Friday, December 14, 2012

ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း Written by အာယု Thursday, 13 December 2012 12:58 Label ~ ဆီးချိုရောဂါရှင်များအတွက် ဆေးညွှန်း။

Htun Htun Gin Gyi and 2 other friends shared General Knowledge's photo.
`
ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း

Written by  အာယု Thursday, 13 December 2012 12:58

Label ~ ဆီးချိုရောဂါရှင်များအတွက် ဆေးညွှန်း။


ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီသဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်းတစ်ခု ဖြစ်ပါတယ်။

ဆေးသာက် နေရာသူများလည်း အသုံးပြုလို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ်ပါတယ်။

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/ အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာ ဝင်ခါနီးမှာ ရောစိမ်ထားရပြီး ဖန်ခွက်ကိုလည်း အဖုံးအုပ်ထားဖို့ လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်းပါတယ်။ 

ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေတတ်ရင် ဒီရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာပျောက်ကင်းစေတယ်လို့ သိရပါတယ်။ 

မှတ်ချက်။ 

ဆီးချိုရောဂါကို ပျောက်အောင် ကုသပေးနိုင်တဲ့  သောက်ဆေး စားဆေးရယ်ဆိုပြီး ကျန်းမာရေးဌာန အသိမှတ်ပြု ထုတ်လုပ်ထားခြင်း မရှိသေးပေမယ့်လည်း ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး သက်သာစေနိုင်တဲ့ ပျောက်ကင်းသည်ဟု ဆိုရလောက်သည့် မြန်မာ့ တိုင်းရင်းဆေးဝါးများ ရှိနေကြောင်းကိုလည်း သိရပါတယ်။
‎`
ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း

Written by အာယု Thursday, 13 December 2012 12:58

Label ~ ဆီးချိုရောဂါရှင်များအတွက် ဆေးညွှန်း။


ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီသဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်းတစ်ခု ဖြစ်ပါတယ်။

ဆေးသာက် နေရာသူများလည်း အသုံးပြုလို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ်ပါတယ်။

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/ အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာ ဝင်ခါနီးမှာ ရောစိမ်ထားရပြီး ဖန်ခွက်ကိုလည်း အဖုံးအုပ်ထားဖို့ လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

အမေရိကန်နိုင်သားစာမေးပွဲမေးခွန်း(၁ဝဝ) မျိုးမြင့်ချို-ဘာသာပြန်

အမေရိကန်နိုင်သားစာမေးပွဲမေးခွန်း(၁ဝဝ) မျိုးမြင့်ချို-ဘာသာပြန်

0 comments
နိုင်ငံသားဖြစ်ရေးစာမေးပွဲတွင်ဖြေဆိုရမည့် (နိုင်ငံ့သမိုင်း၊ အစိုးရနှင့်ပတ်သက်သည့်) အရပ်ဘက်ဆိုင်ရာမေးခွန်းများ။
နိုင်ငံသားဖြစ်ရေးစာမေးပွဲတွင်ဖြေဆိုရမည့် (နိုင်ငံ့သမိုင်း၊ အစိုးရနှင့်ပတ်သက်သည့်) အရပ်ဘက်ဆိုင်ရာမေးခွန်း(၁ဝဝ)နှင့်အဖြေများအား အောက်တွင် စာရင်းသွင်းဖော်ပြထားပါသည်။ နှုတ်ဖြေမေးခွန်းများဖြစ်ပြီး သက်ဆိုင်ရာအရာရှိက နိုင်ငံသားလျှောက်ထားသူအား မေးခွန်း(၁ဝဝ)အနက်မှ (၁ဝ)ခု အထက် မေးပါလိမ့်မည်။ အဖြေ (၁ဝ)ခုအနက် (၆)ခု မှန်အောင်ဖြေဆိုနိုင်မှ နိုင်ငံသားစာမေးပွဲအောင်မြင်မည်ဖြစ်သည်။
ရွေးကောက်ပွဲနှင့်ရာထူးခန့်အပ်မှုအပြောင်းအလဲများကြောင့် သင် စာမေးပွဲလာဖြေချိန်တချို့အဖြေများအပြောင်းအလဲရှိကောင်းရှိနိုင်ပါမည်။ အဖြေမှန် ပေးနိုင်ရေးအတွက် လေ့လာကျက်မှတ်ရာတွင် နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲမှုများကို သေချာမှတ်သားထားပါ။ မျက်ချေမပြတ်ပါစေနှင့်။ သင့်အား အင်တာဗျူးလုပ်သူက လက်ရှိရာထူးတာဝန်ရှိသူတဦးဦး၏အမည်ကိုမေးသည့်အခါ မိမိအင်တာဗျူးလုပ်နေချိန်တွင် ရာထူးနှင့်တာဝန်တရားဝင်ရှိနေသူ၏ အမည်ကိုသာဖြေရပါမည်။ မှားဖြေမိလျှင် လက်သင့်ခံလိမ့်မည်မဟုတ်ပါ။

အမေရိကန်နိုင်ငံသားဖြေမယ့်သူတွေအတွက် မေးခွန်း(၁ဝဝ) (မျိုးမြင့်ချို-ဘာသာပြန်) by Myo Myint on Thursday, December 13, 2012 at 7:49pm ·


မနေ့က USCIS လို့ဆိုတဲ့ အမေရိကန်နိုင်ငံသားနှင့်လူဝင်မှုဋ္ဌာနကမိတ်ဆွေတဦးက ဒီစာရွက်တွေထိုးပေးပြီး ဘာသာပြန်ပေးပါလား..ဒီရောက်ပြီး နိုင်ငံသားဖြေဖို့ပြင်နေကြတဲ့ မင်းတို့ဗမာပြည်သားတွေအတွက် အကျိုးရှိမှာပါ..ဘယ်သူမဆို တို့ဝက်ဘ်ဆိုက်မှာတက်ကြည့်ပြီး အခမဲ့ဒေါင်းလုဒ်လုပ်ပြီး ကျက်မှတ်လို့ရတာမှန်ပေမယ့် (အမေရိကန်မှာနေပြီး) အင်တာနက်လည်းမသုံး အင်္ဂလိပ်စကားလည်းမတတ်သေးသူတွေအတွက် အထောက်အကူဖြစ်မှာတော့သေချာတယ်လေ။ ဖြေတဲ့အခါ ဗမာလို ဖြေမရတာမှန်ပေမယ့် ဗမာလိုနားလည်ပြီး အင်္ဂလိပ်လိုကြိုးစားကျက်ရင် ပိုလွယ်မယ်ထင်တယ်..လို့ပြောပြီး အကူအညီတောင်းတယ်။ ဒါနဲ့ ဒီနေ့ အားတဲ့အချိန် ထိုင်ပြန်လိုက်တယ်။ ခုပဲပြီးတယ်။ သူ့ဆီ အီးမေးလ်နဲ့ပို့လိုက်တယ်။ ဒီမှာခုတင်ပေးလိုက်ပါတယ်။ မသိသေးသူတွေသိဖို့ဖြစ်ပြီး သိပြီးသူတွေက လိုမယ့်သူတွေကိုလက်ဆင့်ကမ်းပေးနိုင်ရင်အတော်ကောင်းမယ်ထင်ပါတယ်။

လက်ပံတောင်းတောင်အရေး နှင့် မြေယာပြသနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း။ အပိုင်း (၂ by Aung Htoo on Friday, December 14, 2012 at 2:32pm ·


လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွင် မူလက လုပ်ကိုင်လျှက်ရှိသော သတ္တုတွင်းဝန်ကြီးဌာန နှင့် အိုင်ဗင်ဟိုး ကုမ္ပဏီတို့က ဦးပိုင် နှင့် ၀မ်ပေါင် ကုမ္ပဏီ တို့ကို ရောင်းချခဲ့ပြီးဖြစ်သဖြင့် ယခုဖြစ်နေသော ပြသနာမှာ နိုင်ငံတော်နှင့် လက်ပံတောင်းတောင် လူထုအကြားရှိ ပဋိပက္ခ မဟုတ်၊ ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီ တို့က တဘက်
လက်ပံတောင်း တောင် လူထုက တဘက် ဖြစ်ပွားနေသော ပဋိပက္ခ သာ ဖြစ်သည် ဟူ၍ လမ်းကြောင်းလွှဲသည့် ထောက်ပြချက် တရပ်ပေါ်ထွက်လာသည်ကို သတိပြုမိသည်။ ဤသည်မှာ မှန်ပါသလား။

အထက်ပါ လမ်းကြောင်းလွှဲသည့် ထောက်ပြချက်မှာ အတော်ပင် ပညာသားပါပါသည်။ သာမန်လူထုများ အနေဖြင့် မျက်စိလည်သွားနိုင်ပြီး မြေယာနှင့်စပ်လျှဉ်းသည့် လူထုတိုက်ပွဲ၏ ဦးတည်ချက် လွဲချော်သွားနိုင်သည်။ ပြသနာ၏ အဓိက တရားခံအဖြစ် ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီ ကို ပထမ အဆင့်လက်ညှိုးထိုးပြမည်။ ဒုတိယ အဆင့်အနေဖြင့် ဦးပိုင်က ၀မ်ပေါင်ကုမ္ပဏီ ကို လက်တွေ့လုပ်ငန်း၌တဆင့်လက်ပြောင်းပေးပြီး ဖြစ်သောကြောင့် ပြသနာမှာ ၀မ်ပေါင် ကုမ္ပဏီ နှင့် လက်ပံ တောင်းတောင်လူထုအကြားရှိ ပဋိပက္ခ သာဖြစ်ကြောင်းဖြင့် တင်သွင်းလာဘွယ်ရှိသည်။

အထူးခြားဆုံး ဖြစ်စဉ်

အထူးခြားဆုံး ဖြစ်စဉ်ကတော့ .. DKBA လက်နက်ကိုင် တိုင်းရင်းသားတွေကလည်း ဆန္ဒထုတ်ဖေါ် စီတန်းလှည့်လည်တာကို လုပ်ခဲ့တယ်တဲ့။ ဒါပေမယ့် စစ်တပ်ကို မယုံလို့ လက်နက်တွေတော့ အဆင်သင့်ကိုင်ထားကြတယ်တဲ့။

ဒီဖြစ်ရပ်လေးဟာ .. မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်ကြီး တစ်ခုလုံးရဲ့ အခြေအနေကို ရှင်းပြနိုင်တဲ့ ကိုယ်စားပြု ဖြစ်ရပ်တစ်ခုပဲ။

အပြောင်းအလဲကို နိုင
်ငံရေး ဖြစ်စဉ် .. လူထု လှုပ်ရှားမှု ဖြစ်စဉ်နဲ့ သွားချင်တယ်။ ဒါပေမယ့် စစ်တပ်ကို မယုံဘူး။

မြန်မာပြည်မှာ ပြည်သူတွေက စစ်တပ်နဲ့ အစိုးရကို ယုံကြည်နိုင်မယ့် တနေ့ဟာ မြန်မာ့ပြည်ရဲ့ ပြဿနာတွေ တဝက်လောက် နီးနီး ပြေလည်သွားမယ့် နေ့ပဲ။

လောလောဆယ်မှာတော့ .. မြန်မာပြည်ရဲ့ ပထမဆုံးသော အဓိက ရန်သူဟာ .. စစ်အာဏာရှင် စနစ်ဖြစ်ပြီး .. စစ်အာဏာရှင် အကြွင်းအကျန်ရှိနေတာဟာ .. တိုင်းပြည် တိုးတက်မှုရဲ့ နံပါတယ် (၁) ရန်သူပဲ။

မကျေနပ်တာတွေရှိလို့ ဆန္ဒပြကြတာပါ.

မကျေနပ်တာတွေရှိလို့ ဆန္ဒပြကြတာပါ...
အထွေထွေမကျေနပ်တာတွေများလာရင် အထွေထွေသပိတ်တွေ ပေါ်လာမှာပါပဲ... (ရိုးရိုးလေးပါ)
အလကားနေရင်းတော့ ဘယ်သူမှ အဖမ်းခံ အရိုက်ခံ အဓမ္မဖြိုခွဲခံပြီး လမ်းပေါ်မထွက်ချင်ပါဘူး...
အခုဆန္ဒပြနေတဲ့သူတွေဟာ သူများမြှောက်ပေးတိုင်းလုပ်နေတဲ
့ ငတုံးတွေလည်းမဟုတ်ပါဘူး၊ အစိုးရပြုတ်ကျလို့လည်း အစိုးရတက်လုပ်မယ့်သူတွေ မဟ
ုတ်ပါဘူး...
မကျေနပ်လို့ ဆန္ဒပြနေကြတာပါ၊ (ဘာမှ ရှုပ်ရှုပ်ထွေးထွေးမရှိပါဘူး။)
--------------------------------------------------------------------

မကျေနပ်တဲ့သူတွေကို ကျေနပ်အောင် ပြေပြေလည်လည် ဖြေရှင်းပေးမလား၊ မကျေနပ်တာကို မဖေါ်ထုတ်ရဲအောင် နှိပ်ကွပ်မလားဆိုတာ အစိုးရလုပ်သူတွေ ရွေးချယ်ဖို့ပါ။

ပြည်သူ့အသံကို နားထောင်ပြီး ဖြေရှင်းချက်ပေးတာ၊ လိုက်လျောတာ၊ ချက်ခြင်းမတတ်နိုင်ရင် ကတိစကားပေးတာ၊ နောက်နောင် ပြဿနာစကားတွေမပြောရတော့အောင် ဥပဒေစည်းမျဉ်းနှင့်အဖွဲ့အစည်းတွေတည်ဆောက်တာ စသဖြင့် အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေလုပ်မလား...

ဆန္ဒပြသူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ရက်ရက်စက်စက် မှတ်လောက်သားလောက်အောင် ဖြိုခွဲတာတွေလုပ်မလား... ဒီမိုကရေစီအစိုးရလက်ထက်မို့ ဒီလိုတုန့်ပြန်တာတွေကို လူထုက ပိုပြီးဒေါသထွက်လာလို့ ဆန္ဒပြတာတွေ ပိုများလာရင် စစ်တပ်က အာဏာသိမ်းပြီး ဆက်လက်နှိပ်ကွပ်မလား...
--------------------------------------------------------

အံ့ဘွယ်CoCaCoLa လျှို့ ဝှက်ချက်များ------

မိုင် ဘလောက်ဂါ's photo.
အံ့ဘွယ်CoCaCoLa လျှို့ ဝှက်ချက်များ------

ကိုကာကိုလာအချိုရည်မှာ အခြား အသုံးပြုလို့ရ တဲ့ နည်းလမ်းများလည်း ရှိနေပါသေးတယ်။ 

 
သံချေးများ ဖယ်ရှားခြင်း

ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေးစား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်အပိုင်းများ အားလုံးကို ကိုကာကိုလာအရည်နဲ့ ဆေးချပြီး သေချာ သုတ်ပေးရင် သံချေး များ ပြောင်စင်သွားပါတယ်။

ဖိုက်ဘာ၊ကြွေတို့မှ အပေအကြံများ ဖယ်ရှားခြင်း

ဖိုက်ဘာ၊ ကြွေအလွာတို့မှာ ကပ်ပြီး ကျန်ရှိတတ်တဲ့ အညစ်အကြေးများကို ကိုကာကိုလာနဲ့ ဆေးထုတ်ရင် ပြောင်ပါတယ်။ အဝတ်လျှော်စက်တွင် ညစ်ပတ်နေတာမျိုး၊ လက်ဆေး ကြွေခွက်တို့မှာ အစွန်းအထင်းပေနေ တာမျိုး၊ မည်းနေတာမျိုးဆိုရင် ကိုကာကိုလာအချိုရည်နဲ့ ဆေးကြောလို့ ရပါတယ်။

ဆေးဝါးအဖြစ် သုံးစွဲခြင်း

ဝမ်းလျှောရောဂါအပြင် ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါအချို့ ကို ကိုကာကိုလာ အချိုရည်သောက်ပြီး ပျောက်ကင်းစေ နိုင်ပါတယ်။ ဗိုက်မအီမသာဖြစ်နေတာ၊ အစာမကြေတာ၊ လေအောင့်တာဆိုရင် ကိုကာကိုလာအချိုရည်သောက်ချပြီး သက်သာစေပါတယ်။ ဝမ်းပျက်၊ဝမ်းလျှော ဖြစ်နေသူများလည်း ကိုကာကို လာ အချိုရည်သောက်ပြီး ကုသလို့ ရပါတယ်။

ပိုးသတ်ဆေးအဖြစ် သုံးစွဲခြင်း

အိမ်မှာ ကပ်တွယ်တတ်တဲ့ ပိုးကောင်တွေ၊ ခရုတွေ၊ အင်းစက်တွေကို ကိုကာကိုလာ အချိုရည်လောင်းပြီးတော့ လည်း ဖယ်ရှားပါတယ်။ ပထမတော့ သကြားဓာတ်ပါတဲ့အတွက် သောက်သုံးမိပြီး ပါဝင်တဲ့ အတွင်း အက်ဆစ်ဓာတ်ကို ပိုးကောင်တို့ မခံနိုင်ပါဘူး။ ကားမှန်နဲ့ ကားတွေပေါ်မှာ ကပ်နေတတ်တဲ့ အင်းဆက်များလည်း ဖယ်ရားနိုင်ပါတယ်။

ဟင်းချက်ရာတွင် အသုံးပြုခြင်း

ဗနီကာ၊ ရှာလကာရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသားဟင်းချက်ရာမှာ ကိုကာကိုလာအချိုရည်ကို ရှာလကာရည် ထည့်သလို အချိးအစား မှန်မှန် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အသားရဲ့  မကျက်နိုင်တဲ့အစိုင် အခဲတွေကြားကို ဖောက်ပေးပြီး ဟင်းအနှစ်အားလုံးကို အသားတွေထဲ ထိ ပြန့်နှံ့စေမှာ ဖြစ်ပါတယ်။ ပိုမို အရသာ ရှိတဲ့ အသားဟင်း တစ်ခွက် ရရှိစေတယ်လို့ ဆိုပါတယ်။

ကိုကာကိုလာအချိုရည်ဟာ ကာဘွန်နိုက်အချိုရည် တစ်မျိုးဖြစ်ပြီး ရေ ဓာတ်ဖြည့်ဆည်းပေးသလို အစာအိမ်တွင်းက မကြေညက်တဲ့အစား အစာများကို ချေဖျက်ပေးပါတယ်။ သကြားဓာတ်လည်း ကြွယ်ဝတဲ့အ တွက် သွေးထဲကို ဂလူးကိုစ့်ဓာတ် ကောင်းကောင်း ထောက်ပံ့ပေးပါတယ်။ သူ့မှာ ပါဝင်တဲ့ ဓာတ်များက သောက်သုံးရန်အပြင် အခြား အသုံးဝင် တဲ့ နေရာများလည်း ရှိနေတာကို ယခုလို သိရပါတယ်။
့http://discoverychannel99.blogspot.com မှကူးယူတင်ပြပါသည်။
အံ့ဘွယ်CoCaCoLa လျှို့ ဝှက်ချက်များ------

ကိုကာကိုလာအချိုရည်မှာ အခြား အသုံးပြုလို့ရ တဲ့ နည်းလမ်းများလည်း ရှိနေပါသေးတယ်။


သံချေးများ ဖယ်ရှားခြင်း

ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေးစား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်အပိုင်းများ အားလုံးကို ကိုကာကိုလာအရည်နဲ့ ဆေးချပြီး သေချာ သုတ်ပေးရင် သံချေး များ ပြောင်စင်သွားပါတယ်။

ဖိုက်ဘာ၊ကြွေတို့မှ အပေအကြံများ ဖယ်ရှားခြင်း

ဖိုက်ဘာ၊ ကြွေအလွာတို့မှာ ကပ်ပြီး ကျန်ရှိတတ်တဲ့ အညစ်အကြေးများကို ကိုကာကိုလာနဲ့ ဆေးထုတ်ရင် ပြောင်ပါတယ်။ အဝတ်လျှော်စက်တွင် ညစ်ပတ်နေတာမျိုး၊ လက်ဆေး ကြွေခွက်တို့မှာ အစွန်းအထင်းပေနေ တာမျိုး၊ မည်းနေတာမျိုးဆိုရင် ကိုကာကိုလာအချိုရည်နဲ့ ဆေးကြောလို့ ရပါတယ်။

“တပ်မတော်က ပြည်သူ့ အတွက်လား အဲဒီလူကြီးတွေအတွက်လား” (ဦးအောင်လင်းထွဋ်)

Zaw Myo Lwin and 7 other friends shared Aungmyo Tun's photo.
“တပ်မတော်က ပြည်သူ့ အတွက်လား အဲဒီလူကြီးတွေအတွက်လား”

(ဦးအောင်လင်းထွဋ်)

ဦးပိုင်ကုမ္မဏီတွေနဲ့ ပက်သက်ပြီးတော့ သူတို့  ၁၉၉၀ ခုနှစ်လောက်က
စပြီးတော့မှ အမှန်တကယ် ရည်ရွယ်ချက်ကတော့ တပ်မတော်ရဲ့ မိသားစုတွေ
သက်သာချောင်ချိရေးနဲ့  တပ်မတော်သားဟောင်းတွေရဲ့ မိသားစုတွေ
သက်သာချောင်ချိရေးဆိုတာကို ရည်ရွယ်ပြီး ဒီလို ဖွဲ့ ခဲ့တာပါ။
ဒါပေမယ့် နောက်ပိုင်းမှာ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေကို ပျောက်ပြီးတော့မှ
နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေးကိုပါ ထိန်းချုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးတွေ
အနေအထားမျိုးရှိလာတယ်။ အထူးသဖြင့်တော့ ဒီကိစ္စတွေဟာ 
၁၉၉၇ ခုနှစ်ပေါ့လေ၊ န၀တ ကနေပြီး နအဖ ကို ပြောင်းတဲ့အချိန် နောက်ပိုင်းမှာ
ဖြစ်လာတဲ့အနေအထားမျိုး ရှိပါတယ်။ အဲဒီအချိန်က စပြီးတော့မှ 
မြန်မာနိုင်ငံမှာရှိတဲ့ သတ္တုနဲ့ ပက်သက်ပြီးတော့ ဖားကန့် တို့  မိုးကုတ်တို့ မှာ 
တပ်မတော်ရဲ့  ဦးပိုင်ရဲ့  ကွပ်ကဲမှုအောက်ကို ရောက်ခဲ့ပါတယ်။ ပိုပြီး ဆိုးတာက
ဒီ ဂတ်စ် ပေါ့လေ၊ ဂတ်စ် ပိုက်လိုင်းက ရတဲ့ပိုက်ဆံအားလုံးက တပ်မတော်၇ဲ့ 
ဦးပိုင်ကုမ္မဏီကို သွားပြီးတော့မှ၊ ဦးပိုင်ကုမ္မဏီက ခွဲဝေမျှပေးတဲ့ ပိုက်ဆံကိုသာ
နိုင်ငံတော်က ပြည်သူလူထုက ခံစားရတဲ့အနေအထားမျိုးတွေ ရှိခဲ့ပါတယ်။
အဲဒီပိုက်ဆံတွေကိုလည်း တစ်ချိန်က နေပြည်တော်ဆောက်တယ်၊ MIG 29 
ဝယ်တယ်၊ နောက် လှိုဏ်ခေါင်းတွေ တူးတယ်၊ နျူကလိယားစီမံကိန်းတွေ
လုပ်တယ်၊ မစ်ဇိုင်းတွေလုပ်တယ်။ ဒီလို စစ်တပ်နဲ့ ပက်သက်ပြီးတော့ 
ပိုက်ဆံတွေ သုံးတယ်။ ၀ယ်လို့ ရတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့  ကျွန်တော်တို့ 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို တိုက်တယ်။ အဲတော့ အကျိုးမရှိတဲ့
လုပ်ငန်းတွေကို ဦးပိုင်အနေနဲ့  အထောက်အကူပြုတဲ့ အနေအထားတွေ
ဖြစ်ပါတယ်။ 

ခုလက်ရှိအချိန်အခါမှာတော့ အနေအထားတွေ ပြောင်းလဲလာချင်တဲ့သူတွေ 
ရှိလာပြီ ဖြစ်ပါတယ်။ သို့ သော် တစ်ချိန်က စစ်အာဏာရှင်ရဲ့ အမွေဆိုးတွေက 
ရှိနေတုန်း ဖြစ်ပါတယ်။လက်ရှိအခြေအနေမှာ ဦးပိုင်နဲ့ ပက်သက်ပြီးတော့များ တစ်ခုခုဖြစ်လာရင်တော့ စစ်တပ်ထဲမှာလည်း အပေါ်ပိုင်းနဲ့ 
အောက်ပိုင်းဆိုပြီးတော့ နှစ်ပိုင်း ကွဲသွားနိုင်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ 
ရဲဘော်ပိုင်း စစ်သည်ပိုင်းက ဦးပိုင်ရဲ့ ခံစားမှုတွေကို မရပါဘူး။ အပေါ်ပိုင်း 
လူကြီးပိုင်းတွေပေါ့လေ၊ တပ်ရင်းမှူးအဆင့်လောက်ကနေ 
ဗိုလ်ချုပ်ကြီးအဆင့်လောက်အထိဘဲ ဦးပိုင်ရဲ့  ခံစားမှုကို ရပါတယ်။ 
ဘာဖြစ်လို့ ရလည်းဆိုတဲ့အခါကျတော့ ဦးပိုင်မှာနှစ်စဉ်ပေါ့လေ၊ ၃၀ ရာနှုန်း ဥပမာ ငွေတစ်ရာထည့်ရင် သုံးဆယ်ကျပ်ကို အမြတ် ပြန်ရပါတယ်။
ရဲဘော်က ရာဂဏန်း ထောင်ဂဏန်းလောက်ဘဲ ထည့်နိုင်ပါတယ်။
အရာရှိကြီးတွေက အနည်းဆုံး သိန်း ၂၀ ကနေပြီး အထက်ကို ထည့်တဲ့အခါ
တစ်နှစ် တစ်နှစ်ကို အရာရှိကြီးတွေအနေနဲ့  အမြတ်က သုံးဆယ် ရာခိုင်နှုန်း၊
သုံးဆယ် ရာခိုင်နှုန်းနဲ့  စဉ်းစားကြည့်ရင် သိန်းတစ်ရာထည့်တဲ့သူက
နှစ်စဉ် သိန်းသုံးဆယ် အမြတ်ရနေတဲ့ အနေအထား ရှိပါတယ်။
ရဲဘော်မိသားစုတွေအနေနဲ့ ကတော့ ဘာမှ သိပ် ဟုတ်တိပတ်တိနဲ့ 
ခံစားခွင့်ရတဲ့ အနေအထားမျိုး မရှိပါဘူး။ ရဲဘော်ပိုင်းတွေ စစ်သည်ပိုင်းတွေ
အနေနဲ့ ကတော့ ဦးပိုင် အခု အခြေအနေပြောင်းရင် ထောက်ခံမယ်၊
ဒါပေမယ့် ဗိုလ်ချုပ်ကြီးတွေပိုင်းကတော့ ဆန့် ကျင်ကောင်း 
ဆန့် ကျင်ပါလိမ့်မယ်။

အဲဒါတွေကို ဖော်ထုတ်မယ်ဆိုရင်တော့ ဒီ ခရိုနီတွေနဲ့ ပက်သက်ပြီးတော့ 
ဟိုအရင် ခေါင်းဆောင်ကြီးက စပြီးတော့၊ အခု လက်ပံတောင်းတောင်မှာဘဲ
ကြည့်ပါ။ တရုတ်သံအမတ်က ရှင်းတဲ့အခါမှာ ရတဲ့အကျိုးအမြတ်တွေထဲမှာ
၁၃ ရာနှုန်း ၅၀ ရာနှုန်းတို့ ရှိပါတယ်။ ကျန်တဲ့ ၄၀ ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းက
ပျောက်နေတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒါတွေက ဘယ်ကိုသွားသလဲ
ဆိုတာ မေးစရာအနေအထားမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် ဖားကန့် တို့ 
မိုးကုတ်တို့ မှာ နာမည်ကြီး ခရိုနီတွေကို ပေးပြီးတော့မှ နောက်ကွယ်ကနေ 
၃၀ ရာနှုန်း ၄၀ ရာနှုန်း ပေးရမယ်ဆိုပြီး ပါးစပ် ပါဆင်းနိတ် ယူထားတဲ့သူတွေ
အများကြီးရှိပါတယ်။ ဒါတွေကို ပြန်ပြီးတော့ ဖော်ထုတ်မယ်ဆိုရင်တော့
အဲဒီလူတွေကို တရားရုံး ပြန်ပြီးတော့ တင်ရမယ့်အနေအထားမျိုး ရှိပါတယ်။
အဲဒီအခါမှတော့ လက်ရှိ ရှိနေတဲ့ အစိုးရရော တပ်မတော်ရောက အဲဒီ
လူကြီးတွေကို ဘယ်လောက်အကာအကွယ်ပေးမယ်ဆိုတာကတော့
ကျွန်တော်တို့  စောင့်ကြည့်ရမယ်။ အဲဒီ့ အချိန်အခါကျမှ အစိုးရကရော
တပ်မတော်ကရော ပြည်သူလူထုအတွက်လား၊ အဲဒီ လူကြီးတွေအတွက်လား
ဆိုတာကို ပီပီပြင်ပြင် ပေါ်လာပါလိမ့်မယ်။

(ဦးအောင်လင်းထွဋ်)
“တပ်မတော်က ပြည်သူ့ အတွက်လား အဲဒီလူကြီးတွေအတွက်လား”

(ဦးအောင်လင်းထွဋ်)

ဦးပိုင်ကုမ္မဏီတွေနဲ့ ပက်သက်ပြီးတော့ သူတို့  ၁၉၉၀ ခုနှစ်လောက်က
စပြီးတော့မှ အမှန်တကယ် ရည်ရွယ်ချက်ကတော့ တပ်မတော်ရဲ့ မိသားစုတွေ
သက်သာချောင်ချိရေးနဲ့  တပ်မတော်သားဟောင်းတွေရဲ့ မိသားစုတွေ
သက်သာချောင်ချိရေးဆိုတာကို ရည်ရွယ်ပြီး ဒီလို ဖွဲ့ ခဲ့တာပါ။
ဒါပေမယ့် နောက်ပိုင်းမှာ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေကို ပျောက်ပြီးတော့မှ
နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေးကိုပါ ထိန်းချုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးတွေ
အနေအထားမျိုးရှိလာတယ်။ အထူးသဖြင့်တော့ ဒီကိစ္စတွေဟာ
၁၉၉၇ ခုနှစ်ပေါ့လေ၊ န၀တ ကနေပြီး နအဖ ကို ပြောင်းတဲ့အချိန် နောက်ပိုင်းမှာ
ဖြစ်လာတဲ့အနေအထားမျိုး ရှိပါတယ်။ အဲဒီအချိန်က စပြီးတော့မှ
မြန်မာနိုင်ငံမှာရှိတဲ့ သတ္တုနဲ့ ပက်သက်ပြီးတော့ ဖားကန့် တို့  မိုးကုတ်တို့ မှာ
တပ်မတော်ရဲ့  ဦးပိုင်ရဲ့  ကွပ်ကဲမှုအောက်ကို ရောက်ခဲ့ပါတယ်။ ပိုပြီး ဆိုးတာက
ဒီ ဂတ်စ် ပေါ့လေ၊ ဂတ်စ် ပိုက်လိုင်းက ရတဲ့ပိုက်ဆံအားလုံးက တပ်မတော်၇ဲ့ 
ဦးပိုင်ကုမ္မဏီကို သွားပြီးတော့မှ၊ ဦးပိုင်ကုမ္မဏီက ခွဲဝေမျှပေးတဲ့ ပိုက်ဆံကိုသာ
နိုင်ငံတော်က ပြည်သူလူထုက ခံစားရတဲ့အနေအထားမျိုးတွေ ရှိခဲ့ပါတယ်။
အဲဒီပိုက်ဆံတွေကိုလည်း တစ်ချိန်က နေပြည်တော်ဆောက်တယ်၊ MIG 29
ဝယ်တယ်၊ နောက် လှိုဏ်ခေါင်းတွေ တူးတယ်၊ နျူကလိယားစီမံကိန်းတွေ
လုပ်တယ်၊ မစ်ဇိုင်းတွေလုပ်တယ်။ ဒီလို စစ်တပ်နဲ့ ပက်သက်ပြီးတော့
ပိုက်ဆံတွေ သုံးတယ်။ ၀ယ်လို့ ရတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့  ကျွန်တော်တို့ 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို တိုက်တယ်။ အဲတော့ အကျိုးမရှိတဲ့
လုပ်ငန်းတွေကို ဦးပိုင်အနေနဲ့  အထောက်အကူပြုတဲ့ အနေအထားတွေ
ဖြစ်ပါတယ်။

မင်းတို့ကများ မှန်တယ် ထင်နေလို့လား/by စိန်သံလုံး


မင်းတို့ကများ မှန်တယ် ထင်နေလို့လား ...

မင်းတို့ကများ မှန်တယ် ထင်နေလို့လား
စိန်သံလုံး

ကဲ ... ပြောချင်နေတာ ကြာပြီ။ မပြောချင်သေးလို့ ကြည့်နေတာ။ ခုတော့ မပြောလို့မဖြစ် ပြောရတော့မယ်။

၁။ ၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရဆိုပြီး ဗိုလ်ချုပ်နေ၀င်း စစ်အစိုးရက အာဏာသိမ်းတယ်။ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ကပေါ့။ ရန်ကုန်မြို့ ၀င်ဒါမီယာမှာရှိတဲ့ ၀န်ကြီးချုပ် ဦးနုအိမ်ကို ဗိုလ်မှူးချုပ် တင်ဖေ၊ ဗိုလ်မှူးကြီး အောင်ကြီးနဲ့ ဗိုလ်မှူးကြီး မောင်မောင် ... အစရှိတဲ့ တပ်မှူးကြီးတွေ ရောက်လာပြီး ဦးနုကို ၀ိုင်းပြီး အကျပ်ကိုင်ကြတယ်။ တပ်ကို အာဏာလွှဲပြောင်းပေးဖို့ ဗိုလ်ချုပ်နေ၀င်း အလိုကျ တောင်းဆိုကြတယ်။ သေနတ်ပြပြီး တောင်းဆိုတယ်ပေါ့။ နောက်ဆုံးတော့ ဦးနုက လိုက်လျောလိုက်ရတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်နေ၀င်းရဲ့ အိမ်စောင့်အစိုးရ တက်လာတယ်။ (အဲဒီနောက် ၁၉၆၂ ခုနှစ်မှာတော့ တော်လှန်ရေးကောင်စီဆိုပြီး ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းပြန်တယ်။ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံဟာ အဲဒီအချိန်က စပြီး ခုချိန်ထိ ချွတ်ခြုံကျသွားတယ်။ တော်လှန်ရေးကောင်စီခေတ်မှာ ပြည်သူပိုင်တွေသိမ်း၊ ငွေစက္ကူတွေ တရားမ၀င်ကြောင်း ကြေညာခဲ့တယ်။ နောက်ဆုံးမှာတော့ ထင်ရာတွေ လုပ်ခဲ့လို့ ဆင်းရဲတဲ့နိုင်ငံအဖြစ် ကြေညာခြင်းခံရတယ်။)

Thursday, December 13, 2012

K.I.O/K.I.A နှင့် ဖြစ်ပွားနေသည့် စစ်ပွဲနှင့် ပတ်သက်၍ လေ့လာတင်ပြချက်

Khin Mgoo shared Lachid Kachin's photo.
K.I.O/K.I.A နှင့် ဖြစ်ပွားနေသည့် စစ်ပွဲနှင့် ပတ်သက်၍ လေ့လာတင်ပြချက်
==========================================

K.I.O/K.I.A နှင့် အစိုးရအကြား၊ ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်၍ K.I.O လူကြီးတဦးကို မေးမြန်းကြည့်ရာ အောက်ပါအတိုင်း ဖြေကြားသည်ကို တင်ပြအပ်ပါသည်။ ယခုလက်ရှိ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ၉/၆/၂၀၁၁ နေ့မှာစတင်ခဲ့တဲ့ တာပိန်မြစ် ရေအားလျှက်စစ်စက်ရုံ လုံခြုံရေးကို အကြောင်းပြုပြီး ဖြစ်ခဲ့သည့် စစ်ပွဲဟာ ယခင်တိုက်ပွဲများနှင့်၎င်း၊ အခြားသော တိုင်းရင်းသားဒေသများမှာ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်၎င်း မတူခြားနားကြောင်း၊ တာပိန်ရေးအားလျှက်စစ်စက်ရုံ မတည်ဆောက်မီ ချဉ်းကပ်လမ်းကြောင်း ရှာဖွေချိန်ကစပြီး စက်ရုံပြီးစီး၍ လျှက်စစ်မီးရရှိသည်အထိ (စက်ရုံပြီးစီးသည်အထိ) K.I.O/K.I.A လုံခြုံရေးအောက်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ရုံမှာလည်း K.I.O/K.I.A ထိန်းချူပ်နယ်မြေအတွင်းတွင် တည်ဆောက်ထားသော စက်ရုံဖြစ်ပြီး၊ သမ္မတ ဦးသိန်းစိန်(ထိုစဉ်က ဝန်ကြီးချူပ်) ကိုယ်တိုင်လာရောက် ဖွင့်လှစ်ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုစဉ်ကဘာလုံခြုံရေး ပြဿနာမျှ မရှိခဲ့ကြောင်း၊ စက်ရုံဖွင့်ပြီး တစ်နှစ်နှီးပါး ကြာလာသည့်အခါမှ စက်ရုံလုံခြုံခြင်းစကားပြောလာခြင်း ဖြစ်ကြောင်း၊ ဝင်တိုက်တာလည်း ရှမ်းပြည်နယ် မိုးမိတ်ဗျူဟာမှဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ၉/၆/၂၀၁၁ ရက်နေ့မှာ K.I.O ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပခဲ့ကြောင်း၊ မပခ တိုင်းမှူးအပြောတွင် အင်အားသုံးမည့် အသုံးအနှုန်းမျိုး ပါရှိနေသဖြင့် အင်အားမသုံးရန်နှင့် အကယ်၍အင်အားသုံးလာပါက ကချင်ပြည်နယ် တခုလုံးသို့ စစ်မီးပျံ့နှံ့သွားနိုင်ကြောင်း၊ ဒီလိုဖြစ်လာပါက တိုင်းမှူး၏ တာဝန်သာဖြစ်မည်ဖြစ်ကြောင်း၊ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း၊ အင်းအားသုံးလာပါက ခုခံကာကွယ်စစ်ဆင်နွဲရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း၊ သိရှိရပါသည်။

 

ထို K.I.O လူကြီးကဆက်ပြောသည်မှာ ၁၀/၆/၂၀၁၁ ရက်တွင် K.I.A ထုံဖိုစခန်း (ဘွမ်ဆင်စခန်း) ကိုစတင် ထိုးစစ်ဆင် တိုက်ခိုက်ခံရကြောင်း၊ ဒါကြောင့်ထိုနေ့မှာဘဲ K.I.O ဗဟိုကော်မီတီက ခုခံကာကွယ်စစ်ဆင်နွဲဘို့ အမိန့်ပေးခဲ့ရကြောင်း သိရှိရပါသည်။ ဒီနေရာမှာ လုံခြုံရေးနှင့် ပတ်သက်၍ သုံးသပ်ရန်လိုအပ်လျက်ရှိပါတယ်။ လုံခြုံရေးယိုယွင်းနေတယ်ဆိုတာဟာ ဘယ်လောက်ခိုင်လုံမှုရှိသလဲ၊ ဘာအထောက်အထားပေါ်အခြေခံပြီး ပြောတာလဲ၊ လုံခြုံရေးလိုအပ်ကြောင်း တိုင်ကြားချက်ရှိပါသလား၊ မည်သူမည်ဝါက တိုင်ကြားသလဲ၊ အကယ်၍ လုံခြုံရေး အမှန်တကယ်လိုအပ်တယ်ဆိုလျင် အင်အားမသုံးဘဲ အချင်းချင်း ညှိနှိုင်းပြောဆို၍မရနိုင်ဘူးလား၊ ဘာကြောင့် အင်အားသုံးဝင်ရောက် တိုက်ခိုက်ပြီးမှ ငြိမ်းချမ်းရေးစကား ပြောရသလဲ၊ ဒီလိုဝင်တိုက်မဲ့ကိစ္စကို ကချင်ပြည်နယ်အစိုရနှင့် ကြိုတင်ညှိနှိုင်း အသိပေးမှုကောရှိခဲ့ပါသလား၊ ကချင်ပြည်နယ် အစိုးရကလည်း မိမိအုပ်ချူပ်နယ်မြေထဲကို တိုက်ခိုက်လာတာကို ဘာဖြစ်လို့ ငြိမ်နေသလဲ၊ သမ္မတကြီးကိုကော ဒီကိစ္စတင်ပြခဲ့ဘူးတာရှိသလား ဆိုသည့် မေးခွန်းများစွာပေါ်ထွက်နေတာ တွေ့ရှိရပါတယ်။

 

K.I.O လူကြီးက ဆက်လက်ပြောပြရာမှာ ၁၉၉၄ ခုနှစ်တုန်းက အပစ်အခတ်ရပ်ဆိုင်းခဲ့တာလည်း BGF ဖွဲ့ဘို့၊ ရွေးကောက်ပွဲဝင်ဘို့မဟုတ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးဘို့ဘဲဖြစ်ကြောင်း၊ ဆက်ဆံရေးရုံုးလည်း (၃၀) ခန့်ဖွင့်ထားပြီး ဖြစ်ကြောင်း၊ ဒါအပေါ်သူတို့ကဘယ်လိုမြင်သလဲ၊ ဘယ်လိုသဘောထားသလဲမသိဘူး၊ စစ်ပြန်တိုက်ပြီးမှ အပစ်အခတ်ရပ်စဲရအောင်၊ ငြိမ်ချမ်းရေးလုပ်ရအောင်ဆိုလာတယ်၊ ဒါကို နှုတ်သာပွင့်လင်းပြီး၊ အတွင်းစိတ်မပွင့်လင်းဘူး၊ ပါးစပ်သာပွင့်လင်းပြီး အတွင်းစိတ်မပွင့်လင်းရင် မဖြစ်ဘူးလို့ K.I.O ဖက်ကမြင်ကြောင်း ရှင်းပြပါသည်။

 

ဒါကိုထောက်ရင် ယခုလက်တလောဖြစ်ပျက်နေတဲ့ ပြဿနာဟာ မည်သူတွေတာဝန်ရှိသလဲဆိုတာကို ကော်မရှင်တရပ်ဖွဲ့၍ စုံစမ်းစစ်ဆေးသင့်သည်ဟု စာရေးသူကသုံးသပ်အပ်ပါသည်။ နောက်တခုက မပခ တိုင်းမှူးရဲ့ ၁၇/၉/၂၀၁၁ ရက်နေ့စွဲပါ စာကိုလည်းထုတ်ပြပါတယ်။ ဒီစာကို မူရင်းစာသားအတိုင်း တင်ပြအပ်ပါသည်။

 

တဖက်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သော နိုင်ငံတော်စီမံကိန်းကြီးများ၏ လုံခြုံရေးနှင့် အောက်ခြေအတွင်း ပဋ္ဋိပက္ခများကြောင့်ဖြစ်ပေါ်လာသော ပြဿနာဖြေရှင်းမှုများမှအပ မိမိတို့အနေဖြင့် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ ယခုလည်းဆောင်ရွက်နေခြင်းမဟုတ်ကြောင်း အသိပေးအပ်ပါသည်။

 

ထာဝရငြိမ်းချမ်းရေးကို လိုလားကြောင်း နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်လမ်းစလိုအပ်ပါကြောင်း ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး၏ နိုင်ငံတော် အခြေပြုမိန့်ခွန်းတွင်လည်း ပါရှိပြီးဖြစ်သဖြင့် ကြိုဆိုပါသည်။ အခိုင်အမာ အပစ်အခတ်ရပ်ဆဲရေးလိုအပ်ပါကြောင်းနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးသွားရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။ (ပုံxxx) ဤတိုင်းမှူးရဲ့စာအရဆိုရင် နိုင်ငံတော်ဆိုတာဘာလဲ ဆိုတာစဉ်းစားရပါမယ်။ နိုင်ငံတော်ဆိုတာ ကျေးရွာ၊ ရပ်ကွက် မှစပြီး အဆင့်ဆင့်စုဖွဲ့ထားခြင်းဖြစ်ကြောင်း အခြေခံဥပဒေမှာ အခိုင်အမာဆိုထားပါတယ်။

 

ဒါကြောင့်နိုင်ငံတော်စီမံကိန်းဆိုတာလဲ ဒေသခံပြည်သူတွေ၊ အောက်ခြေပြည်သူလူထုတွေ အကျိုးခံစားခွင့်ရှိမှ၊ ခံစားနိုင်မှ နိုင်ငံတော်စီမံကိန်း မည်မှာဖြစ်ပါတယ်။ အထက်ကိုသာ သို့မဟုတ် တဖက်သားအကျိုးခံစားခွင့် ရှိမယ်ဆိုရင် နိုင်ငံတော်စီမံကိန်းမည်မှာ မဟုတ်ဘူးလို့ယူဆရပါတယ်။ ဒီလို အချင်းချင်း ပဋ္ဋိပက္ခဖြစ်မယ့်၊ အချင်းချင်းတိုက်ခိုက်ကြမယ့် နိုင်ငံတော် စီမံကိန်းမျိုးကိုတော့ ရပ်တန်းကရပ်သင့်ပြီလို့လဲ ယူဆရပါတယ်။ ဒီစီမံကိန်းဟာ တဖက်နိုင်ငံကို (တာထန်းကို) ၉၀% အကျိုးခံစားခွင့်ပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ယခု K.I.O/K.I.A နှင့် တိုက်နေတဲ့ တိုက်ပွဲတွေဟာ ၉၀% သောတဖက်နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ပေးဘို့ တိုက်နေတဲ့တိုက်ပွဲတွေဘဲ ဖြစ်ပါတယ်။ ကောင်းကောင်းမမြင်တတ်ရင် (အပြင်ကကြည့်ရင်) တော့ K.I.O/K.I.A နှင့် အစိုးရတပ်တို့ တိုက်နေကြတယ်လို့ဘဲမြင်မှာပါ။ အမှန်တကယ်တွင် သုံးပွင့်ဆိုင်ဖြစ်နေပါတယ်။ တဖက်နိုင်ငံကနောက် ကွယ်မှာရှိနေတယ် ဆိုတာကိုမြင်ဘို့ လိုပါတယ်။ ညီအစ်ကို အချင်းချင်းပြေလည်အောင် ဖြေရှင်းယူတတ်ရင်တော့ အကြောင်းမဟုတ်ပေမဲ့၊ ထိုသို့မဖြေရှင်းနိုင်ရင်တတိယ ပုဂ္ဂိုလ်ပါ၊ ပါလာမှာဖြစ်ပါတယ်။ အဲဒီတတိယ ပုဂ္ဂိုလ်ဟာ ဒီတိုက်ပွဲတွေမှာ သေကြေ/ပျက်စီးဆုံးရှုံးမှုတွေအတွက် နောင်တနေ့နေ့တွင် တာဝန်ယူရပါလိမ့်မယ်။

 

ဒီတိုက်ပွဲဟာဘာနှင့် နှိုင်းလို့ရမလဲဆိုရင် ဆဒ္ဒန်ဆင်မင်း ဝတ္ထုနှင့် နှိုင်း၍ရမယ်ထင်ပါတယ်။ အစွယ်လိုသူကမိဖုရား၊ စေခိုင်းသူက ဘုရင်မင်းမြတ် မျှားပစ်သူက တောနုတ်ဒရမုဆိုး၊ အပစ်ခံရသူက ဘုရားလောင်း ဆဒ္ဒန်ဆင်မင်း၊ အခုလည်း အစွယ်လိုသူက တဖက်နိုင်ငံ (တာထန်းကုမ္ပဏီ) စေခိုင်းသူကအစိုးရ (ကာ/လုံ)၊ သွားပစ်သူက ရဲဘော်တပ်မတော်သား တွေဖြစ်ပါတယ်။ ဒီမှာမတူတာတခုရှိတာက ဆဒ္ဒန်မင်းက ဘုရားလောင်းဆိုတော့ အစွယ်ကို ကြည်ကြည်ဖြူဖြူ၊ လိုလိုလားလား ဖြတ်ယူခွင့်ပြုပြီး အသေခံတိုက်တယ်၊ K.I.O/K.I.A ကျတော့ ဘုရားလောင်းတွေ မဟုတ်ဘူး၊ ပုထုစဉ်လူသားတွေဆိုတော့ လွယ်လွယ်နဲ့ အသေမခံချင်ကြဘူး၊ မိမိကိုယ်ကို ခုခံကာကွယ်လာရတယ်ဆိုတော့ တိုက်ပွဲကရှည်နေတယ်။ နေ့စဉ် သေကြေပျက်စီးနေရတာ ခုအချိန်အထိပါဘဲ။ ဒီလိုပစ်ခတ်ကြတော့ ပြည်သူလူထုလည်း အတိဒုက္ခရောက်ခဲ့ရပါတယ်၊ ဒါကမည်သူ့မှာ တာဝန်ရှိသလဲစဉ်းစားဘို့လို ပါပြီ။

 

ဆဒ္ဒန်ဆင်မင်းကိစ္စက ဆဒ္ဒန်ရေအိုင်မှာ ရေကစားရင်း မိဖုရားကြီးကိုခါချဉ်ကောင်ခါချ ကြည်စားရာက စခဲ့တာပါ။ ဆဒ္ဒန်ဆင်မင်းကကြည်စားပေမဲ့ မိဖုရားက မခံမရပ်နိုင်ဖြစ်တော့ နောင်ဘဝတပါး ပြောင်းတဲ့အထိ အခဲမကြေဖြစ်ကာ ဆဒ္ဒန်ဆင်မင်း ဇီဝိန်ချုပ်သည်ထိ လက်စားချေခဲ့ပါတယ်။ ယခုလည်းအထောက်အထား ခိုင်လုံမှုမရှိ၊ အတိအကျ ပြောလို့မရတဲ့ လုံခြုံရေးကိစ္စကစခဲ့တာပါ။ ယခုသမ္မတကြီးဦးသိန်းစိန်ကလည်း K.I.O/K.I.A ကိုနိုင်ငံတော် စေတနာအပြည့်နဲ့ အမြောက်လက်နက်တွေနှင့် ကြည်စားတာလားတော့မသိဘူး K.I.O/K.I.A ထိန်းချုပ်နယ်မြေထဲမှာ အောက်ပြည်အောက်ရွာကတပ်ရင်း၊ တပ်မတွေကို ၁၀၅/၁၂၀ မမ အမြောက်ကြီးများနှင့် တကွခေတ်မှီလက်နက်မျိုးစုံနှင့် ပို့လွှတ်ပြီး မိမိကိုယ်ကို ခုခံကာကွယ်တယ်ဆိုကာ ပစ်ခတ်ကြည်စားတာတော့ မသင့်တော်ဘူးလို့ မြင်ပါတယ်။ ခါချဉ်ကောင် ကလူကိုမသေစေနိုင်ဘူး၊ အမြောက်လက်နက်တွေက လူကိုသေစေနိုင်ပါတယ်။

 

နောက်ပြီး K.I.O/K.I.A ထိန်းချုပ်နယ်မြေထဲမှာ နယ်မြေစိုးမိုရေး ယူစေခြင်းဟာ စစ်ရေးအနုကြမ်း စီးခြင်းဘဲလို့ K.I.O/K.I.A ကယူဆနေကြပါတယ်။ ဒီလိုအနုနည်းဖြင့် တိုက်ခိုက်လာခြင်းကို K.I.O/K.I.A  ကခွင့် မပြုနိုင်ဘူး၊ မိမိကိုယ်ကို တိုက်ဘို့ စစ်လက်နက်ခဲယမ်းမီးကျောက်တွေ၊ စစ်အင်အားတွေ၊ စစ်ရိက္ခာတွေကို အသာတကြည်ပို့ဆောင် သိုလှောင်ထားခွင့်၊ ခံကတုတ်ကျင်းတွေ အခိုင်အမာ တည်ဆောက်ခွင့်တို့ကို ခွင့်မပြုနိုင်ဘူး၊ K.I.O/K.I.A အနေနဲ့ ဒီလိုဖြစ်နေတာကို ဟန့်တားပစ်ခတ်ရခြင်း သာဖြစ်တယ်၊ အစိုးရထိန်းချုပ်နယ်မြေထဲဝင် ရောက်တိုက်စစ်ဆင်ခြင်းမဟုတ်ပါ၊ ဒါကြောင့် သမ္မတကြီးရဲ့ ၁၀၅/၁၂၀ မမ အမြောက်တွေနှင့် အောက်ပြည်အောက်ရွာက တပ်ရင်း၊ တပ်မတွေကို K.I.O/K.I.A ထိန်းချုပ်နယ်မြေထဲ ပို့လွှတ်ပြီး မိမိကိုယ်ကို ခုခံကာကွယ်တဲ့ စစ်ဆင်နွဲတာသာ ဖြစ်တယ်ဆိုတဲ့ စကားကိုလုံဝ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

 

ဒါအပြင် အမေရိကန် နှင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု၊ စီးပွားရေးပိတ်ဆို့မှုတို့ကို ဖယ်ရှားပေးဘို့ အမေရိကန် ကိုတိုးလျိုးတောင်းပန်တောင်းဆိုသလို K.I.O/K.I.A နှင့် တိုင်းရင်းသားများအပေါ် ချမှတ်ထားတဲ့ ဖြတ်(၄) ဖြတ်၊ နေ့စဉ်နှင့် အမျှသေကြေပျက်စီးနေရသော မိမိကိုယ်ကို ခုခံကာကွယ်တယ်ဆိုပြီး ၁၀၅/၁၂၀ မမ အမြောက်ကြီးတွေနှင့် ပို့ထားတဲ့အောက်ပြည် အောက်ရွာကတပ်ရင်း၊ တပ်မတွေကို အမြန်ဆုံးရုပ်သိမ်းပေးဖို့က အဓိကကျတယ်၊ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို သမ္မတ ကခံစားရတာထက် သမ္မတရဲ့ ပိတ်ဆို့မှုကို K.I.O/K.I.A နဲ့ တိုင်းရင်းသားများက အဆ (၁၀၀) မက ခံစားနေရတယ်၊ ဒါကြောင့် အေးဒီလို တပ်စတင်ရုပ်သိမ်းသွားတဲ့နေ့ဟာ မြန်မာနိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေးကို စတင်မြင်ရတဲ့နေဖြစ်ပြီး၊ သမ္မတကြီးရဲ့ သြဇာအာဏာကို စတင်အသိအမှတ်ပြုခံရမယ့်နေ့ လည်းဖြစ်လိမ့်မယ်လို့ K.I.O လူကြီးကပြောပြပါကြောင်း အများပြည်သူသိရှိအောင် ဖွင့်ချတင်ပြအပ်ပါတယ်။

 

ကချင်ဒူဝါကြီး
K.I.O/K.I.A နှင့် ဖြစ်ပွားနေသည့် စစ်ပွဲနှင့် ပတ်သက်၍ လေ့လာတင်ပြချက်
==============================
============

K.I.O/K.I.A နှင့် အစိုးရအကြား၊ ဖြစ်ပွားနေသည့် စစ
်ပွဲနှင့်ပတ်သက်၍ K.I.O လူကြီးတဦးကို မေးမြန်းကြည့်ရာ အောက်ပါအတိုင်း ဖြေကြားသည်ကို တင်ပြအပ်ပါသည်။ ယခုလက်ရှိ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ၉/၆/၂၀၁၁ နေ့မှာစတင်ခဲ့တဲ့ တာပိန်မြစ် ရေအားလျှက်စစ်စက်ရုံ လုံခြုံရေးကို အကြောင်းပြုပြီး ဖြစ်ခဲ့သည့် စစ်ပွဲဟာ ယခင်တိုက်ပွဲများနှင့်၎င်း၊ အခြားသော တိုင်းရင်းသားဒေသများမှာ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်၎င်း မတူခြားနားကြောင်း၊ တာပိန်ရေးအားလျှက်စစ်စက်ရုံ မတည်ဆောက်မီ ချဉ်းကပ်လမ်းကြောင်း ရှာဖွေချိန်ကစပြီး စက်ရုံပြီးစီး၍ လျှက်စစ်မီးရရှိသည်အထိ (စက်ရုံပြီးစီးသည်အထိ) K.I.O/K.I.A လုံခြုံရေးအောက်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ရုံမှာလည်း K.I.O/K.I.A ထိန်းချူပ်နယ်မြေအတွင်းတွင် တည်ဆောက်ထားသော စက်ရုံဖြစ်ပြီး၊ သမ္မတ ဦးသိန်းစိန်(ထိုစဉ်က ဝန်ကြီးချူပ်) ကိုယ်တိုင်လာရောက် ဖွင့်လှစ်ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုစဉ်ကဘာလုံခြုံရေး ပြဿနာမျှ မရှိခဲ့ကြောင်း၊ စက်ရုံဖွင့်ပြီး တစ်နှစ်နှီးပါး ကြာလာသည့်အခါမှ စက်ရုံလုံခြုံခြင်းစကားပြောလာခြင်း ဖြစ်ကြောင်း၊ ဝင်တိုက်တာလည်း ရှမ်းပြည်နယ် မိုးမိတ်ဗျူဟာမှဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ၉/၆/၂၀၁၁ ရက်နေ့မှာ K.I.O ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပခဲ့ကြောင်း၊ မပခ တိုင်းမှူးအပြောတွင် အင်အားသုံးမည့် အသုံးအနှုန်းမျိုး ပါရှိနေသဖြင့် အင်အားမသုံးရန်နှင့် အကယ်၍အင်အားသုံးလာပါက ကချင်ပြည်နယ် တခုလုံးသို့ စစ်မီးပျံ့နှံ့သွားနိုင်ကြောင်း၊ ဒီလိုဖြစ်လာပါက တိုင်းမှူး၏ တာဝန်သာဖြစ်မည်ဖြစ်ကြောင်း၊ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း၊ အင်းအားသုံးလာပါက ခုခံကာကွယ်စစ်ဆင်နွဲရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း၊ သိရှိရပါသည်။