Sunday, October 7, 2012

Khin Ma Ma Myo: တောင်အာဖရိက စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်

Khin Ma Ma Myo: တောင်အာဖရိက စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်: နိဒါန်း တောင်အာဖရိကနိုင်ငံရဲ့ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ဟာ ကမ္ဘာတ၀ှမ်းက နိုင်ငံရေးလေ့လာ သူတွေ၊ နိုင်ငံရေးလက်တွေ့ လုပ်ဆောင်နေသူတွေနဲ့ နိုင...

လူထုလှုပ်ရှားမှုနှင့် ဒီမိုကရေစီပြောင်းလဲခြင်းဖြစ်စဉ်/Posted by Khin Ma Ma Myo at 7:58 AM



လူထုလှုပ်ရှားမှုနှင့် ဒီမိုကရေစီပြောင်းလဲခြင်းဖြစ်စဉ်


ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်ပါတယ်။ စနစ်တခုဖြစ်တာကြောင့် တည်ဆောက်ယူရပါတယ်။ တချို့က ဒီမိုကရေစီဆိုတာကို အာဏာရှင်တွေဆီက တောင်းယူလို့ ရမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အာဏာရှင်ဆိုတာက အာဏာရှင်စနစ်ကို တည်ဆောက်နေသူများဖြစ်တာကြောင့် အာဏာရှင်ဆီမှာ မရှိတဲ့ ဒီမိုကရေစီကို တောင်းယူလို့ မရပါ။ ဒီတော့ တောင်းယူလို့ မရရင် တိုက်ယူလို့ ရမလားလို့ မေးစရာရှိလာပါတယ်။ တိုက်ယူတယ်လို့ ဆိုရင်တော့ မရပါဘူး။ တိုက်တာကတော့ တိုက်ရပါမယ်။ လူထုတိုက်ပွဲအသွင်နဲ့ပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တိုက်ပွဲအနေနဲ့ဖြစ်ဖြစ်၊ နိုင်ငံတကာအကူအညီ ပေါင်းစပ် ပါဝင်မှုနဲ့ပဲဖြစ်ဖြစ် တိုက်ရပါမယ်။ နိုင်ငံတကာအကူအညီ ပေါင်းစပ်ပါဝင်မှုလို့ပဲ ဆိုထားပါတယ်။ နိုင်ငံတကာတိုက်ပွဲနဲ့လို့ ဆိုလိုတာ မဟုတ်ပါ။ နိုင်ငံတကာက စစ်မျက်နှာ တခုအနေနဲ့ပဲ အသုံးဝင်ပါတယ်။ ဒီလိုတိုက်ရာမှာ အာဏာရှင်စနစ်ဆိုတဲ့ စနစ်ကို တိုက်ရပါမယ်။ စနစ်ရဲ့ ဆိုးကျိုးတွေကို ဖော်ထုတ်ရပါမယ်။ အာဏာရှင်စနစ်ကို တိုက်ပြီး ဒီမိုကရေစီစနစ် ကို တည်ဆောက်ယူရပါမယ်။ ဒီမိုကရေစီ ပြောင်းလဲခြင်း ဖြစ်စဉ်မှာက သဏ္ဍာန်အမျိုးမျိုးရှိပါတယ်။


ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်အသွင်သဏ္ဍာန်များ

အချို့က ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ အခြေတည်တဲ့ ပြောင်းလဲမှုဖြစ်စဉ်ကို လက်ခံယုံကြည်ကြပါတယ်။ ဒီဖြစ်စဉ် အရဆိုရင် ဒီမိုကရေစီစနစ် တည်ဆောက်မှု မတိုင်ခင်မှာ စီးပွားရေးတိုးတက်မှုရှိရမယ်၊ civil society အားကောင်းဖို့ လိုအပ်မယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် စီးပွားရေး၊ လူမှုရေးတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်ရမယ်လို့ ဆိုကြပါတယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဒီမိုကရေစီ စနစ်တည်ဆောက်တဲ့အခါ ဒီလိုစီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ မရှိရင် ဒီမိုကရေစီစနစ်ကို ခိုင်မြဲအောင်တည်ဆောက်ဖို့ မဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုကြပါတယ်။ နိုင်ငံရေးပညာရှင် Lipset က စီးပွားရေးတိုးတက်လာတာနဲ့အမျှ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ် အကောင်အထည်ပေါ်လာနိုင်မယ့် အခွင့်အရေးတွေကို စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး အဆိုပြုထားခဲ့ပါတယ်။

ပညာရှင် Huntington ကလဲ ဒီမိုကရေစီစနစ်တည်ဆောက်ဖို့အတွက် လူထုလှုပ်ရှားမှုတွေ၊ သမဂ္ဂလှုပ်ရှားမှုတွေ နည်းပါးရမယ်လို့ အဆိုပြုထားပါတယ်။ လူထုလှုပ်ရှားမှုတွေကို ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးအဖြစ် တည်ဆောက် ပြီးမှသာ ခွင့်ပြုရမယ်လို့ သူ့ရဲ့ ခေတ်သစ် modernization theory မှာ ဖော်ပြထားပါတယ်။ ပညာရှင် Moore ကကျတော့ Lipset ရဲ့ လူမှုရေး၊ စီးပွားရေး တိုးတက်မှု လိုအပ်ချက် အခြေအနေတွေကို လက်ခံထားခဲ့ပေမယ့် လူထု လှုပ်ရှားမှုတွေကလဲ အရေးကြီးကြောင်း ပထအလှိုင်း ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်လို့ ခေါ်ဆိုကြတဲ့ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနိုင်ငံတွေကို ဥပမာပေးပြီး ဆိုထားခဲ့ပါတယ်။ ဒီသဏ္ဍာန်ဟာ နိုင်ငံအချို့ရဲ့ ပြောင်းလဲမှုဖြစ်စဉ်မှာ မှန်ကန်ပေမယ့် ပေါ်တူဂီ၊ ဂရိ၊ ပီရူး တို့မှာကျတော့ မမှန်ကန်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေမှာ စီးပွားရေး၊ လူမူရေး တိုးတက်မှု preconditions တွေ မရှိပဲ ဒီမိုကရေစီစနစ် အကောင်အထည်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံကြီးတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ တောင်ကိုးရီးယားနိုင်ငံတွေမှာကျတော့ ဒီမိုကရေစီပြောင်းလဲမှုက ဒီဖွံ့ဖြိုးဆဲနိုင်ငံလေးတွေနောက်မှာမှ စတင်ခဲ့တာဖြစ်ပါတယ်။

“လက်ခုပ်ဟူသည် တစ်ဘက်တည်းမမြည်” [By Soe Min ]


“လက်ခုပ်ဟူသည် တစ်ဘက်တည်းမမြည်”
[By Soe Min ]
          စကားပုံတွေနဲ့ ကွက်ကွက်ကွင်းကွင်း မြင်သာထင်သာအောင် ပြောတတ်တဲ့အထဲမှာ တရုတ်သမ္မတ ကျန်ဇီမင်းကြီးလည်း ပါပါတယ်။ ဟိုတလောတုန်းက တရုတ် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်လို့ သတင်းဌာနတစ်ခုက မေးတဲ့အခါ သူက ရယ်ကာမောကာနဲ့ “လက်ခုပ်ဆိုတာ တစ်ဘက်တည်းတီးလို့ မမြည်ပါဘူး။” လို့ ပြောသွားပါတယ်။ “Gu zhang nan ming.” (Claping with one hand produces no sound.) တဲ့။ တရုတ်ပညာရှိ ဟန်ဖေးဆီ က ပြောခဲ့တဲ့စကားလို့ သိရတယ်။ အပြည့်အစုံကတော့ “ဘယ်လောက်ပဲ မြန်အောင် တီးတီး၊ တစ်ဘက်တည်းတီးနေသရွေ့တော့ ဘာအသံမှ ထွက်မှာ မဟုတ်ပါဘူး။” လို့ ဆိုပါတယ်။ အဲဒီအဓိပ္ပါယ်အတိုင်း မြန်မာစကားပုံ ရှိသလို အင်္ဂလိပ်လိုလည်း စကားပုံရှိပါတယ်။ “It takes two to Tango.” လို့ ဆိုတယ် မဟုတ်လား။ ဒါပေမယ့် တရုတ်စကားပုံမှာတော့ ပြဿနာတစ်ခုဖြစ်တယ်ဆိုတာ နှစ်ဘက်စလုံး ကိုယ်စီထိပ်တိုက်တွေ့ကြလို့ပေါ့ ဆိုတဲ့ သဘောအပြင် နောက်ထပ်တွေးယူစရာ အနက်ပွားတစ်ခုရှိနေသေးတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ စာဆုံးတော့ ဘာကိုဆိုလိုတယ် သဘောပေါက်ကြပါလိမ့်မယ်။ ဒေါ်ယင်းမာရဲ့ ပထမစာအုပ် “ရွက်ကြွေတော” ထွက်တုန်းက စာဖတ်သူ စိတ်သရုပ်ခွဲပညာရှင်တစ်ယောက်ကလည်း အဲသည်စကားပုံကလေးနဲ့ စာလှမ်းရေးပြီး ဆွေးနွေးခဲ့သေးသတဲ့။
          “စာဖတ်ရင်း စိတ်တိုလိုက်တာ မပြောပါနဲ့။ ကလေးဘ၀အရွယ်မှာ မေတ္တာငတ်ခဲ့ရင်၊ မိသားစုရဲ့ လုံခြုံနွေးထွေးမှု မရခဲ့ရင် အားငယ်စိတ်တွေ သိမ်ငယ်စိတ်တွေ ၀င်တတ်ပါတယ်။ ဒါကြောင့်လည်း မင်းအနေနဲ့ မေမေလေးရဲ့ မေတ္တာကို တမ်းတနေခဲ့တာနေမှာပေါ့။ မင်းခုထက်ထိအောင် သဘောမပေါက်နိုင်သေးတာက အဲဒီမေမေလေးဟာ သူ့ကိုယ်သူသာချစ်တတ်ပြီး လူတဘက်သားကို ချစ်ရကောင်းမှန်းမသိတဲ့ ဂရိပုံပြင်ထဲက လူပျိုကြီး နာဆစ်ဆပ်လို မိန်းမစားမျိုး ဖြစ်နေတာကိုပါ။ မောင်လေး အဂ္ဂါကျပြန်တော့ မောင်နှမအချင်းချင်း ၀န်တိုစိတ်ထားနဲ့ ပြိုင်ချင် အနိုင်ယူချင်စိတ်တွေ ရှိနေတာ အသိသာကြီးပဲ။ ဆေးကျောင်းအတူတူတက်တဲ့ အတန်းဖော်ချင်း ဖြစ်နေပြန်တော့ ပိုဆိုးတာပေါ့လေ။ မင်းဖေဖေစကားကိုနားထောင်ပြီး သူတို့နဲ့ဝေးရာမှာ သွားနေလိုက်တာသာ အမှန်ဆုံးပါပဲ။ နို့မို့ဆို မင်းတစ်ယောက်တည်း လက်ခုပ်ထိုင်တီးနေရသလို ဖြစ်နေမယ်။ လက်ခုပ်ဆိုတာ တစ်ဘက်တည်းတီးလို့ ဘာအသံမှထွက်မှာ မဟုတ်ဘူးတဲ့။ လူနှစ်ယောက်ဆက်ဆံရေးမှာလည်း တစ်ဘက်တည်းကလှိမ့်တဲ့ တစ်ဘီးလိမ့်ဆက်ဆံရေးဟာ ခရီးမရောက်နိုင်ပါဘူး။ အခြေခံကျသလောက် လူတော်တော်များများက သဘောမပေါက်နိုင်တဲ့ အချက်ပါ။”

သံသယဖြစ်ခွင့် ပေးပါ/ posted by -Ven Ravika

 မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းနေပြီလို့ လူတွေ ပြောကြတယ်၊ 
အမှန်မှာ ဒီမိုကရေစီစနစ် မထွန်းကားသေးဘူး၊ ဒီမိုကရေစီစနစ် ထွန်းကားဖို့ 
လုပ်စပဲ ရှိတယ်လို့ သမ္မတသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ ဝန်ခံကြတယ်။
 ဒီမိုကရေစီ မရှိသေးဘူးဆိုယင် ပြောင်းပြန်ကောက်ကြည့်ပါ။ အာဏာရှင်စနစ်
 ရှိသေးတယ်လို့ ဆိုလိုရာရောက်ပါတယ်။ အာဏာရှင်စနစ် ရှိနေသေးတယ်ဆိုယင် 
ဇာတ်ဆရာလည်း ရှိသေးတယ်လို့ သိရပါလိမ့်မယ်။ ကန့်လန့်ကာနောက်မှာ ဇာတ်ဆရာ
 ရှိနေသေး ယင် ရှေ့ထွက်နောက်ထွက်မင်းသားမင်းသမီးတွေဟာ ဇာတ်ဆရာအလိုကျ 
ကပြအသုံးတော်ခံနေကြရတယ်ဆိုတာကိုလည်း သိထားကြရမှာဖြစ်ပါတယ်။ 
ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်က အစိုးရဝန်ကြီးများနဲ့ ပြည်သူ့လွှတ်တော်အမတ်များ မရိုးသားကြောင်း ပြောနေပါပြီ။ မရိုးသားဘူးဆိုတယ့်နေရာမှာ လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းအပါအဝင် ဘေးသင့်စီမံကိန်းများရပ်တန့်ဖို့ကိစ္စနဲ့ ပိုင်ဆိုင်မှုမကျေညာတယ့်ကိစ္စမျိုးကို ရည်ညွှန်းတယ်။ အစိုးရက ဒီပြင်မှာကော ရိုးသားပါရဲ့လား။

စစ်အစိုးရလက်ထက်က စပြီး ဒီကနေ့အထိ သူတို့ချဉ်းကပ်တယ့်အဖွဲ့အစည်းတိုင်းလိုလို ကွဲပြဲကြတယ်။ ဒီချုပ်လည်း ကွဲခဲ့တာပဲ။ ကချင်လည်း ကွဲခဲ့တာပဲ။ ရှမ်းတွေလည်း ကွဲသလားမမေးနဲ့။ အကွဲဆုံးက ကရင်တွေပါ။ လက်ရှိမှာလည်း ကရင်အမျိုးသားအစည်းအရုံး (K.N.U.) က ထပ်ကွဲဖို့ မြင်နေရပြီ။ တိုင်းရင်းသားအချင်းချင်း မတူညီတယ့် အခွင့်အရေးများပေးကာ သွေးခွဲနေတုန်းပါပဲ။ အစိုးရရဲ့ ချဉ်းကပ်မှုနည်းဗျူဟာဟာ လူကြီးလူကောင်းမဆန်ပါ။ အစိုးရရဲ့ ပေါ်လစီဟာ ရိုးသားးမှု ရှိမယ်ဆိုယင် တိုင်းရင်းသားတွေဟာ ပိုပြီး စုစည်းညီညွတ်လာဖို့ပဲ ရှိတယ်မဟုတ်လား။

ရခိုင်အရေးအခင်းကိုလည်း ကြည့်ပါ။ အစမှာ ဒီဘင်္ဂါလီတွေက ခိုးဝင်လာသူများဖြစ်ကြောင်း ပြောတယ်။ ခိုးဝင်သူများကို နိုင်ငံသားဖြစ်ခွင့်မပေးဘူး၊ တတိယနိုင်ငံကို တင်ပို့မယ်လို့ ပြောတယ်။ နောက်ကျတော့ လဝကမှားယွင်းမှုလည်း မရှိ၊ ခိုးဝင်သူများလည်း မရှိဘူးလို့ ပြောပြန်တယ်။ အစမှာ ရခိုင်တွေကို မြှောက်ပေးတယ်၊ အိုအိုင်စီ၊ ဥရောပ၊ အမေရိကန်နဲ့ ကုလသမဂ္ဂတို့ ဖိအားပေးတော့ ရခိုင်တွေကို အပြစ်ပုံချတယ်။ အမှန်မတော့ ဒီကိစ္စ အစိုးရမှာ လုံးလုံးတာဝန်ရှိတယ်။ တာဝန်ရှိပေမယ့် မသိယောင်ဆောင်ပြီး ဒိုင်လူကြီး ဝင်လုပ်တယ်။ အစိုးရပေါ်လစီအားနည်းချက်ကို လူတွေ အာရုံမရောက်ဖို့ မူစလင်မုန်းတီးရေးကို မသိမသာ အားပေးတယ်။ ရိုးရိုးသားသားတွေးကြည့်ယင် ဒီမူစလင်များကို နိုင်ငံသားပေးဖို့ အစိုးရမှာ အစီအစဉ်ရှိတာ သေချာတယ်။ မယုံယင် ၂၀၁၄ ခုမှာ စောင့်ကြည့်ပါလေ။

ပြည်တွင်းပြည်ပကြားမှာ ကွဲအောင်လည်း ကစားခဲ့သေးတယ်။ စာရေးသူက ဘယ်သူဘယ်ဘက်မှ မပါပါ။ ဘယ်သူက မှန်တယ်၊ ဘယ်သူက မှားတယ်လို့ မပြောပါ။ ဒါပေမယ့် မိုးသီးဇွန်းကို ကြိုရေးမကြိုရေး မင်းဇေယျာနဲ့ ကိုကိုကြီးတို့ ကွဲကြရာ ကိုကိုကြီးက မဲအသာနဲ့ နိုင်သွားလို့ မကြိုဖြစ်ခဲ့။ ဝန်ကြီးအောင်မင်းတို့အဖွဲ့က ဖိတ်ခဲ့ခြင်းလည်း မဟုတ်၊ မိမိတို့သဘောနဲ့သာ ပြန်တယ်လို့ ပြောနေပေမယ့် တံခါးဟပေးတာက ဝန်ကြီးဦးအောင်မင်းတို့ပါပဲ။ ဒါက နပိုလီယံက အင်အားငါးဆလောက် ကြီးတယ့် သြစကြီးယားတပ်ကို တိုက်သလိုမျိုး ခွဲတိုက်တာပါ။ ပါတီခွဲတွေများလေ ဒီချုပ်က အထိနာလေမို့ ဒီအကွက်ကို ထွင်တယ်။ ပြန်ဝင်ကြသူများ သိလားမသိလားတော့ မသိပါ။ စာရေးသူတို့က အဲဒီလိုပဲ ထင်တယ်။ အမှန်မတော့ ပြည်တွင်းနဲ့ပြည်ပတို့ဟာ အတိုက်အခံလုံးဝမဖြစ်သင့်ကြပါဘူး။ ဒီချုပ်ကိုဆက်ဆံတယ့်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဦးစားပေးတာတို့၊ ကျောင်းသားအဖွဲ့မှာ မင်းကိုနိုင်ကိုပဲ ခရီးသွားစာအုပ် ထုတ်ပေးတာတို့ ဒါတွေက မရိုးသားမှုတွေပဲလို့ ယူဆပါတယ်။

ကျွန်မမှာ ချစ်သူဝိုင်းဝိုင်းလည် by Thanda Win on Saturday, October 6, 2012 at 8:22pm ·


               1999 ခုနှစ်တုန်းက ဆရာကြီး ဦးစောဆိုင်မွန်သာက ပြောပြခဲ့တာ။ ကုလားတွေဟာ တရုတ်ကိုကြောက်တယ်တဲ့။ တရုတ်တွေကတော့ ဂျပန်ကိုကြောက်ပါတယ်တဲ့။ ဘာလို့လဲဆရာလို့ မေးတော့ ကုလားတွေ ရပ်ကွက်ထဲ တရုတ်ဝင်လာရင် ရှိသမျှစီးပွားရေး သိမ်းသွားတာပဲတဲ့။ အဲဒီလိုပဲ ဂျပန်ဝင်လာရင် တရုတ်တွေ ပြေးရတာပဲတဲ့။ ဘာနဲ့ ဆိုင်သလဲဆိုတော့ Neuro surgeon (ဦးဏှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်) ပီပီ ဖြေပါတယ်။ Frontal Lobe ( ဦးဏှောက်ရှေ့ဆုံးပိုင်း ဧရိယာ) အကြီး အသေးနဲ့ ဆိုင်ပါတယ်တဲ့။ အဲဒီတုန်းက ကိုယ့်ခေါင်းကို အသာပြန်စမ်းမိသေးတယ်။ အခုတော့လဲ သိနေပြီမို့ မလိုတော့ပါဘူး။
                    European တွေရဲ့ အပြောတခုလည်း ဖတ်ဖူးသေးတယ်။ ငါတို့က မျိုးဆက်တဆက်စာပဲ စဉ်းစားတာ၊ ဂျပန်တွေကတော့ မျိုးဆက် ၃ ဆက်စာစဉ်းစားတာ။ ဒါကြောင့်လဲ ငါတို့ကိုကျော်ပြီး နံပါတ် ၃ နေရာကို မျိုးဆက်တခုအတွင်းမှာ ရသွားတာပေါ့တဲ့။
                  ရှာမှရှားတဲ့ စူပါဘရိန်း လီကွမ်ယုကလည်း ကုမ္ပဏီတခုတည်းအောက်က စက်ရုံနှစ်ရုံမှာတောင် ဂျပန်မန်နေဂျာရှိတဲ့ စက်ရုံကထုတ်လုပ်မှုသာတဲ့အကြောင်းရေးထားသေးတယ်။ ဂျပန်မန်နေဂျာတွေက အောက်သက်ကြေပြီး စက်ဆီပေမှာ မကြောက်ပဲ အောက်ခြေအလုပ်သမားတွေနဲ့အတူဝင်လုပ်နိုင် လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်လို့တဲ့။
                     မရိုးနိုင်တဲ့ ဗမာဆုံးမစကားတခွန်းလဲ ရှိပါသေးတယ်။ တရုတ်လိုရှာ ကုလားလိုစု ဗမာလို မဖြုန်းနဲ့တဲ့။ တရုတ်ရယ် ဗမာရယ် ကုလားရယ် စင်္ကာပူရယ် ဂျပန်ရယ် European ရယ် ကိုများ နံပါတ်စီလိုက်ကြမယ်ဆိုရင် ---- ဒါကြောင့်ပြောတာပေါ့။ သိပြီးသားမို့ ခေါင်းကို စမ်းစရာ မလိုတော့ပါဘူးလို့။
                   ကြားဖူးနားဝကို လက်တွေ့သိရတဲ့အချိန်ကျတော့ သူတို့ပြောတာ အပိုမဟုတ်ဘူးဆိုတာ မြင်လာပါတယ်။ ဆင်တကောင်လုံးတွေ့လို့ ဆင်ခြေရာခံမိတာပေါ့လေ။ JICA ဆိုတာ အရင်က NGO အဖွဲ့အစည်းတခုလို့ပဲ နားလည်ခဲ့တာ။ ဂျပန်ဆေးရုံသစ်ကြီးဆောက်ပေးတဲ့အဖွဲ့ပေါ့။ သူတို့ပေးခဲ့တဲ့ ရေခဲသေတ္တာတွေ နောက်တနှစ်လာစစ်တော့ ဆေးရုံထဲမှာမရှိဘဲ ဆေးရုံလူကြီးအိမ်ရောက်နေတဲ့အကြောင်း၊ သူတို့ပေးခဲ့တဲ့ ကုတင်ပေါ်မှာ ပျော်ပျော်ပါးပါးအိပ်ရင်းနဲ့ အလုပ်သင် ညဂျုတီအတူဆင်းခဲ့တဲ့ သူငယ်ချင်းတွေတောင် လွမ်းမိပါသေး။ နောက်တခါ ကြားရပြန်တာက JICA က ကုသိုလ်ဖြစ်ဆေးခန်းတွေကို ဆေးလှူမှာတဲ့။ သာဓုပါရှင်။ ဟိုတနေ့ကမှ သိတယ်။ ၁၅ နှစ်လုံးလုံး JICA တကယ်လုပ်နေတဲ့အလုပ်က တနေ့မှာ ဖွံ့ဖြိုးလာမယ့်မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံနိုင်မယ့် နေရာတွေ၊ သတင်းတွေ၊ စီးပွားကွက်တွေနဲ့ စီးပွားဖက်တွေကို ရှာဖွေစုဆောင်းထားဖို့တဲ့။ မြတ်စွာဘုရား။ တို့များမြန်မာပြည်ကို ဖွံ့ဖြိုးဖို့ မျှော်လင့်နေတာ တို့တွေချည်းပဲမှတ်နေတာ။ အင်းလေ --နံပါတ်စဉ်ထဲမှာ ဘိတ်ချီးဆိုတော့လဲ ထိပ်ဆုံးကကောင် ဘာလုပ်လဲ မသိနိုင်တာ မထူးဆန်းပါ။          
                သွားရင်းလာရင်းနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဂျပန်ဘဏ်ခွဲတခု ဖွင့်လှစ်တာကို သတိထားမိပါတယ်။ သတင်းစာထဲမှာလည်း ဆီဒိုးနားဟိုတယ်မှာ ဂျပန်စီးပွားရေးရုးံခွဲတခု ဖွင့်လှစ်ကြောင်းနဲ့ အကူအညီ အကြံဥာဏ်လိုအပ်တဲ့ ဂျပန်စီးပွားရေးသမားများကို ကူညီမယ့်အပြင် ရုံးခန်းတလခွဲဖွင့်ခွင့်ကိုတောင် အလကားပေးဦးမယ်တဲ့။
                  သံလျင်တံတားအဆင်းက Star City စီမံကိန်းနေရာကို လွန်ခဲ့တဲ့လက မိတ်ဆွေတယောက်နဲ့ ရောက်သွားပါတယ်။ တကယ်ဆောက်နေတဲ့ ကွန်ဒို အဆောက်အဦးက ၂ ခုထဲပဲရှိသေးတာပါ။ အရောင်းပြခန်းကတော့ န၀ဒေးအိမ်ယာ ပြခန်းထက်တောင် အပုံကြီးသာပါတယ်။ အခန်းတွေ နမူနာဖွဲ့ပြထားပြီး ထိုင်းဒီဇိုင်နာက ဆင်ပေးထားတော့ မြင်တာနဲ့တင် လိုချင်စရာ။ အရစ်ကျ ငွေချေစနစ်ကို အုံနဲ့ကျင်းနဲ့ ၀ိုင်းဝယ်နေတဲ့လူတွေကတော့ ဂျပန်တွေပါ။ ကျွန်မတို့လို မြန်မာတွေကတော့ သွားရေကျရုံထက် မပိုပါဘူး။ ဘယ့်နှယ် ဒီလောက်ကျဉ်းတဲ့ စတုရန်း ပေ ၉၀၀ အခန်းလေးကို သိန်း ၈၀၀ တဲ့။ ရန်ကုန်မြို့ထဲကအခန်းတွေ ဈေးထက်များနေပြီ။ ပတ်ဝန်းကျင်လမ်းတွေ ရေကန်တွေ ပန်းခြံတွေကတော့ အပြတ်အသတ်သာတာပေါ့လေ။ ဟိုဘက်က သီလ၀ါစီမံကိန်းကို ၁၅ မိနစ်လောက်သာ သွားရတော့မှာမို့ အလုပ်လာလုပ်ကြမယ့် ဂျပန်များနေဖို့ ရည်ရွယ်ဆောက်လုပ်ပါတယ်တဲ့။ ဆောက်လုပ်ရေးက တာဝန်ခံမန်နေဂျာက စင်္ကာပူလူမျိုးပါ။ လိုချင်လှချည် တကဲကဲဖြစ်နေတဲ့ မေမေ့ကို အဝေးကြီးပါမေမေရယ်၊ နေနိုင်မှာမဟုတ်ပါဘူးလို့ ညာတာပါတေးချော့ခေါ်လာခဲ့တယ်။ အဲဒီအထိလဲ လောကကြီးဘာဖြစ်နေမှန်း မသိသေးပါဘူး။
                   ပန်တင်းခေါင်းလျှော်ရည် ကြော်ငြာလိုပဲပြောရတော့မယ်။ ခုတော့ ကျွန်မသိပြီ။ ကိုကို ဂျပန်များသာ အလည်ဆုံး အတော်ဆုံးဆိုတာ။ အခုဘာသာပြန်မယ့် ဆောင်းပါးကို ဖတ်မိသွားတာမို့ပါ။ သမ္မတဦးသိန်းစိန်က လက်ယပ်ခေါ်ပြီး ၀ါတာနာဘဲစံ မင်းကိုပေးစရာတခုရှိသတဲ့။ ဒီတကွက်ထဲနဲ့တင် ၁၅ နှစ်ရင်းနှီးခဲ့ရသမျှ တန်ပါပေ့လို့ ဆိုရမှာပါပဲ။ အကြွေးတွေမဆပ်နဲ့တော့လို့ ပြုံးပြုံးကလေးပြောသွားတာအပြင် နောက်ထပ်လည်း ထပ်ချေးဦးမှာတဲ့။ ဟုတ်ကဲ့ ကျေးဇူးကြီးလှပါပေရဲ့ရှင်။ အပေါ်မှာ နိဒါန်းချီထားသမျှ မှန် မမှန်ဆောင်းပါးလေးဖတ်ပြီး ဝေဖန်ကြည့်ကြပါဦး။ ( Reuters (အမေရိကန်သတင်းဌာန) မှာ ၂.၁၀.၁၂ နေ့မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် အန်တိုနီ စလိုကော့စကီးရဲ့ လက်ရာဖြစ်ပါတယ်။)

                                                  ဂျပန်များ၏ မြန်မာပြည်သို့ တိတ်တဆိတ် ချီတက်ခြင်း

                 ဂျပန်များဟာ မြန်မာပြည်ကို အားဖြည့်နေပါပြီ။ မာရသွန်ပြေးပွဲဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလရဲ့ ညတညမှာ အစပြုခဲ့တာပါ။ မြန်မာသမ္မတသစ်က ညစာစားပွဲအပြီးမှာ မြေပုံကြီးဖြန့်ခင်းပြီး အသက်ကြီးကြီးဂျပန်လူမျိုး အာဏာပွဲစားကို ဆုတခုချလိုက်လို့ပါ။ ဒီဆုဟာ မာကူးမြို့လောက်ကြီးတဲ့ မြို့တော်တခုတည်ဆောက်နိုင်ခွင့်ပါပဲ။
                   အသက်၆၇ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း  ဦးသိန်းစိန်ဟာ မြန်မာအရပ်သားအစိုးရရဲ့ သမ္မဖြစ်တာ ၆ လပဲရှိပါသေးတယ်။ သမ္မတဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်တွဲခဲ့ပြီး အာဏာရှင်စနစ်အောက်မှာ နှစ်၅၀ကြာခဲ့တဲ့ မြန်မာ့စီးပွားရေးကို လမ်းပြန်ဖွင့်ပေးမှုတွေအတွက် အားပေးခံရသလို သတိကြီးကြီးနဲ့စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။ အခုတော့ သမ္မတဟာ အာရှတိုက်ရဲ့ ဒုတိယအဆင်းရဲဆုံးနိုင်ငံအတွက် ရင်းနှီးမြှပ်နှံသူတွေကို ရှာဖွေနေပါတယ်။
                     နေပြည်တော်မှာ တရုတ်ပုံစံ ညစာစားပွဲအပြီးမှာ ဦးသိန်းစိန်ဟာ မြန်မာပြည်အရေးစိတ်ဝင်စားသူ ဂျပန်နိုင်ငံရေးသမား ဟီဒဲအို ၀ါတာနာဘဲ (၇၈ နှစ် ) ဘက်ကိုလှည့်လိုက်ပါတယ်။ သမ္မတသစ်ဟာ ရန်ကုန်မြို့အနီးမှာရှိပြီး အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်တဲ့ သီလ၀ါဆိပ်ကမ်းမှာ အထူးစီးပွားရေးဇုံတည်ဆောက်ဖို့ အပေးအယူတခုလုပ်ခဲ့ပါတယ်။ အကြွေးတွေ  ချေးငွေတွေ နဲ့ လဲလှယ်ဖို့ပါပဲ။
                      ကျွန်တော် တခုခုတော့ လုပ်ပေးနိုင်ပါလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ယာဆုဟိရို နာကာဆိုနဲရဲ့ အနီးကပ်ဖြစ်ခဲ့သ၊ူ ယခင် ဂျပန်အစိုးရ၀န်ကြီးဟောင်း ၀ါတာနာဘဲက ပြန်ပြောပြခဲ့ပါတယ်။
                    ၀ါတာနာဘဲဟာ စကားတည်သူပါ။ တနှစ်မပြည့်ခင်မှာတင် မြန်မြန်ဆန်ဆန်ပဲ ဂျပန်က အကြွေးတွေကိုလျော်ပစ်ပြီး အနည်းဆုံး ၁၈ ဘီလီယံဒေါ်လာအကူအညီပေးဖို့ သဘောတူခဲ့ပါတယ်။

Saturday, October 6, 2012

KNU စစ်ဦးစီးချုပ် ထုတ်ပယ်ခံရမှု ရှင်းလင်းမှုမရှိသေး နှင့် အသစ်ခန့်အပ် တာဝန်ပေးခံရတဲ့ KNLA စစ်ဦးစီးချုပ်သစ်

KNU စစ်ဦးစီးချုပ် ထုတ်ပယ်ခံရမှု ရှင်းလင်းမှုမရှိသေး နှင့် အသစ်ခန့်အပ် တာဝန်ပေးခံရတဲ့ KNLA စစ်ဦးစီးချုပ်သစ်

ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ်/ Posted by admin on July 26, 2012ဟံသာဝတီ ဦးဝင်းတင်

ဒီနေ့ ကျုပ်အသက် ၈၃ နှစ် ရှိပြီ။ နှစ်ပေါင်း ၆ဝကျော် ၇ဝ နီးပါး လောက်က အကြောင်းတွေကို တခါတခါ ပြန်တွေးမိ တယ်။ တပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတဲ့နေ့။ အမှောင်ကြီး ကျခဲ့တဲ့နေ့။ ကျုပ် အသက် ၁၇ နှစ်သားလောက်ရှိပြီ။ တက္က သိုလ်ဝင်တန်း တက်နေတယ်။ တိုင်းပြည်ကြီး ဒုက္ခရောက်ပြီဆိုတာ သိတယ်။ ကျုပ်တို့ တောမြို့လေးလည်း ငရဲကျပြီဆို တာ သိတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံကြရတယ်။ တိုင်းပြည် ဒုက္ခရောက်ပြီပေါ့။ ဒီလောက်တော့ ကျုပ် သဘောပေါက်ခဲ့တယ်။ ဗိုလ်ချုပ်တို့ကို လုပ်ကြံသူတွေထဲမှာ ကျုပ်တို့ မြို့သား တယောက်ပါနေတယ်။ ကျုပ်ထက် အ သက် ၅ နှစ်ပဲ ကြီးတဲ့သူ။ ကျောင်းနေဖက်တော့ မဟုတ်ဘူး။ ကျုပ်နဲ့အတူ ပြည်သူ့ ရဲဘော်အဖွဲ့ဝင်။
ကျုပ်တို့ တောမြို့ကလေးက သေးသေးလေး။ ဒါပေမယ့် သူနဲ့ကျုပ် မရင်းဖူး။ ကောင်းကောင်းတော့ သိတာပေါ့။ သူက ဂျပန်ခေတ် တပ်မတော်သားဟောင်း။ စစ်ကြီးပြီးသွားတော့ ကျုပ်လိုပဲ ပြည်သူ့ရဲဘော် အဖွဲ့ဝင်။ ကျောင်းဘင်ခရာ တီး ဝိုင်းတွေ ဘာတွေမှာ ခေါင်းဆောင်ပါတဲ့သူ။ ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း အလွန် ကြည်ညို ကိုးကွယ်သူ။ လူက ကိုယ် လုံးတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်။

ခင်မောင်ရင်၊ သုခ၊ စိန်ကြီး၊ ရန်ကြီးအောင်

ဗိုလ်ချုပ်ကို ဘယ်သူသတ်သလဲ… Posted by admin on July 22, 2012 / ငြိမ်းချမ်းအေး ၂၀ ၊ ဇူလိုင် ၊ ၂၀၁၂


“ဦးစောက အောင်ဆန်းကို သတ်တာ မဟုတ်ဘူး။ ဒါကို ငါလည်း သိတယ်။ မင်းတို့ ဗြိတိသျှတွေလည်း သိတယ်။ ဘာဖြစ်လို့လဲဆိုတော့.. မင်းတို့က အဲဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ရှိနေလို့ပဲ..”။
(၁၉၄၇ စက်တင်ဘာလအတွင်း သခင်သန်းထွန်း (ဗိုလ်ချုပ် မယားညီအကို) က ရန်ကုန် ဆူးလေးဘုရားလမ်းရှိ အရှေ့ အာရှ တလွှား အလျားအရှည်ဆုံး အရက်ဘား ဟု အဲ့ခေတ်တုန်းက နာမည်ကြီးတဲ့ အရာရှိများကလပ်မှာ ဗြိတိသျှ လူငယ် စစ်ဗိုလ် အန်တိုနီ စတိုနာ ကို ချဲတဲ့ စကား..)
ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုမှာ ဗြိတိသျှရဲ့ နောက်ကွယ်က ပါဝင်ပတ်သက်၊ ကြိုးကိုင်မှု ရှိ/မရှိ သုံးသပ်ချက်တွေကို ဗြိတိသျှ နိုင်ငံခြားရေးဋ္ဌာနက ဆက်စပ်တဲ့ လျှို့ဝှက်မှတ်တမ်းတွေ ထုတ်ခွင့်ရတဲ့ အချိန်ကာလရောက်မှ မှတ်တမ်းရုပ်ရှင်အဖြစ် ပေါ်ထွက်လာခဲ့တဲ့ ဘီဘီစီရဲ့ ရုပ်မြင်သံကြား အစီအစဉ် “အောင်ဆန်းကို တကယ် ဘယ်သူသတ်သလဲ.. (Who Really Killed Aung San?, BBC Documentary Programme, 1997)” အပါအဝင် ဦးခင်အောင်ရဲ့ “အောင်ဆန်းကို ဘယ်သူ သလဲ” (Who Killed Aung San?, 1993) စာအုပ်လိုနဲ့ အခြား သမိုင်းစာအုပ်တွေမှတဆင့် သိခွင့်ရလို့ လူအများ စဉ်းစား ဆင်ခြင် နိုင်ကြတယ်လို့ ယူဆရတယ်။

ဗမာတွေ သိကြပါစေ /(ရွှေမြောက်ဦး) Posted by တိုင်းရင်းသားအသံ Tine Yin Thar Voice



ဗမာအပါအ၀င် ကျန်တဲ့ ကချင်၊ကရင်၊ရခိုင်၊ရှမ်း၊မွန်၊ချင်း၊ကယား ဒီလူမျိုးတွေက ဘာကြောင့် အင်္ဂလိပ်လက်အောက် ဂျပန်လက်အောက်ကို ရောက်နေစဉ်တုန်းက ဘာကြောင့် လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသလဲ။အဖြေက ရှင်းပါတယ်။သူတို့တွေရဲ့ ကံကြမ္မာကို သူတို့လူမျိုးတွေကိုယ်တိုင် သူတို့ဘိုးဘွားတွေပိုင်တဲ့ နယ်မြေဒေသတွေကို စီမံကွပ်ကဲ အုပ်ချုပ်ချင်လို့ပဲ။သူများစီမံ အုပ်ချုပ်တာကို မလိုချင်လို့ မခံနိုင်လို့ အင်မတန်အင်အားကြီးတဲ့ နယ်ချဲ့ကျူးကျော်သူတွေကိုတောင် သူတို့ပိုင်တဲ့ မြေပေါ်မှ ခိုင်မာသောစိတ်ဓာတ်၊သူ့ကျွန်မခံနိုင်သော မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် တော်လှန်မောင်းထုတ်ခဲ့ကြတာပဲ မဟုတ်လား။အဲလို ကိုယ့်ယုံကြည်ချက်တွေနဲ့ ခိုင်မာသောယုံကြည်ချက် ကတိက၀ပ်တွေနဲ့ နားလည်မှုအပြည့်နဲ့ အတူတကွ လက်တွဲပြီး ကျူးကျော်လာသူ နယ်ချဲ့တွေကို မောင်းထုတ်ခဲ့လို့ လွှတ်လပ်ရေးဆိုတဲ့ စကားလုးံကို ပိုင်ဆိုင်လာခဲ့ကြတယ်။ရှေးအတိတ်သမိုင်းက ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ နားလည်မှုယုံကြည်မှုတွေဆောက်တည်ပြီး အတိတ်အာဃာတတွေကို ဘေးချိတ်ပြီးတော့ လွှတ်လပ်ရေးဆိုတာကြီးကို အရယူခဲ့ကြတယ်။အင်း..အဲဒီလွှတ်လပ်ရေးဆိုတဲ့ ရလာကတည်းက တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ကြတာ အခုချိန်ထိ ဗမာလူမျိုးမှ တစ်ပါး တစ်ခြားမရှိခဲ့ပါ။အဲလို အုပ်ချုပ်လာတဲ့တစ်လျှောက်မှာလည်း သူတို့နဲ့အတူတကွ လက်တွဲပြီး နယ်ချဲ့တွေကို တော်လှန်မောင်းထုတ်ခဲ့တဲ့ ဗမာမဟုတ်သော လူမျိုးတွေကို မတရားနှိပ်စက်၊တိုက်ခိုက်၊ရွာတွေကို မီးရှို့ဖျက်စီး၊သမီးပျိုများသာမဟုတ် အိမ်ထောင်ရှိအမျိုးသမီးများပါမကျန် ခြေတော်တင် မုဒိန်းကျင့်၊Genocide (လူမျိုးပြုန်းသတ်ဖြတ်မှု)များ ပြုလုပ်၊မတရား အခွန်တွေကောက်၊၄င်းဒေသတွေမှ ထွက်တဲ့ သစ်သီးဝလံမှ အစ သံယံဇာတ အဆုးံ မတရားသိမ်း အဲလိုမျိုးတွေ လုပ်လာခဲ့တာနှုစ်ပေါင်း ၆၉ နှစ်ကျော် ကြာလှပြီပေါ့။ဗမာမဟုတ်တဲ့ လူမျိုးတွေက ဗမာကို ခါးသီးမုန်းတီးစိတ်ဖြစ်ပေါ်နေတာဟာ ဗမာတွေရဲ့ လူမဆန်တဲ့လုပ်ရပ်နဲ့ ကတိမတည် သစ္စာဖောက်မှုတွေကြောင့်ပဲ ဆိုတာ အထင်အရှားပါ။ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးလို့ တီဗွီ သတင်းစာတွေမှာ ဘယ်လောက်ပဲ ပြပြ ဗွီဒီယိုကားတွေ ဘယ်လောက်ပဲ ရိုက်ပြ ရိုက်ပြ ရာထူးရာခံ အဆင့်အတန်းတွေကို ကြည့်လိုက်တာနဲ့ သိသာလွန်းနေပါတယ်။ဌါနဆိုင်ရာတစ်ခု၏ အကြီးအကဲ တစ်ယောက်ကို ဗမာမဟုတ်သော လူမျိုး

Friday, October 5, 2012

“ထိပ်တုံးခြေဆင် ခရီးမတွင်သည့်နှယ်” by Soe Min on Friday, October 5, 2012 at 3:33am ·



          ၁၉၄၉ တုန်းက ရှန်ဟိုင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် တော်တော်များများဟာ ကွန်မြူနစ်တွေ လက်ကလွတ်ဖို့ ဟောင်ကောင်ကျွန်းကို ထွက်ပြေးခဲ့ကြရပါတယ်။ ယင်းမာတို့ဖေဖေလည်း အိမ်ကနေ မကြာခဏ ပျောက်ပျောက်သွားတတ်တာဟာ ဘယ်နေရာမှာ အခြေချပြီး ဘ၀သစ်စရကောင်းမလဲ လိုက်စနည်းနာဖို့အတွက်ပါတဲ့။ ကလေးတွေမို့ သူတို့မောင်နှမတွေက သဘောမပေါက်ခဲ့ပေမယ့် နောင်တော့ သူတို့လည်း ငါးသန်းခွဲသော ပြည်ကြီးပေါက်ဖော်များလိုပဲ ထွက်တော်မူနန်းကခွာကြရပါတယ်။ ၁၄ နှစ်အရွယ်မှာ နိုင်ငံတကာ စာရေးပြိုင်ပွဲမှာ ပထမစွဲတဲ့ ယင်းမာကို ဖေဖေက လန်ဒန်ပို့ပြီး အထက်တန်းပညာသင်စေရာက နောက် ၃ နှစ်အကြာမှာ ဆေးကျောင်းတက်ဖို့ စောင့်နေရတဲ့အထဲ ပါလာပါလေရော။ စာရင်းကိုင်လက်မှတ်ကလေးလည်း ရထားတော့ ကျောင်းပိတ်ရက် အချိန်အားရတိုင်း သတင်းစာထဲပါသမျှ အချိန်ပိုင်းအလုပ်တွေကို ၀င်ဝင်လုပ်ဖို့ ကြိုးစားတဲ့အခါမှာ လူတွေရဲ့စိတ်ကို တော်တော် သဘောပေါက်လာပါတယ်။ တယ်လီဖုန်းနဲ့ အင်တာဗျူးလုပ်တုန်းကတော့ ကောင်းပြီ ကောင်းရဲ့ နဲ့ ရွှန်းရွှန်းကိုဝေနေသလောက် လူချင်းတွေ့လို့ တရုတ်မဆံယဉ်ကလေး မျက်ဝန်းရှည်ရှည်ကလေးတွေ မြင်လိုက်တာနဲ့ တီ ဆားနဲ့တို့လိုက်သလိုပဲ။ နောက်တော့ ဆေးကျောင်းတက်နေရင်းနဲ့ ကြာလေကြာလေ ပိုသဘောပေါက်လေဖြစ်လာတာက ငါတော့ ကျောင်းပြီးလို့ သည်မှာပဲ ဆက်အလုပ်လုပ်မယ်ဆိုရင်ဖြင့် ဘယ်သောအခါမှ သူတို့လူမျိုးများနဲ့ တန်းတူအခွင့်အရေးတွေ ရနိုင်မှာ မဟုတ်ဘူး ဆိုတာပါ။ ပညာရဲရင့် ပွဲလယ်တင့်ဖို့အတွက် တစ်ရွာမပြောင်း သူကောင်းမဖြစ်ကို အရင် နားလည်ထားရမှာပေါ့လေ။ ကလေးသာသာကတည်းက သူများနိုင်ငံလှည့်နေလာတာဆိုတော့ မျက်နှာရိပ်မျက်နှာကဲကြည့်ရုံနဲ့ ကိုယ့်ကို ဘယ်လိုအတန်းအစားမှာ သဘောထားဆက်ဆံသလဲ ခံစားလို့ရလာတာဟာ ဘ၀ပေးအသိလို့ပဲ ပြောရမလား။