Wednesday, October 16, 2013

ငြိမ်းချမ်းရေးစစ်တမ်း(၂)။ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဘယ်လဲ” October 14, 2013 at 2:15am

ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ အစည်းများ၏ လှုပ်ရှာမှုများ အားကောင်း ကောင်း ပေါ်လာချိန်တွင် အယ်န်အယ်လ်ဒီသည် ပျောက်သောလမ်းမှာ စမ်းတ၀ါး ဖြစ်နေပုံရသည်။ ငြိမ်းချမ်းရေး ရရန် မည်သည့်နည်းလမ်းဖြင့် ဖေါ်ဆောင် သွားမည်ကို ယခုအချိန်အထိ ရှင်းလင်းသည့် မူဝါဒ နှင့် လုပ်ငန်းစဉ် မတွေ့ ရ။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နှင့် ထိမ်းသိမ်းမခံရခင် ဇူလိုင်လ (၁၅) ရက် ၁၉၈၉ ခုနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ ချုပ် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်တွေ့ ဆုံပွဲ ကျင်းပခဲ့ သည်။ ယင်းတွင် နိုင်ငွေသိမ်း (မွန်အမျိုးသားခေါင်းဆောင်ကြီး) ၏ ရှင်းလင်းဆွေးနွေးချက် အကျဉ်းချုပ်မှာ “တိုင်းရင်းသား တန်းတူရေးကို အာမခံချက်ပေး
ခဲ့တဲ့ ဗိုလ်ချုပ်အောင် ဆန်းမရှိတော့တဲ့ အခါမှာ သူ တည်ဆောက်နေတဲ့ ပြည်ထောင်စု ကြီးဟာ ပြိုကွဲသွားပါတယ်။ ဗမာပြည်မကို ပြည်နယ် မဖွဲ့ ဘဲ ဗဟိုနဲ့ ပေါင်းလိုက်ရင် စားရိတ်သက်သာသွားမယ် ဆိုပြီး ဖွဲ့ စည်းပုံကို ပြင်လိုက်တယ်။ ဒါကြောင့် ၁၉၄၇ ဖွဲ့  စည်းပုံ အခြေခံဥပဒေဟာ ပုံသဏ္ဍာန်ကတော့ ပြည်ထောင်စု၊ အနှစ်သာရအရ တပြည်ထောင် ဖြစ်သွားတယ်။ ပုဂ္ဂိုလ် တယောက်ကို ချဉ်းကပ်ပြီး ကျွန်တော်တို့ ရဲ့ ကံကြမ္မာကို ပုံအပ်လိုက်ရင် ဒီပုဂ္ဂိုလ်မရှိရင် ပျက်စီးသွားမယ်။ ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံမှာ ပြည်နယ်များညီညွတ်ရေးအဖွဲ့ က တောင်းတဲ့ တောင်းဆိုချက်ဆိုတာ ခွဲထွက်ဘို့ မပါပါဘူး။ Federal ဆိုတာ ပေါင်းစပ်ရေးပါ။” [i]