ်…. ကျောင်းသား မိဘတွေကို ဖိတ်တယ်… ကျွန်တော် အမေ့ကို မလာစေချင်ဘူး… ဒါပေမယ့် အမေက ကျောင်းကို ရောက်လာတယ်… အမေ ဘယ်လိုများ လုပ်လိုက်တာလဲ.. လူတွေကြားမှာ ကျွန်တော့်ကို အရှက် လာခွဲတယ်…. ရှက်စရာ ကောင်းလိုက်တာ.. အခုတော့ ကျွန်တော့် အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ ကျောင်းကသူငယ်ချင်းတွေ အကုန် သိကုန်ပြီ ကျွန်တော် အမေ့ကို ခါးခါးသီးသီး ကြည့်မိတယ်… ပြီးတော့ ကျောင်းထဲကနေ ပြေးထွက်ခဲ့မိတယ်…
နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး
“မင်းအမေက မျက်လုံး တစ်ဘက်တည်း ရှိတယ်နော်” လို့ စကြတယ်.. အော်ဟစ် နောက်ပြောင်ကြတယ်…
ကျွန်တော် ဒေါသလဲထွက် ရှက်လဲ ရှက်မိတယ်…. အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ်သွားပါစေလို့ကို ဆုတောင်းမိတယ်… သူများ အမေတွေလို ကြည့်ကောင်းတဲ့ ရုပ်ရည်လဲ မရှိဘူး.. သူများအမေတွေလို ပိုက်ဆံလဲ မချမ်းသာဘူး.. ကျွန်တော် အမေ့ကို အရမ်းမုန်းတာပဲ..
အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့ကိုမေးတယ်..
“အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက်သွားတာလဲ.. အမေက သူများအမေတွေလိုလဲ မလှဘူး…. ရုပ်ကဆိုး၊ ဆင်းကလဲ ဆင်းရဲသေးတယ်….. အမေဟာ ကျွန်တော့ကို အရှက်ခွဲဖို့ သက်သက်များ အသက်ရှင်နေတာလား… အမေဘာကြောင့် မြန်မြန်မသေတာလဲ” လို့ ရက်ရက် စက်စက် ကျွန်တော် ပြောပစ်လိုက်တယ်။
အမေက ဘာမှကို ပြန်မပြောဘူး…. ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ တိတ်တိတ် ဆိတ်ဆိတ်ပဲ လုပ်စရာရှိတာကို လုပ်နေခဲ့တယ်… ကျွန်တော် နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိတယ်… အမေ့ကို အဲလို ပြောလိုက်မိလို့.. ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲလို ပြောလိုက်ရတာကိုလည်း ကျေနပ်သွားမိတယ်… ကျွန်တော် တစ်ချိန်လုံး အမေ့ကို ပြောချင်ခဲ့တဲ့ စကားကို ပြောလိုက်ရလို့လေ…
အဲဒီည…. ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့ ထမင်းစားခန်းထဲကိုအသွား တိတ်တိတ်လေး ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်.. ကျွန်တော် နိုးသွားမှာစိုးလို့ အသံမထွက်ရှာဘဲ တိုးတိုးလေး ငိုနေတဲ့ အမေ…..။ အမေ့ကို ကျွန်တော် တစ်ချက်ကြည့်ပြီး အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်…
တကယ်တော့ နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကားကြောင့် ကျွန်တော် ကိုယ်တိုင်လည်း အသည်းနှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ နေသလိုပါဘဲ… ဒါပေမယ့် အရုပ်ဆိုးလှတဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့ အမေ့ကို ကျွန်တော် မုန်းတယ်…
ဒီတော့…. ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်မိတယ်…. ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ်ငါ ရပ်တည်နိုင်အောင် ကြိုးစားတော့မယ်… ငါ့ဘ၀ကို အောင်မြင်အောင် လုပ်မယ်.. ငါအမေ့ကို မုန်းတယ်.. ပြီးတော့ ဒီ စုတ်ပြတ် ဆိုးဝါးလှတဲ့ ဆင်းရဲခြင်းကို ငါမုန်းတယ်.. ဒီကနေငါလွတ်အောင် ရုန်းမယ်.. အမေ့ဆီကနေ….. ပြီးတော့ ဆင်းရဲခြင်း ဆီကနေ…..
အမေ့အိမ်ကနေ ထွက်လာပြီး.. ဆိုးလ်မြို့မှာ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားတယ်.. ကျွန်တော့်ဘ၀အတွက်……. ရှေ့ခြေလှမ်းတွေအတွက်…… ရည်မှန်းချက် အပြည့်နဲ့ပေါ့ အထက်တန်း အောင်တော့ ဆိုးလ်တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့်ရတယ်… ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန်လာတယ်၊ ခိုင်မာလာတယ်..
ကျောင်းပြီးတော့ ကျွန်တော်အိမ်ထောင်ပြုတယ်…. စီးပွားရေးလဲ အဆင်ပြေတော့ ကိုယ်ပိုင်အိမ်နဲ့ ဘာနဲ့ ဖြစ်လာတယ်.. သားသမီးတွေရလာတယ်.. ခုတော့ ကျွန်တော့် ဘ၀မှာ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်နဲ့၊ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နေပြီ… ဒီမှာနေရတာ ကျွန်တော် သဘောကျတယ်.. ကျွန်တော်ဘ၀ရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့အမေ၊ ဆင်းရဲလွန်းတဲ့ ကျွန်တော့်ငယ်ဘ၀ အဲဒါတွေကို သတိရစရာ ပြန်အမှတ် ရစရာ ဘာမှလဲ မရှိတော့ဘူး… ကျွန်တော်ရဲ့ အတိတ်တွေ အားလုံးကို မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော် ပျော်နေပြီ…. ကျေနပ်နေပြီ…
ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး ပျော်ရွှင်နေတုန်း လုံးဝ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက် ကျွန်တော့်ရှေ့ကို ရောက်လာတယ်…..
“ဘုရားရေ…..အမေပါလား”
“ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ ရှိနေတုန်း… ဆိုးလိုက်တာဗျာ..”
ကောင်းကင်ကြီး တစ်ခုလုံး ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ…. ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက်တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကိုမြင်တော့ လန့်အော်ပြီးအိမ်ထဲကို ပြေးဝင်သွားတယ်.. ကျွန်တော် ဒေါသတွေ ဒီရေလို တက်လာတယ်…
“ခင်ဗျားဘယ်သူလဲ.. ခင်ဗျားကို ကျုပ်မသိပါလား .. ခင်ဗျားက ကျုပ် အိမ်ကို ဘာကိစ္စနဲ့ လာရတာလဲ.. ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး လန့်သွားပြီ…. သွား….. ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်က ထွက်သွား”
ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်..
“အို…. ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာ မှားပြီး ၀င်လာမိတာပါ…”
အမေက တိုးတိုးတိတ်တိတ်လေးဘဲ ပြန်ဖြေပြီး ကျွန်တော့်မျက်စိရှေ့ကနေတစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်.. တော်ပါသေးရဲ့.. ဘုရား မ လို့.. အမေ ကျွန်တော့်ကို မမှတ်မိဘူး.. ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်.. ကိုယ့်ကိုယ်ကို ပြောမိတယ်..
“ငါနောက်ကို သတိထားစရာ မလိုတော့ဘူး… ငါ့ဘ၀တစ်လျှောက်လုံး ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ မဟုတ်တော့ဘူး”
တစ်နေ့….. ကျွန်တော့်ဇာတိဖြစ်တဲ့ ငယ်ငယ်ကနေခဲ့တဲ့ ကျောင်းကနေ ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲ လုပ်မယ့် ဖိတ်စာလေး ရောက်လာတယ်။ မသွားချင်ပေမယ့် ကျွန်တော် သွားရဦးမယ်… ကျွန်တော့မိန်းမကို အမှန်အတိုင်းမပြောဘဲ စီးပွားရေးကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော် လိမ်လိုက်တယ်… ကျွန်တော့ရဲ့ ဆင်းရဲတဲ့ ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ…
တွေ့ဆုံပွဲပြီးတော့ ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို ကြည့်ဖို့ ထွက်လာခဲ့တယ်။ အိမ်လို့သာ ခေါ်တာပါ အိမ်နဲ့တောင် မတူပါဘူး။ အမိုးအကာမလုံတဲ့ တဲကုတ်လေးပါ။ ဘာရယ်မဟုတ်ပါဘူး.. စပ်စုချင်တဲ့ စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် ဆိုပြီး ကြည့်ချင်တာနဲ့ ထွက်လာတာ….
ဒီမှာဘဲ.. ကျွန်တော့်အမေကို အေးစက်စိုစွတ်နေတဲ့ မြေပြင်ပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်… ဒါပေမယ့် ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့ ၀မ်းနည်းတဲ့ စိတ်နည်းနည်းလေးတောင် မဖြစ်မိဘူး… အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခုကို တွေ့ရတယ်… ကျွန်တော်ယူကြည့်လိုက်တော့ အမေရဲ့ မပီမသ မလှမပ လက်ရေးလေးတွေနဲ့ ကျွန်တော့်အတွက် ရေးထားတဲ့စာမှန်း သိလိုက်ရတယ်…
သားလေးရေ…
အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ….. အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင်ပါဘူးကွယ် …. သားလေးရှိတဲ့ ဆိုးလ်ကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ အမေ ရောက်နိုင်တော့မှာ မဟုတ်ပါဘူး…. သားလေးကို အမေ့ဆီတစ်ခေါက်လောက် လာလည်စေချင်လိုက်တာကွယ်…. အမေလေ သားလေးကို အရမ်းလွမ်းလို့ပါ.. တွေ့ချင်လွန်းလို့ပါ… ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲကို သားလေး လာမယ် ကြားတော့ အမေ ၀မ်းသာလိုက်တာ.. ဒါပေမယ့် ကျောင်းကို အမေမလာဖို့ ဆုံးဖြတ်ထားပါတယ် အဲဒါက သားလေးအတွက်ပါကွယ်… အမေ့မှာက မျက်စိတစ်ဖက်ထဲ ရှိတာကိုး…. ဒီအတွက်နဲ့ သားကို အရှက်ရစေတာ အမေ ၀မ်းနည်းပါတယ် သားရယ်… အမေ ပြောပြပါ့မယ် သားရယ်… အမှန်တော့ သားငယ်ငယ်တုန်းက ဆော့ကစားရင်း မတော်တဆဖြစ်ပြီး သားမျက်စိတစ်ဖက် ပျက်စီး သွားခဲ့တယ်… အမေတစ်ယောက်အနေနဲ့ မျက်စိတစ်ဖက် မရှိတော့တဲ့သားကို ဘယ်လိုလုပ် ကြည့်ရက် နိုင်ပါ့မလဲကွယ်… သားကြီးလာရင် မျက်စိတစ်ဘက်တည်းနဲ့ လူတွေကြား ဘယ်လိုများ နေမလဲလို့ တွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်… ယူကျုံးမရ ဖြစ်ရတယ်…. ကြီးလာရင် ငါ့သားလေး ရှက်မယ်ဆိုတာ အမေသိတယ်…. အမေက အသက်ကြီးပြီ.. သားက လူ့ဘ၀ကို အရှည်ကြီး လျှောက်လှမ်းရဦးမှာလေ… ဒါကြောင့် အမေ့ရဲ့ မျက်စိတစ်ဘက် သားကို ပေးလိုက်တာပါ… အမေ့ရဲ့ မျက်လုံးနဲ့ လောကကြီးကို ငါ့သားလေး ကောင်းကောင်းမွန်မွန် ပြန်မြင်လာနိုင်တဲ့အတွက် သားကိုကြည့်ပြီး အမေ၀မ်းသာမိတယ်.. ဂုဏ်ယူမိတယ်…. ဒီအတွက် အမေဘယ်တော့မှ စိတ်မကောင်း မဖြစ်ပါဘူး.. ၀မ်းလဲမနည်းခဲ့ပါဘူး.. ငယ်ငယ်က အမေ့ကို သားလေး စိတ်ဆိုးခဲ့ဖူးတယ်.. စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့ ဆိုခဲ့တာတွေ အမေ သားကို ဘယ်တော့မှ ဗွေမယူခဲ့ပါဘူး ငါ့သားလေး ငါ့ကို ချစ်လို့ ပြောတာဘဲလို့ အမေတွေးခဲ့ပါတယ်.. အမေသားကို ချစ်တယ် သားရယ်…. သားဟာ အမေ့ရဲ့ ဘ၀၊ အမေရဲ့ ကမ္ဘာပါကွယ်……..
အိုး.. ကျွန်တော့်အသည်းတွေ ကွဲကုန်ပါပြီ။ အမေရယ်…. သားကိုခွင့်မလွှတ်ပါနဲ့… ဘယ်တော့မှ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့…..
ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ…. ကျွန်တော် သိပ်မုန်းခဲ့တဲ့ မျက်လုံး တစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့အတွက် သူ့မျက်လုံးကို စွန့်လွှတ်ခဲ့တယ်ဆိုတာ အမေသေမှ ကျွန်တော် သိလိုက်ရပါပြီ…. ကျွန်တော့်အတွက် ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည် တတ်ခဲ့တဲ့ ကျွန်တော်… ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော်… လူမိုက်ကြီး၊ ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ…
( မိဘအပေါ်နားလည်ခံစားနိုင်ကြပါစေ..။)
‎( အမေ့မေတ္တာကို နားမလည်တဲ့ သားမိုက် တစ်ယောက်ရဲ့ ဖွင့်ဟ ၀န်ခံချက်လေးပါ..။သံဝေဂ ရစရာပါ ..ပရိသတ်ကြီးဖတ်ကြည့်ကြပါ..။ )

ကျွန်တော် အမေ့ကိုမုန်းတယ်… အမေဟာ သူများတွေရဲ
့ အမေနဲ့မတူဘူး…. မျက်လုံးတစ်ဘက်ပဲရှိတယ်…. ရုပ်ဆိုးလိုက်တာ… အရမ်းကို ရှက်ဖို့ ကောင်းတာပဲ… ဆိုင်လေး သေးသေး ၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်။ ဒီလို ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကိုကြည့်ပြီး ကျွန်တော် ရှက်တယ်…. အမေ့ကြောင
့် လူတွေက ကျွန်တော်တို့ကို အထင်သေးကြတယ်လို့ ကျွန်တော်ထင်တယ်… သူများ အမေတွေလို ဘာလို့များ အမေဟာ ချမ်းသာအောင် မလုပ်သလဲ ဆိုတာ ကျွန်တော်ဖြင့် နားကို မလည်နိုင်ပါဘူး…. ဒါကြောင့် အမေ့ကို ကျွန်တော် မချစ်ဘူး.. မုန်းတယ်…

ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်များ

Aung Htun shared စင်္ကာပူ ဖီး's photo.
ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်များ
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ
ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကိုကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ
ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည်
သာမာန်အချိန် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ ညီမျှပြီး
ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။
(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်
ထမင်းစားပြီးလျှင် သစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။
ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့်
ထမ်းမစားမီ တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။
(၃)လက်ဖက်ရည်မသောက်ပါနှင့်
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး
၎င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်းဓာတ်များကို
မာကျောစေသည့်အတွတ် အစာချေရန် အခက်အခဲဖြစ်စေသည်။
(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း (တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည်
ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။
(၅) ရေမချိုးပါနှင့်
ထမင်းစားပြီးရေချိုးခြင်းသည်
လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို
တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏ လျော့ကျသွားသည့်အတွက်
ကျွန်တော်တို့ အစာအိမ်ရှိ အစာချေ စနစ်ကို အားနည်းသွားစေသည်။
(၆) လမ်းမလျှောက်ပါနှင့်
လူအများကပြောနေကြသည်မှာ
ထမင်းစားပြီး ခြေလှမ်း တစ်လှမ်း လမ်းလျှောက်ခြင်းသည်
သာမာန်အချိန် ခြေလှမ်းပေါင်းတစ်ရာ လမ်းလျှောက်ခြင်းနှင့်ညီမျှပြီး
အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း
ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည်
ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့် ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။
(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့်
ကျွန်ုပ်တို့ စားသုံးလိုက်သော အစာများသည် ကောင်းစွာ အစာမကျေနိုင်တော့ပေ။
(singaporefeel.blogspot.com)
ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်များ
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ
ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်(၇
)ချက်ကိုကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ
ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည်
သာမာန်အချိန် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ ညီမျှပြီး
ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။
(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်
ထမင်းစားပြီးလျှင် သစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။
ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့်
ထမ်းမစားမီ တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။
(၃)လက်ဖက်ရည်မသောက်ပါနှင့်
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး
၎င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်းဓာတ်များကို
မာကျောစေသည့်အတွတ် အစာချေရန် အခက်အခဲဖြစ်စေသည်။
(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း (တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည်
ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

Htun Gla and Lu Bo shared ထူးထူးဆန်းဆန်း's photo.
ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။
ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။


 ၀ိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။
ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။
အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

ကိုသက်တန့် ဆီကနေ မ လာပါသည်။:)
ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ြ
ဖန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။
ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။

ထူးဆန်းသော တိုင်းပြည် by Messenger News Journal on Tuesday, December 4, 2012 at 1:02am ·



          ကမ္ဘာပေါ်မှာ မောင်မြတ်တို့ တိုင်းပြည်လောက် ထူးဆန်းတဲ့ တိုင်း ပြည် နောက်ထပ် ရှိနိုင်ပါ့ဦးမလား။ သိပ်မရှိလောက်ဘူးနော်လို့ နိုင်ငံခြား သားတချို့ကတောင် ပြောပါသတဲ့။ တချို့ကိစ္စဆို မြန်မာပြည်ကို စရောက် ရောက်ခြင်းမှာပဲ သတိထားမိတာတဲ့။
          မင်းတို့ ကားတွေမောင်းနေ၊ စီးနေပုံကအစ အရမ်း ထူးဆန်းတာ ပဲတဲ့။ မြန်မာနိုင်ငံဟာ လက်ယာကပ် မောင်း စနစ်ကျင့်သုံးတဲ့နိုင်ငံ၊ ဒီတော့ စတီယာရင်ကို လက်ဝဲ ဘက်မှာတပ် ထားတဲ့ ကားတွေနဲ့သာ ပိုမိုသင့်တော် ပါတယ်။ ဒါ လူတိုင်းလို သိတယ်၊ ပထမဆုံး လာလည်တဲ့ နိုင်ငံခြား သားက စတီယာရင် ညာဘက်မှာ လမ်းကိုလည်း ညာဘက်ခြမ်းကပဲ သုံးနေရတာ။
          သတိထား မိသွားတဲ့ သူတွေ ထဲက တချို့က ဘာမှ မပြောပေမဲ့ တချို့ကတော့ ဧည့်လမ်းညွှန်ကို အကျိုး အကြောင်း  မေးတတ်တယ်၊ ဧည့်လမ်း ညွှန်ကလည်း ဒီနေ့အထိ မရှောင်သာ ဖြေရတော့တာပေါ့၊ ဂျပန်နိုင်ငံသုံး တစ်ပတ်ရစ်ကားတွေကိုသာ အများစု တင်းသွင်းအသုံးပြုနေတဲ့ အကြောင်း ပေါ့။
          များသောအားဖြင့် အနောက် နိုင်ငံသားတွေဟာ ဒီကိစ္စနဲ့ ပတ် သက်ရင် နားလည်မှု ပေးတတ်ကြ ပါသတဲ့၊ ထွေထွေထူးထူးဘာမှ ထပ် မပြောတော့ဘူး၊ စီစဉ်ပေးတဲ့ ကားက သန့်ပြန့်နေရင် အဲကွန်းကောင်းရင် ကျေကျေနပ်နပ် စီးသွားကြတာ ပါပဲ တဲ့။