အရည်းကြီးတယောက်ရဲ့ ယပ်လှဲတရား
၈၈ ကို စွန်ဦးတည်ထွင်ခဲ့သူ
ကိုယ်တော် တယောက်အနေနဲ့
ဒီမိုကရက်တယောက် ဖြစ်မယ့်အစား
ခရိုနီတယောက်ဖြစ်ခဲ့ရင်တောင်
သနားမယ့်သူ ရှိသေးရဲ့
ငါနှယ့် …။
ခရိုပြာဖြစ်သွားတဲ့ ဘ၀မှာ
ရှင်အဇ္ဇဂေါန လိုများ ဖြစ်မလား
သူဆင်းရဲသားများကို မဟာဂရုဏာထား၊
ရွှေဖြစ်လမ်းလိုက်မိတဲ့
အဂ္ဂိရက်သမား လူမုန်းများလှရဲ့။
ရွှေဖြစ်လမ်းလိုက်ကာ
အားလုံးတိုက်ဆောက်နိုင်ဖိုြု့
အရိုးသားဆုံး အရည်းကြီး ခမြာ
အမှုတရာမက ရင်ဆိုင်နေရရှာတယ်။
ရန်သူကလဲ ဆဲ
မိတ်ဆွေဆိုသူတွေကလဲ ဆဲ
အတွေးသိပ်ခေါင်ခေါင်
ခွေးလိုဟောင်လွန်းတဲ့ ခေတ်ပျက်ကြီးထဲမှာ
ဒေါက်ချာကြီးကိုစောင်းပြီး ရိပ်ကြီးခိုနေတဲ့
သိက္ခာရှိတဲ့ အရည်ကြီးဆိုလို ငါတယောက်သာရှိသပေါ့။
ဒါတော့ ဂုဏ်ယူရမယ်။
