Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Tuesday, April 23, 2013

Proportional Representation – အချိုးကျ ဗဟုကိုယ်စားလှယ် ရွေးကောက်သောစနစ် by U U Mhaw Sayar (Notes) on Tuesday, April 23, 2013 at 10:54am


PR စနစ်လို့ အတိုကောက်ပြောဆိုနေတဲ့ ရွေးကောက်ပွဲစနစ်ကို မြန်မာလိုတော့ အမျိုးမျိုးပြန်ဆိုရေးသားကြပါတယ်။
"အချိုးကျ ဗဟုကိုယ်စားလှယ် ရွေးကောက်တင်မြှောက်သောစနစ်" လို့ မြန်မာမှုပြုထားတာကိုတော့ ကျနော်သဘော
ကျလို့  ဒီဆောင်းပါးမှာ ယူသုံးလိုက်ပါတယ်။


"အချိုးကျ ဗဟုကိုယ်စားလှယ် ရွေးကောက်တင်မြှောက်သောစနစ်"မှာ အဓိကအားဖြင့် လက္ခဏာနှစ်ရပ်ရှိတယ်။ ပထမ
အချက်က ပြီးခဲ့တဲ့ မြန်မာပြည်ရွေးကောက်ပွဲတွေလို တစ်ဒေသ-တစ်ကိုယ်စားလှယ်စနစ်နဲ့ လုံးဝမတူဘဲ၊ မဲဆန္ဒနယ်ကြီး တခုစီကနေ လွှတ်တော်ကိုယ်စားလှယ်တွေကို တဦးထက်ပို၍ရွေးကောက်စေကာ ပါတီတွေကလည်း အဲဒီဒေသကို
ကိုယ်စားပြုမဲ့ ကိုယ်စားလှယ်များစာရင်းအသီးသီးကို ပြည်သူထံတင်ပြပြီး လူထုက ရွေးကောက်ပွဲမှာ မိမိတို့ဆန္ဒရှိတဲ့
ပါတီရဲ့ ကိုယ်စားလှယ်ကို မဲပေးရွေးချယ်တဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒုတိယလက္ခဏာရပ်ကတော့ ရွေးကောက်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်တဲ့ပါတီတိုင်း လူထုကို အချိုးကျကိုယ်စားပြုနိုင်မဲ့ အခွင့်အရေး ရှိနေတာပါ။ ရှင်းအောင် ဥပမာပေးရရင်တော့
မဲဆန္ဒနယ်တခုတွင် အမတ်ဆယ်ယောက် ရွေးမယ်လို့ သတ်မှတ်ထားတယ်ဆိုပါစို့။ အဲဒီဒေသမှာ ၀င်ပြိုင်မဲ့ပါတီများက
ကိုယ့်ပါတီရဲ့ ကိုယ်စားလှယ်ဆယ်ဦးစီပါတဲ့  စာရင်းတင်ပြီး ထိုဒေသမှာ ရွေးကောက်ပွဲဝင်တဲ့အခါ ၄၀% ထောက်ခံမဲ
ရရှိပါက ၄၀% ရဲ့အချိုးကျအဖြစ် အမတ်ဆယ်နေရာတွင် အဆိုပါ ပါတီက လေးနေရာ လွှတ်တော်မှာ ပါဝင်ခွင့်ရမှာ
ဖြစ်ပါတယ်။ ထောက်ခံမဲ ၂၀% ရတဲ့ပါတီဆိုရင်လည်း လွှတ်တော်မှာ ကိုယ်စားလှယ်နှစ်ဦး ပါဝင်ခွင့်ရမှာပေါ့။ တချို့
နယ်မြေသိပ်မကျယ်ဝန်းတဲ့ နိုင်ငံများမှာတော့ တနိုင်ငံလုံးကို မဲဆန္ဒနယ်ကြီးတခုအဖြစ် သတ်မှတ်ပြီး အဲဒီလိုမျိုး
ရွေးကောက်တင်မြှောက်လေ့ရှိတယ်။ (ဥပမာ- နယ်သာလန်၊ အစ္စရေး)

စစ်တီးဝိုင်းနှင့်စောစံဖိုးသင်

Khaung Shyu and Saw Htoo shared Phlonetherdwae Karenization's photo.
စစ်တီးဝိုင်းနှင့်စောစံဖိုးသင်

စစ်တီးဝိုင်းနှင့် စောစံဖိုးသင်
ဖက်စစ်တော်လှန်ရေး ကရင်=ဗမာချစ်ကြည်ရေးနှင့် လွပ်လပ်ရေး ရယူရေးတွင်ဗိုလ်ချုပ် အောင်ဆန်းအနေနှင့်အားထားရသောကရင်အမျိုးသားခေါင်းဆောင်နှစ်ဦးမှာဝန်ကြီးအာဇာနည် မန်းဘခိုင်နှင့်ဝန်ကြီးစောစံဖိုးသင် နှစ်ဦးပင်ဖြစ်သည်။သို့ ရာတွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်မန်းဘခိုင် တို့ ၏ဆက်ဆံရေးမှာလူကြီးဆန်ဆန်နွေးထွေးတည်ငြိမ်ရင့်ကျက်ပြီးစောစံဖိုးသင်နှင့်ဆက်ဆံရေးမှာ လွန်စွာပွင့်လင်းသောဆက်ဆံရေးမျိုးဖြစ်သည်ကိုမြင်တွေ့ နိုင်လေသည်။
ယင်းသို့ နှစ်ဦးနှစ်ဘက်ကြားရိုးသားပွင့်လင်းစွာဆက်ဆံကြခြင်းဖြင့် ပုဂ္ဂိုလ်ခင်ရာမှတဆင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်စောစံဖိုးသင်တို့ နှစ်ဦးကြားတွင် ထိုစဉ်ကမမျော်မှန်းနိုင်သောအလုပ်များ ကိုပင်အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့လေသည်။ ပထမမှာတနေ့  ဂျပန်ကိုတော်လှန်ရန်ဗိုလ်ချုပ် အောင်ဆန်းကရည်ထားပြီးဖြစ်သောကြောင့်ဂျပန်ခေတ်တွင်ကရင်တပ်ရင်းကို ဖွဲ့ စည်းနိုင်ခဲ့ခြင်း၊ စောစံဖိုးသင်၏အမေရိကန် ပြည်ထောင်စုတွင် ဆွတ်ခူးရရှိခဲ့သော ဂီတ၀ိဇ္ဇာဘွဲ့ (ဂီတဗေဒ)ကို အကြာင်းပြုလျက် ဂျပန်ခေတ် ဗမာ့တပ်မတော် စစ်တီးဝိုင်းသမားအား ဗိုလ်ချုပ်အောင်ဆန်းက စောစံဖိုးသင်ဦးဆောင်၍ဖွဲ့ စည်းခိုင်းခြင်းတို့ ပင်ဖြစ်သည်။
ယင်းသို့ ဖြင့် ဖက်ဆစ်တော်လှန်ရေး စတင်သောအခါ တိုင်းအမှတ်(၃)ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ နယ်၏စစ်ကြောင်းဖြစ်သော “ရဲကျော်သူတပ်ဖွဲ့ သည် တိုင်းမှူးဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်မှူးစောထွန်းစိန်နှင့် စောစံဖိုးသင် တို့ ဦးဆောင်လျက် ဗိုလ်ချုပ်အောင်ဆန်း၏ ရည်မှန်းချက် အတိုင်းမြစ်ဝကျွန်းပေါ် ဒေသ၌ တာဝန်ယူနိုင်ခဲ့ကြသည်။ ယင်းဘီဒီအေ(B.D.A) ကရင်တပ်ရင်းကို တာဝန်ယူခဲ့သူနှင့် တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးစောထွန်းစိန်က မြ၀တီမဂ္ဂဇင်းပါသူ၏ “ဖက်ဆစ်ကို တော်လှန်ခဲ့သော(ဘီဒီအေ)ကရင်တပ်ရင်း” ဆောင်းပါးတွင် အောက်ပါအတိုင်း ရေးသားဖော်ပြ ထားလေသည်။
“ဘီဒီအေ ကရင်တပ်ရင်းကိုဖွဲ့ ရန် တာဝန်ပေးထားသောအခါ ကျွန်တော့်မှာ ပထမဆုံး အရာရှိ၊ အကြပ်၊ တပ်သားများကို ရှာရမည် ဖြစ်ပါသည်။ ထိုအချိန်က ကရင်စစ်မှုထမ်းဟောင်းများ ကိုဂျပန်များက အလွန်နှောင့်ယှက်နေသော အချိန်ဖြစ်သဖြင့် ထိုကရင် စစ်မှုထမ်းများကို ပထမ အသုတ်အနေ ဖြင့်ခေါ်လိုက်ပါသည်။ နောက်ပြီးကျာင်းသား၊ နောက်ပြီး ဂျပန်က အနှောင့်အယှက် ပေးနေသူများကို ခေါ်ယူပြီး စမ်းချောင်းဘောလုံးကွင်းအတွင်းရှိစစ်ဝန်ကြီးရုံး ကင်းတပ်တွင် လေ့ကျင့် ခန်းများပေးပါသည်။(၁)လအတွင်းနေ့ ညဆက်တိုက် လေကျင့်ပေးသဖြင့်အရာရှိနှင့် အကြပ်သင်တန်းပြီးဆုံးပါသည်။ ၄င်းအရာရှိနှင့်အကြပ်များကိုပင် စစ်သားစုဆောင်းရေးအတွက် နယ်သို့ လွတ်၍ စစ်သားစုဆောင်းစေခဲ့ရာ မကြာမီ တပ်ရင်းတရင်းစာ စစ်သားသစ်များ ရောက် ရှိလာပါတော့သည်။” ဆောင်းပါးရှင်က ဆက်လက်၍ ဖော်ပြထားသည်မှာ-
အချို့ တပ်သားများမှာ တောင်ပေါ်ကရင်များဖြစ်ကြ၍ မြန်မာစကားကိုပင်ကောင်းစွာ မပြော တတ်ကြပါ။ ထိုသို့ မြန်မားစကားမပြောတတ် ပြောတတ်သဖြင့် ပြောသည်ကိုပင်ဗိုလ်ချုပ်နှင့်တကွ မြန်မာ့ရဲဘော်များက အလွန်သဘောကျခဲ့ကြပါသည်။ တပ်သားအရေအတွက်များလာသဖြင့် ဘီဒီ အေ ကရင်တပ်ရင်းကို လေ့ကျင့်ရေးတပ်ရင်(၄)ဟုခေါ်ပြီး ၀င်ဆာစခန်း(သမ္မတအိမ်တော်အနီး) တွင်ထားပါသည်။ တပ်သားများကို လေ့ကျင့်ရေးမပြီးမီ ဖက်ဆစ်တော်လှန်ရေးတွက် တာဝန်များ ကို ခွဲဝေပေးပြီး တပ်ခွဲ(၃)ကို မြစ်ဝကျွန်းပေါ်မှ လွတ်ခဲ့ရ၍ ကျန်တပ်ခွဲတစ်ခွဲကို လူခွဲပြီး အင်းစိန်၊ သာယာဝတီ၊ ပဲခူး၊တောင်ငူသို့ လွတ်ခဲ့ရပါသည်။ ထိုသို့ တပ်များကို နယ်သို့ မလွတ်မီ စိတ်ချရ သော ကရင်တပ်ရင်းမှူးအချို့ ကို ဗိုလ်ချုပ်အောင်ဆန်းကခေါ်ပြီးလျှင် အောက်ပါအတိုင်းညွန်ကြား ခဲ့ပါသည်။
“စစ်အခြေအနေဟာ ဒီအတိုင်းဆိုရင် ဂျပန်တို့ ဆုတ်ပြေးဖို့ အခြေအနေမျိုးဖြစ်ဖို့ များတယ်။ ဂျပန်တွေပြေးလို့ မဟာမိတ်တွေ ၀င်လာရင် (ဘီအိုင်အေ) တုံးကလို စပ်ကူးမတ်ကူးအချိန် ဖြစ်ဦး မှာပဲ။ အဲဒီအချိန်မှာ မင်းတို့ ကရင်တွေဟာ အရင်တခေါက်ကလို လက်နက်မဲ့ဖြစ်ပြီး ကိုယ်ရွာကိုယ် မကာကွယ်နိုင် မဖြစ်ရအောင် မင်းတို့ ကရင်တပ်ရင်းက တာဝန်ယူ ကာကွယ်ရမယ်။မင်းတို့ ဟာ ဂျပန်ကိုတိုက်နိုင်သလောက်တိုက် ဒါပေမဲ့မင်းတို့ ရဲ့ အဓိကတာဝန်ဟာ ဂျပန်ကိုတိုက်ဖို့ မဟုတ်ဘူး။ မင်းတို့ အမျိုးသားတွေကို ကာကွယ်ဖို့ နဲ့ မင်းတို့ ရောက်တဲ့နေရာဒေသမှာ ကရင်-ဗမာလူမျိုးရေး အဓိကရုဏ်းပြန်လည်မပေါ်ပေါက်အောင် တားဆီးဖို့ ပဲ”
ဤသည်ဗိုလ်ချုပ်အောင်ဆန်းနှင့်စောစံဖိုးသင်တို့ ခင်မင်မှုနှင့်ယုံကြည်မှုအရ ဂျပန်ခေတ် တွင် ပေါ်ပေါက်လာသည့် ဘီဒီအေ ကရင်တပ်ရင်းပင်ဖြစ်ပေသည်။
အချို့ သောကရင်ပြည်နယ်သမိုင်းမှတ်တမ်းများတွင် ရန်ကုန်မြို့ မှ ဂျပန်တို့ ဆုတ်ခွာခဲ့ရပြီး ရန်ကုန်၊ ပြည်မနှင့်မြစ်ဝကျွန်းပေါ်ဒေသများတွင် ဘီးဒီအေတပ်ရင်းများ၊ ကရင်ဘီဒီအေတပ်ရင်းများ ဂျပန်ကို အောင်ပွဲခံပြီး အသီးအပွင့်များခံစားချိန်တွင် ကရင်ပြည်နယ်ရှိ ကရင်တပ်ရင်းများသည် ဂျပန်ကို တိုက်ထုတ်နေရဆဲပင်ဖြစ်သည်။ ကရင်တပ်ရင်းများသည် ဂျပန်တို့ ကိုလိုက် လံတိုက် ခိုက်ရင်း ဂျပန်စစ်သားပေါင်း(၃၀၀၀၀) ကျော်မျှသတ်ခဲ့သည်ဟု ဖော်ပြထားသည်။

“မြန်မာပြည်ချစ်ကရင်အမျိုးသားခေါင်းဆောင်းများ” စာအုပ်မှ ကောက်နုတ်ချက်
စစ်တီးဝိုင်းနှင့်စောစံဖိုးသင်

စစ်တီးဝိုင်းနှင့် စောစံဖိုးသင်
ဖက်စစ်တော်လှန်ရေး ကရင်=ဗမာချစ်ကြည်ရေးနှင့် လွပ်လပ်ရေး ရယူရေးတွင်ဗိုလ်ချုပ် အောင်ဆန်းအနေနှင့်အားထားရသောကရင်အမျိုးသားခေါင်းဆောင်နှစ်ဦးမှာဝန်ကြီးအာဇာနည် မန်းဘခိုင်နှင့်ဝန်ကြီးစောစံဖိုးသင် နှစ်ဦးပင်ဖြစ်သည်။သို့ ရာတွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်မန်းဘခိုင် တို့ ၏ဆက်ဆံရေးမှာလူကြီးဆန်ဆန်နွေးထွေးတည်ငြိမ်ရင့်ကျက်ပြီးစောစံဖိုးသင်နှင့်ဆက်ဆံရေးမှာ လွန်စွာပွင့်လင်းသောဆက်ဆံရေးမျိုးဖြစ်သည်ကိုမြင်တွေ့ နိုင်လေသည်။
ယင်းသို့ နှစ်ဦးနှစ်ဘက်ကြားရိုးသားပွင့်လင်းစွာဆက်ဆံကြခြင်းဖြင့် ပုဂ္ဂိုလ်ခင်ရာမှတဆင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်စောစံဖိုးသင်တို့ နှစ်ဦးကြားတွင် ထိုစဉ်ကမမျော်မှန်းနိုင်သောအလုပ်များ ကိုပင်အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့လေသည်။ ပထမမှာတနေ့  ဂျပန်ကိုတော်လှန်ရန်ဗိုလ်ချုပ် အောင်ဆန်းကရည်ထားပြီးဖြစ်သောကြောင့်ဂျပန်ခေတ်တွင်ကရင်တပ်ရင်းကို ဖွဲ့ စည်းနိုင်ခဲ့ခြင်း၊ စောစံဖိုးသင်၏အမေရိကန် ပြည်ထောင်စုတွင် ဆွတ်ခူးရရှိခဲ့သော ဂီတ၀ိဇ္ဇာဘွဲ့ (ဂီတဗေဒ)ကို အကြာင်းပြုလျက် ဂျပန်ခေတ် ဗမာ့တပ်မတော် စစ်တီးဝိုင်းသမားအား ဗိုလ်ချုပ်အောင်ဆန်းက စောစံဖိုးသင်ဦးဆောင်၍ဖွဲ့ စည်းခိုင်းခြင်းတို့ ပင်ဖြစ်သည်။
ယင်းသို့ ဖြင့် ဖက်ဆစ်တော်လှန်ရေး စတင်သောအခါ တိုင်းအမှတ်(၃)ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ နယ်၏စစ်ကြောင်းဖြစ်သော “ရဲကျော်သူတပ်ဖွဲ့ သည် တိုင်းမှူးဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်မှူးစောထွန်းစိန်နှင့် စောစံဖိုးသင် တို့ ဦးဆောင်လျက် ဗိုလ်ချုပ်အောင်ဆန်း၏ ရည်မှန်းချက် အတိုင်းမြစ်ဝကျွန်းပေါ် ဒေသ၌ တာဝန်ယူနိုင်ခဲ့ကြသည်။ ယင်းဘီဒီအေ(B.D.A) ကရင်တပ်ရင်းကို တာဝန်ယူခဲ့သူနှင့် တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးစောထွန်းစိန်က မြ၀တီမဂ္ဂဇင်းပါသူ၏ “ဖက်ဆစ်ကို တော်လှန်ခဲ့သော(ဘီဒီအေ)ကရင်တပ်ရင်း” ဆောင်းပါးတွင် အောက်ပါအတိုင်း ရေးသားဖော်ပြ ထားလေသည်။


Friday, January 4, 2013

လူ.အဖွဲ.အစည်းကို ညစ်ညမ်းပျက်စီးစေသော အောက်ပါ အခြင်းအရာတွေကို ဂန္ဒီကြီး မြင်တဲ.အတိုင်း တုန်.ပြန်နိုင်စွမ်း ရှိသည်. ဂန္ဒီလမ်းစဉ်ဝါဒီများ မြန်မာပြည်မှာ ဧကန်စင်စစ် ရှိပါသလား။

Aung Khaing Myint and Thet Zaw like a photo.

လူ.အဖွဲ.အစည်းကို ညစ်ညမ်းပျက်စီးစေသော အောက်ပါ အခြင်းအရာတွေကို ဂန္ဒီကြီး မြင်တဲ.အတိုင်း တုန်.ပြန်နိုင်စွမ်း ရှိသည်. ဂန္ဒီလမ်းစဉ်ဝါဒီများ မြန်မာပြည်မှာ ဧကန်စင်စစ် ရှိပါသလား။

ဂန္ဒီကြီးက ဤအခြင်းအရာတွေကို Seven Deadly Social Sins လူမှုသီလ ညစ်ညူးပျက်ဆီးစေကြောင်း အကြောင်း ၇ ပါးလို.လည်း အမည်ပေးခဲ.ပါတယ်။ သူ.အုပ်ဂူမှာ ဒီ စာကြောင်းတွေကို ထွင်းပြီးရေးသားထားပါတယ်။

ဒီနေ.၆၅နှစ်မြောက် မြန်မာ.လွတ်လပ်ရေးနေ.။
သို.သော်---ဤမြန်မာနိုင်ငံသည် မြန်မာပြည်ပေါက် မြန်မာစစ်တပ်ကကြိုးကိုင်ထားသော အကြမ်းဖက်သမားတွေနဲ. ၀ိသမလောဘ စီးပွားရေးသမား တွေ ဆက်ကြီးစိုးရာ လုံးလုံးလျားလျား မလွတ်လပ်သေးတဲ.နေရာတစ်နေရာ လို.ပြောရင်သာပိုမှန်ပါလိမ်.မယ်။ ထုံးတမ်းစဉ်လာအရ လွတ်လပ်ရေးနေ.မို.-- ဒီနိုင်ငံမှာ ပျော်ကြပါးကြ သောက်စားကြ ပွဲတက်ကြမယ်ဆိုရင်တောင်- လိပ်ပြာလုံကြဖို.တော.လိုအပ်ပါလိမ်.မယ်။

Tuesday, January 1, 2013

ဆန္ဒရယ် … လက်တွေ့ရယ် … ၂၀၀၈ အခြေခံဥပဒေရယ် (Tu Maung Nyo)

Myint Sein shared Sa Maung's photo.
ဆန္ဒရယ် … လက်တွေ့ရယ် … ၂၀၀၈ အခြေခံဥပဒေရယ် (Tu Maung Nyo)

“သမ္မတ” ဖြစ်ချင်တာကစိတ်ကူးပဲ ၊ အဲဒီစိတ်ကူး အကောင်အထည်ဖြစ်လာဖို့ လက်တွေ့ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံ ဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါကလူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “သမ္မတ” ဖြစ်ချင်တာဟာ စိတ်ကူး အဖြစ်ပဲတည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာမဟုတ်ပါဘူး။
“စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ချင်တာကလည်း စိတ်ကူးပဲ၊ အဲဒီစိတ်ကူး အကောင်အထည်ဖြစ်လာဖို့ လက်တွေ့ ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါလည်း လူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု”တည်ဆောက်ချင်တာကလည်း စိတ်ကူးဖြစ်ပဲ တည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာမဟုတ်ဘူး။
အကြောင်းကြောင်းကြောင့် ပြည်ပရောက်တွေ ပြည်တွင်းပြန်ဝင်ပြီး (နိုင်ငံရေးလုပ်ချင်တယ် ဆိုရင်လည်း) “၂၀၀၈ အခြေခံ ဥပဒေ” ကို ပြင်ဆင်ရလိမ့်မယ်။ အခြေခံဥပဒေ ပုဒ်မ ၁၂၀ (ဂ) ကိုပြင်ရမယ်။
“သမ္မတဖြစ်ချင်ရင်”၊
“စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ချင်ရင်”၊
“ပြည်ပရောက်တွေ ပြည်တွင်းဝင်ပြီး နိုင်ငံရေး လုပ်ချင်ရင်”
လက်တွေ့ ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။
ဒါကြောင့် ယနေ့ကိစ္စအားလုံးရဲ့ ဆုံချက်ဟာ “၂၀၀၈ အခြေခံ ဥပဒေ” ပြင်ဆင်ရေးဖြစ်နေတယ်။
၂၀၁၅ မှာ သမ္မတဖြစ်လာဖို့ စိတ်ကူးနေတယ်၊ မျှော်မှန်းနေတယ် ဆိုရင် ၂၀၁၅ မတိုင်ခင် “၂၀၀၈ အခြေခံဥပဒေ” ကို ပြင်ဆင်ထားရလိမ့်မယ်။ ပြင်ဆင်တယ် ဆိုတာမှာလည်း အပေါ်ယံလောက်ရှပ်ပြီး ပြင်တာမျိုးမဟုတ်ဘဲ၊ တကယ့်ကို အခြေခံကျကျ ပြင်ဆင်ရ မှာဖြစ်ပါတယ်။
အပေါ်ယံလောက်ရှပ်ပြီးပြင်ဆင်တာမျိုး ဆိုတာဟာ အခြေခံဥပဒေ ပုဒ်မ ၅၉ ၊ ပုဒ်မ ၁၂၀ ၊ ပုဒ်မ ၁၂၁ တို့မှာ  ပြဋ္ဌာန်းထားတဲ့ အချက်တွေလောက်သာ ကွက်ပြီးပြင်ဆင်တာမျိုးကိုဆိုလိုပါတယ်။
အခြေခံကျကျပြင်ဆင်ရမယ်ဆိုတာကတော့ အစိုးရအဖွဲ့ဝင်များနဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ မဲဆန္ဒနယ်များကနေ ပြည်သူလူထုမဲဆန္ဒနဲ့ ရွေးကောက်ပွဲမှာ တိုက်ရိုက် ရွေးချယ်တင်မြှောက်သူများသာ ဖြစ်ရပါမယ်။ စစ်ဦးစီးချုပ်တစ်ဦးတည်း ရဲ့သဘောထား ဆန္ဒ နဲ့ စိတ်ကြိုက်ရွေး စေလွှတ်တာ/ရုပ်သိမ်းတာတွေ လုပ်ပိုင်ခွင့်ရှိတဲ့ ပြဋ္ဌာန်းချက်များကို လုံးဝ ပယ်ဖျက်ပစ်ဖို့လိုအပ်ပါတယ်။
အခြေခံဥပဒေပုဒ်မ ၁၄၊ ပုဒ်မ ၇၄ (ခ)၊ ပုဒ်မ ၁၀၉ (ခ)၊ ၁၄၁ (ခ) နဲ့ ပုဒ်မ ၂၃၂ (ခ)ရှိ ပုဒ်မခွဲငယ် (၂) နှင့် (၃) တို့ကို လုံးဝ ပယ်ဖျက်ရပါမယ်။
တပ်မတော်ဟာ လွှတ်တော်နဲ့အစိုးရစီမံခန့်ခွဲမှုကို တိတိကျကျနာခံရပါမယ်။ စစ်ဦးစီးချုပ်ဟာ အစိုးရရဲ့အမိန့်ပေးညွန်ကြားမှုကို တိကျစွာလိုက်နာခံယူရပါမယ်။ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ စည်းကမ်းသေဝပ်စွာ နေထိုင်လုပ်ကိုင်တဲ့ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း သာဖြစ်ရပါမယ်။ ရဲတပ်ဖွဲ့ဟာလည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့စီမံညွန်ကြားမှုအောက်မှာရှိရပါမယ်။  ဒါကြောင့် အခြေခံဥပဒေပုဒ်မ ၂၀ ၊ ပုဒ်မ ၄၀ တို့မှာ ပြဋ္ဌာန်းထားတဲ့အချက်များကို မုချပြင်ဆင်ရမှာဖြစ်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆိုလျှင်လည်း အခြေခံဥပဒေ ပုဒ်မ ၈၊ ပုဒ်မ ၉ တို့ကို မုချပြင်ဆင်ရပါ လိမ့် မယ်။
ဒါ့အပြင် တိုင်းရင်းသားတွေ တစ်လျှောက်လုံးရပ်ခံတင်ပြခဲ့ကြတဲ့ စစ်မှန်သောပြည်ထောင်စု (ဖက်ဒရယ်မူ) မှာ အခြေခံမူကြီး တွေအဖြစ်ပါဝင်တဲ့ – ဗမာပြည်နယ်ဖွဲ့စည်းရေး၊ လွှတ်တော်နှစ်ရပ်အာဏာတူပေးရေး၊ အထက်လွှတ်တော်သို့ တူညီသောလွှတ်တော် ကိုယ်စားလှယ်ဦးရေစေလွှတ်ရေး၊ ဗဟိုကိုအာဏာကန့်သတ်ပေးပြီး ပြည်နယ်များက ကျန်အာဏာများရယူရေး စတဲ့အချက်တွေကို ဘယ် လိုထည့်သွင်းပြဋ္ဌာန်း အကောင်အထည်ဖေါ်မလဲဆိုတာတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။
(ကျားဖြူပါတီ ကိုယ်စားလှယ် ဒေါ်နန်းဝါနု ကတော့ “၂၀၀၈ ဘောင်ထဲကနေ ဖက်ဒရယ်မူကို တစတစ ကျင့်သုံးနိုင်တယ်” လို့ ပြောပါတယ်)
ဒီလိုအချက်တွေကို ပြင်ဆင်မှသာ အခြေခံကျကျပြင်ဆင်တယ်လို့ ပြောနိုင်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် အပေါ်ယံရှပ်ပြီး အမည်ခံပြင်ဆင်တာမျိုးသာဖြစ်ပါလိ့မ်မယ်။
ဒါကြောင့် အခြေခံကျပြီး ထင်သာမြင်သာရှိတဲ့ အချက်တွေကို အကြမ်းဖျဉ်း ကောက်နုတ်တင်ပြတာပါ။ အခြားပြင်ဆင်စရာ အချက်တွေကျန်ပါသေးတယ်။
နောက်တစ်ချက် က “၂၀၀၈ အခြေခံဥပဒေ” ကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ ရှောရှောရှုရှု ပြင်ဆင်နိုင်ပ့ါမလား။
“၂၀၀၈အခြေခံဥပဒေ” ပြင်မလား/ မပြင်ဘူးလားဆိုတဲ့အချက်ဟာ ကြံ့ဖွံ့ပါတီနဲ့ စစ်ဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင် တို့လက်ထဲမှာ ရှိနေတဲ့ကိစ္စဖြစ်ပါတယ်။
သူတို့ကမှ ပြင်ဆင်ဖို့ သဘောထားမရှိရင် ပြင်ဆင်နိုင်ရေးက မလွယ်ရေးချ မလွယ်ပါဘူး။  ပြည်ထောင်စု လွှတ်တော် (ပြည်သူ့ လွှတ်တော်+အမျိုးသားလွှတ်တော်) အတွင်းလက်တွေ့တည်ရှိနေတဲ့ အမတ်ဦးရေအင်အားအချိုးအစားက အဲဒီအချက်ကိုထောက်ခံနေပါ တယ်။
ဒါကြောင့် “၂၀၀၈ အခြေခံဥပဒေ” ကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ ပြင်ဆင်နိုင်ရေးအတွက် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြံ့ဖွံ့ပါတီအကြီးအကဲတို့၊  စစ်ဦးစီးချုပ်ဗိုလ်မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံပြီး သူ့တို့သဘောထား တီးခေါက်ကြည့်သင့် ပါတယ်။
အခြေခံဥပဒေဆိုင်ရာခုံရုံး ပြန်လည်ဖွဲ့စည်းရေးကလည်း (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအတွက် “၂၀၀၈အခြေခံဥပဒေ” ပြင်ရမယ့် ကိန်းဆိုက်နေပါတယ်။ သူတို့ ပြင်ဆင်ထားတဲ့အတိုင်း “အခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ” အတည်ဖြစ်ဖို့ဆိုရင် အခြေခံဥပဒေထဲက ပုဒ်မ ၃၂၁၊ ပုဒ်မ ၃၂၃ နဲ့ ပုဒ်မ ၃၂၄ တို့ကို ပြင်ဆင်ဖို့လိုအပ်နေပါတယ်။
ဒါကြောင့် (ဗိုလ်) ဦးသိန်းစိန်အစိုးရအတွက်ဖြစ်စေ၊ ဒီမိုကရေစီအတိုက်အခံတွေအတွက် ဖြစ်စေ၊ တိုင်းရင်းသားအင်အားစုများ အတွက်ဖြစ်စေ   “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေးဟာ လိုအပ်ချက်တစ်ခုဖြစ်နေပါတယ်။ ပြင်ဆင်လိုတဲ့ရည်ရွယ်ချက်နဲ့ အတိုင်းအတာကတော့ တူညီချင်မှ တူညီပါလိမ့်မယ်။
“ (တခါသေဖူး ပျဉ်ဘိုးနားလည်) ဆိုတဲ့ စကားပုံလို၊ ခေါင်းဆောင်တဦး သို့မဟုတ် ပါတီတခုရဲ့ စိတ်စေတနာ ယုံကြည်ကိုးစားနေ လို့မရတော့ပါဘူးလူဆိုတာ သင်္ခါရပါ၊ ပါတီအဖွဲ့အစည်းလည်း မတည်မြဲပါဘူး၊ ဒါကြောင့် ကျွန်တော်တို့အခွင့်အရေးတွေကို အဖြူအမဲ ခွဲခြား ပြီး ရေပက်မဝင်အောင်ရေးဆွဲထားဖို့ လိုအပ်လာတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။
ပုဒ်မအချို့လောက်ပြင်လိုက်ရင် ဖြစ်နိုင်စရာကောင်းရဲ့လို့ အစ ပထမတွင်ယူဆခဲ့ကြပါသေးတယ်။
ဒါပေမယ့်လက်တွေ့ခံစားရတဲ့ အတွေ့အကြုံနဲ့ယှဉ်တွဲပြီး အခြေခံဥပဒေကိုစိစစ်တဲ့အခါ၊ တခုနဲ့တခု ဆက်စပ်နေတာတွေ့မြင်လာ ရပါတယ်၊ အခြေခံမူတွေကို မပြင်ရင် မဖြစ်တာတွေ မြင်လာရပါတယ်။ ဒါကြောင့်လဲဘဲ အခြေခံမူကြီးတွေကို ပြုပြင်ပစ်ဖို့ ကျွန်တော်တို့တင် ပြလာရခြင်းဖြစ်ပါတယ်။
ဥပဒေပြုစာရင်း အခွန်တော်စာရင်းတွေ ပြုပြင်ပေးခြင်းဖြင့် အခွင့်အရေးတွေ ပိုမရနိုင်ဘူးလားလို့ မေးရင် ရသင့်သလောက်ရပါ တယ်လို့ ဖြေရပါမယ်။
ဒါပေမယ့်ဒီနည်းဟာ အခြေအမြစ်ကို မကုစားနိုင်ပါဘူး Palliative ခေါ်တဲ့ အပေါ်ယံလိမ်းဆေးနည်းဘဲ ဖြစ်ပါတယ်၊ အခြေအမြစ် ကို မကုစားနိုင်တဲ့အတွက် မကြာခဏ ဟိုကရောင် ဒီကဖောင်းနဲ့ ပြဿနာတွေ အစဉ်အမြဲ ပေါ်လာနေမှာမလွဲပါဘူး။
ကျွန်တော်တို့ပြည်ထောင်စုစစ်စစ်မူဟာ အနာကို အခြေအမြစ်ကကုစားနိုင်တဲ့နည်းဘဲလို့ ကျွန်တော်တို့ ရိုးရိုးသားသား ယုံကြည် ကြပါတယ်”
အထက်ပါစကားတွေဟာ ၁၉၄၇ အခြေခံဥပဒေဘောင်ထဲကနေ “၁၉၄၇ အခြေခံဥပဒေ” ကိုပြင်ဆင်ပေးဖို့ ၁၉၆၂ ခုနှစ်၊ ဖေဖေါ် ဝါရီလ ၂၄ ရက်နေ့၊ ရန်ကုန်မြို့ လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲမှာ ဦးထွန်းမြင့် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှ ကောက်နုတ်ထားတာဖြစ်ပါတယ်။
၇ ရက်ခန့် အကြာ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်းစစ်အုပ်စု က အာဏာာသိမ်းပါတယ်။
“၁၉၄၇ အခြေခံဥပဒေ” ကို ဖျက်သိမ်းလိုက်ပါတယ်။
“၂၀၀၈ အခြေခံဥပဒေ” ကိုတော့ (နဝတ-နအဖ) စစ်အစိုးရကစိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့ပြီး လက်ရှိ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရကို အမွေးစားအမွေခံအဖြစ် လွှဲအပ်ခဲ့တာပါ။ “၂၀၀၈ အခြေခံဥပဒေ” က စစ်ဦးစီးချုပ်ကို အာဏာသိမ်းခွင့်ပေးထားပါတယ်။
“၂၀၀၈အခြေခံဥပဒေ” ပြင်မလား/ မပြင်ဘူးလားဆိုတဲ့ အချက်ဟာ ကြံ့ဖွံ့ပါတီနဲ့ စစ်ဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင် တို့ဆန္ဒနဲ့ သဘောထားအပေါ်မှာတည်နေပါတယ်။
ဒါကြောင့် “၂၀၀၈အခြေခံဥပဒေ” မပြင်ဆင်နိုင်သေးဘူးဆိုရင်တော့ “သမ္မတဖြစ်ချင်တဲ့၊ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းချင်တဲ့၊ ပြည်တော်ပြန်နိုင်ငံရေးလုပ်ချင်တဲ့” ဆန္ဒတွေ ဟာ စိတ်ကူးယဉ်အိပ်မက်တွေ အဖြစ်သာ ရှိမြဲရှိနေပါလိမ့်မယ်။

ညွန်း 
            – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ 
- ၁၉၆၂ ခုနှစ်၊ ဖေဖေါ် ဝါရီလ ၂၄ ရက်နေ့၊ ရန်ကုန်မြို့လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် ဦးထွန်းမြင့် ပြောကြားခဲ့သော မိန့်ခွန်း၊ ဒို့တာဝန်ပုံနှိပ်တိုက်၊ ၃၀ -၃၂ သင်္ဂဟလမ်း၊ ကျောက်မြောင်း၊ ရန်ကုန်မြို့။ 




NLABR
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language
ဆန္ဒရယ် … လက်တွေ့ရယ် … ၂၀၀၈ အခြေခံဥပဒေရယ် (Tu Maung Nyo)

“သမ္မတ” ဖြစ်ချင်တာကစိတ်ကူးပဲ ၊ အဲဒီစိတ်ကူး အကောင်အထည်ဖြစ်လာဖို့ လက်တွေ့ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံ ဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါကလူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “သမ္မတ” ဖြစ်ချင်တာဟာ စိတ်ကူး အဖြစ်ပဲတည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာမဟုတ်ပါဘူး။
“စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ချင်တာကလည်း စိတ်ကူးပဲ၊ အဲဒီစိတ်ကူး အကောင်အထည်ဖြစ်လာဖို့ လက်တွေ့ ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါလည်း လူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု”တည်ဆောက်ချင်တာကလည်း စိတ်ကူးဖြစ်ပဲ တည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာမဟုတ်ဘူး။


Wednesday, December 26, 2012

ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း by တို့ဗမာအစည်းအရုံး Dobama Asiayone on Wednesday, August 29, 2012 at 10:08am ·


 

ဖက်ဆစ်တော်လှန်ရေးလို့ ဆိုလိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ရဲဘော်သုံးကျိပ်တို့အကြောင်း၊ ဗမာ့တပ်မတော် အကြောင်း၊ တိုက်ပွဲများအကြောင်း အစရှိသည့်တို့ကိုသာ ရေးသားခဲ့ကြ၊ ပြောဆိုခဲ့ကြပါတယ်။ ပြည်သူလူထုအနေနဲ့ ဖက် ဆစ်တို့ကို တော်လှန်လိုစိတ်ရှိလာအောင်၊ ဖက်ဆစ်တို့ရဲ့ အတွင်းသရုပ်နဲ့ သူတို့ရဲ့ အကျင့်စရိုက်တွေကို ပြည်သူလူထု နားလည်လာအောင်၊ တော်လှန်ရေးသဘောတရာကို သိရှိလာအောင် ဟောပြောပို့ချမှု၊ စနစ်တကျစည်းရုံးတတ်မှု၊ တော် လှန်တတ်မှုတို့ကို ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကြောင်းတွေကို ရေးသားဖော်ပြမှုဟာ အင်မတန် နည်းပါးနေပါတယ်။ တကယ်တော့ စစ်ရေးဆိုတာ နိုင်ငံရေးလက်အောက်ခံပါပဲ။ စစ်ရေးကိုဦးဆောင်သွားတာ နိုင်ငံရေး ပါပဲ။ ၁၉၄၅ ခုနှစ်မှာ ပြည်သူလူထုတရပ်လုံး ပါဝင်ဆင်နွှဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးမှာ ပြည်သူလူထုကို ဖက်ဆစ် ဆန့်ကျင်ရေး သဘောတရားတွေးကို နားလည်လာအောင်၊ စနစ်တကျတော်လှန်တတ်လာအောင် နိုင်ငံရေးနည်းအရ စည်းရုံးပို့ချလမ်းညွန်ပြခဲ့တဲ့ သခင်ဗဟိန်းရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို ဖော်ပြလိုက်ပါတယ်။

သခင်ဗဟိန်းကို စစ်ကိုင်းခရိုင် အင်းဝမြို့မှာ မြန်မာသက္ကရာဇစ် ၁၂၇၉ ခုနှစ် ဝါဆိုလဆန်း ၉ ရက် ဗုဒ္ဓဟူးနေ့ တွင် အဘ ပွဲစားကြီးဦးမှင်၊ အမိပွဲကတော် ဒေါ်ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့ပါတယ်။ ငယ်စဉ်အခါက အင်းဝမြို့မူလတန်းကျောင်းမှ လေး တန်းအောင်မြင်ခဲ့ပြီး မန္တလေးမြို့ အမျိုးသားအထက်တန်းကျောင်းကနေ အင်္ဂလိပ်မြန်မာ ဆယ်တန်းစားမေးပွဲကို အင်္ဂ လိပ်၊ မြန်မာစာ၊ ရာဇဝင် ဘာသာရပ်များနဲ့ ဂုဏ်ထူးဆွတ်ခူး အောင်မြင်ခဲ့ပါတယ်။ အထက်တန်း ကျောင်းသား ဘဝက တည်းက ကျောင်းသားများရဲ့ ချစ်ကြည်လေးစားမှုကိုခံရပြီး ပေါ်ပေါက်လာသမျှ ကျောင်းသားအရေးတော်ပုံများမှာ ရှေ့ တန်းကနေ မားမားမတ်မတ် ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ဆယ်တန်းအောင်မြင်ပြီးတဲ့နောက် မန္တလေးမြို့ စိုက်ပျိုးရေး ကောလိပ်သိပ္ပံကျောင်းကို ပြောင်းရွှေ့ပြီးပညာသင်ကြားခဲ့တယ်။

အိုင်အေစာမေးပွဲမှာ မြန်မာတနိုင်ငံလုံး ပထမရပြီး ပါဠိ ဘာသာ ဂုဏ်ထူးဆွတ်ခူးခဲ့ပါတယ်။ အိုင်အေ အထက်တန်းပညာများကို သင်ကြားနေစဉ် မန္တလေးမြို့ စိုက်ပျိုးရေး ကော လိပ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ်မှာ ကိုဗဟိန်းတယောက် ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။ ဘီအေအောက်တန်းပညာကို သင်ကြားနေစဉ် ရန်ကုန် တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။ ဘီအေအောက်တန်းပညာကို သင်ကြားနေစဉ်  ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရခဲ့ပါတယ်။

မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်မှာ အထက်မြန်မာနိုင်ငံ ရေနံမြေမှာ လူတန်းစားတိုက်ပွဲ အသွင်ကူးပြောင်းပြီး ရေနံမြေ အလုပ်သမားသပိတ်ကြီး ဖြစ်ပွားခဲ့တယ်။ ရန်ကုန်ကို ချီတက်အရေးဆိုအောင်ပွဲခံနိုင်ရေးအတွက် ကိုဗဟိန်း ခေါင်းဆောင် တဲ့ ကျောင်းသားတွေက ဝင်ရောက်ကူညီခဲ့ပါတယ်။ အဲဒီလို ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ကိုဗဟိန်းကို မကွေးမြို့ ရေနံ မြေ အလုပ်သမားသပိတ်တပ်သားများကို တရားဟောနေစဉ် “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရ မယ်” လို့ ရဲရဲတောက်စကား ပြောကြားခဲ့ပါတယ်။ ကိုဗဟိန်း ပြောခဲ့တဲ့အတိုင်းပါပဲ၊ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး ပေါ် ပေါက်လာပြီး သပိတ်မီးဟား တနိုင်ငံလုံး မီးဟုန်းဟုန်းတောက်သွားတဲ့အထိ ပြန့်ပွားသွားခဲ့ရပါတယ်။

ဗဟိန်း (သို့မဟုတ်) ညီညွတ်ရေးဗိသုကာ (အပိုင်း-၁) by တို့ဗမာအစည်းအရုံး Dobama Asiayone on Saturday, September 1, 2012 at 7:14am ·



(၁)
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော် ...။ စစ်တပ်မှ ဒုတိယအကြိမ် အပြီးအပိုင်အာဏာမသိမ်းမီကာလ နွေရာသီရဲ့ ပူရှိန်ပြင်းပြင်း ... ကျောင်းဖွင့်ချိန် ... ဇွန်လဆန်း။ မန္တလေးတက္ကသိုလ်ပုရ၀ဏ်တွင် အဆောက်အအုံတွေက ဤမျှလောက်နီးနီးကပ်ကပ် ပူးပူးကျပ်ကျပ်မရှိသေး - ပူပင်ပူအိုက်ငြားသော်လည်း တမာတန်းနှင့်စိန်ပန်းပင်အုပ်အုပ်တွေကြားက တချက်တချက်ဖြတ်သန်းလာသော သန့်သန့်ရှင်းရှင်းလေကို ရှူရှိုက်လိုက်ကြရလျှင် ငြီးစီစီဖြစ်နေသည့် ကျောင်းသူကျောင်းသားများ လန်းလန်းဆန်းဆန်းဖြစ်သွားကြ၏။ ကျောင်းဆင်းကျောင်းတက်သွားကြ ပြန်ကြ၊ ဆိုင်များတွင် စားကြ၊ သောက်ကြ၊ သစ်ပင်ရိပ်များတွင် နားကြ၊ ခိုကြ။

အရှေ့ရှမ်းရိုးမဆီငေးကြမောကြ။ နယ်မှ ၁၆ နှစ် ၁၇ နှစ် ရွယ် ကျောင်းသား ၂ ယောက်သည် သင်တန်းတချိန်အပြီး မုန့်သွားစားလိုက်၊ ပင်မအဆောက်အအုံထဲဝင်လိုက်၊ စာသင်ခန်းတွေကိုလေ့လာကြည့် လိုက်နှင့် နောက်ဆုံး ပြတိုက်ရှိရာ ရာဇတ်အဆောက်အအုံဘက်ရောက်သွားကြသည်။ အောက်-အထက် တက်ကြည့်ဖြစ်ကြသည်။ တနေရာတွင် ကျက်သရေရှိလှသောလူတယောက်၏ ပုံတူပန်းချီကားတချပ်ကို မြင်လိုက်ကြရ၏။ မျက်နှာထားကြည်ကြည်လင်လင်နှင့် ပြေပြစ်ချောမောလှသော ထိုသူ၏ပုံကိုကြည့်ရင်း - “ဘယ်သူလဲ ?” ဟု တယောက်က မေးသည်။ ကျန်တယောက်က ခေါင်းယမ်းပြ၏။

အခန်းထောင့်စားပွဲတလုံးပေါ်မှာ မျက်နှာအပ်၍မှေးနေသော ကျောင်းသားကြီးတယောက် ထလာသည်။ “ကိုယ်တို့ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းပုံလေ။ ဒီမန္တလေးက အင်တာ ( - ) အောင်သွားတယ်။ နောက် ရန်ကုန်တက္ကသိုလ်ဆက်တက်တယ်။ ဗကသ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို ခေါင်းဆောင်ခဲ့တဲ့ သခင်ဗဟိန်းဆိုတာ သူပဲ..ပေါ့၊ သူ့ကို မန္တလေးကတင်မဟုတ်ဘူး၊ တပြည်လုံးက ချစ်ကြတယ်လေ...” ဖရက်ရှာကျောင်းသားနှစ်ယောက် ငေးနားထောင်ရင်းက ပန်းချီကားကြီးကို တခါထပ်ကြည့်လိုက်ကြပြန်သည်။ ချစ်ခင်မှု၊ လေးစားမှုသည် သူတို့၏မျက်နှာပေါ်တွင် အထင်းသားထင်ဟပ်လာခဲ့ကြချေပြီ။

Wednesday, December 19, 2012

ကျီးစာ လင်းတ စာ ဖြစ်ကုန်တော့မယ်

Khin Mgoo likes a photo.

ကျီးစာ လင်းတ စာ ဖြစ်ကုန်တော့မယ်

အခု မြောက်ပိုင်းအေဘီက တိုက်ပွဲတရာ အောင်ပွဲတရာနဲ့ ကျားကုတ်ကျားခဲ တိုက်နေကြတယ်။ ကချင် သူရဲကောင်းတွေ လည်း ဆက်တိုက်နေကြလျှက်ပဲ။ မြန်မာပြည်က ထွက်လာကြပြီး မြန်မာပြည်မှာ မနေခဲ့ဘူးသလို လုပ်ပြပြီး သွားရောက်လေ့လာနေကြသူတွေ၊ နှစ်ပေါင်းများစွာ မိမိရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ တရားမျှတရေးတို့ အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာပြည်တနံတလျားက လက်နက်ကိုင်တွေ က အကြိမ်ပေါင်းများစွားဖန်တရာတေနေတဲ့ ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲရေး ဆိုတဲ့ မက်လုံး နွံထဲကို မကြာခန ပြုတ်ကျနေကြတာ နစ်သွားကြတာ ပြန်မတက်နိုင်တော့တာ မတွေးမိကြဘူးလားပဲ၊
ဒဏ်ရာများစွာထုံမွမ်းနေတဲ့ တောတောင်တွေကနေ မီးရောင်အောက်ကို ခနလေး ၀င်ခွင့် ရလိုက်တာနဲ့ နေစဉ် အော်ဟစ်ရွတ်ဆိုနေတဲ့ သစ္စာတွေ၊ နေ့စဉ် မိုးလင်မိုးချုပ် လွှင့်တင်ထားတဲ့ မိမိတို့ ကိုယ်ပိုင် အလံတွေရဲ့ တစက်စက် စီးယိုကျနေတဲ့ သွေးစက်တွေကို မေ့သွားကြသလားပဲ။
နားမလည်တဲ့ ဒေသခံ တိုင်းရင်းသားလေးတွေကိုတော့ လေလုံးထွားထွားကြီးတွေနဲ့ ဟိန်းပြ ဟစ်ပြကြပြီး၊ နေပြည်တော် ကြွက်စုပ်ကလေးကို တွေ့လိုက်တာနဲ့ ဖြုတ်ကလေး ခြင်ကလေးလို
ဖြစ်သွားကြတဲ့ မိမိတို့ကိုယ်ကို မိမိတို့ ပြန်မကြည့် မိလို့လားပဲ၊
အရင်က စစ်စအစိုးရ အခု ဦးပိုင်အစိုး ဘယ်မှာလဲ ဒီမိုကရေစီအစိုးအစိုးရ ဆိုတာကို အဖြေထွက်အောင် စနစ်တကျ မတွက်ကြလို့ သို့မဟုတ် မတွက်တတ်ကြလို့လားပဲ၊

Monday, December 17, 2012

ရှာမှရှားတဲ့သတင်းစာ လူထုသတင်းစာခေါင်းကြီးပိုင်းများမှ by Myo Myint on Monday, December 17, 2012 at 5:19pm ·


ရှာမှရှားတဲ့သတင်းစာ
လူထုသတင်းစာခေါင်းကြီးပိုင်းများမှ
(ယူတာက)http://bobolansin.wordpress.com/
စာမွေ့သူတဦး ကျေးဇူးပြုသည် .. လူထုခေါင်းကြီးနှင့်ဝေဘန်ချက်များ

ဒီမိုကရေစီ ဆိတ်သုဉ်းပြီ
ဒီမိုကရေစီ၏အခြေခံသည် ပြည်သူ့ဆန္ဒမဲဖြင့်တက်သည့်အစိုးရဆိုပါလျှင်လည်း မဲဆန္ဒရှင်တို့၏ အဝေဖန်ကိုခံကြရသည်။ ပြည်သူ့ဘဏ္ဍာဖြင့် လခပေး၍ထားရသော အရာထမ်းအမှုထမ်းများအားလည်း အခွန်ထမ်းပြည်သူတို့က လွတ်လပ်စွာဝေဖန်ပြောဆို ရေးညွှန်ပြနိုင်ပေသည်။ ယခုသော်ကား”အားလုံးကောင်းပါသည်ခင်ဗျား” ဟူ၍ထောက်ခံမှုကလွဲ၍ ဘာဝေဖန်ချက်ကိုမှလက်မခံဟုဆိုပါလျှင် ဒီမိုကရေစီနိုင်ငံဟူ၍ အဓိပ္ပာယ်မရှိတော့ ဖက်ဆစ်နိုင်ငံဖြစ်သည်ဟူ၍ ကြေညာရန်ရှိတော့သည်။
လူထုသတင်းစာခေါင်းကြီး။၂၃-၈-၁၉၅၄ ။မှ

ဒီမိုကရေစီဥပဒေများ
ဒီမိုကရေစီအမည်ခံတိုင်းပြည်များ၌ ရေးဆွဲထားသောဥပဒေများသည် ကြွယ်ဝသူများအဖို့ချည်းဖြစ်၏။ ကြွယ်ဝသူဖြစ်ခဲ့လျှင် တရားရုံးတခုတွင် ရှုံးသော်လည်း အထက်ရုံးသို့တက်၍ တဆင့်မှတဆင့် အမြင့်ဆုံးသောရုံးသို့တက်နိုင်၏။ ထိုကဲ့သို့တက်နိုင်သည့်အတွက်ကြောင့် အနိုင်ရသော အမှုသည်များလည်း မြောက်များစွာရှိ၏။ လူမွဲဖြစ်ခဲ့လျှင် တရုံးတွင်ရှူံးကာမျှနှင့် တခါတည်းရှုံးရချေတော့မည်။ သို့ဖြစ်၍ ဒီမိုကရေစီတိုင်းပြည် များတွင် ဥပဒေများသည် ကြွယ်ဝသူများအတွကိဖြစ်နေ၍ ထိုကဲ့သို့ဖြစ်စေနိုင်ရန် တမင်တကာရေးဆွဲထားခြင်းဖြစ်သည်ဟူ၍ ကျွန်ုပ်တို့က ဆို လိုက်ရပေသည်။ အကြောင်းမူကား ၎င်းဥပဒေများမှာ လူဆင်းရဲများရေးဆွဲနိုင်ခွင့်ရှိကြသည်မဟုတ်ဘဲ ကြွယ်ဝသူများအတွက်ကိုယ်စားလှယ် ပြုသောလူများကရေးဆွဲထားကြခြင်း ဖြစ်ပေသောကြောင့်တည်း။
လူထုသတင်းစာခေါင်းကြီး(၂၇-၁၂-၁၉၅၂) မှ
လူထုခေါင်းဆောင်

အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ်ရောက်ရှိ

Jade Land shared RFA Burmese's photo.
အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ်ရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ ရောက် ရှိလာမယ်လို့ သိရပါတယ်။ 

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဖိတ်ကြားချက်အရ မြစ်ကြီးနားမြို့မှာ ဒီကနေ့ ည ၇ နာရီ အမေရိကန် သံအမတ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးဂွမ်ဂျာမိုင်က RFA ကို အခုလိုပြောပါတယ်။

"အမေရိကန်သံအမတ်ကြီးက ကျနော်တို့ ကချင်ပြည်နယ်ကို ဒီကနေ့ပဲ ရောက်လာမယ်လို့ ပြောပါတယ်၊ သူရောက်လာတဲ့အချိန်မှာ ကျနော်တို့ PCG အဖွဲ့တွေကိုလည်း တွေ့ဆုံချင်တယ်လို့ ကျနော်တို့ကို ဖိတ်ထားတာရှိပါတယ်၊ အမေရိကန်သံရုံးကနေ ကျနော်တို့ဆီကို လှမ်းပြီးအကြောင်းကြားတာပါ၊ အကြမ်းဖျင်းတော့ ဘာတွေဆွေးနွေးမယ်ဆိုတာ မသိထားသေးဘူးခင်ဗျ၊ သူတို့ရောက်လာရင် ကျနော်တို့နဲ့တွေ့ဆုံမယ်လို့ပဲ သိထားပါတယ်၊ ကျနော်တို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးမေးလာရင် ကျနော်တို့သိသလောက် အားလုံးပြောဆိုဖို့ အစီအစဉ်ရှိပါတယ်၊ အေးချမ်းဖို့တည်ငြိမ်ဖို့အတွက်လေ၊ ဒါတော့ အဓိကဖြစ်မယ်လို့ ကျနော်တို့ထင်ပါတယ်"

အမေရိကန်သံအမတ်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေဆုံမှာဖြစ်သလို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ ကချင်ပြည်နယ်ထဲက ပြည်တွင်း ပြည်ပလူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

အမေရိကန်သံအမတ်နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကချင်ပြည်နယ်ကို လာရောက်ဖို့ စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်ခဲ့ဘူးလို့လည်း မြစ်ကြီးနားမြို့အခြေစိုက် လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။
အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ်ရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ ရေ
ာက် ရှိလာမယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဖိတ်ကြားချက်အရ မြစ်ကြီးနားမြို့မှာ ဒီကနေ့ ည ၇ နာရီ အမေရိကန် သံအမတ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးဂွမ်ဂျာမိုင်က RFA ကို အခုလိုပြောပါတယ်။

KIA၏ မဟာ ဗျူဟာမြောက် နိုင်ငံရေး တိုက်ပွဲ ကြီးများ

KIA၏ မဟာ ဗျူဟာမြောက် နိုင်ငံရေး တိုက်ပွဲ ကြီးများ

နေ့သစ် » မြင်ကွင်းတစ (သက်ထွန်း)

နေ့သစ် » မြင်ကွင်းတစ (သက်ထွန်း)