Pages

Showing posts with label သတင်း/ဗွီဒီယို. Show all posts
Showing posts with label သတင်း/ဗွီဒီယို. Show all posts

Monday, January 20, 2014

Myanmar CNN: မိုးသီးဇွန် ရွေးကောက်ပွဲဝင်ပြိုင်ရန် စီစဉ်နေဟုဆို

Myanmar CNN: မိုးသီးဇွန် ရွေးကောက်ပွဲဝင်ပြိုင်ရန် စီစဉ်နေဟုဆို: ရန်ကုန်၊ ဇန်နဝါရီ ၂၀။ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူ မိုးသီးဇွန်က လာမည့် ရွှေးကောက်ပွဲတွင် တစ်သီးပုဂ...

Saturday, January 18, 2014

Zomi Party Seeks to Group Ten Groups of Their Tribes under Chin Ethnic


၂၀၀၄ခုနှစ်ထောင်မှလွှတ်မြောက်ပြီး၊ဒီနေ့ မှ၊ဒီနေရာမှာပြန်တွေ့ ရတဲ့ ၊ပူးကင်ကမ်လျန်၊မော်လမြိုင်ထောင်မှာနေတုံးကပေါ့ ၊
တိုင်းရင်းသားခေါင်းဆောင်တဦးပါ၊ကျနော်သူကိုလေးစားမိတယ်၊လေးစားရတဲ့ အချက်တွေအများကြီးထဲက၊အလေးစားရဆုံး
တချက်က၊ထောင်ထဲမှာသူရှိတာအကုန်လုံး၊ဆင်းရဲတဲ့ သူတွေကို၊ပေးကမ်းလှူဒါန်းတဲ့ စိတ်ထားကိုပါ၊အကျီာင်္၊လုံချည်၊အစားအစာ စသည့် ဖြင့် ၊သူလိုပဲလေးစားမိတဲ့ အခြားသူတွေသူလည်းရှိပါတယ်၊ကြာအင်းဆိပ်ကြီးNLDအမတ်၊ဦးကြင်သိမ်း၊နိုင်ငွေသိန်း
၊နိုင်ထွန်းသိန်း၊နိုင်ဗလ၊မင်းသက်မွန်၊နိုင်ဗညား၊တကယ်ပါ၊သူတို့ တွေထောင်ဝင်စာထုပ်ကို၊ငတ်ပြတ်၊ဝဲဆွဲနေတဲ့ အကျဉ်းသားတွေ
ကိုအကုန်ပေးကမ်း။ဝေမျှပေးကြတယ်၊သူတို့ ကျ၊အသက်ကလည်းကြီး၊ကျန်းမာရေးကလည်းသိပ်ကောင်းလှတာမဟုတ်၊ထမင်းစား
တန်းစီတော့ ပုံစံထမင်း၊ပုံစံဟင်းနဲ့ စား၊ဒီလိုလည်းမဟုတ်သေးပါဘူး၊လို့ သူတို့ ကိုပြောတော့ လည်းပြုံးလို့ ၊ပျော်လို့ ပဲ၊ကိုယ်တောင်
အသက်ကငယ်ငယ်နဲ့ ကိုယ်ထောင်ဝင်စာထုတ်ကို၊အခြားသူကိုမျှဝေမပေးခဲ့ ၊ငတ်ပြတ်တဲ့ ဒဏ်ကိုမခံနိုင်ခဲ့ တာအမှန်ပါ၊

Wednesday, November 6, 2013

ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်းသည် မြွေဟောက်တစ်ကောင် သင့်ကိုပေါက်သည့်အဆိပ်ထက် ဆိုး

Aung Htun posted a photo to Aung Myint Htun's timeline.
သတိ!!!ဖတ်ဖြစ်အောင်ဖတ်ပါ ********************** ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်းသည် မြွေဟောက်တစ်ကောင် သင့်ကိုပေါက်သည့်အဆိပ်ထက် ဆိုးသည့် အဆိပ်သင့်မှုမျိုးရှိခြင်းကို သင်သိပါသလား။ အသက် ၂၈နှစ်အရွယ် တရုတ် Tourist တစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ဘန်ကောက်သို့ သွားလည်မိချိန်မှာ သူကဒူးရင်းသီးကလည်းကြိုက်တော့ အများကြီးစားမိပြီးတဲ့အချိန်မှာ Coca-Cola သောက် လိုက်သည့်အခါ သွေးစောင့်တက်ပြီး နှလုံးရပ်ပြီးသေသွားပါတယ်တဲ့။ ဘန်ကောက်မှာတောင် ကြေငြာထားပါတယ်တဲ့ ဒူးရင်းသီး အတော်များများ စားပြီးရင် ၈ နာရီအတွင်း Coca-Cola နှင့် ဘီယာမသောက်ရဘူးဆိုတာကိုပါပဲ။ ကဲ သိပြီးသားသူတွေရော မသိသေးတဲ့ သူတွေရော ဖတ်ရူမှတ်သားထားကြပါနော်။ မနုဿ ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။ https://www.facebook.com/photo.php?fbid=737365549612748&set=a.728187337197236.1073741826.728172830532020&type=1&theater — with Tun Lin Thein.

Thursday, October 24, 2013

The Mysterious Case of Elisa Lam - The Vigilant Citizen - The Vigilant Citizen

ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲနေကြတဲ့ "KROKODIL"

Ko Htay Tint-Dhr shared Pe ter Pau's photo.
ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲနေကြတဲ့ "KROKODIL" ______________________________
___________ အောက်တိုဘာ ၁၅ ရက် ၂၀၁၃ ကမ္ဘာ့ကြောက်မက်ဖွယ် အကောင်းဆုံး မူးယစ်ဆေးပါ။ flesh-eating drug လို့တောင် တင်စား ခေါ်နေကြပြီး တားဆီးဖို့ အသည်းအသန် ကြိုးစား နေကြပါတယ်။ ဘိန်းဖြူဆိုတဲ့ မူးယစ်ဆေးဟာ အရင်လို လွယ်လွယ် ရောင်းဝယ်လို့ မရတာကြောင့် တခြားဆေးဝါး တွေကို အစားထိုး အသုံးချ လာပါတယ်။ အခု အခါလည်း US မှာတဖြည်းဖြည်း သုံးစွဲမှု ကြီးမားလာပြီး အန္တရာယ် အဆင့်ရှိတဲ့ ဆေးတစ်မျိုး အကြောင်းကို ဖော်ပြသွား မှာပါ။ အရင်က မူးယစ်ဆေး ဆိုတာ ဘိန်းဖြူ တစ်မျိုး တည်းလို့ သိကြတာပါ။ ဆေးပြား တွေလို ပုံစံမျိုး နဲ့ကော၊ အမှုန့်နဲ့ကော သုံးစွဲကြ သလို ဆေးလိပ်လို ဟာ မျိုး မှာလည်း ထည့်လိပ် ပြီးတော့ ရှုကြတာတွေ ရှိပါတယ်။ တချို့ကတော့ ဆေးထိုးအပ်နဲ့ ကိုယ်ထဲ ထိုးသွင်း ကြပါတယ်။ တရား ဥပဒေနဲ့ ငြိစွန်းပြီး နိုင်ငံတကာက အစွမ်းကုန် တိုက်ဖျက်လာ တာကြောင့် ပေါ်ပေါ်တင်တင် ထုတ်လုပ် ရောင်းဝယ်ဖို့ ခက်လာ ပါတယ်။ ဒီလိုနဲ့ ဘိန်းဖြူ လိုမျိုးလည်း ဇယားမရှုပ်၊ တရားဝင်လည်း ၀ယ်လို့ရတဲ့၊ အာနိသင်လည်း တူတူနီးပါး ရတဲ့ဟာမျိုး တွေကို အစားထိုး လာကြ ပါတယ်။ ဥပမာ ဆိုရရင် ကော်ရှုကြ တာမျိုးပါ။ နောက်တစ်မျိုး ကတော့ လူကို မူးစေတဲ့ အာနိသင် ရှိတဲ့ တရားဝင်ဆေး တွေပါ။ ဆေးဆိုင်လို ဟာမျိုး မှာတောင် ၀ယ်လို့ရလို့ အန္တရာယ် ကြီးပါတယ်။ အကျဉ်းချုပ် ရရင် လူတွေဟာ မူးယစ်ဆေးကို နည်းလမ်း အမျိုးမျိုးနဲ့ သုံးစွဲကြတယ် ဆိုတာပါပဲ။ ယခုအခါ မှာလည်း ကိုယ်ထဲကို ဆေးထိုးအပ်နဲ့ ထိုးသွင်းပြီး သုံးစွဲတဲ့ "Krokodil" ဆိုတဲ့ မူးယစ်ဆေး တစ်မျိုး ပေါ်လာ ပါတယ်။
 

Sunday, October 20, 2013

Thailand - 2 Schools in NU PO refugee camp - ESC & PAB Schools

အကာကွယ်မဲ့နေတဲ့ မြိုင်ကလေး အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံက အလုပ်သမားများ အခြေအနေ

Yamoun Nar · 2,762 followers
16 hours ago ·


“လူတယောင်လုံး သေနေတာတောင်မှပဲ လူသေမှုအနေနဲ့ ဘယ်ရဲမှလာမစစ်ဆေးဘူး။ ကြက်ကလေး ငှက်ကလေး သေသွားသလိုပဲ ဘာမှမထူးဘူး”

ကျနော်တို့ စက်ရုံမှာ စက်ပြင်ကာလကို တလခွဲလောက် မနက် ၇း၀၀ နာရီမှ ည ၁၀း၀၀ အထိ နားရက်မရှိ အလုပ်ဆင်းရပြီနောက် ၁၀.၁၀.၂၀၁၃ မှာ စက်ရုံစတင်လည်ပတ်ခဲ့ပါတယ်။ ဒါပေမယ့် SP မှာ စက်ရပ်ထားတာ ကြာတာကြောင့် အေးခဲနေတဲ့ အစာ (ကျောက်မှုန့် မြေမှုန့်) တွေက ပိုက်လုံးကြီးမှာ ပိတ်နေပါတယ်။ မြင်အောင်ပြော ရရင် ကြီးမားတဲ့ပိုက်လုံးရဲ့အောက်ခြေမှာ အေးနေတဲ့အစာဟောင်းတွေက ပိတ်နေတယ်။ အစာဟောင်းတွေရဲ့ အထက်မှာ စက်ရုံလည်ပတ်ထားတဲ့အတွက် အပူချိန် ပျမ်းမျှ ၈၀၀ မှ ၁၀၀၀ ကြားရှိတဲ့ အစာတွေရှိပါတယ်။

ထိုပြဿနာကို ဖြေရှင်းဖို့အတွက် အထက်အရာရှိတွေက စက်ကိုမရပ်ချင်ပါဘူး။ အန္တရာယ်ကင်းအောင် စက်ကိုရပ်ပြီး ပူနေတဲ့အစာတွေကို အေးအောင်စောင့်ပြီးမှ ပိတ်နေတဲ့ အစာတွေကို ရှင်းထုတ်သင့်ပေမယ့် စက်ကိုတပတ်ခန့် ရပ်လိုက်ရင် ဆုံးရှုံးမှုတွေအတွက် ရုံးချုပ်ကိုဖြေရှင်းချက်ပေးရမှာဖြစ်ပြီး စက်ရုံမှူးအနေနဲ့ နာမည်ပျက်နိုင်ပါတယ် စက်ရုံမှူးနေရာက စဉ်းစားရင် သူက စက်ရုံမှူးနေရာမှ ထုတ်ပယ်ခံရမှာ ကြောက်ပါတယ်။ ပြီးတော့ စက်ရုံမှူးနေရာက စက်ရုံလည်ပတ်နေရင် သူ့အတွက် တနေ့ကို ဘိလပ်မြေတန် ၃၀ ခွဲတန်းရရှိပါတယ်။ ဒါကြောင့် တာဝန်ရှိသူ ဗိုလ်မှူး၊ ဗိုလ်ကြီး အရာရှိအဆင့်ဆင့်ဟာ သူတို့တွေရဲ့ အတ္တတွေကိုအရင်းခံပြီး အန္တရာယ်အလွန်များတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။

အဲ့ဒါကတော့ စက်ကိုလည်လျှက် ပိုက်လုံးကြီးထဲမှာ အစာပိတ်နေတဲ့နေရာက အပေါက်လေးကိုဖွင့်ပြီး ပိတ်နေတဲ့ အစာတွေကို သံပိုက်နဲ့ ထိုးချရမှာ ဖြစ်ပါတယ်။ အထက်အမိန့်အရ ၀န်ထမ်းတွေဟာ စတင်ပြီးသံပိုက်နဲ့ထိုးရပါတယ်။ တခါထိုးရင် နှစ်ယောက်သာ ထိုးလို့ရပါတယ်။ ထိုးချတဲ့သူနှစ်ယောက် မောပြီဆိုရင် နောက်ထပ်နှစ်ယောက်က ၀င်လုပ်ရပါတယ်။ အလှည်ကျပေါ့ဗျာ။ ဒီလိုနဲ့ ၂၀၁၃ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာ ပိတ်နေတဲ့ နေရာအနည်းငယ် ပွင့်သွားပြီး၊ ပန်းထွက်လာတဲ့ အလွန်တရာပူလွန်းလှတဲ့ အစာ (ကျောက်မှုန့် မြေမှုန့်) ကြောင့် ကလေးလုပ်သားဖြစ်တဲ့ ပြင်ပအလုပ်သမား ၁၄ နှစ်သားလေးဟာ ၀တ်ထားတဲ့ဘောင်းဘီပါ ပြတ်ထွက်သွားပြီး အပူလောင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အနားမှာရှိတဲ့ ၀န်ထမ်းတွေပါ အပူလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အနည်းငယ်သာပွင့်သွားတဲ့အတွက် ပိုက်လုံးကြီးဟာ အစာတွေနဲ့ပြန်ပိတ်သွားခဲပါတယ်။ ဒါက ပထမအကြိမ်မှာပါ အန္တရာယ်အလွန်ရှိမှန်း သိခဲရပြီးပါပြီ။

သစ္စာမြေ: ထောင်ထဲမှာတယောက်သေပြန်ပြီ

သစ္စာမြေ: ထောင်ထဲမှာတယောက်သေပြန်ပြီ: နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ သတင်းထုတ်ပြန်ချက် ¬နေ့စွဲ။ ။၁၀.၁၀.၂၀၁၃ သရက်အကျဉ်းထောင်တွင် အကျဉ်းကျနေသောကချင်လွတ်မြောက်ရေးတပ်မတော်...

သစ္စာမြေ: အမေရိကန် အစိုးရလုပ်ငန်းတွေ အပြည့်အဝ လည်ပတ်ပြီ

သစ္စာမြေ: အမေရိကန် အစိုးရလုပ်ငန်းတွေ အပြည့်အဝ လည်ပတ်ပြီ:   ဗွီအိုအေ (မြန်မာပိုင်း) 17.10.2013 အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်...