Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts
Wednesday, December 19, 2012
ဗွီဒီယို ဂိမ်းက သင့်ကလေးကို ဖျက်ဆီးနေသည်။
ဗွီဒီယို ဂိမ်းက သင့်ကလေးကို ဖျက်ဆီးနေသည်။
သင့်ကြောင့် သင့်ကလေး ဗွီဒီယို ဂိန်းမစွဲပါစေနှင့်။
ဗွီဒီယိုဂိန်းများကြောင့် သင့်ကလေး ဖြစ်လာနိင်သည့်ဆိုးကျိုး အလားအလာများကို လူမှုရေးသုတေသီများက
သတိပေးလာနေပြီဖြစ်ပါတယ်။
၁။ အဒမ်လန်ဆာ လို လူသတ်သမား လေးဖြစ်လာနိင်တယ်။
ဗွီဒီယိုဂိမ်းများကြောင့်ကလေးတွေ ဒေါသပေါက်ကွဲတတ်လာတယ်။
၂။ ကျောင်းမှာစာညံလာတယ်။ ဗွီဒီယိုဂိမ်းများမှာတော်တဲကလေ
များ ကျောင်းစာ တွင်အလွန်ညံလာကြသူများဖြစ်လာတယ်
၃။ တချိန်လုံး ဗွီဒီယိုဂိမ်းကစားနေတဲ့အတွက်ကျမ္မာရေးထိခိုက်လာတယ်။
ကလေးခြင်းပေါင်းသင်းဆက်ဆံရေးမှာ လူဝင်မဆန့် တဲ့အတွက်
အရှုံးသမားလို ခံစားလာတတ်တယ်။
၎။ အိမ်မှုကိစ္စများကို တာဝန်မယူတတ်သူ ( Social Responsible) ဖြစ်လာတယ်။ တကိုယ်ကောင်းဆန်လာတယ်။
အမေရိကန်ရောက်မြန်မာမိသားစုကလေးအတောများများ
ဗွီဒီယိုဂိမ်းများကိုစွဲနေကြတာကိုတွေ့ ရပါတယ်။
မိဘများအနေနဲ့  ဂိမ်းအမျိုးစားများကို ရွေးခြယ်ကန့် သတ်ပါ။
တနေ့ ကို တနာရီထက်ပို မကစားသင့်ကြောင့် သုတေသီများ
သတိပေးလာနေကြပါတယ်။
ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းလွယ်ကူသော ဖြေရှင်းနည်းများ Written by အာယု
Aung Oo shared Aye Chan Mon's photo.
ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းလွယ်ကူသော ဖြေရှင်းနည်းများ
Written by  အာယု
ကိုယ်ဝန်ဆောင် ကာလမှာ ပျို့အန်ခြင်း
- ချင်းဖျော်ရည်သောက်ပါ
ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့ စိမ်ပြီး ပျို့အန် ချင်တိုင်း သောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံး ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။
- စမုန်စပါးစေ့ကို ဝါးစားပါ
စမုန်စပါးစေ့ ဟာလည်း ပျို့အန်တာကို သက်သာစေနိုင် ပါတယ်။ စမုန်စပါးစေ့ကို ရေနွေးနဲ့ ဖျော်သောက်စရာ မလိုပါဘူး။ ပလတ်စတစ် အိတ်ထဲထည့်ပြီး သွားလေရာတစ်ပါတည်း ယူသွားကာ မကြာခဏ ဝါးစားပေးပါ။ စမုန် စပါးစေ့ဟာ ကလေးနို့တိုက် မိခင်တွေ အတွက် လည်း နို့ထွက်အား ကောင်းစေပါတယ်။
- နှိပ်နယ်နည်း
သင့်ညာ လက်ညှိုးနဲ့ လက်ခလယ်ကို ညှပ်ရိုးနှစ်ခုကြားမှာ ထားပြီး ညာဘက်ညှပ်ရိုး ထိပ်အလုံးကို အသာအယာ ဖိအားပေးပါ။ တစ်မိနစ်ခန့် ဖိအားပေးပါ။ ပျို့အန်ချင်တိုင်း ဖိနှိပ် ပေးနိုင်ပါတယ်။
- နံနက်တိုင်း အချဉ်ရည်သောက်ပါ
မနက်တိုင်း အိပ်ရာထကာစမှာ ရေတစ်ခွက်ကို ရှာလကာရည် တစ်ဇွန်းနဲ့ ရောစပ်ပြီး သောက်ပေးပါ။ ပျို့အန်တာ အမြန် သက်သာသွား နိုင်ပါတယ်။
အေးချမ်းမွန်မှ  မြ၀တီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : မြ၀တီသတင်း
ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းလွယ်ကူသော ဖြေရှင်းနည်းများ
Written by အာယု
ကိုယ်ဝန်ဆောင် ကာလမှာ ပျို့အန်ခြင်း
- ချင်းဖျော်ရည်သောက်ပါ
ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့ စိမ်ပြီး ပျို့အန် ချင်တိုင်း သောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံး ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။
- စမုန်စပါးစေ့ကို ဝါးစားပါ
စမုန်စပါးစေ့ ဟာလည်း ပျို့အန်တာကို သက်သာစေနိုင် ပါတယ်။ စမုန်စပါးစေ့ကို ရေနွေးနဲ့ ဖျော်သောက်စရာ မလိုပါဘူး။ ပလတ်စတစ် အိတ်ထဲထည့်ပြီး သွားလေရာတစ်ပါတည်း ယူသွားကာ မကြာခဏ ဝါးစားပေးပါ။ စမုန် စပါးစေ့ဟာ ကလေးနို့တိုက် မိခင်တွေ အတွက် လည်း နို့ထွက်အား ကောင်းစေပါတယ်။
- နှိပ်နယ်နည်း
သင့်ညာ လက်ညှိုးနဲ့ လက်ခလယ်ကို ညှပ်ရိုးနှစ်ခုကြားမှာ ထားပြီး ညာဘက်ညှပ်ရိုး ထိပ်အလုံးကို အသာအယာ ဖိအားပေးပါ။ တစ်မိနစ်ခန့် ဖိအားပေးပါ။ ပျို့အန်ချင်တိုင်း ဖိနှိပ် ပေးနိုင်ပါတယ်။
- နံနက်တိုင်း အချဉ်ရည်သောက်ပါ
မနက်တိုင်း အိပ်ရာထကာစမှာ ရေတစ်ခွက်ကို ရှာလကာရည် တစ်ဇွန်းနဲ့ ရောစပ်ပြီး သောက်ပေးပါ။ ပျို့အန်တာ အမြန် သက်သာသွား နိုင်ပါတယ်။
အေးချမ်းမွန်မှ မြ၀တီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : မြ၀တီသတင်း
ဒူးနာ သက်သာအောင် နာနတ်သီး စားပါ Written by အာယု
Aung Oo shared Aye Chan Mon's photo.
ဒူးနာ သက်သာအောင် နာနတ်သီး စားပါ
Written by  အာယု
နာနတ်သီးမှာ ဗီတာမင်စီ မြင့်မားစွာ ပါဝင်တဲ့ အပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင် ဓာတ်တွေ အများအပြား ပါရှိပြီး အဆီနဲ့ ကိုလက်စထရော အနည်းငယ်သာ ပါရှိပါတယ်။
ဒါ့အပြင် ဘရိုမီလိန်း လို့ခေါ်တဲ့ အင်ဇိုင်း ပါဝင်ပြီး အဲဒီအင်ဇိုင်းဟာ အစာခြေ မှုကောင်းစေပြီး ခန္ဓာကိုယ်မှ နာကျင်တာနဲ့ ရောင်ရမ်းတာကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်း တွေကို ထုတ်လုပ်စေ ပါတယ်။ လေ့လာမှုတွေအရ ဘရိုမီလိန်း ဒြပ်ပေါင်းဟာ ဒူးခေါင်း အရိုး အဆစ် ရောင်နာနဲ့ နာကျင်မှု ဝေဒနာပျောက် ကင်းဖို့အတွက် ထိထိ ရောက်ရောက် အကျိုး ရှိတယ်လို့ သိရပြီး စတီးရွိုက် မပါဝင်တဲ့ ရောင်ရမ်းမှု ပျောက်ဆေးလိုမျိုး အသုံးပြု နိုင်တယ်လို့ သိရပါတယ်။
အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
ဒူးနာ သက်သာအောင် နာနတ်သီး စားပါ
Written by အာယု
နာနတ်သီးမှာ ဗီတာမင်စီ မြင့်မားစွာ ပါဝင်တဲ့ အပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင် ဓာတ်တွေ အများအပြား ပါရှိပြီး အဆီနဲ့ ကိုလက်စထရော အနည်းငယ်သာ ပါရှိပါတယ်။
ဒါ့အပြင် ဘရိုမီလိန်း လို့ခေါ်တဲ့ အင်ဇိုင်း ပါဝင်ပြီး အဲဒီအင်ဇိုင်းဟာ အစာခြေ မှုကောင်းစေပြီး ခန္ဓာကိုယ်မှ နာကျင်တာနဲ့ ရောင်ရမ်းတာကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်း တွေကို ထုတ်လုပ်စေ ပါတယ်။ လေ့လာမှုတွေအရ ဘရိုမီလိန်း ဒြပ်ပေါင်းဟာ ဒူးခေါင်း အရိုး အဆစ် ရောင်နာနဲ့ နာကျင်မှု ဝေဒနာပျောက် ကင်းဖို့အတွက် ထိထိ ရောက်ရောက် အကျိုး ရှိတယ်လို့ သိရပြီး စတီးရွိုက် မပါဝင်တဲ့ ရောင်ရမ်းမှု ပျောက်ဆေးလိုမျိုး အသုံးပြု နိုင်တယ်လို့ သိရပါတယ်။
အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
‘ဆေးမတိုးသည့် ငှက်ဖျား’
Drug Resistant Malaria
မြန်မာ သတင်းများ  ဒီဇင်ဘာ ၁၉၊ ၂၀၁၂
‘ဆေးမတိုးသည့် ငှက်ဖျား’ သုတေသန မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေ 
အသက်ဆုံးရှုံးစေနိုင်သည် အထိ ပြင်းထန်ကာ ဆေးမတိုး
တော့သည့် ငှက်ဖျားရောဂါပျံ့ပွါးမှုနှင့် ပတ်သက်၍ဆန်းသစ် ထူးခြား သည့် သုတေသနကို အမေရိကန်နိုင်ငံ၊ မာရီလန်း တက္ကသိုလ် ဆေးသိပ္ပံမှ သုတေသီများက မြန်မာနိုင်ငံတွင် လုပ်ဆောင်နေကြကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စီစဉ်ဖွဲ့စည်းထားသည့်
နိုင်ငံတကာ သုတေသန အဖွဲ့ကြီးတခု၏ အစိတ်အပိုင်း တရပ်အဖြစ် ပါဝင်လုပ်ကိုင်နေကြသော သိပ္ပံပညာရှင်များ က မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်
ဆေးယဉ် ငှက်ဖျားရောဂါပိုး နောက်ဆုံး အမျိုးအစားသစ် ပျံ့ပွါးပုံကို ခြေရာခံ ဖော်ထုတ်ရေးအတွက် စမ်းသပ်ချက်များပြုလုပ်ရာတွင် အသုံးပြုနိုင်မည့် အလားအလာရှိသည့် ဗီဇအမှတ်အသား (genetic markers) များစွာကို ဖော်ထုတ်နိုင်ခဲ့ကြောင်း medicalxpress အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိသည်။
မာရီလန်း တက္ကသိုလ် ဆေးသိပ္ပံမှ သုတေသန ပညာရှင်များသည် အာတီမီဆီနင် (Artemisinin) ဆေးကို ခံနိုင်ရည်ရှိ သည့် ရောဂါပိုး ပျံ့ပွါးပုံကို ခြေရာခံ ဖော်ထုတ်ရေးနှင့် မြန်မာနိုင်ငံတွင် ငှက်ဖျား ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူပြုရေးအတွက် ဒေသတွင်း ပညာရှင်များအား မော်လီကျူလာနှင့် ဆေးဝါးသုတေသန ဓါတ်ခွဲခန်းများ တွင် နောက်ဆုံးပေါ် နည်းလမ်းများအား အသုံးပြုနိုင်စေရန် လေ့ကျင့်သင်ကြားပေးရန် အသစ်ရရှိသော ရန်ပုံငွေများကို အသုံးပြုသွားမည် ဖြစ်သည်။
နောက်ဆုံးပေါ် အာတီမီဆီနင် ဆေးကို ခံနိုင်ရည်ရှိသည့် ငှက်ဖျားပိုးကြောင့် ဖြစ်ပွါးသည့် ငှက်ဖျားရောဂါ အမျိုးအစား သည် ဆေးယဉ်ပါး ငှက်ဖျားရောဂါ အမျိုးအစားသစ် တခုဖြစ်ပြီး အာတီမီဆီနင် အုပ်စုဝင် ဆေးများဖြင့် ပြင်းထန်သော ငှက်ဖျားရောဂါကို ကုသရာတွင် တိုးတက်မှု နှေးကွေးနေသည်။
WHO ၏ ကိန်းဂဏန်းများအရ ၂ဝ၁ဝ ခုနှစ်တွင် တကမ္ဘာလုံး၌ ငှက်ဖျားဝေဒနာ ခံစားရသူပေါင်း ၂၁၆ သန်းခန့် ရှိခဲ့ပြီးဝေဒနာရှင် ၆၅၅,ဝဝဝ ခန့် သေဆုံးခဲ့ပြီး အများစုမှာ အာဖရိကမှ ကလေးငယ်များ ဖြစ်ကြသည်။ အာဖရိကတွင် ငှက်ဖျားရောဂါကြောင့် မိနစ်တိုင်း မိနစ်တိုင်းတွင် ကလေးတဦးစီ သေဆုံးလျက် ရှိနေသည်ဟု WHO က ဆိုသည်။
“မြန်မာနိုင်ငံရဲ့ လူဦးရေဟာ အရှေ့တောင်အာရှ ဒေသကြီးရဲ့ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းပဲ ရှိပေမယ့် မြန်မာနိုင်ငံရဲ့ ငှက်ဖျားဝေဒနာရှင် အရေအတွက်ဟာ အရှေ့တောင်အာရှဒေသ ငှက်ဖျားဝေဒနာရှင် အရေအတွက်ရဲ့ ၂ဝ ရာခိုင်နှုန်းလောက် ရှိနေပါတယ်” ဟု ကူးစက်ရောဂါ၊ ပြည်သူ့ကျန်းမာရေး၊ အဏုဇီဝဗေဒ နှင့် ကိုယ့်ခံအားစနစ်လေ့လာရေး ဆေးပညာ ပါမောက္ခ တဦးဖြစ်ပြီး Howard Hughes ဆေးသုတေသီ ဒေါက်တာ Christopher Plowe က ဆိုသည်။
မာရီလန်း တက္ကသိုလ် ဆေးသိပ္ပံ၏ ကာကွယ်ဆေး ဌာနမှ ခေါင်းဆောင်တဦးလည်း ဖြစ်သူ သုတေသန အကြီးအကဲဒေါက်တာ Plowe သည် ထိုသုတေသန အတွက် Johns Hopkins Bloomberg School of Public Health မှ ပညာရှင်များနှင့် တွဲဖက်၍ လုပ်ဆောင်မည် ဖြစ်သည်။
“အာတီမီဆီနင်ဟာ ငှက်ဖျားတိုက်ဖျက်ရေး ဆေးတွေထဲမှာ ထိရောက်တဲ့ နောက်ဆုံး ဆေးအုပ်စု ဖြစ်တဲ့အပြင် ငှက်ဖျားပိုးတွေ ဆေးယဉ်ပါးလာမှုကြောင့် ထိရောက်မှု မရှိတော့တဲ့ သူ့အရင်က ဆေးတွေရဲ့ နေရာမှာ အစားထိုး အသုံးပြုနေတဲ့ ဆေးအမျိုးအစား ဖြစ်ပါတယ်။ အခု ဒီ အာတီမီဆီနင် ဆေးကို ယဉ်ပါးလာတဲ့ ငှက်ဖျား အမျိုးအစားဟာ တခြားငှက်ဖျားတွေနဲ့ ယှဉ်ရင် နည်းသေးပေမယ့် အာတီမီဆီနင် ဆေးကို ယဉ်ပါးလာတဲ့အတွက်ကြောင့် အဲဒီ့ ငှက်ဖျားရောဂါ အမျိုးအစား စတင်တွေ့ရှိခဲ့ရတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ငှက်ဖျားကို တိုက်ဖျက်ကုသရာမှာ ကျရှုံးမှုတွေ ဖြစ်ပေါ် ခဲ့ပြီးပါပြီ။ ဒီဆေးရဲ့ ထိရောက်မှုတွေ ဆုံးရှုံးပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရမှာကို စိုးရိမ်နေကြပါတယ်” ဟု ဒေါက်တာ Plowe က ဆိုသည်။
ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား အနောက်ပိုင်း အပြင် ထိုင်းနိုင်ငံ မြောက်ပိုင်း မြန်မာနယ်စပ် အနီးတွင် လုပ်ကိုင်နေကြ သည့် သုတေသန ပညာရှင်များက အာတီမီဆီနင်ဆေး၏ ထိရောက်မှုနှင့် ပတ်သက်သည့် ကုသရေးဆိုင်ရာ စမ်းသပ်ချက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် နမူနာများကို ဒေါက်တာPlowe ၏ အသင်းသို့ပေးအပ်ခဲ့ကြသည်။
“ငှက်ဖျားရောဂါဟာ မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ တွေ့ရှိရတဲ့ အတွက် ဆေးယဉ်ပါးမှုကြောင့် ဆေးမတိုးတော့တဲ့ ငှက်ဖျားရောဂါနဲ့ ပတ်သက်ပြီး လေ့လာမှုတွေမှာ မြန်မာနိုင်ငံဟာ အထူးအရေးပါလှပါတယ်။ ဒါဟာ ထိုင်းနိုင်ငံနဲ့ ကွာခြားချက်ပါ။ ထိုင်းနိုင်ငံမှာဆိုရင် နိုင်ငံရဲ့ ဗဟိုအချက်အချာ ဒေသဟာ ငှက်ဖျားကင်းလွတ်တဲ့ ဒေသ ဖြစ်ပြီးတော့ ငှက်ဖျားပျံ့ပွါးမှု မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဒေသ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငှက်ဖျားဖြစ်ပွါးမှုနှုန်း မြင့်မားမှု ဟာ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေ အကြား ရောဂါပျံ့ပွါးအောင် လမ်းခင်းပေးသလို ဖြစ်နေပါတယ်” ဟု ဒေါက်တာ Plowe က ရှင်းပြသည်။
ထို ဆေးယဉ်ပါး ငှက်ဖျားပိုးများ အနေဖြင့် အခြားငှက်ဖျားပိုးများနှင့် မျိုးစပ်ကာ ပေါက်ဖွားကြသည်လား၊ သို့မဟုတ် ထိုမျိုးစုတူ အချင်းချင်း အတွင်းမှာပင် ဒေသတခုတည်း၌ ပြန်လည်မျိုးပွါးကြပြီး တခြားဒေသများသို့ မပျံ့ပွါးဘဲ နေကြ သည်လား ဆိုသည်ကို သိရှိရန် သုတေသီများ အနေဖြင့် လေ့လာကြမည်ဖြစ်သည်။
ထိုငှက်ဖျားပိုးမွှားများ၏ ဗီဇသဘောကို လေ့လာခြင်းအားဖြင့် သိပ္ပံပညာရှင်များသည် ဆေးဒဏ် ခံနိုင်သည့် ဗီဇများဒေသသစ်များသို့ မည်ကဲ့သို့ ပျံ့နှံ့သွားသည်ကို နားလည်လာမည် ဖြစ်ပြီး ထိုကဲ့သို့ ပျံ့နှံ့မှု ရပ်တန့်သွားရန် လုပ်ကောင်း လုပ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ ဆေးဒဏ် ခံနိုင်သည့် ရောဂါပိုး ဗီဇများ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ကြိုးစားခြင်းသည် အရေးကြီးလှသည်ဟု သူကဆိုသည်။အမေရိကန် အမျိုးသား ကျန်းမာရေး ဌာန NIH မှ ရရှိသည့် ဆု အသစ်များမှာလည်း ဒေါက်တာ Plowe ၏ သုတေသနအား ငွေကြေး အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။ ဓါတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား သိပ္ပံ (NIAID) မှ ၁ နှစ်လျှင် ဒေါ်လာ ငါးသောင်းနှုန်းဖြင့် ၂ နှစ် ရရှိမည်ဖြစ်သည်။ ထို့ပြင် NIH ၏ Fogarty International Center မှ လက်ရှိ ထောက်ပံ့ထားမှုအား နောက်တကြိမ် ဖြည့်စွက်ပေးငွေ အဖြစ် ဒေါ်လာ ငါးသောင်း
ထောက်ပံ့မည်ဖြစ်သည်။ ထိုထောက်ပံ့ကြေးများဖြင့် မြန်မာနိုင်ငံအတွင်း သုတေသနလုပ်ငန်းများ အရှိန်မြှင့်ပြီး သင်တန်းများလည်း ပိုမိုပေးသွားနိုင်မည်ဖြစ်သည်။
ထိုစီမံကိန်း အားလုံးတွင် ဒေါက်တာ Plowe သည် Johns Hopkins Bloomberg School of Public Health မှ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ ဆေးဝါးသုတေသန လက်ထောက် ပါမောက္ခဖြစ်သူ မြန်မာ အမျိုးသမီး ဒေါက်တာ မြိုင်မြိုင်ညွန့် [M.D., Ph.D.] နှင့် တွဲဘက်၍ အလုပ်လုပ်မည် ဖြစ်သည်။
ဒေါက်တာ Plowe ၏ ဇနီးလည်းဖြစ်သည့် ဒေါက်တာ မြိုင်မြိုင်ညွန့်မှာ Open Society Institute ၏ အစီအစဉ်ဖြင့်မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသူဖြစ်ပြီး မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနှင့် Johns Hopkins တက္ကသိုလ်တို့ အကြား သုတေသနနှင့် သင်ကြားရေး လုပ်ငန်းများတွင် တွဲဖက်ဆောင်ရွက်ရန် အလုပ်လုပ်နေခြင်း ဖြစ်သည်။
အကျဉ်းသားများ ပြစ်ဒဏ်ကျခံပြီးနောက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင်ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်မည်
အကျဉ်းသားများ ပြစ်ဒဏ်ကျခံပြီးနောက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင် ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။
ထို့ပြင် အကျဉ်းစခန်းမှ လွတ်မြောက်လာသည့် အကျဉ်းသားများ အနေဖြင့် ရဟန်းဝတ်လိုပါက ခုနစ်ရက်မှ ရာသက်ပန်အထိ သာသနာ့ဘောင်သို့ ၀င်ရောက်နိုင်ရန် လှူဒါန်းမည့် အလှူရှင်များလည်း အသင့်ရှိနေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ဆိုပါသည်။
“အကျဉ်းကျခံရတဲ့သူတွေထဲမှာ အများစုကခိုး၊ ဆိုး၊ နှိုက် အမှုတွေများတယ်။ သူတို့တွေ ကံငါးပါး လုံသွားရင် သူတို့အတွက် ကောင်းသလို နိုင်ငံအတွက်လည်း ကောင်းမယ်။ ဒီတော့ သူတို့ကို အကျဉ်းထောင်က လွတ်တာနဲ့မေးတယ်။ ကိုရင်အရွယ်ဆို ကိုရင်ဝတ်မလား။ ရဟန်းအရွယ်ဆို ရဟန်းဝတ်မလား မေးတယ်။ တကယ်လို့ ၀တ်ချင်တယ်ဆိုရင် သင်္ကန်းစည်းချင်တယ်ဆိုရင် ခုနစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ ကြိုက်သလောက် ၀တ်နိုင်ပါတယ်။ အကယ်၍ ရာသက်ပန် ၀တ်ချင်တယ်ဆိုရင် ရာသက်ပန် သင်္ကန်းစည်းပေးမယ့် အလှူရှင်တွေက အဆင်သင့်ရှိပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။
“တကယ်လို့ ရဟန်းဝတ်ပြီးနောက် တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည်ကြာ လို့ မနေချင်ရင် ထွက်ပြီး အလုပ်လုပ်ချင်လား။ ဒါကြောင့် အလုပ်လုပ်ချင်တယ်ဆိုရင် အလုပ်ပါပေးမယ်။ ကုမ္ပဏီတွေမှာ အလုပ်ရှာပေးမယ်။ ချိတ်ဆက်ထားတာတွေရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် အင်းစိန်အကျဉ်းထောင်အတွင်း ဘာသာပေါင်းစုံအတွက် ဘာသာရေး ပြုလုပ်နိုင်ရန် နေရာများ စီစဉ်ပေးထားကြောင်း၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ အစရှိသည့် ဘာသာပေါင်းစုံအတွက် ဘာသာရေး ဆောင်ရွက်နိုင်ရန် နေရာများ ထားရှိပေးထားကြောင်း သိရှိရသည်။
ပညာရေးကဏ္ဍ တစ်ခုလုံး လွှမ်းခြုံနိုင်မည့် အမျိုးသားပညာရေးဥပဒေ ပေါ်ထွက်လာရေးအတွက် ပညာရေးမူဝါဒ ရေးဆွဲရန် ပြင်ဆင်
ပညာရေးကဏ္ဍ တစ်ခုလုံး လွှမ်းခြုံနိုင်မည့် အမျိုးသားပညာရေးဥပဒေ ပေါ်ထွက်လာရေးအတွက် အမျိုးသား ပညာရေးမူဝါဒ ရေးဆွဲရန် ပြင်ဆင်လျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးရာ ကော်မတီမှ သိရသည်။
ထိုသို့ရေးဆွဲရန်အတွက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ၊ ပညာရေးဝန်ကြီးဌာနမှ ပညာရေး လေ့လာသည့်အဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပညာရေးရာ ကော်မတီတို့ တွေ့ဆုံဆွေးနွေးလျက် ရှိကြောင်းလည်း သိရသည်။
အမျိုးသား ပညာရေးမူဝါဒ ရေးဆွဲရာတွင် ပြည်သူလူထုနှင့် ပညာရေးနှင့် သက်ဆိုင်သူအားလုံး၏ အကြံဥာဏ်ကို ရယူသွားမည် ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရာ ကော်မတီမှ ဒေါက်တာသိန်းလွင်က ဆိုသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် လုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး ပထမ သုံးလပတ်၌ ဒေသဆိုင်ရာနှင့် ဆက်သွယ်သည့် လုပ်ငန်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဒုတိယ သုံးလပတ်တွင် ဒေသဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ကြောင်း၊ တတိယသုံးလတွင် ပညာရေးညီလာခံ ပြုလုပ်မည် ဖြစ်ကြောင်း ဒေါက်တာသိန်းလွင်က ပြောပါသည်။
“ပြည်သူလူထုဆီက အကြံဥာဏ် ရယူဖို့နဲ့ သုတေသနအဖွဲ့ ဖွဲ့ဖို့ ပြင်ဆင်နေပါပြီ။ ခြောက်လအကြာမှာ ပထမ မူကြမ်းတစ်စောင် ရေးမယ်။ ပြီးရင် နောက်တစ်ကြိမ် ပြည်သူလူထုကို ချပြမယ်။ ပြည်သူလူထုဆီက တုံ့ပြန်ချက်ကို အခြေခံပြီး ဒုတိယမူကြမ်း ရေးမယ်။ အဲဒီမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ တင်မယ်။ အခုကျွန်တော်တို့ မျှော်မှန်းတာတော့ ပညာရေး မူဝါဒရေးဆွဲဖို့ ပညာရေးနဲ့ သက်ဆိုင်သူအားလုံးရဲ့ အကြံဥာဏ် ပါဝင်စေချင်တယ်” ဟု ဒေါက်တာသိန်းလွင်က ဆိုသည်။
အမျိုးသား ပညာရေးမူဝါဒ ရေးဆွဲရာတွင် လက်ရှိတွင် ပါတီအနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သာ ပါဝင်ပြီးနောက်ပိုင်းတွင် ပါတီပေါင်းစုံမှ ပါဝင်လာမည်ဖြစ်ကြောင်းနှင့် ပညာရေးနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များလည်း ပါဝင်ရေးဆွဲမည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။
ပညာရေးအဆင့်အတန်း မြှင့်တင်ရန်အတွက် ပညာရေးကဏ္ဍ တစ်ခုလုံးကို လွှမ်းခြုံနိုင်မည့် အမျိုးသား ပညာရေး ဥပဒေ National Education Act တစ်ခုကို ရေးဆွဲရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ငါန်းဇွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဦးက နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့သည်။
အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ သီပေါမင်းနန်းတော်ကို အိန္ဒိယအစိုးရမှ ငွေကြေးစိုက်ထုတ်ကာ အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်မည်
ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် သီပေါမင်းတရားကြီး စိုးစံခဲ့သော အိန္ဒိယနိုင်ငံ မဟာရာဖတ်ပြည်နယ်၊ ရတနာဂီရိရှိ သီပေါစံအိမ်တော်ကို အိန္ဒိယအစိုးရမှ ငွေကြေးစိုက်ထုတ်ကာ အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်ရန် စီစဉ် နေကြောင်း အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူး Mr.A.K.Upad- hyay က ပြောကြားခဲ့သည်။
အဆိုပါ သီပေါမင်းတရားကြီး၏ စံနန်းတော်ကို အိန္ဒိယနိုင်ငံမှ ငွေကြေးစိုက်ထုတ်ကာ ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Mr.A.K.Upad- hyay က ဒီဇင်ဘာလ ၁၃ ရက်နေ့၌ မန္တလေးမြို့ ရွှေပြည်သာ ဟိုတယ်တွင် ပြုလုပ်သည့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
''ရတနာဂီရိမှာရှိတဲ့ မြန်မာပြည်က သီပေါဘုရင်ရဲ့ စံနန်းတော်ကို ကျွန်တော်တို့ အိန္ဒိယပါလီမန်ကနေ ငွေကြေးစိုက်ထုတ်ပြီးတော့ ခမ်းခမ်းနားနားနဲ့ အကြီးစားပြင်ဆင်မှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်မှုတွေ လုပ်လိုက်ခြင်း အားဖြင့် မြန်မာပြည်သူတွေအနေနဲ့ လေ့လာဖို့ရာ နေရာတစ်ခုဖြစ်သွားသလို ကျွန်တော်တို့နိုင်ငံအတွက်လည်း ဂုဏ်ယူစရာဖြစ်ပါတယ်။ကျွန်တော်တို့ နှစ်နိုင်ငံဟာဆိုရင် ကိုလိုနီရဲ့လက်အောက်မှာ အတူဖြတ်သန်းလာ ခဲ့ကြရတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ အဲဒီအချိန်တွေတုန်းက အနောက်နိုင်ငံတွေကို ကျွန်တော်တို့တစ်တွေ မျှော်ကြည့်ခဲ့ရပါတယ်။ အခုတော့ အရှေ့ဘက်က အာရှနိုင်ငံတွေကို မျှော်ကြည့်ရမယ့် အချိန်ကို ရောက်လာပါပြီ''ဟု အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူး Mr.A.K.Upad- hyay က ပြောကြားသည်။
ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် နန်းတက်ခဲ့ပြီး နန်းစံနှစ်မှာ ၇ နှစ်ဖြစ်သည်။ ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် (ခရစ်နှစ် ၁၈၈၅ ခုနှစ်၊နိုဝင်ဘာလ ၂၉ရက်) နေ့တွင် အင်္ဂလိပ်အစိုးရမှ အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သမိုင်းမှတ် တမ်းများအရ သိရပါသည်။
စစ်ကိုင်းငလျင်ဒဏ်ခံ စာသင်ကျောင်းများအတွက် ဂျက်လီ လှူဒါန်းမည်
ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် တရုတ်မင်းသား ဂျက်လီသည် နိုဝင်ဘာလက စစ်ကိုင်းတိုင်း ရွှေဘိုကို ဗဟိုပြု လှုပ်ခတ်သွားသည့် အင်အားပြင်း မြေငလျင်ဒဏ်ခံဒေသများရှိ စာသင်ကျောင်းများ  ပြန်လည် တည်ဆောက်ရေးအတွက် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျက်လီက ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူကာ တည်ထောင်ထားသည့် One Foundation က မြေငလျင်ကြောင့် ပျက်စီးသွားသော စာသင်ကျောင်း ၃ ကျောင်းကို ပြန်လည် ဆောက်လုပ်ပေးရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံအခြေစိုက် တရုတ်ဘာသာနှင့် ရေးသားသည့် MMGP မီဒီယာ၌ လွန်ခဲ့တဲ့ သီတင်းပတ်က ဖော်ပြထားသည်။
ဂျက်လီ၏ ဖောင်ဒေးရှင်း အင်တာနက် စာမျက်နှာတွင်  တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း မင်းသား ဂျက်လီက ဧရာဝတီသို့ တယ်လီဖုန်းမှတဆင့် “ဘယ်လို အကူအညီတွေကို ပံ့ပိုးကူညီသွားရမယ် ဆိုတာတော့ ကျတော်တို့ အတိအကျဖြစ်ဖို့ ဆွေးနွေးနေဆဲပါ။ အဲဒီက ကလေးတွေကို ထိထိရောက်ရောက် ကျနော်တို့ ကူညီနိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံတွင် အမျိုးသားရေးဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် အကြီးဆုံး ဖောင်ဒေးရှင်းကြီး တခုဖြစ်သည့် One Foundation ၏ Rescue Alliance အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၁ ရက်နေ့က အင်အား ၆.၈ ရစ်ခ်ျတာ စကေး မြေငလျင် လှုပ်ခတ်ခဲ့သော ထိခိုက်မှုများသော ဒေသသို့ ပထမဆုံး နိုင်ငံခြား ကယ်ဆယ်ရေး အသင်းအနေဖြင့် သွားရောက်ခဲ့သည်။
အဆိုပါ မြေငလျင်ကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ပြီး ဘုရား၊ စေတီ၊ ပုထိုးနှင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ လူနေ အိမ်များ၊ ဆေးရုံများ၊ တံတားများ ပြိုကျပျက်ဆီးသွားခဲ့ရပြီး လူပေါင်း ၇၀ ခန့် ထိခိုက်ဒဏ်ရာ ရခဲ့ကြသည်။ ထို့အပြင် ထောင်နှင့်ချီသော လူများလည်း အိုးအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့သည်။
ဂျက်လီ၏ ဖောင်ဒေးရှင်းအနေဖြင့် ကျောင်းသားဦးရေ အများဆုံးရှိပြီး ပျက်ဆီးမှု အများဆုံးဖြစ်သည့် စာသင်ကျောင်းများ ပြန်လည်ဆောက်လုပ် ကူညီပေးရေးကို အာရုံထား လုပ်ဆောင်သွားမည်ဟု MMGP တရုတ် သတင်း မီဒီယာတွင် ဖော်ပြထားသည်။
ဂျက်လီ ဖောင်ဒေးရှင်အနေဖြင့် အကူအညီပေးမှုများနှင့် ပတ်သက်၍ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အတွင်းရှိ မြေငလျင်ဒဏ် အထိအနာဆုံး ဒေသရှိ စာသင်ကျောင်းများအတွက် ဖြစ်နိုင်ခြေများပြီး အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုနှင့် ကျောက်မြောင်းမြို့နယ်များရှိ ကျောင်းများအတွက်လည်း ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်မင်းသား ဂျက်လီကို မြန်မာ ရုပ်ရှင်ပရိသတ်များကလည်း အားပေးကြပြီး “Lethal Weapon 4” (၁၉၉၈)၊ “The Forbidden Kingdom” (၂၀၀၈) နှင့် “The Expendables” (၂၀၁၀) စသည်တို့သည် လူသိများသည့် သူ၏ ဇာတ်ကားများ ဖြစ်ကြသည်။
ဂျက်လီသည် ကျောင်းများ ပြန်လည်ဆောက်လုပ် လှူဒါန်းမှုများ လုပ်ဆောင်ပြီးနောက် ကျင်းပမည့် ဂုဏ်ပြု အခမ်းအနားတခုကိုလည်း တက်ရောက်ဖွယ်ရှိကြောင်း MMGP သတင်း အဆိုအရ သိရသည်။
“စာသင်ကျောင်းတွေ ဆိုတာဟာ မြန်မာနိုင်ငံမှာ အကောင်းဆုံး အဆောက်အဦလည်းဖြစ်တယ်။ ဒါပေမယ့် ဒါတွေက တော်တော်ကို ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားခဲ့တယ်” ဟု အဆိုပါ ဖောင်ဒေးရှင်း ကယ်ဆယ်ရေး အဖွဲ့၏ တာဝန်ခံဖြစ်သူ Jiang Yili က တရားဝင် အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language
မြန်မာ သတင်းများ ဒီဇင်ဘာ ၁၉၊ ၂၀၁၂
‘ဆေးမတိုးသည့် ငှက်ဖျား’ သုတေသန မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေ
အသက်ဆုံးရှုံးစေနိုင်သည် အထိ ပြင်းထန်ကာ ဆေးမတိုး
တော့သည့် ငှက်ဖျားရောဂါပျံ့ပွါးမှုနှင့် ပတ်သက်၍ဆန်းသစ် ထူးခြား သည့် သုတေသနကို အမေရိကန်နိုင်ငံ၊ မာရီလန်း တက္ကသိုလ် ဆေးသိပ္ပံမှ သုတေသီများက မြန်မာနိုင်ငံတွင် လုပ်ဆောင်နေကြကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စီစဉ်ဖွဲ့စည်းထားသည့်
နိုင်ငံတကာ သုတေသန အဖွဲ့ကြီးတခု၏ အစိတ်အပိုင်း တရပ်အဖြစ် ပါဝင်လုပ်ကိုင်နေကြသော သိပ္ပံပညာရှင်များ က မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်
ဆေးယဉ် ငှက်ဖျားရောဂါပိုး နောက်ဆုံး အမျိုးအစားသစ် ပျံ့ပွါးပုံကို ခြေရာခံ ဖော်ထုတ်ရေးအတွက် စမ်းသပ်ချက်များပြုလုပ်ရာတွင် အသုံးပြုနိုင်မည့် အလားအလာရှိသည့် ဗီဇအမှတ်အသား (genetic markers) များစွာကို ဖော်ထုတ်နိုင်ခဲ့ကြောင်း medicalxpress အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိသည်။
ကျန်းမာရေးအတွက် လမ်းလျှောက်ရန် လိုအပ်ခြင်း
Ah Tar shared International news for myanmar's photo.
ကျန်းမာရေးအတွက် လမ်းလျှောက်ရန် လိုအပ်ခြင်း
လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ ရရှိတဲ့ အကျိုးကျေးဇူးကတော့ ပြောမကုန်အောင်များပြားပါတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ (အာရုံခံ အကြောများ) Sensory touches တွေဟာ ခြေဖဝါးမှာ စုစည်းလို့နေတယ်လို့ ဆိုပါတယ်။
ပုံမှာမြင်တွေ့ရတဲ့အတိုင်း ခြေဖဝါးရဲ့ မျက်နှာပြင်တစ်ခုလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ထိတွေ့မှုအာရုံများ ရှိနေပါတယ်။ ခြေဖဝါးနှိပ်နယ်ခြင်း (Foot message) လုပ်တာဟာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမှုတွေ ကို ပြေပျောက်စေတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။
အာရုံကြောတွေဟာ တစ်ခုခြင်းစီရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကို ဆက်သွယ် ထားပါတယ်။ ဒါကြောင့်မို့ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး အကျိုးပေးတယ်လို့ လေ့လာသိရှိနိုင် မှာ ဖြစ်ပါတယ်။ (ဥပမာ-လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်မှု အား ကောင်းစေခြင်း၊ နှလုံးအားကောင်းစေခြင်း၊ အဆုတ်အား စသည်ဖြင့်......)
ယင်းနှင့်ပက်သက်ပြီး အကျယ်တစ်ပွင့်ရှင်းလင်းချက်ကို Acupressure studies / textbooks တို့အပြင် အခြားအခြားသော ဆေးပညာစာအုပ်တွေ မှာ ပါ လေ့လာဖတ်ရှုနိုင်ပါ တယ်။
Ref: medic facts
ၶၶhttp://www.innewsmyanmar.com/2012/12/blog-post_8694.html
Wow- very interesting....Everyone should read :) ONIONS! I had never heard this!!! PLEASE READ TO THE END: IMPORTANT
Naing Aung and Thein Lwin shared Pamela Stone Bunker's photo.
Wow- very interesting....Everyone should read :)
ONIONS! I had never heard this!!!
PLEASE READ TO THE END: IMPORTANT
In 1919 when the flu killed 40 million people there was this Doctor that visited the many farmers to see if he could help them combat the flu...
Many of the farmers and their families had contracted it and many died.
The doctor came upon this one farmer and to his surprise, everyone was very healthy. When the doctor asked what the farmer was doing that was different the wife replied that she had placed an unpeeled onion in a dish in the rooms of the home, (probably only two rooms back then). The doctor couldn't believe it and asked if he could have one of the onions and place it under the microscope. She gave him one and when he did this, he did find the flu virus in the onion. It obviously absorbed the bacteria, therefore, keeping the family healthy.
Now, I heard this story from my hairdresser. She said that several years ago, many of her employees were coming down with the flu, and so were many of her customers. The next year she placed several bowls with onions around in her shop. To her surprise, none of her staff got sick. It must work. Try it and see what happens. We did it last year and we never got the flu.
Now there is a P. S. to this for I sent it to a friend in Oregon who regularly contributes material to me on health issues. She replied with this most interesting experience about onions:
Thanks for the reminder. I don't know about the farmer's story...but, I do know that I contacted pneumonia, and, needless to say, I was very ill... I came across an article that said to cut both ends off an onion put it into an empty jar, and place the jar next to the sick patient at night. It said the onion would be black in the morning from the germs...sure enough it happened just like that...the onion was a mess and I began to feel better.
Another thing I read in the article was that onions and garlic placed around the room saved many from the black plague years ago. They have powerful antibacterial, antiseptic properties.
This is the other note. Lots of times when we have stomach problems we don't know what to blame. Maybe it's the onions that are to blame. Onions absorb bacteria is the reason they are so good at preventing us from getting colds and flu and is the very reason we shouldn't eat an onion that has been sitting for a time after it has been cut open.
LEFT OVER ONIONS ARE POISONOUS
I had the wonderful privilege of touring Mullins Food Products, Makers of mayonnaise. Questions about food poisoning came up, and I wanted to share what I learned from a chemist.
Ed, who was our tour guide, is a food chemistry whiz. During the tour, someone asked if we really needed to worry about mayonnaise. People are always worried that mayonnaise will spoil. Ed's answer will surprise you. Ed said that all commercially-made mayo is completely safe.
"It doesn't even have to be refrigerated. No harm in refrigerating it, but it's not really necessary." He explained that the pH in mayonnaise is set at a point that bacteria could not survive in that environment. He then talked about the summer picnic, with the bowl of potato salad sitting on the table, and how everyone blames the mayonnaise when someone gets sick.
Ed says that, when food poisoning is reported, the first thing the officials look for is when the 'victim' last ate ONIONS and where those onions came from (in the potato salad?). Ed says it's not the mayonnaise (as long as it's not homemade mayo) that spoils in the outdoors. It's probably the ONIONS, and if not the onions, it's the POTATOES.
He explained onions are a huge magnet for bacteria, especially uncooked onions. You should never plan to keep a portion of a sliced onion.. He says it's not even safe if you put it in a zip-lock bag and put it in your refrigerator.
It's already contaminated enough just by being cut open and out for a bit, that it can be a danger to you (and doubly watch out for those onions you put in your hotdogs at the baseball park!). Ed says if you take the leftover onion and cook it like crazy you'll probably be okay, but if you slice that leftover onion and put on your sandwich, you're asking for trouble. Both the onions and the moist potato in a potato salad, will attract and grow bacteria faster than any commercial mayonnaise will even begin to break down.
Also, dogs should never eat onions. Their stomachs cannot metabolize onions.
Please remember it is dangerous to cut an onion and try to use it to cook the next day, it becomes highly poisonous for even a single night and creates toxic bacteria which may cause adverse stomach infections because of excess bile secretions and even food poisoning.
Please pass this on to all you love and care about.
— with Adonain Danny Rivera.
Wow- very interesting....Everyone should read :)
ONIONS! I had never heard this!!!
PLEASE READ TO THE END: IMPORTANT
In 1919 when the flu killed 40 million people there was this Doctor that visited the many farmers to see if he could help them combat the flu...
Many of the farmers and their families had contracted it and many died.
The doctor came upon this one farmer and to his surprise, everyone was very healthy. When the doctor asked what the farmer was doing that was different the wife replied that she had placed an unpeeled onion in a dish in the rooms of the home, (probably only two rooms back then). The doctor couldn't believe it and asked if he could have one of the onions and place it under the microscope. She gave him one and when he did this, he did find the flu virus in the onion. It obviously absorbed the bacteria, therefore, keeping the family healthy.
အကင်လည်းစားကြပါ ….ကင်ဆာကိုလည်း မြင်ကြပါ
အကင်လည်းစားကြပါ ….ကင်ဆာကိုလည်း မြင်ကြပါ 
အလွန်အကျွံအကင်စားသုံးသူများပြားလာလျှင် ကင်ဆာရောဂါဖြစ်ပွားနှုန်း များပြားလာနိုင်ပါသည် ။   
အကင် ကင်ရာ ကနေ ထွက်လာတဲ့ ဒီ နိုက် ထရိုစမင်း (Nitrosamine)ဓာတ်ဟာ  အစာအိမ် ကို  ကင်ဆာဖြစ်စေနိုင်ပါတယ်။
ဒီလိုအကြောင်းလေးနဲ့ ပတ်သတ်ပြီးတော့လည်း အသည်းဆရာဝန်ကြီး တဦးကပြောခဲ့သည့် စကားလေး မှာ  ''အကင်တွေ ဟာ ဘယ်လောက်အထိ သန့်သ လဲဆိုတာ ရောင်းချတဲ့သူအပေါ် မှာ မူတည်တယ်။  စားသင့်လား၊ မစားသင့်ဘူးလားဆိုတာဆရာဝန် တွေအနေနဲ့ကတော့ ကျန်းမာရေး ပညာပေးကိုသာ လုပ်နိုင်ပါတယ်။ လိုက်နာတာ၊ မလိုက်နာတာက တော့ ပြည်သူလူထု အပေါ်မှာပဲ မူတည်တယ်။ ဆရာတို့က ဘယ် လောက်ပဲ  ပညာတွေပေးပေး စားသုံးသူက အလွန်အကျွံစား နေမယ်ဆိုရင်တော့   ဆရာတို့ တိုင်းပြည်မှာ ကင်ဆာဖြစ်နှုန်း တ ဖြည်းဖြည်းတက်လာမှာပါ။ စား သုံးသူတွေရှိနေရင်  ရောင်းချသူ တွေလဲရှိနေဦးမှာပါ''ဟုပြောပြပါသည် ။
ယခုအခါတွင် စားသုံးသူများ လွန်စွာကြိုက်နှစ်သက်နေသော အကင်များတွင် အသားကို အဆီ ရွှဲနစ်အောင်သုတ်၍   ကင်သော အကင်များကို   စားသုံးပါက အသည်း အဆီဖုံးရောဂါဖြစ်ပွား နိုင်ပြီး 
အချို့သောအသားများကို ဆီနှင့်ကြော်၍  ရောင်းချသော ဆိုင်များသည်လည်း  ပြန်ကြော် ဆီကိုသာ  အသုံးပြုခြင်းကြောင့် ၎င်းဆီများမှ ဓာတ်တိုးနေပြီး ကင် ဆာရောဂါမျိုးစုံဖြစ်ပွားနိုင်ကြောင်း Mg Mandalay သတိပေးရေးသားတင်ပြပါသည် ။
အကင်လည်းစားကြပါ ….ကင်ဆာကိုလည်း မြင်ကြပါ
မန္တလေးမြို့ ရှိနေရာတော်တော်များတွင် အသားကင်ရောင်းချသူ ၊ အကင်ရောင်း ဆိုင်များတော်တော်များရှိနေကြပါသည် များပြားလာသော အကင်ဆိုင်များတွင်လည်း စားသုံးသူများက များပြားလာခြင်းကြောင့် ထို အကင်များကို
အလွန်အကျွံအကင်စားသုံးသူများပြားလာလျှင် ကင်ဆာရောဂါဖြစ်ပွားနှုန်း များပြားလာနိုင်ပါသည် ။
အကင် ကင်ရာ ကနေ ထွက်လာတဲ့ ဒီ နိုက် ထရိုစမင်း (Nitrosamine)ဓာတ်ဟာ အစာအိမ် ကို ကင်ဆာဖြစ်စေနိုင်ပါတယ်။
ဒီလိုအကြောင်းလေးနဲ့ ပတ်သတ်ပြီးတော့လည်း အသည်းဆရာဝန်ကြီး တဦးကပြောခဲ့သည့် စကားလေး မှာ ''အကင်တွေ ဟာ ဘယ်လောက်အထိ သန့်သ လဲဆိုတာ ရောင်းချတဲ့သူအပေါ် မှာ မူတည်တယ်။ စားသင့်လား၊ မစားသင့်ဘူးလားဆိုတာဆရာဝန် တွေအနေနဲ့ကတော့ ကျန်းမာရေး ပညာပေးကိုသာ လုပ်နိုင်ပါတယ်။ လိုက်နာတာ၊ မလိုက်နာတာက တော့ ပြည်သူလူထု အပေါ်မှာပဲ မူတည်တယ်။ ဆရာတို့က ဘယ် လောက်ပဲ ပညာတွေပေးပေး စားသုံးသူက အလွန်အကျွံစား နေမယ်ဆိုရင်တော့ ဆရာတို့ တိုင်းပြည်မှာ ကင်ဆာဖြစ်နှုန်း တ ဖြည်းဖြည်းတက်လာမှာပါ။ စား သုံးသူတွေရှိနေရင် ရောင်းချသူ တွေလဲရှိနေဦးမှာပါ''ဟုပြောပြပါသည် ။
ယခုအခါတွင် စားသုံးသူများ လွန်စွာကြိုက်နှစ်သက်နေသော အကင်များတွင် အသားကို အဆီ ရွှဲနစ်အောင်သုတ်၍ ကင်သော အကင်များကို စားသုံးပါက အသည်း အဆီဖုံးရောဂါဖြစ်ပွား နိုင်ပြီး
အချို့သောအသားများကို ဆီနှင့်ကြော်၍ ရောင်းချသော ဆိုင်များသည်လည်း ပြန်ကြော် ဆီကိုသာ အသုံးပြုခြင်းကြောင့် ၎င်းဆီများမှ ဓာတ်တိုးနေပြီး ကင် ဆာရောဂါမျိုးစုံဖြစ်ပွားနိုင်ကြောင်း Mg Mandalay သတိပေးရေးသားတင်ပြပါသည် ။
Monday, December 17, 2012
ကျောက်ကပ်ကို အဆိုးဆုံး ထိခိုက်နိုင်သည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
New MyanmarFoundation shared Royal Hero Media's photo.
ကျောက်ကပ်ကို အဆိုးဆုံး ထိခိုက်နိုင်သည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
ဆီးနှင့် ကျောက်ကပ် ရောဂါများတွင် အဖြစ်များပြီး ကာကွယ်ရုံ၊ စနစ်တကျ ကုသရုံဖြင့် ပျောက်ကင်းနိုင်သော ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် စနစ်တကျဆေး ကုသမှု မရှိသည့်အခါ ကျောက်ကပ် ပျက်စီးသည်အထိ ဖြစ်ပွားနိုင်သည်။ ထိုဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါတစ်ခု ဖြစ်ပြီး နေ့စဉ် သတိမပြုမူသည့် နေထိုင်မှု ပုံစံများကြောင့် ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ရောက်သွားနိုင်ကာ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံအရ အမျိုးသမီးများတွင် ဆီးလမ်းကြောင်း ပိုးဝင်နိုင်သည့် အခြေအနေမှာလည်း ပိုမိုများပြားကြောင်း ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ကု ပညာဌာနမှ ပါမောက္ခ ဒေါက်တာ တိုးလွင်က ပြောသည်။ 
အမျိုးသမီးများတွင်မူ အသက် ၂၀ နှင့် ၄၀ ကြားအရွယ် ဖြစ်ပွားမှုများပြီး ထိုအရွယ်သည် လုပ်ငန်းခွင် ဝင်ရောက်နေသည့် အရွယ်နှင့် ပညာသင်နေသည့် အရွယ်များ ဖြစ်သည့်အတွက် များသောအားဖြင့် ပုံမှန်ထက် ဆီးသွားနည်းလေ့ ရှိကြသည်။ ဆီးအောင့်ထားခြင်းကြောင့် ဆီးကျန်လာခြင်းသည် ဆီးပိုးတွယ်ရန် အခြေအနေပေးသည်နှင့် ဆီးပိုးဝင်ရောက်လာချိန် တိုက်ဆိုင်သည့်အခါ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဝေဒနာ ခံစားလာရကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။ ထို့အပြင် ဝမ်းဟောင်းစွန့်သည့် နေရာမှလည်းကောင်း၊ အစာအိမ်ဟောင်းမှတစ်ဆင့် လည်းကောင်း၊ သားအိမ်မှတစ်ဆင့် လည်းကောင်း ရောဂါပိုးများ ဆီးအိမ်ထဲ ဝင်ရောက်ရာမှ ကျောက်ကပ်သို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။ “အိမ်သာသွားပြီး ရေသုံးတဲ့အခါ နောက်ကနေရှေ့ကို သန့်ရှင်းရင် အစာဟောင်းဘက်က ပိုးကို ဆီးလမ်းကြောင်းဘက်ကို ဖိတ်ခေါ်သလို ဖြစ်တတ်တဲ့အတွက် ဒါကို ဆင်ခြင်ရမယ်လို့ အထူးသဖြင့် အလေးအနက် ထပ်ပြီး ပြောချင်ပါတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။ 
ရောဂါပိုး ဝင်လာသည့်အခါ ဆီးအိမ်ရောင်လာသည့်အတွက် မကြာခဏ ဆီးသွားလိုခြင်း၊ ဆီးသွားပြီးပါက ဆီးကျင်ချောင်း ကျဉ်ခြင်း၊ စပ်ခြင်း၊ အောင့်ခြင်း၊ ဆီးသွားပြီးပါက မကုန်သလို ခံစားရခြင်း၊ ဆီးထဲတွင် သွေးစများပါခြင်း စသည့် ရောဂါ လက္ခဏာများ ခံစားကြရသည်။ ဆီးအိမ်ရှိ ဆီးပိုးများ ကျောက်ကပ်သို့ ရောက်ရှိသွားသည့်အခါမူ ကျောက်ကပ် ရောင်ပြီး တင်းလာသဖြင့် ခါးနာခြင်း ဝေဒနာအား စတင်ခံစားလာရပြီး ပိုးများ သွေးအတွင်း ပျံ့နှံ့သည့်အတွက် ချမ်းလာခြင်း၊ ဖျားခြင်း ဝေဒနာများကိုပါ ခံစားလာရကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။ “တချို့အမျိုးသမီးတွေ ချမ်းပြီး ဖျားကြတဲ့အခါ မီးယပ်ချမ်း ထတယ်ဆိုပြီး သက်သာမယ်ထင်တဲ့ ဆေးလေးတွေ သောက်သောက်ပြီး နေကြတာတွေ အများကြီး တွေ့ဖူးတယ်။ တချို့ကျတော့လည်း မကြာခဏ ဖြစ်တာကနေ ဖြစ်တာ များများလာတော့မှ ဆေးရုံလာပြရင်း စစ်ဆေးကြည့်ကြတာ နည်းတယ်” ဟု သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ သားဖွားမီးယပ်ဆရာဝန် တစ်ဦးပြောသည်။ 
ရာသီဥတု အေးသောအချိန်နှင့် ညအချိန်များတွင် ချမ်းပြီး ဖျားသည့် အမျိုးသမီးအများစုသည် မြန်မာအယူအဆ ဖြစ်လေ့ရှိသော မီးယပ်ချမ်းထသည့် ရောဂါဟုသာ ထင်မှတ်လေ့ရှိပြီး ခါးနာခြင်း၊ ချမ်းပြီး ဖျားသော ရောဂါလက္ခဏာများ၊ ဆီးတွင် သွေးပါလာသည့် လက္ခဏာများသည် ကျောက်ကပ်တွင် ပိုးတွယ်နေခြင်း ဖြစ်ကြောင်း သတိပြုရန်လည်း လိုအပ်ကြောင်း သိရသည်။ “အဲဒီ့အဆင့်မှာ ဆေးကုရင် ပုံမှန်ပြန်ရောက်သွားမယ်။ မဟုတ်လို့ ဆေးမြီးတိုလေးတွေနဲ့ ကုလိုက်၊ သက်သာလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ကြာလာရင် ကျောက်ကပ်မှာ အနာရွတ်လေးတွေ ပေါ်လာတယ်။ များလာရင် အနာရွတ်တွေက ကျောက်ကပ်သားကို နေရာယူလာပြီး အလုပ်လုပ်တဲ့ ကျောက်ကပ် လုံးဝ ပျက်စီးသွားတဲ့အဆင့် ရောက်သွားတဲ့အတွက် စောစောစီးစီး ဆေးကုသဖို့ လိုပါတယ်” ဟု ဒေါက်တာတိုးလွင်က ပြောသည်။ 
အသက် ၂၀ နှင့် ၄၀ ကြား အမျိုးသမီးများသည် အဖြစ်များသည့် အုပ်စုဖြစ်သော်လည်း ထိုဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် အမျိုးသား၊ အမျိုးသမီးအရွယ်စုံ ဖြစ်ပွားသည့် ရောဂါတစ်ခုလည်း ဖြစ်သည်။ သွေးဆုံးပြီး အမျိုးသမီးများတွင်လည်း ခန္ဓာကိုယ်အတွင်း ဟော်မုန်းဓာတ် နည်းပါးလာပြီး ဆက်စပ်သည့် အကြောင်းရင်းများကြောင့် ဆီးပိုးဝင်ခြင်းနှင့် အသက် ၄၅ နှစ်အထက် ဆီးချိုရှိပါက ဆီးပိုးဝင်နိုင်သည့် အခြေအနေ များပြားကြောင်း သိရသည်။ အသက်ကြီးသောသူများ နာတာရှည် ရောဂါ ခံစားနေရသူများတွင်လည်း ဆီးပိုးဝင်လာနိုင်သည့် အခွင့်အရေးများသော လူများ ဖြစ်သည့်အတွက် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် အဖြစ်များသည့် ရောဂါတစ်ခုလည်း ဖြစ်လာသည်။ ကလေးများတွင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှာ သက်ကြီးရွယ်အိုများ၊ အမျိုးသားများ၊ ဖြစ်ပွားမှုများသည့် အမျိုးသမီးများနှင့် ယှဉ်လျှင် မများသော်လည်း ဆီးပိုး တစ်ခါဝင်ရုံနှင့် အရေးကြီးလာပြီး ကလေးများတွင် အောက်ပါလက္ခဏာများ ပြသသည့် အချိန်တွင်မူ စနစ်တကျနှင့် ထိရောက်စွာ ကုသရန် အလေးအနက် ပြောချင်ကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။ 
“အရမ်းငယ်တဲ့ ကလေးတွေကတော့ ဆီးသွားရင် ဘယ်လို ဖြစ်တယ်ဆိုပြီး မဖော်ပြတတ်ပေမယ့် နည်းနည်းကြီးတဲ့ ကလေးတွေမှာ ဆိုရင် ဆီးသွားရင် နာတယ်။ ပုံမှန် မဟုတ်တော့ဘဲ ဆီးသွားရင် ခဏခဏသွားတယ်၊ များတယ်။ ညဘက် ဆီးသွားတယ်၊ ဖျားတာတွေ ဖြစ်လာတယ်။ ဆီးပိုး ခဏခဏ ဝင်လာရင် ကလေးရဲ့ ကြီးထွားမှု ရပ်သွားပြီး ပိုးတွယ်တဲ့ ဒဏ်ကြောင့် ကလေးက လှီလာတယ်” ဟု ဒေါက်တာတိုးလွင်က ပြောသည်။ ကလေးများတွင် ဆီးပိုးဝင်ခြင်းသည် များသောအားဖြင့် မွေးရာပါ အခြေအနေများကြောင့် ဖြစ်နိုင်ပြီး ပိုးဝင်သည့် အကြောင်းအရင်းကို သေချာရှာဖွေ ကုသလျှင် ကြီးသည့်အခါ ကျောက်ကပ် ပျက်စီးခြင်းအား ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ 
ဆီးနှင့် ကျောက်ကပ်ရောဂါ အများစုသည် ကာကွယ်နိုင်သည့် ရောဂါများ ဖြစ်ပြီး ရောဂါလက္ခဏာများအား စောစီးစွာ သိရှိခြင်းဖြင့် စောစောကုသလျှင် ကျောက်ကပ်ပျက်စီးခြင်းမှလည်း ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ဆီးပိုးဝင်ခြင်း ရောဂါကို ကာကွယ်နိုင်ရန် ဘယ်လို အကြောင်းကြောင့် ဖြစ်စေ ဆီးအောင့်ထားခြင်းအား ရှောင်ကြဉ်သင့်ပြီး ရေကဲ့သို့ ကြည်သည့် ဆီးသွားနိုင်သည်အထိ နေ့စဉ် ရေများများ သောက်သင့်ပြီး ကျောက်ကပ် ပျက်စီးခြင်းမှ ကာကွယ်ရန် ဆီးလမ်းကြောင်း ပိုးဝင်သည့် လက္ခဏာများ ထပ်ခါထပ်ခါ ပြသလာပါက အကြောင်းအရင်းအား ရှာဖွေပြီး ဆေးကုသမှု ခံယူသင့်ကြောင်း ပါမောက္ခ ဒေါက်တာတိုးလွင်က အကြံပြု ပြောကြားထားသည်။ 
ဝတ်ရည်အောင်
@[452793661418174:274:Royal Hero Media]
ကျောက်ကပ်ကို အဆိုးဆုံး ထိခိုက်နိုင်သည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
ဆီးနှင့် ကျောက်ကပ် ရောဂါများတွင် အဖြစ်များပြီး ကာကွယ်ရုံ၊ စနစ်တကျ ကုသရုံဖြင့် ပျောက်ကင်းနို
င်သော ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် စနစ်တကျဆေး ကုသမှု မရှိသည့်အခါ ကျောက်ကပ် ပျက်စီးသည်အထိ ဖြစ်ပွားနိုင်သည်။ ထိုဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါတစ်ခု ဖြစ်ပြီး နေ့စဉ် သတိမပြုမူသည့် နေထိုင်မှု ပုံစံများကြောင့် ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ရောက်သွားနိုင်ကာ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံအရ အမျိုးသမီးများတွင် ဆီးလမ်းကြောင်း ပိုးဝင်နိုင်သည့် အခြေအနေမှာလည်း ပိုမိုများပြားကြောင်း ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ကု ပညာဌာနမှ ပါမောက္ခ ဒေါက်တာ တိုးလွင်က ပြောသည်။
အမျိုးသမီးများတွင်မူ အသက် ၂၀ နှင့် ၄၀ ကြားအရွယ် ဖြစ်ပွားမှုများပြီး ထိုအရွယ်သည် လုပ်ငန်းခွင် ဝင်ရောက်နေသည့် အရွယ်နှင့် ပညာသင်နေသည့် အရွယ်များ ဖြစ်သည့်အတွက် များသောအားဖြင့် ပုံမှန်ထက် ဆီးသွားနည်းလေ့ ရှိကြသည်။ ဆီးအောင့်ထားခြင်းကြောင့် ဆီးကျန်လာခြင်းသည် ဆီးပိုးတွယ်ရန် အခြေအနေပေးသည်နှင့် ဆီးပိုးဝင်ရောက်လာချိန် တိုက်ဆိုင်သည့်အခါ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဝေဒနာ ခံစားလာရကြောင်း ဒေါက်တာတိုးလွင်က ပြောသည်။ ထို့အပြင် ဝမ်းဟောင်းစွန့်သည့် နေရာမှလည်းကောင်း၊ အစာအိမ်ဟောင်းမှတစ်ဆင့် လည်းကောင်း၊ သားအိမ်မှတစ်ဆင့် လည်းကောင်း ရောဂါပိုးများ ဆီးအိမ်ထဲ ဝင်ရောက်ရာမှ ကျောက်ကပ်သို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။ “အိမ်သာသွားပြီး ရေသုံးတဲ့အခါ နောက်ကနေရှေ့ကို သန့်ရှင်းရင် အစာဟောင်းဘက်က ပိုးကို ဆီးလမ်းကြောင်းဘက်ကို ဖိတ်ခေါ်သလို ဖြစ်တတ်တဲ့အတွက် ဒါကို ဆင်ခြင်ရမယ်လို့ အထူးသဖြင့် အလေးအနက် ထပ်ပြီး ပြောချင်ပါတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။
အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ (ကျန်းမာရေး ဆောင်းပါး)
Sawpudu Du and 5 other people shared Aye Chan Mon's photo.
အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ
(ကျန်းမာရေး ဆောင်းပါး)
မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ်
ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။
ဒါကို ဂျပန်ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက် ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။
Sunday, December 16, 2012
ဇက်ကြောတက် သက်သာစေမည့် လေ့ကျင့်ခန်းများ by Health Articles on Sunday, December 16, 2012 at 6:07am ·
ပခုံးနေရာနဲ့ ကုတ်ပိုးတစ်လျှောက် ကြွက်သားတွေ တင်းပြီး နာကျင်နေမှုနဲ့ အရာဝတ္ထု တစ်ခုခု တင်ထားသလို လေးလံမှုကို ခံစားနေရမယ် ဆိုရင်တော့ အောက်ပါ လေ့ကျင့်ခန်းတွေကို ပြုလုပ်ကြည့်ပါ။  တစ်နေ့ကို သုံးကြိမ်လောက် ပြုလုပ်ပေးရင် နာကျင်မှု တဖြည်းဖြည်း သက်သာသွားနိုင်ပါတယ်။
လေ့ကျင့်မှုပုံစံ (၁)
နောက်မှီ ထိုင်ခုံတစ်လုံးပေါ်မှာ ခါးကို မတ်မတ်လေးထိုင်နေပြီး မေးစေ့ကို ရင်ဘတ်နေရာနားသို့ ငုံ့ချလိုက်ပါ။ ခဏလောက်နေပြီး ခေါင်းကို ပုံမှန်အတိုင်း ပြန်ထားပါ။ ငါးကြိမ် ပြုလုပ် လေ့ကျင့်ပေးပါ။
လေ့ကျင့်မှုပုံစံ (၂)
ထိုင်ခုံပေါ်မှာ ထိုင်နေရင်း နောက်သို့ ဦးခေါင်းကို လှန်ချရမှာပါ။ မျက်နှာက မျက်နှာကြက်ဆီကို မော့လိုက်ပြီး နောက်ကျောပေါ်မှာ မှီလိုက်တဲ့ ပုံစံမျိုးပါ။ ခဏလောက်နေပြီး ဦးခေါင်းကို မတ်မတ်ပြန်ထားပါ။ ငါးကြိမ် ပြုလုပ်လေ့ကျင့်ပေးပါ။
Computer ဆက်တိုက် သုံးနေသူများ မျက်စိကို ဘယ်လိုကာကွယ် ထိန်းသိမ်း ကြမလဲ
Lu Bo and Maung Lwin shared Zaw Mintun Zawmintun's photo.
Computer ဆက်တိုက် သုံးနေသူများ မျက်စိကို ဘယ်လိုကာကွယ် ထိန်းသိမ်း ကြမလဲ""""ယနေ့ အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာဖြင့် နေစဉ်ရက်ဆက်
အလုပ်လုပ်ကိုင် နေ
ကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို့ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒီလိုမချွတ်ယွင်း၊ အားမနည်းအောင် ကျွန်မတို့ဘယ်လို ကာကွယ်ကြမလဲ။ အောက်ပါ နည်းလမ်းလေးတွေကို လိုက်နာပေးလိုက်ပါ။
နေရာမှန်ပါစေ
သင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို့ကို နေရာမှန်ထားတက်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန့်စာ အကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့်နေရပါမယ်။
အလင်းရောင်
သင့်အခန်းတွင်း အလင်းရောင် ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။
Saturday, December 15, 2012
နှုတ်ခမ်းနီးဆိုးခြင်းကြောင့် ဥာဏ်ရည်ဥာဏ်သွေး ထိခိုက်နိုင် 15 DECEMBER 2012
Photo From :GOOD HEALTH
နှုတ်ခမ်းနီးဆိုးခြင်းကြောင့် ဥာဏ်ရည်ဥာဏ်သွေး ထိခိုက်နိုင်
15 DECEMBER 2012  
နှုတ်ခမ်းနီ အမျိုးအစားပေါင်း ၂၂ မျိုးကို မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ သူတို့ထဲမှ ၅၅ ရာခိုင်နှုန်းဟာ စိတ်ကျန်းမာရေး အခြေအနေကို ထိခိုက်စေနိုင်တဲ့ ခဲပစ္စည်းတွေ အနည်းငယ် ပါဝင်နေ တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ နှုတ်ခမ်းနီထုတ်ကုန် ၁၂ ခုမှ နှစ်ခုရဲ့ နမူနာကို စမ်းသပ် စစ်ဆေးရာမှာ အဆိပ်သင့်စေတဲ့ ခဲပစ္စည်းဟာ ၃.၂၂ parts per million ထိ အမြင့်ဆုံးပါဝင်နေတာကို တွေ့ရှိခဲ့တယ်လို့ Daily Mail မှာ ဖော်ပြ ထားပါတယ်။ ခဲဓာတ်ကို ပမာဏအနည်းငယ်နဲ့ ထိ တွေ့မှုရှိရင်တောင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး စိတ် ကျန်းမာရေးအတွက် ထိခိုက်မှုရှိတယ်လို့ ဘောစတွန်မှ ခဲအဆိပ်သင့် မှုကာကွယ်ရေးအစီအစဉ်မှ ဆေးပညာဆိုင်ရာ ဒါရိုက်တာ ဒေါက်တာရှောင်က ပြောပါတယ်။ ခဲဆိပ်ပမာဏ အနည်းငယ်နဲ့ ထိတွေ့ရင်တောင် ဥာဏ်ရည်ဥာဏ်သွေး၊ အပြုအမူနဲ့ သင်ယူနိုင် စွမ်းရည်တွေ ထိခိုက်နိုင်တယ်လို့ သူကဆိုပါတယ်။ ခဲဆိပ်သင့်မှာ ကိုကြောက်ရင် နှုတ် ခမ်းနီတစ်မျိုးတည်းသာ မကပါဘူး။ ကလေးတွေ နေထိုင်ရာအရပ်ကိုလည်း ဂရုစိုက်ရပါမယ်။ အမှိုက်ပုံနားက နေရာမှာ နေတာ၊ အိမ်သုတ်ဆေးမှ အကြွင်းအကျန် အမှုန့်တွေကို မျိုချမိတာ တွေမဖြစ်အောင် ရှောင်ကြဉ်ရပါမယ်။ နှုတ်ခမ်းနီတိုင်းမှာ တော့ ရည်ရွယ်ချက်နဲ့ ခဲကိုထည့်သွင်း ထားတာမဟုတ်ပေမယ့် အရောင်တွေ ဟာ သတ္တုဓာတ်ကို အခြေခံတာမို့ ရေ၊ လေနဲ့ မြေမှာ သဘာဝအတိုင်း ပါဝင်တဲ့ ခဲပမာဏအနည်းငယ်တော့ ပါဝင်တတ်ပါတယ်။
ဒေါက်တာခင်မိုးမိုး
အေးချမ်းမွန်မှ  GOOD HEALTH တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :GOOD HEALTH
နှုတ်ခမ်းနီးဆိုးခြင်းကြောင့် ဥာဏ်ရည်ဥာဏ်သွေး ထိခိုက်နိုင်
15 DECEMBER 2012
နှုတ်ခမ်းနီ အမျိုးအစားပေါင်း ၂၂ မျိုးကို မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ သူတို့ထဲမှ ၅
၅ ရာခိုင်နှုန်းဟာ စိတ်ကျန်းမာရေး အခြေအနေကို ထိခိုက်စေနိုင်တဲ့ ခဲပစ္စည်းတွေ အနည်းငယ် ပါဝင်နေ တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ နှုတ်ခမ်းနီထုတ်ကုန် ၁၂ ခုမှ နှစ်ခုရဲ့ နမူနာကို စမ်းသပ် စစ်ဆေးရာမှာ အဆိပ်သင့်စေတဲ့ ခဲပစ္စည်းဟာ ၃.၂၂ parts per million ထိ အမြင့်ဆုံးပါဝင်နေတာကို တွေ့ရှိခဲ့တယ်လို့ Daily Mail မှာ ဖော်ပြ ထားပါတယ်။ ခဲဓာတ်ကို ပမာဏအနည်းငယ်နဲ့ ထိ တွေ့မှုရှိရင်တောင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး စိတ် ကျန်းမာရေးအတွက် ထိခိုက်မှုရှိတယ်လို့ ဘောစတွန်မှ ခဲအဆိပ်သင့် မှုကာကွယ်ရေးအစီအစဉ်မှ ဆေးပညာဆိုင်ရာ ဒါရိုက်တာ ဒေါက်တာရှောင်က ပြောပါတယ်။ ခဲဆိပ်ပမာဏ အနည်းငယ်နဲ့ ထိတွေ့ရင်တောင် ဥာဏ်ရည်ဥာဏ်သွေး၊ အပြုအမူနဲ့ သင်ယူနိုင် စွမ်းရည်တွေ ထိခိုက်နိုင်တယ်လို့ သူကဆိုပါတယ်။ ခဲဆိပ်သင့်မှာ ကိုကြောက်ရင် နှုတ် ခမ်းနီတစ်မျိုးတည်းသာ မကပါဘူး။ ကလေးတွေ နေထိုင်ရာအရပ်ကိုလည်း ဂရုစိုက်ရပါမယ်။ အမှိုက်ပုံနားက နေရာမှာ နေတာ၊ အိမ်သုတ်ဆေးမှ အကြွင်းအကျန် အမှုန့်တွေကို မျိုချမိတာ တွေမဖြစ်အောင် ရှောင်ကြဉ်ရပါမယ်။ နှုတ်ခမ်းနီတိုင်းမှာ တော့ ရည်ရွယ်ချက်နဲ့ ခဲကိုထည့်သွင်း ထားတာမဟုတ်ပေမယ့် အရောင်တွေ ဟာ သတ္တုဓာတ်ကို အခြေခံတာမို့ ရေ၊ လေနဲ့ မြေမှာ သဘာဝအတိုင်း ပါဝင်တဲ့ ခဲပမာဏအနည်းငယ်တော့ ပါဝင်တတ်ပါတယ်။
ဒေါက်တာခင်မိုးမိုး
အေးချမ်းမွန်မှ GOOD HEALTH တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :GOOD HEALTH
ဩဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ 15 DECEMBER 2012
Nanlin Shwe shared Aye Chan Mon's photo.
ဩဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
15 DECEMBER 2012 
ကမ္ဘာတစ်ဝန်းလုံးမှာ ပေါက်ရောက်နေတဲ့ ချိုတဲ့ သစ်သီးဖြစ်တဲ့ ဩဇာသီးဟာ အရသာရှိသလို ဆေးဖက်ဝင်တဲ့ အစွမ်းလည်း အများအပြား ရှိပါတယ်။
(၁) အစာမကြေ ဝေဒနာကို သက်သာစေပါတယ်
ဩဇာသီးဟာ အစာမကြေတာ၊ ရင်ပည့်ရင်ကယ်တာ စတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
(၂) ဝမ်းပျက် ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာကို သက်သာ စေပါတယ်
ဩဇာသီးမှာ ကြေးနီဓာတ် ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်း ကင်းဝေးစေပြီး ဝမ်းပျက်ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာ တို့ကိုလည်း သက်သာစေပါတယ်။
(၃) အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်
ဗီတာမင်စီအများအပြား ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိကာ ကိုယ်ခန္ဓာတွင်းရှိ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါ တယ်။
(၄) အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်
ဩဇာသီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံကေသာ ကို ကျန်းမာစေပါတယ်။
(၅) နှလုံးကျန်းမာစေပါတယ်
ဩဇာသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများတာကြောင့် နှလုံးရောဂါမဖြစ်အောင် အကာအကွယ်ပေးပါတယ်။ ကြွက်သားအားနည်းမှုကို သက်သာစေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှု ကင်းစေပါတယ်။
(၆) အဆစ်ကို ကျန်းမာစေပါတယ်
ဩဇာသီးမှာ မဂ္ဂနီဆီယမ် များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ဟန်ချက်ညီမျှစေပြီး အဆစ်တွေထဲက အက်စစ်ဖယ်ရှားရေးမှာ ပါဝင်ကူ ညီပါတယ်။ ဒါကြောင့် အဆစ်ရောင်နာ တဲ့ လက္ခဏာတွေကို လျော့ကျစေပါတယ်။
(၇) အထွေထွေ ကျန်းမာရေး ကောင်းမွန်စေပါတယ်
ဩဇာသီးမှာ သိုင်ယာမင်း (B1) ၊ ဗီတာမင်အေ၊ ရိုင်ဘိုဖလေဗင် (B2) ၊ သ ဘာဝသကြား၊ နိုင်ယာစင်၊ ကာဗိုဟိုက်ဒ ရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီ ယမ်၊ ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ် စတာတွေပါဝင်တာကြောင့် အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၈) ပိုးသတ်အာနိသင်ရှိပါတယ်
ဩဇာသီးအစေ့မှာ ပိုးသတ်စေတဲ့ အာနိသင်ရှိပါတယ်။
(၉) သရေစာအဖြစ် စားနိုင်ပါတယ်
ဩဇာသီးမှာ သဘာဝသကြားဓာတ် ပါဝင်တာကြောင့် သရေစာနဲ့ အချိုပွဲအနေနဲ့ စားသင့်ပါတယ်။
(၁၀) သွေးအားနည်းရောဂါကို သက်သာစေပါတယ်
ဩဇာသီးမှာ သံဓာတ်ပါဝင်တာ ကြောင့် သွေးအားနည်းရောဂါကုသမှုမှာ အသုံးဝင်ပါတယ်။
ကြယ်စင်
အေးချမ်းမွန်မှ  GOOD HEALTH တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :GOOD HEALTH
ဩဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
15 DECEMBER 2012
ကမ္ဘာတစ်ဝန်းလုံးမှာ ပေါက်ရောက်နေတဲ့ ချိုတဲ့ သစ်သီးဖြစ်တဲ့ ဩဇာသီးဟာ အရသာရှိသလို ဆေးဖက်ဝင်တဲ့ အစွမ်းလည်း အများအပြား ရှိပါတယ်။
(၁) အစာမကြေ ဝေဒနာကို သက်သာစေပါတယ်
ဩဇာသီးဟာ အစာမကြေတာ၊ ရင်ပည့်ရင်ကယ်တာ စတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
(၂) ဝမ်းပျက် ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာကို သက်သာ စေပါတယ်
ဩဇာသီးမှာ ကြေးနီဓာတ် ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်း ကင်းဝေးစေပြီး ဝမ်းပျက်ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာ တို့ကိုလည်း သက်သာစေပါတယ်။
(၃) အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်
ဗီတာမင်စီအများအပြား ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိကာ ကိုယ်ခန္ဓာတွင်းရှိ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါ တယ်။
(၄) အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်
ဩဇာသီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံကေသာ ကို ကျန်းမာစေပါတယ်။
(၅) နှလုံးကျန်းမာစေပါတယ်
ဩဇာသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများတာကြောင့် နှလုံးရောဂါမဖြစ်အောင် အကာအကွယ်ပေးပါတယ်။ ကြွက်သားအားနည်းမှုကို သက်သာစေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှု ကင်းစေပါတယ်။
(၆) အဆစ်ကို ကျန်းမာစေပါတယ်
ဩဇာသီးမှာ မဂ္ဂနီဆီယမ် များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ဟန်ချက်ညီမျှစေပြီး အဆစ်တွေထဲက အက်စစ်ဖယ်ရှားရေးမှာ ပါဝင်ကူ ညီပါတယ်။ ဒါကြောင့် အဆစ်ရောင်နာ တဲ့ လက္ခဏာတွေကို လျော့ကျစေပါတယ်။
(၇) အထွေထွေ ကျန်းမာရေး ကောင်းမွန်စေပါတယ်
ဩဇာသီးမှာ သိုင်ယာမင်း (B1) ၊ ဗီတာမင်အေ၊ ရိုင်ဘိုဖလေဗင် (B2) ၊ သ ဘာဝသကြား၊ နိုင်ယာစင်၊ ကာဗိုဟိုက်ဒ ရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီ ယမ်၊ ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ် စတာတွေပါဝင်တာကြောင့် အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၈) ပိုးသတ်အာနိသင်ရှိပါတယ်
ဩဇာသီးအစေ့မှာ ပိုးသတ်စေတဲ့ အာနိသင်ရှိပါတယ်။
(၉) သရေစာအဖြစ် စားနိုင်ပါတယ်
ဩဇာသီးမှာ သဘာဝသကြားဓာတ် ပါဝင်တာကြောင့် သရေစာနဲ့ အချိုပွဲအနေနဲ့ စားသင့်ပါတယ်။
(၁၀) သွေးအားနည်းရောဂါကို သက်သာစေပါတယ်
ဩဇာသီးမှာ သံဓာတ်ပါဝင်တာ ကြောင့် သွေးအားနည်းရောဂါကုသမှုမှာ အသုံးဝင်ပါတယ်။
ကြယ်စင်
အေးချမ်းမွန်မှ GOOD HEALTH တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
ည်။
လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ
New MyanmarFoundation shared Royal Hero Media's photo.
လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ
(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက်ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင်ပါသေးတယ် ။
(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားက လျှာဖြစ်ပြီး အမာကျောဆုံး အရိုးကတော့ မေးရိုးပါ
(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့
လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။
(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ
က တစ်နေ့ကိုချွေး (1)ပိုင့် မကထုတ်လုပ်ပါတယ်။
(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓား
ကိုတောင် ချေဖျက်နိုင်တဲ့အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းက - အစာအိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေနဲ့ အလိုလိုအစားထိုးနေလို့ပဲဖြစ်ပါတယ်။
(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို
100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။
(7) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင်တည်ဖို့လုံလောက်ပါတယ်။
(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။
(9) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြပါတယ်။
(10) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မှာ ဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။
(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အတွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။
(12) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုးစားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲနေနိုင်တာပါ ....တဲ့။
(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်
လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလားအလာရှိပါတယ်။
(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။
(15) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် ... သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေရဲ့အချိုးအစားမမျှတ
မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။
(16) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။
(17) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်းရှိပါတယ်။ ဦးနှောက်ရဲ့(၈၀) ရာခိုင်နှုန်း ဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်ဆီဂျင်
ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက်သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ..... တဲ့။
(18) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်းပါ။
(19) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ်
တန့်သွားပြီး နှာခေါင်းနဲ့နားရွက်ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။
(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။
(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုးအဆစ်တွေဟာ နေ့ခင်းပိုင်းမှာပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ်သွားလေ့ရှိပါတယ်။
(22) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့စွမ်းအင်ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ ... ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။
(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး
ဖြစ်ပါတယ်။
(24) မျက်နှာပြင်တ၀ိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာပေါက်တဲ့အမွှေးအမျှင်ထက်ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်ဖြစ်ပါတယ် ။
(25) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေးအမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။
(26) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။
(27) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီးသွားလေ့ ရှိကြပါတယ်။
(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။
(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြားနေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ။
(30) မိနစ်တိုင်းမိနစ်တိုင်းမှာ ခန္ဓာကိုယ်ပေါ်က မီလျံသန်းတစ်ရာမျှသော ဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။
(31) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ်ချောင်းစီရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်တော်ကို အဆိုတင်သွင်းနိုင်ပါတယ် ။ )
(32) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိနေနိုင်ပါသေးသတဲ့။ (သူများပြော တာမယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။)
(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ
ကြာ အသက်ရှင်နေနိုင်ပါတယ်။ ရေတစ်မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက်အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင်နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ်ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသားဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ်ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်းတွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်။
(34) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်နေလေ့ရှိပါသတဲ့ ... ။
(35) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေးအမျိုးအစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုး အစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။
(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ စက် ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊ အသက်ဆုံးရှုံးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေအသက်ဆုံးရှုံး နေလေ့ရှိပါတယ်..တဲ့ ။
(37) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင်နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။
(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။
(39) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိပါတယ်။ ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။
(40) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ဆိုရင်တော့ ကြွက်သား(၄)ခုပဲသုံးစရာလိုပါတယ်
တဲ့။ မြှောက်ပေးတယ်လို့မထင်ရင်မလိုလားအပ်ပဲကယ်လိုရီတွေမကုန်
ရအောင်အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါတယ်။ တကယ်လို့များပေါ့ ... ကိုယ်လုံးဝမနှစ်သက်တဲ့ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုသိပ် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့လည်းပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ်သက်ကြောင်းလည်း အမူအရာနဲ့မျက်မှောင်ကြုတ် ပြမနေ
ပါနဲ့ ...။ အလွယ်ဆုံးနည်းဖြစ်တဲ့ ... ကြွက်သားလေးခုကိုအသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...
(တကယ်တော့ ဒီအချက်အလက်တွေဟာ ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ်
ရာအကုန်လုံးတော့ မဟုတ်သေးပါဘူး။ နေ့စဉ်လိုလိုပဲ.. အသစ်အသစ်သော
အံ့သြဖွယ် အချက်အလက်တွေကို သိပ္ပံပညာရှင်တွေ ယနေ့တိုင်ရှာတွေ့နေ
ဆဲပါ။ ဒီပိုစ့်နဲ့ပတ်သက်သော အချက်အလက်များ ကိုတော့ OddStuff Magazine ပါ ဆောင်းပါးတစ်ပုဒ်မှ Share လုပ်ခြင်း ဖြစ်ပါကြောင်း)
မြန်မာချစ်သူမိသားစု မှကူးယူမျှဝေပါသည်။
You'realways Onmymind
လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ
် အချက်အလက်များ
(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက်ရှင်နေနိုင်ပါသေးတယ်။ အစာအ
ိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင်ပါသေးတယ် ။
(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားက လျှာဖြစ်ပြီး အမာကျောဆုံး အရိုးကတော့ မေးရိုးပါ
(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့
လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။
(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ
က တစ်နေ့ကိုချွေး (1)ပိုင့် မကထုတ်လုပ်ပါတယ်။
Friday, December 14, 2012
ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး
Aye Chan Mon's photo.
ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး
ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ဝယ်လို့ရသလို ဈေးလည်း သက်သာတာကြောင့် လူတိုင်းလိုလို စားနိုင်ကြပါတယ်။ လူတွေ အများအားဖြင့် စားလေ့ရှိကြတဲ့ ဟင်းနုနွယ်ရွက်မှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တယ်ဆိုတာကို ရေးသားလိုက်ရပါတယ်။(၁) အစာကြေစေခြင်း
ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ စားသုံးသင့်တဲ့ အမျှင်ဓာတ်ပမာဏ ၂၀ ရာခိုင်နှုန်းနီးပါး ပါဝင်ပါတယ်။ ဒါကြောင့် အစာကြေစေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပြီး အစာကို အလွန်အကျွံ မစားမိစေပါဘူး။
(၂) ကင်ဆာကို ကာကွယ်ခြင်း
ဟင်းနုနွယ်ရွက်မှာ များစွာ ပါဝင်တဲ့ ဖလေဗိုးနွိုက်တွေဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တာကြောင့် အစာအိမ်နဲ့ အရေပြား ကင်ဆာဆဲလ်တွေ ပွားများမှုကို နှေးကွေးစေပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်ရွက်ဟာ ဆီးကျိတ်ကင်ဆာ အဆင့်မြင့်တက်မှု မဖြစ်အောင် သိသိသာသာ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း
ဟင်းနုနွယ်ရွက်မှာပါတဲ့ Neoxanthin နဲ့ Violaxanthin တွေက ရောင်ရမ်းမှု လျော့ကျစေတဲ့ ဓာတ်တွေဖြစ်ကြပြီး ကိုယ်တွင်း ရောင်ရမ်းမှုကို သိသိသာ လျော့ကျစေပါတယ်။
(၄) အင်တီအောက်ဆီးဒင့်အစွမ်း ပေးနိုင်ခြင်း
ဟင်းနုနွယ်ရွက်မှာပါတဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနိစ်၊ ဇင့် (သွပ်) နဲ့ ဆီလီနီယမ်တို့ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ကြပြီး အရိုးပါးရောဂါ၊ သွေးကြောကျဉ်းရောဂါနဲ့ သွေးတိုးတာတို့ကို သက်သာစေပါတယ်။
(၅) သွေးတိုးကျစေခြင်း
ဟင်းနုနွယ်ရွက်ထဲက ပပ်တိုက်တွေဟာ angiotensin I-converting enzyme ကို တားဆီးပေးတာကြောင့် သွေးတိုးကို လျော့ကျစေပါတယ်။
(၆) အမြင်အာရုံ ကောင်းစေခြင်း
ဟင်းနုနွယ်ရွက်ထဲမှာ လူတင်နဲ့ ဇီဇန်သင်းဆိုတဲ့ အင်တီအောက်ဆီး နှစ်မျိုးစလုံး များစွာ ပါဝင်နေတာကြောင့် အတွင်းတိမ်ရောဂါနဲ့ အသက်ကြီးချိန်မှာဖြစ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၇) ကိုယ်ခံစွမ်းအား ကောင်းစေခြင်း
ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ၃၃၇ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် လူ့ခန္ဓာကိုယ်ရဲ့ အဝင်ဝနေရာတွေဖြစ်တဲ့ အမြှေးပါး၊ အသက်ရှူ လမ်းကြောင်းစနစ်၊ ဆီးလမ်းကြောင်းနဲ့ အူလမ်းကြောင်း စနစ်တို့ကို အားကောင်း သန်စွမ်းစေပါတယ်။ ဒါ့အပြင် သွေးဖြူဥတွေမှာလည်း အဓိက ပါဝင်တာကြောင့် ကူးစက်ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။
(၈) အရေပြား ကျန်းမာစေခြင်း
ဟင်းနုနွယ်ရွက်မှာပါတဲ့ ဗီတာမင်အေဟာ အရေပြားမှာ အစိုဓာတ်ကို ထိန်းပေးတာကြောင့် ဆိုးရီးယေးစစ်ရောဂါ၊ ဝက်ခြံနဲ့ အရေးကြောင်း ဖြစ်တာတွေကို တွန်းလှန်ပေးကာ အရေပြားကို ကျန်းမာစေပါတယ်။
(၉) အရိုးသိပ်သည်းဆ ကောင်းစေခြင်း
ပြုတ်ထားတဲ့ ဟင်းနုနွယ် တစ်ခွက်စာ ပမာဏမှာ ဗီတာမင်ကေ တစ်နေ့တာ လိုအပ်တဲ့ ပမာဏ ၁၀၀၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် အရိုးတည်ဆောက်မှု အားကောင်းစေပါတယ်။
(၁၀) ဦးနှောက်နှင့် နာ့ဗ်ကြောစနစ် လုပ်ငန်းဆောင်တာကို ကောင်းစေခြင်း
ဟင်းနုနွယ်ရွက်မှာ များစွာပါဝင်တဲ့ ဗီတာမင်ကေဟာ နာ့ဗ်ကြောတစ်ဝိုက်က အဆီပြင် (Sphingolipids) တည်ဆောက်မှုအတွက် မရှိမဖြစ် အစိတ်အပိုင်းဖြစ်တာကြောင့် နာ့ဗ်ကြောစနစ်နဲ့ ဦးနှောက် လုပ်ငန်းဆောင်တာတွေကို ကျန်းမာစေပါတယ်။
ကြယ်စင်
Ref: Good Health 26 July, 2012 – 14:19
အေးချမ်းမွန်မှ  http://sawkyawkyaw.blogspot.com/2012/08/blog-post_9310.htmlတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :http://sawkyawkyaw.blogspot.com/2012/08/blog-post_9310.html
ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး
ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ဝယ်လို့ရသလို ဈေးလည်း သက်သာတာကြောင့် လူတိုင်းလိုလို စားနိုင်ကြပါတယ်။ လူတွေ အများအားဖြင့
် စားလေ့ရှိကြတဲ့ ဟင်းနုနွယ်ရွက်မှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တယ်ဆိုတာကို ရေးသားလိုက်ရပါတယ်။(၁) အစာကြေစေခြင်း
ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ စားသုံးသင့်တဲ့ အမျှင်ဓာတ်ပမာဏ ၂၀ ရာခိုင်နှုန်းနီးပါး ပါဝင်ပါတယ်။ ဒါကြောင့် အစာကြေစေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပြီး အစာကို အလွန်အကျွံ မစားမိစေပါဘူး။
(၂) ကင်ဆာကို ကာကွယ်ခြင်း
ဟင်းနုနွယ်ရွက်မှာ များစွာ ပါဝင်တဲ့ ဖလေဗိုးနွိုက်တွေဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တာကြောင့် အစာအိမ်နဲ့ အရေပြား ကင်ဆာဆဲလ်တွေ ပွားများမှုကို နှေးကွေးစေပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်ရွက်ဟာ ဆီးကျိတ်ကင်ဆာ အဆင့်မြင့်တက်မှု မဖြစ်အောင် သိသိသာသာ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း
ဟင်းနုနွယ်ရွက်မှာပါတဲ့ Neoxanthin နဲ့ Violaxanthin တွေက ရောင်ရမ်းမှု လျော့ကျစေတဲ့ ဓာတ်တွေဖြစ်ကြပြီး ကိုယ်တွင်း ရောင်ရမ်းမှုကို သိသိသာ လျော့ကျစေပါတယ်။
(၄) အင်တီအောက်ဆီးဒင့်အစွမ်း ပေးနိုင်ခြင်း
ဟင်းနုနွယ်ရွက်မှာပါတဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနိစ်၊ ဇင့် (သွပ်) နဲ့ ဆီလီနီယမ်တို့ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ကြပြီး အရိုးပါးရောဂါ၊ သွေးကြောကျဉ်းရောဂါနဲ့ သွေးတိုးတာတို့ကို သက်သာစေပါတယ်။
ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း Written by အာယု Thursday, 13 December 2012 12:58 Label ~ ဆီးချိုရောဂါရှင်များအတွက် ဆေးညွှန်း။
Htun Htun Gin Gyi and 2 other friends shared General Knowledge's photo.
`
ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း
Written by  အာယု Thursday, 13 December 2012 12:58
Label ~ ဆီးချိုရောဂါရှင်များအတွက် ဆေးညွှန်း။
ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီသဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်းတစ်ခု ဖြစ်ပါတယ်။
ဆေးသာက် နေရာသူများလည်း အသုံးပြုလို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ်ပါတယ်။
ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/ အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာ ဝင်ခါနီးမှာ ရောစိမ်ထားရပြီး ဖန်ခွက်ကိုလည်း အဖုံးအုပ်ထားဖို့ လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။
ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်းပါတယ်။ 
ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေတတ်ရင် ဒီရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာပျောက်ကင်းစေတယ်လို့ သိရပါတယ်။ 
မှတ်ချက်။ 
ဆီးချိုရောဂါကို ပျောက်အောင် ကုသပေးနိုင်တဲ့  သောက်ဆေး စားဆေးရယ်ဆိုပြီး ကျန်းမာရေးဌာန အသိမှတ်ပြု ထုတ်လုပ်ထားခြင်း မရှိသေးပေမယ့်လည်း ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး သက်သာစေနိုင်တဲ့ ပျောက်ကင်းသည်ဟု ဆိုရလောက်သည့် မြန်မာ့ တိုင်းရင်းဆေးဝါးများ ရှိနေကြောင်းကိုလည်း သိရပါတယ်။
‎`
ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း
Written by အာယု Thursday, 13 December 2012 12:58
Label ~ ဆီးချိုရောဂါရှင်များအတွက် ဆေးညွှန်း။
ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီသဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်းတစ်ခု ဖြစ်ပါတယ်။
ဆေးသာက် နေရာသူများလည်း အသုံးပြုလို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ်ပါတယ်။
ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/ အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာ ဝင်ခါနီးမှာ ရောစိမ်ထားရပြီး ဖန်ခွက်ကိုလည်း အဖုံးအုပ်ထားဖို့ လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။