Pages

Showing posts with label သူ့ အမြင်..သူ့ အတွေးများ.... Show all posts
Showing posts with label သူ့ အမြင်..သူ့ အတွေးများ.... Show all posts

Wednesday, December 26, 2012

ကေအိုင်အေသည် မြန်မာစစ်တပ်အတွက်ပြိုင်ဘက်ဟုတ် မဟုတ်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာဟာ လက်နက်နဲ့ခြိမ်းခြောက်ပြီးအကောင်အထည်ဖော်လို့မရမှန်း နားလည်စေချင်ပါတယ်။
ကေအိုင်အေသည် မြန်မာစစ်တပ်အတွက်ပြိုင်ဘက်ဟုတ်
မဟုတ်ဆိုတာ သမိုင်းတစ်လျှောက်စစ်ပွဲတွေကို အခြေခံလေ့လာထားဖူးရင် နားလည်ကြပါတယ်။

စစ်ရေးအရပြိုင်ဘက်မဟုတ်လို့ ချေမှုန်းမယ် ဆိုတာမျိုး လုပ်လို့မရပါဘူး။

တိတိကျကျပြောရရင် လိုင်ဇာကို ဝင်သိမ်းခြင်းသည် Political Grave-Mistake တစ်ခုပဲဖြစ်ပါတယ်။

နိုင်ငံရေးအရ ဘယ်တော့မှရင်ကြားပြန်မစေ့နိုင်မယ့်အနေအထားတစ်ရပ်ကို ဦးတည်သွားစေနိုင်ပြီး ဦးသိန်းစိန်ရဲ့ သမိုင်းဝင်အလှည့်အပြောင်းဖန်တီးသူ ဖြစ်နိုင်မယ့် အနေအထားတစ်ရပ်ကို လုံးဝ ဥဿုံဖျက်ဆီးပစ်နိုင်မှာဖြစ်ပါတယ်။

အခု မီဒီယာမှာ ကချင်စစ်တပ်ရဲ့ဆိုးဝါးမှုတွေကို စတင်ပုံဖော်လာနေတာကိုတွေ့ရပါတယ်။ အထူးသဖြင့် Eleven လို Influential Media မှာပါ။ ဒါဟာ စံနစ်တကျ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ရှုမြင်နိုင်ပါတယ်။

KIA အပေါ် ဒေသခံလူထုထောက်ခံမှု သိပ်အားမကောင်းတာကိုအကြောင်းပြုပြီး၊ KIA ကျူးလွန်တတ်တဲ့ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တာတွေကို ထပ်ပြန်တလဲလဲ ထုတ်လွှင့်ပေးခြင်းအားဖြင့် KIA ဟာအပြစ်ပေးထိုက်တဲ့အဖွဲ့အစည်းတစ်ရပ်လို့ လူထုက မြင်လာတဲ့အချိန်ကို ဆွဲယယူလာနေသလို မြင်မိပါတယ်။

ပြိုင်ဖက်မဟုတ်တဲ့ KIA ကို အသေအပျောက်ခံပြီး အပြတ်မတိုက်ခြင်းရဲ့တစ်ဖက်မှာ BGF မဖြစ်မနေ ဖွဲ့အောင် စစ်ရေးအရ ဖိအားပေးဖို့ ပိုဖြစ်နိုင်မှာပါ။ ဒါပေမယ့် ဒီလို စစ်ရေးအရ ရွေးချယ်ခြင်းဟာ နည်းလမ်းမှားတစ်ခုပဲဖြစ်တယ်။ BGF ဖွဲ့ခိုင်းခြင်းဟာ တိုင်းရင်းသား လက်နက်ကိုင်တွေမျှော်လင့်တဲ့ ပြည်ထောင်စုတပ်မတော်နဲ့ အပုံကြီးကွာခြားနေမှာပါ။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာဟာ လက်နက်နဲ့ခြိမ်းခြောက်ပြီးအကောင်အထည်ဖော်လို့မရမှန်း နားလည်စေချင်ပါတယ်။

Monday, December 24, 2012

ပြည့်တန်ဆာလုပ်ငန်း သို့ မဟုတ် လူသားခြင်းကျွန်ပြုခြင်း

ပြည့်တန်ဆာလုပ်ငန်း သို့ မဟုတ်
လူသားခြင်းကျွန်ပြုခြင်း

ပြည်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်မယ်လို့ အမတ်တဦးဖြစ်တဲ့ မစန္ဒာမင်း
က ထုတ်ဖေါ်လာမှုကို အံသြတုန်လှုပ်မိပါတယ်။ ပြည်တန့်ဆာလုပ်ငန်းဆိုတာလူသားခြင်းကျွန်ပြုခြင်း
လုပ်ငန်း တရပ်ဖြစ်ကြောင်းကို ကျနော်တို့  နိင်ငံရေး ကကြီးခခွေးလေ့လာစဉ်က ပင် ကျင့်ဝတ် ( Ethic ) အပိုင်းရရှု့ မြင်ကြတယ်။
ခံယူခဲ့ကြပါတယ်။ ဒါဟာ စီးပွားရေး ပြသနာ၊ မဟာဖိုဝါဒ ကြီးဆိုးတဲ့ ခေတ်ဆိုးတခုရဲ့ ရလဒ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နစ်ပေါင်း ၃၀၀၀ ကျော်က မဟာဖိုဝါဒကြိးဆိုးတဲ့ ဝေသာလီမှာ အမျိုးကောင်သမီးလေး
အဗ္မပါလီကို ပြည့်တန်ဆာအဖြစ် လဇီဝီ လွတ်တော်က ဆုံးဖြတ်ခဲ့တယ်။
ဒါဟာ ကြောင်သူတော်မဟာဖိုဝါဒီတွေရဲ့ သူရဲဘောကြောင်မှု ၊ တာဝန်မဲ့မှု
နဲ့  လူအခွင့်အရေးချိုးဖေါက်မှုဖြစ်ပါတယ်။

ကမ္ဘာ ပထမ ဒီမိုကရေစီနိင်ငံဖြစ်ခဲ့တဲ့ဝေသာလီရဲ့  ဒီမိုကရေစီ သဘောတရား မရင့်ကျက်မှုတွေရဲ့  ပြယုတ်ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်မှာ ပြည်တန်ဆာကိုတရားဝင်လုပ်မယ်ဆိုရင် ကျနော်တို့  ကန့် ကွက်ပါတယ်။

တရားဝင်မလုပ်သင့်ပါ။ ပြည်တန်ဆာပပျောက်အောင် လွတ်လပ်မှုနဲ့  စီးပွားရေးဖွင့်ဖြိုးမှုကို ဦးစားပေးဆောင်ရွက်စေချင်ပါတယ်။

လိုင်ဇာမြို့အတွက် ခရစ္စမတ်လက်ဆောင်. . .

Sawpudu Du shared Lachid Kachin's photo.
လိုင်ဇာမြို့အတွက် ခရစ္စမတ်လက်ဆောင်. . .
========================

ဒီခရစ္စမတ် မှာ . . .
မိတ်ဆွေတော်တော်များများ ရဲ့ ကွန်မန့်တွေကနေ ကျနော်ကို စိတ်ဆိုးဒေါသထွက်၊ စိတ်ပျက်တဲ့ စာတွေ မပြတ်ရေးနေကြတယ်။

ကျနော်က
ရေးခဲ့သမျှ၊ ရိုက်ခဲ့သမျှ ချိုချိုလေးတွေကိုပဲ ရေးတတ်၊ ရိုက်တတ်ခဲ့တယ်။
ခုတော့ မချိုနိုင်တော့ဘူး။
လူထုခေါင်းဆောင်တွေကို ဝေဖန်လိုက်တိုင်း၊ သူတို့ကို ကြည်ညိုတဲ့
စာဖတ်သူတွေက ဒေါသတွေဖြစ်ကြ၊ မကျေမနပ်တွေဖြစ်ကြ။
တကယ်တမ်း
ကျနော့်အဖို့ကြည့်လို့ကောင်းအောင် ကား တကား ကို
ရိုက်တတ်မှတော့ ဖတ်လို့ချိုအောင် လည်း စာရေးရတာ မခက်ပါ။
ဒါပေမယ့် ကျနော်
ရင်ထဲမှာ ခံစားနေရတဲ့အတိုင်းပဲ မလိမ်တမ်း၊ မညာတမ်းသာ
ရေးခဲ့ပါတယ်။

ခု ခင်ဗျားတို့မြင်ရတာ လူတွေကို သေစေတဲ့ လူသတ်လက်နက်တွေ၊
မကြာသေးမီက လက်ပံတောင်းတောင်မှာ မီးလောင်ဗုံးပဲဆိုဆို၊ မီးခိုးဗုံးပဲ
ပြောပြော ဘယ်လောက် နာကျင်ထိခိုက်ခဲ့တယ် ဆိုတာ မိတ်ဆွေတို့အသိပါ။
ခု ဒီလို ဒုံးကျည်တွေ၊ အမြောက်ကျည်တွေဟာ လိုင်ဇာ ဆိုတဲ့ ကချင်ပြည်နယ်
က မြို့တမြို့၊ ခရစ်ယာန်ဘာသာဝင်တွေ အများစုနေထိုင်ရာ မြို့လေးတမြို့ကို
အုံနဲ့ ကျင်းနဲ့ ကျရောက်ပေါက်ကွဲ လို့ နေပြီ။
ကေအိုင်အေ ဘယ်လို၊ ဘယ်ညာ ဆိုတာထက်၊
လိုင်ဇာမြို့မှာ သာမန်ကချင်ပြည်သူတွေ နေ၊ မနေ ကို ပဲ ပြောရအောင်. . .
သက်ကြီးရွယ်အိုတွေ၊
မိန်းမသားတွေ၊
ကလေးသူငယ်လေးတွေဟာ အဲဒီ အမြှောက်ကျည်ဆန်တွေရဲ့ ဒဏ် ကို ခံနေရ၊
ဘေးလွတ်တောထဲ တောင်ထဲ ကို ပြေးနေရလေရဲ့။

တကယ်တော့ ဒီအချိန်ဟာ သူတို့တွေ ဘာသာရဲ့ အထွတ်အမြတ်ထားရာ
ခရစ္စမတ်အခါသမယ ပါ။
ရန်ကုန်လို မြို့ကြီးမှာတောင် ခရစ္စမတ်ပွဲတော်တွေ ကျင်းပနေချိန်မှာ
အဲဒီ ခရစ်ယာန်ဘာသာဝင်အများအပြားရှိရာ ကချင်တိုင်းရင်းသားတွေရဲ့ လိုင်ဇာမြို့မှာ စစ်မက်ဘေး ကို ရင်ဆိုင်နေရတယ်။

ဘယ်သူမှ သူတို့စစ်ပွဲ ကို ရပ်ဆိုင်းပေး ဖို့ တောင်းဆိုသူမရှိ၊
ဘယ်သမ္မတ၊
ဘယ်အစိုးရ၊
ဘယ်လွှတ်တော်အမတ်၊
ဘယ်ခေါင်းဆောင်၊
ဘယ်လူထုခေါင်းဆောင်၊
ဘယ်၈၈ ခေါင်းဆောင် မှ. . .
ဒီအကြောင်း ကို တခွန်းတပါဒ မှ မဟ၊

ကချင်ပြည်သူတွေကတော့ မျက်ရည်တွေ နဲ့
သွေးတွေနဲ့
ခရစ္စမတ်လက်ဆောင် ကျည်ဆံတွေကြားမှာ ခရစ္စမတ်ပွဲ ကို ဆင်နွှဲနေကြလေရဲ့။

ချိုတူးဇော်
လိုင်ဇာမြို့အတွက် ခရစ္စမတ်လက်ဆောင်. . .
========================

ဒီခရစ္စမတ် မှာ . . .
မိတ်ဆွေတော်တော်များများ ရဲ့ ကွန်မန့်တွေကနေ ကျနော်ကို စိတ်ဆိုးဒေါသထွက်၊ စိတ်ပျက်တဲ့ စာတွေ မပြတ်ရေးနေကြတယ်။

ကျနော်က
ရေးခဲ့သမျှ၊ ရိုက်ခဲ့သမျှ ချိုချိုလေးတွေကိုပဲ ရေးတတ်၊ ရိုက်တတ်ခဲ့တယ်။
ခုတော့ မချိုနိုင်တော့ဘူး။
လူထုခေါင်းဆောင်တွေကို ဝေဖန်လိုက်တိုင်း၊ သူတို့ကို ကြည်ညိုတဲ့
စာဖတ်သူတွေက ဒေါသတွေဖြစ်ကြ၊ မကျေမနပ်တွေဖြစ်ကြ။
တကယ်တမ်း
ကျနော့်အဖို့ကြည့်လို့ကောင်းအောင် ကား တကား ကို
ရိုက်တတ်မှတော့ ဖတ်လို့ချိုအောင် လည်း စာရေးရတာ မခက်ပါ။
ဒါပေမယ့် ကျနော်
ရင်ထဲမှာ ခံစားနေရတဲ့အတိုင်းပဲ မလိမ်တမ်း၊ မညာတမ်းသာ
ရေးခဲ့ပါတယ်။

Thursday, December 20, 2012

ဆရာဝန် လုပ်ချင်ရင် စီးပွား မရှာပါနဲ့ ၊ စီးပွားရှာချင်ရင် ဆရာဝန် မလုပ်ပါနဲ့ ဆိုတဲ့ အမေစု စကား

ဆရာဝန် လုပ်ချင်ရင် စီးပွား မရှာပါနဲ့ ၊ စီးပွားရှာချင်ရင် ဆရာဝန် မလုပ်ပါနဲ့ ဆိုတဲ့ အမေစု စကားကို မြန်မာပြည်က ဆရာဝန် တော်တော်မျာများက ဆတ်ဆတ်ထိ မခံ နာကြလွန်းလို့ ရေးသားပြောဆိုတာတွေကို ဖတ်ရတယ် ။

ဒို့ တိုင်းပြည်က ဆရာဝန်တွေရဲ့ ခံယူချက်နှင့် စိတ်ဓါတ်ကလည်း လေးစားစရာကောင်းလိုက်တာ ။

ကျန်ာလည်း အဲဒီတော့မှဘဲ သဘောပေါက်တော့ တယ် အမေစုဘာကို ပြောဆိုလိုက်သလည်း ဆိုတာ ။

ပညာရှင် ပီသပါပေ့ဗျာ…. ။

ဘာရောဂါမှန်း သေချာ မသိဘဲ ငွေရလိုဇောနဲ့ ရမ်းကုလိုက်လို့ လူနာ အသက်ဆုံးရှုံးသွားမှ ရူးချင်ယောင်ဆောင်ကြတဲ့ ဆရာဝန်တွေလည်း အများကြီးပါ ။

ဘယ်နိုင်ငံမှာမှ မဖြန့်ရသေးတဲ့ ဆေးလည်း သူတို့ကိုသာ ငွေပေးရင် လူနာများနှင့် စမ်းသပ်ပေးဖို့ ၀န်မလေးတဲ့ ဆရာဝန်တွေလည်း မရှားပါဘူး ။

ဆေးစွမ်းတာ မစွမ်းတာထက် ငါတို့ကို ဘယ်သူက ငွေအများဆုံးပေးနိုင်လည်း ဆိုတာကြည့် ပြီး အများဆုံးပေးတဲ့ ကုမ္ပဏီထံကဆေးမှ ရွေးဝယ်တတ်တဲ့ ဆရာဝန်တွေလည်း အများကြီးပါ ။



ငွေမပါတဲ့ လူနာဆို ငြူစူစွာ ဆက်ဆံ ၊ ရောဂါ အမြန်ဆုံး ပျောက်ကင်းရေးထက် လူနာ့ထံက ငွေဘယ်လို နိုက်ယူရင် အများဆုံးရနိုင်မလည်းကိုသာ ဦးထိပ်ထားတဲ့ ဆရာဝန်တွေလည်း အများကြီးပါ ။

အဲဒီလို စိတ်ဓါတ်ပိုင်ရှင် ဆရာဝန်တွေက အတော်လေးကို ပေါက်ကွဲကြတယ် ။



အဲဒီတော့ သူတို့ရဲ့ ပင်ကိုယ်စိတ်ဓါတ် အခြေခံ ဖြစ်တဲ့ ငါတို့က စီးပွားရှာချင်လို့ ဆရာဝန် လုပ်တာပါ ဆိုတာကြီးကို တရားဝင်ဖော်ထုတ်ကြတယ် ။



သက်ဆိုင်သူများကိုသာ ရည်ညွှန်းပါသည် ။

Wednesday, December 19, 2012

တကယ် စစ်မှန်တဲ့ ပြည်ထောင်စု ကို ရပါလိမ့်မယ်။

ကျနော်တို့ရဲ့ အာရ်အိုင်တီကျောင်းတော်သားတဦးဖြစ်တဲ့ ကိုတင်လတ် Tin Lattက သူ့မူအတိုင်း ပါးပါးကလေး စစ်အစိုးရအကြိုက် စာဟောင်းလေးတပုဒ်ကို ကိုးလို့ တင်လိုက်ပြန်တယ်။

ဗိုလ်ချုပ်အောင်ဆန်း က စေ့စပ်ဆွေးနွေးစဉ်ကာလမှာ မြန်မာနဲ့ပေါင်းမယ်ဆိုလို့၊
ဒီလို ညှိနှိုင်းခဲ့တယ် ဆိုတာကို အဓိက ပြောချင်ဟန်တူတယ်။
ကွန်မန့်ထဲမှာလည်း ကချင်ခေါင်းဆောင်တွေက အပြန်အလှန်သဘောတူညီမှုအနေနဲ့ ခွဲထွက်ခွင့် ကို စွန့်လွှတ်ခဲ့တယ် လို့ ညွှန်းပြန်တယ်။

ဒီလို အထောက်အထား အကိုးအကားတွေနဲ့ ရေးတာကို ကချင်တိုင်းရင်းသားတွေ ကျေနပ်မလား၊ မကျေနပ်မလား လို့ အရင်ဆုံး ဆန္ဒ ခံယူသင့်စေချင်တယ်။

စာချုပ်တွေ ဘယ်လိုချုပ်ထားထား၊ ပြောရရင် ရန္တပိုစာချုပ်အရ၊ အောက်မြန်မာပြည် ကို အင်္ဂလိပ်ပိုင် အဖြစ် လွှဲပြောင်းပေးခဲ့တယ်။
၁၈၈၆ ဇန်န၀ါရီလ ၁ ရက်ကြေညာချက်နဲ့ မြန်မာပြည်တ၀ှမ်းလို့ အင်္ဂလိပ်ပိုင်အဖြစ် ကြေညာခဲ့တယ်။

အဲဒီ စာချုပ်တွေအရ မြန်မာဘုရင်တွေ၊ ခေါင်းဆောင်တွေကိုက သဘောတူလို့
မြန်မာပြည်ကို အင်္ဂလိပ်ပိုင်အဖြစ်ကြေညာခဲ့ပြီး လို့ ပြောလို့၊ ကိုးလို့ ရသလား လို့ မေးချင်တယ်။

ဒီလိုပြောလို့ ကျနော်က ခွဲထွက်ရေး ကို အတင်းတွန်းအားပေးရေးနေတာမဟုတ်ပါ။

ကျနော့်စီနီယာ အကိုကြီးကိုတင်လတ်အပါအ၀င်၊ တိုင်းရင်းသားအရေးကို ကိုယ်တွယ်ဖြေရှင်းနေကြသူတွေအားလုံး၊ စစ်အုပ်စုအပါအ၀င် အားလုံး ရေလိုက်လွဲနေတာကို ထောက်ပြချင်တာပါ။
ခုလိုစာတွေကိုးလေလေ၊ တိုင်းရင်းသားတွေဘက်က မကျေနပ်မှုတွေ၊ ဒေါသတွေ
ကြီးထွားစေလေသာ ဖြစ်မယ် လို့ ထောက်ပြချင်တာ။

ဆိုပါတော့ ခုနေ ကျနော်တို့က အင်အားရှိလို့ ခိုင်မာစွာနဲ့ ကျနော်တို့ဆီက သိမ်းသွားတဲ့ နန်းစဉ်ပတ္တမြားငမောက်က အစ၊ နန်းတွင်းရတနာတွေကို အင်္ဂလိပ်
ဆီက ပြန်တောင်းမယ်၊ ဒါကို အင်္ဂလိပ်က မင်းတို့ဘုရင်ကိုယ်တိုင် စစ်ရှုံးလို့ စစ်လျော်ကြေးအနေနဲ့ ငါတို့သိမ်းခဲ့တာ လို့ တုန့်ပြန်ခဲ့ရင် ကျနော်တို့ တတိုင်း
ပြည်လို့ ဒေါသူပုန်ထ ကုန်မှာပေါ့။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်မယ်၊
ပြည်ထောင်စု မပြိုကွဲရေး ကို တည်ဆောက်မယ် ဆိုရင်
အဲဒီ တိုင်းရင်းသားတွေ ဘာ လိုချင်တယ်၊
ဘယ်လို ခံစားရတယ် ဆိုတာကို သိအောင် အရင်လုပ်၊
ကိုယ့်ဘက်က မှားခဲ့သမျှ ကို ၀န်ချတောင်းပန်၊
သူတို့ နစ်နာသမျှတွေကို တာဝန်ယူဖြေရှင်း
သူတို့ ရပိုင်ခွင့်တွေကို အကုန်ပြန်ပေးဆပ်ဖို့ ကို မှ အခြေမခံရင် ဘယ်တော့မှ
ရ မှာ မဟုတ်ဘူး။

အထူးသဖြင့် မေးချင်တာက ခင်ဗျားတို့ဟာ
ကချင် ကို လူလို့ သဘောထားသလား၊
ကရင် ကို လူလို့ သဘောထားသလား၊
မွန် ကို ရခိုင် ကို လူလို့သဘောထားသလား ဆိုတာပဲ၊
ထားတယ်။ တန်းတူရည်တူ ဆက်ဆံတယ် ဆိုရင် ခင်ဗျားတို့ လုပ်ရမယ့် အလုပ်က အဲဒီ ကချင်တွေ ကရင်တွေ မွန်တွေကို ဗမာတွေ နည်းတူ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပေးကို ပေးရမယ် ဆိုတာပဲ။
လွတ်လပ်ရေး ရတာ နှစ်ပေါင်း ၆၀ ကျော်လာသည့်တိုင် ခုထိ ကိုယ့်ကြမ္မာကိုယ်
ဖန်တီးခွင့်မရတဲ့ တိုင်းရင်းသားတွေကို ဘယ်လို စာချုပ်စာတန်းနဲ့ ဘယ်လို ကတိ
ပြုခဲ့တာ လို့ ကျမ်းကိုးရအောင် ဘာတွေများ ဗမာတွေဘက်က ကတိတည်ခဲ့လို့
လဲ ဆိုတဲ့ မေးခွန်းကိုပြန်မေးချင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း မက လို့ ဘယ်သူပဲ ဘယ်လိုပဲ သဘောတူခဲ့၊ တူခဲ့၊
လက်ရှိ အခြေအနေ၊ လက်ရှိ အနာတွေကို စေ့စေ့ငင သုံးသပ်ပြီး၊
သူတို့ကို တန်းတူအခွင့်အရေး နဲ့ လေးလေးစားစား မဆက်ဆံမဖြေရှင်း
မချင်း ဘယ်တော့မှ ပြည်ထောင်စုရေး ပြေလည်မှာမဟုတ်ဘူး။

အဲဒီနေရာ အဲဒီဒေသတွေ မှာ အစကတည်းက သူတို့နေခဲ့တာ။
ဗမာက ဘယ်နှရာစုမှာ ဘယ်လို ပိုင်တယ် လို့ ဆိုရင်
ဘယ်လို ပိုင်ခဲ့သလဲ ပြန်ကြည့်၊ စစ်တိုက်ပြီး လုထားတာ၊
ရုပ်ရှင်တောင် ရိုက်ပြလိုက်ချင်သေးပါရဲ့၊
သူ့သဘာဝ သူ့ရေမြေမှာ အေးချမ်းစွာနေနေတဲ့ တိုင်းရင်းသားတွေကို ဗမာဘုရင်စစ်တပ်ကြီး ဘယ်လို နယ်ချဲ့ခဲ့သလဲ ဆိုတာ။

Avatar ကြည့်တော့ မတရားလိုက်တာ လို့ ခံစားတတ်ရင်
အမြဲ တဘက်သတ်အမြင်နဲ့ချည်း မကြည့်ပါနဲ့၊
ပြည်ထောင်စုကြီးပြိုကွဲသွားမှာ စိုးလို့ ဆိုတာကြီးနဲ့ပဲ ကြည့်နေပြီး၊
ကချင်ကလေး၊ ချင်းကလေး၊ ရှမ်းကလေး ဘက်ကလည်း ကြည့်ပါဦး၊

ကိုယ်တိုင်လည်း ဘယ်လို ကျွန်ဘ၀ ရောက်ခဲ့
ဘယ်လို ရုန်းကန် ပြန်ရယူခဲ့ရတယ် ဆိုတာ ကြည့်ပါဦး၊
လူမျိုးစုတိုင်း ကိုယ့်လူမျိုးလွတ်လပ်ရေး ကိုယ် လိုချင်ကြတာကို
ကိုယ့်လိုပဲ လို့ သဘောပေါက် လက်ခံစာနာ နိုင်မှ
တကယ် စစ်မှန်တဲ့ ပြည်ထောင်စု ကို ရပါလိမ့်မယ်။

ချိုတူးဇော်
General Aung San's letter to his chief negotiators
General Aung San's letter to his chief negotiators

Monday, December 17, 2012

အတိုက်အခံနိုင်ငံရေး လမ်းစဉ် ???

အတိုက်အခံနိုင်ငံရေး လမ်းစဉ် ???

မြန်မာနိုင်ငံမှာ အတိုက်အခံနိုင်ငံရေးဆိုတာ မရှိတော့ဘူး၊ စစ်အုပ်စုလွှမ်းမိုးသော အစိုးရ နဲ့ အဲဒီအစိုးရကို ရေလိုက်ငါးလိုက်နိုင်ငံရေးသမား ပဲ ရှိတော့တယ် လို့၊
ရေးသားမှုလေးတခုကို မကြာသေးမီက ဖေ့စ်ဘွတ်ခ်ပေါ်မှာဖတ်လိုက်ရတယ်။

၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ တုန်းက၊ ပေါ်ပြူလာနျူးစ် ဂျာနယ် ဒါမှမဟုတ်ရင်၊ ပြည်သူ့ခေတ်ဂျာနယ်မှာ ကျနော်ရေးခဲ့ဖူးပါတယ်။

အတိုက်အခံ ကောင်းမှ အစိုးရ ကောင်းမယ် လို့၊
လွှတ်တော်ထဲမှာ လက်ညှိုးထောင်ခေါင်းငြိမ့်လုပ်ခဲ့တဲ့ မဆလလွှတ်တော်၊ မဆလ အစိုးရကြီး
ကို ဥပမာပေးပြီး၊ အစိုးရ လုပ်သမျှ မျက်စိဒေါက်ထောက်ကြည့်ပြီး၊
လိုအပ်သမျှ ချွတ်ယွင်းသမျှ ဝေဖန်ပြောဆိုနေတဲ့၊ အတိုက်အခံနိုင်ငံရေးသမားကောင်းတွေ၊ စာပေမီဒီယာသမားကောင်းတွေ လိုတယ်၊ ဒီလို အတိုက်အခံနိုင်ငံရေးသမား"ကောင်း" တွေ လို့ ဘာလို့ အထူးပြု
ရသလဲ ဆိုရင်၊ သူတို့ရဲ့ ဝေဖန်ထောက်ပြမှုဟာ အာဏာရဖို့ လက်ရှိအာဏာရအစိုးရ၊ အာဏာပိုင်အဖွဲ့အစည်းကို ဝေဖန်တိုက်ခိုက်တာမျိုး မဟုတ်ဘဲ၊ ပြည်သူလူထုရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာတွေနဲ့ ပြည်သူလူထု
အခြေအနေနဲ့ အစိုးရရဲ့ ဆုံးဖြတ်စီမံမှုတွေ ရဲ့ လွဲချော်မှုတွေကို ဝေဖန်သုံးသပ်တာ၊
လိုအပ်သလို ကန့်ကွက်ရှုတ်ချတာကို ရဲရဲ လုပ်ဖို့ လိုတဲ့ အတိုက်အခံနိုင်ငံရေး
သမားတွေ ကို ဆိုလိုပါတယ်။
ဒီလို အတိုက်အခံနိုင်ငံရေးသမားတွေရဲ့ ဝေဖန်မှုတွေ၊ ထောက်ပြမှုတွေဟာ အစိုးရ
အနေနဲ့၊ အာဏာပိုင်အနေနဲ့ မီးလိုပူပေမယ့် ဒီဝေဖန်ထောက်ပြမှုတွေကို
ကျေလည်အောင် ဖြေရှင်းနိုင်၊ ပြေလည်အောင် ဆောင်ကြဉ်းနိုင်လေလေ၊ အစိုးရ
ဟာ အစိုးရကောင်းတရပ်ဖြစ်လာလေ ဖြစ်လာလိမ့်မယ်။ ဒါကြောင့် သံကောင်းရဖို့
ပေးတဲ့ မီးလို သာ ဖြစ်တယ် လို့ ကျနော်ရေးသားခဲ့ဖူးတယ်။
ဒါကြောင့် ပြည့်စုံတဲ့ ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းဖို့အတွက် အတိုက်အခံ
နိုင်ငံရေးသမားကောင်းတွေ လိုတယ်။ အတိုက်အခံ စာပေသမားကောင်း
တွေ လိုတယ် လို့ ကျနော်ရေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ရီပတ်ဗလီကန်တွေ အာဏာရတဲ့အချိန် ဒီမိုကရက်တွေ ဖေါ်လိုလိုက် ရေလိုက်ငါးလိုက် အကြိုက်ဆောင် လုပ်တာမျိုး မရှိ၊
မှန်နေရင် ဘာမှမပြောရင်သာနေမယ်၊ မှားတာနဲ့ ဟာကွက်လစ်ကွက်တွေကို
ထောက်ပြဝေဖန် တော့တာပဲ။
ဒီမိုကရက်တွေ အာဏာရနေချိန်မှာလည်း ရီပတ်ဗလီကန်တွေက ဒီအတိုင်းပါပဲ။

ဖေါ်လိုလိုက်၊ ရေလိုက်ငါးလိုက်နိုင်ငံရေးသမားတွေဟာ ဒီမိုကရေစီစနစ်မှာထက်
အာဏာရှင်ကြီးစိုးတဲ့နိုင်ငံတွေမှာသာ ပေါ်လာစမြဲပါ။

မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်နေပြီဆို ဘယ်အစိုးရပဲ ဖြစ်ဖြစ်၊
ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် အစိုးရကောင်းကိုရဖို့၊ အဖွဲ့အစည်းကောင်းကို ရဖို့
အတိုက်အခံကောင်း၊ ဝေဖန်ရေးကောင်းတွေ လိုကိုလိုတယ် ဆိုတာ သဘောပေါက်ကြစေ့ချင်တယ်။
ဝေဖန်ဖို့ကို အားမနာကြ၊ မရွံ့ကြ၊ မတွန့်ကြစေချင်ဘူး။

ခု အစိုးရ ကို ထက် အတိုက်အခံနိုင်ငံရေးသမားတွေကိုသာ ဝေဖန်ချင်ပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရရဲ့ မပြည့်စုံတဲ့ လိုအပ်နေသေးတဲ့၊ လစ်ဟာနေတဲ့၊ မမျှတ၊ မတရားဖြစ်နေတဲ့ အဘက်ဘက်က တိုင်းပြည်အခြေအနေ
တွေကို ဝေဖန်ထောက်ပြမယ့်အစား၊ ခုလို ရေလိုက်ငါးလိုက်နိုင်ငံရေး လုပ်နေတာ
အင်မတန် စိတ်ပျက်မိပါတယ်။
လွှတ်တော်တွင်း ကို ၀င်ဖို့ ဆုံးဖြတ်တာကို စိတ်ပျက်ခဲ့ပေမယ့်၊ ဒီမိုကရေစီနည်းလမ်းကျကျ လွှတ်တော်တွင်းပြုပြင်ရေးအတွက် ဆိုခဲ့တဲ့အတွက်၊
ပုဂ္ဂိုလ်ရေးယုံကြည်လေးစားချစ်ခင်မှုတွေနဲ့ အရမ်းကိုမျှော်လင့်ခဲ့တယ်။

ခုတော့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တယောက် လုပ်ဆောင်ချက်တွေထက်၊ ကြံ့ဖွံ့အမတ်တယောက်သာသာ သာ ရှိတယ် လို့ မြင်မိတယ်။
သာမန် အစိုးရအရာရှိကြီးတဦးလောက် လုပ်လို့ရမယ့် အလုပ်တွေကို လုပ်နေတယ် လို့သာ မြင်မိတော့တယ်။
ကျနော် ချစ်လှပါသော ၈၈ ညီနောင်ခေါင်းဆောင်ကြီးများကလည်း ဘာလုပ်ရမှန်းကို မသိဘဲ လမ်းပျောက်နေကြသလိုပဲ။

အောက်ခြေက ဗကသ လူငယ်လေးတွေ၊ လက်ပံတောင်းတောင်က ဒေသခံပြည်သူတွေကတောင် သူတို့ရင်ဆိုင်နေရတဲ့
မတရားမှုကို ရဲရဲရင်ဆိုင်တောင်းဆိုနေကြသေးတယ်။

အစိုးရ က လည်း ဒီလို မှိန်းနေကြတာကို ကျေနပ်ပြီး လုပ်သမျှ အဟုတ်ကြီးဟုတ်တယ် ထင်ပြီး သွားလို့ကတော့ နောက်မကြာမီ မဆလသာသာ
ဒီမိုကရေစီစနစ်ကြီးကနေ မဆလပုံစံကြီး တဖြည်းဖြည်း ပြန်ဝင်လာပါလိမ့်မယ်။

တကယ် ဒီမိုကရေစီ ထွန်းကားချင်ရင်တော့ အတိုက်အခံကောင်းတွေ ပေါ်ထွန်း
လာဖို့ လိုကိုလိုတယ် ဆိုတာလေး သတိထပ်ပေးပါရစေ။

လက်ရှိအခြေအနေမှာတော့ တကယ့်ကို အတိုက်အခံနိုင်ငံရေးပျောက်နေတဲ့
မြန်မာ့နိုင်ငံရေး အခင်းအကျင်းပါပဲ။

ချိုတူးဇော်
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉နာရီ ၄၀
မိနစ်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ရောက်ရှိလာပြီး လူနာဆောင်များ၊ အိမ်သာများ၊ ဆေးသိုလှောင်ခန်းများနှင့် ဆေးပေး ဆေးယူ ကိစ္စများကို ကြည့်ရှုစစ်ဆေးနေကြောင်းသိရသည်။ ပါမောက္ခဦးချစ်စိုး အခန်းသို့လည်း ၀င်ရောက်ကြည့်ရှုခဲ့ကြောင်း၊ ဆေးရုံကြီး၏ လေ၀င်လေထွက် ကောင်းမကောင်း၊ သောက်ရေ သန့်ရှင်းမှုများကိုလည်း မေးမြန်းနေကြောင်း၊ လူနာဆောင် (၁၊၂) ။ လူနာဆောင် (၇၊၈) တို့အပြင် သွားဆေးဘက်ဆိုင်ရာ အခန်း နှင့် တွေ့ဆုံ အားပေးခဲ့ ပြီး လူနာများအား ရင်းရင်း နှီးနှီးတွေ့ဆုံကာ အဆင်ပြေမှုများရှိမရှိ မေးမြန်းခဲ့သည်။

ထို့ပြင် ဆေးရုံ အတွင်းပိုင်းများ မှ ပြင်ဆင်ရန် လို အပ်ချက်များနှင့် လက်ရှိ လုပ်ဆောင်နေမှုများ ကို ဆေးရုံတာဝန်ရှိပဂ္ဂိုလ် များကလည်း ပြန်လည် ရှင်းလင်းပြောကြားခဲ့ ပြီး ၁၀ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ဆေးရုံ ကြီးအတွင်းမှ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

ယခု ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့် အစီအစဉ် ကြောင့် ဆေးရုံအတွင်း ကြိုတင် ပြင်ဆင်လုပ်ဆောင်ထားမှု မရှိကြောင်း လူနာများ၏ပြောပြချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉နာရီ ၄၀

Sunday, December 16, 2012

မတရားမှုကို မြန်မြန် ကျဆုံးစေချင်တဲ့ စိတ်နဲ့ စေတနာ စကား

ကချင်တပ်ဖွဲ့ဝင်များကို ကျနော် အကြံတခုပေးချင်ပါတယ်။ အခုလို ဓါတ်ပုံတွေ ဗီဒီယိုတွေ ရိုက်တင်နေတာကောင်းပါတယ်။ သို့သော် ကမ္ဘာကလူတွေ အတွက် အတည်ပြုလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်ရိုက်နေလို့ပါပဲ။

ကမ္ဘာကအတည်ပြုလို့ရအောင် ထိုင်းအခြေစိုက် နို်င်ငံခြား သတင်းဌာန တခုခုက ဒါမှမဟုတ် အဆင်ပြေရာ နိုင်ငံပေါ့ တရုတ်သတင်းဌာနတော့ အဆင်မချောလောက်ဘူး။ အဲဒီလို သတင်းထောက်တွေ ဒါမှမဟုတ် စိတ်ဝင်စားသလောက်ကို ဖိတ်ပြီး မှတ်
တမ်းတင်စေရင် ပိုပြီး ဘယ်ဖက်ကမှ မဟုတ်တဲ့ Neutral သက်သေဖြင့် အတည်ပြုလို့ရပြီး။ ကမ္ဘာကို သိအောင်ပြောလို့ရပါတယ်။ အခုလက်ရှိဖြစ်နေ သမျှတွေ တင်ပြနေတာ ကိုယ့် အချင်းချင်းလောက် သိရုံ အဆင့် ဖြစ်နေတယ်။ အဲဒါမျိုးကို လုပ်ရင် ပိုကောင်းမှာပဲလို့ တွေးမိလို့ပါ။

နိုင်ငံတကာမှာ အရှေ့အလယ်ပိုင်းဖြစ်ဖြစ် အာဖရိကနိုင်ငံတွေ စသည်တို့က စစ်ပွဲတွေ လူမျိုးစုပြဿနာတွေ တ်ာတော်များများကို အတည်ပြုတဲ့ သက်သေအချက်လက်တွေက အဲဒီလို သတင်းထောက်တွေရဲ့ ကိုယ်တွေ့ သတင်းအချက်လက်တွေကို ကမ္ဘာက ပိုပြီး ယုံကြည်မှု အားသာ တာကို တွေ့ရလို့ အကြံပေး ကြည့်တာပါ။ သိပြီးသား စီစဉ်ပြီးသား လည်း ဖြစ်ကောင်း ဖြစ်နေ ပါလိမ့်မယ်။ အကယ်၍ အဲဒီလိုဖြစ်မယ်ဆိုလဲ မတရားမှုကို မြန်မြန် ကျဆုံးစေချင်တဲ့ စိတ်နဲ့ စေတနာ စကားမို့ သည်းခံပါ။ (ရဲမင်းထွန်း)

အောက်ဆုံးအလွှာက အရိုးတွေ မငိုကြွေးမိစေနဲ့ . .

အောက်ဆုံးအလွှာက အရိုးတွေ မငိုကြွေးမိစေနဲ့ . . .

ငါ့ညီ(ဗကသ) တို့ရေ. .
.စေတနာမပျက် မိစေနဲ့. . .
အဲဒါ ပြည်သူတွေပါပဲကွဲ့. . .

တချိန်တုန်းက ကျနော်ကိုယ်တိုင်
ထောင်ကထွက်လာလာချင်း
ပန်းခြံတွေထဲက ပျော်ပွဲစားတွေ
စတိတ်ရှိုးတွေကြောင့် အသည်းဆတ်ဆတ်ခါ နာခဲ့ဖူးတယ်

ဒါပေမယ့် သေချာစဉ်းစားဆင်ခြင်တဲ့အခါ
ပြည်သူတွေနေချင်တဲ့ ဘ၀အစစ်က
အဲဒီလို ဘ၀ . . .
နိုင်ငံရေးသမား နိုင်ငံရေး လုပ်ရတာ
အဲဒီလို ဘ၀တွေ ပြည်သူတွေနေခွင့်ရဖို့. . .
တကယ့်အစစ်အမှန်မဟုတ်ဘဲ
ပြည်သူကို လှဲ့စားပြီး နိုင်ငံရေးလမ်းကြောင်းလွှဲဖန်တီးသူတွေက သပ်သပ်
ပြည်သူတွေကတော့ ဈေးပေါ တတ်ပါတယ်
ဒါကြောင့် ဦးနု ကြီးက မသိသားဆိုးရွားတဲ့ နွားတွေ လို့တောင်
ပြည်သူကို နွားနဲ့နှိုင်းတဲ့ အထိ ခပ်ရိုင်းရိုင်း ရေးဖူးတဲ့အထိ၊
နွားသတ်ရုံအသွား လမ်းပေါ်မှာတောင်
မြူးနေ၊ ပျော်နေ၊ တကောင်ပေါ်တကောင်တက်ခွနေ တဲ့၊
နိုင်ငံရေးသမား စစ်ရင်
အဲဒီ ဒဏ် ကို ခန္တီပါရမီ ရင့်သန်ဖို့သာ ကျင့် ထား ဖို့လိုပါလိမ့်မယ်။
ပြည်သူအများစုဟာ သာယာရာ စီးတဲ့ သာယာစီးတွေများပါတယ်။

နာကျင်နေတဲ့ နှလုံးသားတွေထဲ က
ပြည်သူအပေါ် ထားတဲ့ မေတ္တာ၊ စေတနာ ကို မပျက်စေဘဲ
အဲဒီလမ်းဆုံးမှာ သားသတ်ရုံကြီး ရှိကြောင်း
အဲဒီ အသံတွေ လွှမ်းအောင် အော်ကြ၊ ပြောကြပေရော့. . .

တခုပဲ အဲဒီလူအုပ်ထဲ နိုင်ငံရေးစကားပြောတတ်တဲ့သူ
နိုင်ငံရေးသမား ပါဆိုတဲ့သူ ဘယ်သူတွေပါသလဲတော့ သေချာ ကြည့်ထားကြလေကွဲ့. . .

ချိုတူးဇော်
Live coverage of MTV EXIT Live in Myanmar begins in 1 hour! Catch it on http://mtvexit.org/ or http://mtvex.it/T0e0pI . #EXITslavery
Live coverage of MTV EXIT Live in Myanmar begins in 1 hour! Catch it on http://mtvexit.org/ or http://mtvex.it/T0e0pI . #EXITslavery

သောက်ရူး အလိုရှိသည်

သောက်ရူး အလိုရှိသည်

တခါတုန်းက သူ့ပါတ်ဝန်းကျင်က လူတွေက သောက်ရူး လို့ သတ်မှတ်ခဲ့တဲ့ လူတယောက် ရှိခဲ့ပါလေရဲ့။
ခေါင်းစုတ်ဖွား၊ ဘိုသီဘတ်သီနဲ့၊ သူများတွေ ဆွေးနွေးနေကြရင် ၀င်ပြီး သူပြောချင်ရာ ပြော၊ သူများပြောလည်း နားထောင်ချင်မှ နားထောင်တတ်ပါသေးသတဲ့။
တခါတလေ ဘိနပ်ကို ကျွဲတဘက်၊ နွားတဘက်တောင် စီးသတဲ့။
အကုန်လုံး မြီးကောက်ပေါက်သမီးရည်းစားကိုယ်စီနဲ့ ရှိကြတော့လည်း သူကတော့ ရှုသိုးသိုးမှုန်ကုပ်ကုပ်နဲ့ ဖါသိဖါသာပါပဲတဲ့။
အလုပ်ရှိလို့ သမဂ္ဂရုံး ညအိပ်တာတောင် အစောင့်ကြီး ထုတ်ပေးတဲ့ အိပ်ရာခင်း ကို ငြင်းလို့၊ ထောင်ကျဖို့အတွက်ပြင်ဆင်ပါသတဲ့။
"နိုင်ငံရေး လုပ်တာ သဘောမတူဘူး" လို့ပြောတဲ့ အမေကို အဆက်သွယ်
ဖြတ်၊ အမေ က လိုက်လာပြီး မျက်ရည်တစမ်းစမ်းနဲ့ ပါးကလေး၊ နားကလေး ကိုင် ချော့တာတောင် စကားတခွန်းမှ ပြန်မပြောဘဲ၊ အမေ ထွက်သွားမှ၊ ပါသွားတဲ့ ရထားကို ဦးသုံးကြိမ်ချလို့
"ကျုပ်က အမေ့ကို သံယောဇဉ်အရမ်းကြီးတာဗျ၊ ဒီလို သံယောဇဉ်ဖြတ်မှ ပြတ်မှာ" လို့ပြောခဲ့ပါသတဲ့။

ဘယ်အတိုက်အခံ ခေါင်းရှောင်က စစ်သားကို သနားနေသလဲ။

ဘယ်အတိုက်အခံ ခေါင်းရှောင်က စစ်သားကို သနားနေသလဲ။

ကျနော် ဘယ်တော့မှ လူကြားကောင်းအောင်၊ အများနဲ့ တည့်အောင် မပြောတတ်ပါဘူး။ အမြဲတမ်း ကျနော် မမှန်ဘူး ဆိုတာကိုလည်း လက်ခံထားပါတယ်။ ကျနော့်ကို အကျိုးနဲ့အကြောင်းနဲ့ ရှင်းပြရင် ပြန်ပြင်ဖို့၊ တောင်းပန်ဖို့ ၀န်မလေး ပါဘူး။ လူတိုင်း ကိုယ်ယုံကြည်တဲ့ အလုပ် ကိုယ်လုပ်နေကြတာပါ။ အခု တိုက်ပွဲတွေ ဖြစ်နေတယ် သေနတ်ဆိုတာ ကစားစရာ မဟုတ်ဘူးဆိုတာ လူတိုင်းသိကြပါတယ်။ သေနတ်နဲ့ ပစ်ရင
် သေတယ်၊ ဒဏ်ရာရတယ် ဒါကို လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ သေနတ်ကိုင်ထားတဲ့ လူတွေချင်းတူပေမဲ့ စိတ်ဓါတ်ချင်း မတူပါဘူး၊ ဒီလိုပဲ ကျဆုံးတာချင်းလည်း မတူညီကြပါဘူး။ ကျနော်တို့ အတိုက်အခံဘက်မှာ လူအင်အား နဲတယ်၊ လက်နက်အင်အား နဲတယ်၊ အသက်ရှင်စဉ်မှာလည်း ချို့ချို့တဲ့တဲ့ ဆင်းဆင်းရဲရဲ နေရတယ်၊ သေတော့လည်း ကျန်ရစ်သူ မိသားစုကို လုံလောက်တဲ့ ထောက်ပံ့မှု့မပေးနိုင်ဘူး၊ နောက်ဆုံးကုန်ကုန်ပြောရရင် သေတဲ့သူ တယောက်ချင်းကို ဘာသာရေးထုံးစံနဲ့အညီ လုပ်မပေးနိုင်ခဲ့တဲ့ အဖြစ်တွေ အများကြီးထဲမှာ သူပုန်တွေရဲ့ ခေါင်းဆောင်၊ လူမျိုးစုတွေရဲ့ မဟာမိတ် ဆိုတဲ့သူတွေက ဗမာ့စစ်တပ်က ရဲဘော်လေးတွေ ၊ အရာရှိငယ်လေးတွေ ကို သနားပါတယ် ဆိုတော့ ကြားရတာ သိပ်မဟုတ်ဘူးဗျာ။ ကျနော်တို့ တော်လှန်ရေး ရဲဘော်ဆိုတဲ့ ရဲဘော်တွေက ငှက်ပျောအူ နဲ့ မရှိမဲ့ ရှိမဲ့ မောင်းထောင်းဆန်ကွဲ ပြုတ်သောက်နေတဲ့အချိန်မှာ ခင်ဗျားတို့ သိပ်သနားတဲ့ ဗမာ့တပ်မတော်က ရဲဘော်လေးတွေ၊ အရာရှိငယ်လေးတွေက လောက်ငှတာ မလောက်ငှတာ အသားထား လစာရပေမဲ့ အငတ်ခံပြီး နေလား၊ ပြည်သူ့ ပစ္စည်းကို လုယက်၊အရွယ်မရောက်၊ အရွယ်လွန် တွေကို မုဒိန်း ကျင့်နေတာကြတော့ စစ်အာဏာရှင်စနစ် ဆိုပြီး ခွင့်လွှတ်ပေးကတည်းက ကျနော်တို့က စစ်မတိုက်ဘဲ ရှုံးသလို ဖြစ်နေပြီ ဆိုတာ ခင်ဗျားတို့ ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးသမားတွေ စဉ်းစားမိရဲ့လားဗျာ။ ခင်ဗျားတို့ ခေါင်းဆောင် ဖြစ်ရတယ်ဆိုတာဒီလို အနစ်နာခံတဲ့ ရဲဘော်တွေ ရှိလို့၊ တိုင်းပြည်အတွက် ဆိုပြီး အသက်ပေးရဲတဲ့ ရဲဘော်တွေရှိလို့ ဆိုတာကိုကော ခင်ဗျားတို့ တွေးမိကြရဲ့လား အခုတော့ ခင်ဗျားတို့ ပါးစပ်က စစ်တိုက်နေတဲ့အချိန် ရန်သူကို ရန်သူလို သဘောထားရမဲ့အချိန်မှာ ပြောထွက်ရက်တယ်။ မုန့်ဆီကြော်က ဘယ်မှာမှန်း မသိ၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုသလို တနိုင်ငံလုံးကို တသက်လုံး ကျွန်လုပ်ချင်လို့ စစ်တပ်ကို ကြီးသထက် ကြီးအောင် ချဲ့ထားတဲ့ စစ်အာဏာရှင်တွေ နဲ့ စကားပြောချင်လွန်းလို့၊ တ၀ိုင်းတည်းထိုင်ပြီး ထမင်းစားချင်လွန်းလို့ ကိုယ့်ရဲဘော်ကျ ကိုယ်မစာနာ၊ တပြားတချပ် မထောက်ပံ့ဘဲ ပြောဆိုနေတဲ့ ခင်ဗျားတို့ ပါးစပ်တွေ ပိတ်ထားရင် ကောင်းမယ်ထင်တာပဲ။

တော ဘုန်းကြီး အထာပဲ ကောင်းပါတယ်။

တော ဘုန်းကြီး အထာပဲ ကောင်းပါတယ်။

မြန်မာပြည် နိုင်ငံရေးကို မစဉ်းစားတတ်တော့ဘူး။ တောဘုန်းကြီး အထာလိုပဲ လုပ်တော့မယ် ဘုရားကို ရွှေသင်္ကန်း ကပ်ချင်ရင် ဂေါပက မသိစေနဲ့တဲ့။ သိတဲ့အတိုင်း မြန်မာပြည်မှာက ဘုရား ဂေါပကတို့၊ ဘာတို့ညာတို့ ဆိုတာ က အသက်အရွယ်ကြီးတဲ့သူတွေ၊ နာမည်ရှိခဲ့တဲ့သူတွေ၊ အလုပ်မရှိတဲ့သူတွေ၊ ကိုယ်နဲ့ သင့်မဲ့သူတွေက ကိုယ့်ဟာကိုယ်စုပေါင်းပြီး ဖွဲ့ထားကြတာ တချိန်တုံးက ကောင်းရင် ကောင်းမယ်၊ ဂေါပက ဖြစ်ပြီး
ရင် မကောင်းတော့ဘူး ဆိုတာ တောဘုန်းကြီးက သိတယ်၊ ဘုရားကြီးမှာ ရွှေသင်္ကန်းတွေ မဲနေတာလည်း ဘုန်းကြီးက သိတယ်၊ ရွာသားတွေ လှူချင်တန်းချင်တာလည်း ဘုန်းကြီးကသိတယ်။ ဒီတော့ ဂေါပကကို မယုံနဲ့ လို့ ပြောဖို့ကလည်း နုတ်က မမိန့်ချင်ဘူး။ အသိပေးပြီး လုပ်လို့ ပြောရင်လည်း အဖိတ်အစင်တွေ ခိုးတာဝှက်တာတွေ၊ ကုန်သည် သတင်းပေးတွေနဲ့မို့ ပုံမှန်ဈေးထက်လည်း ပိုပေးရမယ်၊ ပြီးရင် နာမည်လိုချင်တဲ့ သူနဲ့၊ ငါကြောင့်ပေါ့လို့ ပြောချင်တဲ့သူတွေ ပေါ်လာမှာလဲ သိတယ်။ ဒီတော့ တောဘုန်းကြီးက ရွာထဲက ရူးသလို ပေါသလို တယောက်ကို ခေါ်ပြီး ကြက်တူရွေး နုတ်တိုက်သင်သလို ရွှေသင်္ကန်း ကပ်မယ်ဆို ဂေါပက မသိစေနဲ့ ၊ ရွှေသင်္ကန်း ကပ်မယ်ဆို ဂေါပက မသိစေနဲ့ ဆိုပြီး ရွာကိုပါတ်အော်ခိုင်းလိုက်တယ်။ အခုလဲ မြန်မာပြည်မှာ ဘာအရေးပဲလုပ်လုပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးတွေနဲ့ ရှစ်ပူးတွေ မသိစေနဲ့လို့ တောဘုန်းကြီး အထာ လုပ်ရမလို ဖြစ်နေပြီ။

Saturday, November 10, 2012

မြန်မာပြည်ကောင်းဖို့ Edwards Deming နည်းဖြင့် တွေးကြည့်ခြင်း [သွန်းနေစိုး] by Thorn Nay Soe on Saturday, November 10, 2012 at 3:53am ·


ကျနော့်အကျင့်က စာရေးသူတစ်ယောက်ကို ကြိုက်မိပြီဆို အဲဒီလူတစ်ယောက်ရဲ့စာတွေ အငမ်းမရလိုက်ဖတ်တော့တာပဲ။
ခုတလော ဘာဓာတ်ကျတယ်မသိ။ Edwards Deming ကြီး ခိုက်မိနေတယ်။ ဒါနဲ့ သူ့စာအုပ်တွေ အတင်းလိုက်ရှာဖတ်
၅အုပ် တော့ ဖတ်ခွင့်ရခဲ့ပါတယ်။
Deming Speaks to European Executives
Gamma and Beta Functions
Out of the Crisis
Profound Knowledge
The new economics for industry, government, education

သူက စီမံခန့်ခွဲမှု ဂုရုကြီးလေ။ ကျနော်ကတော့ ဘာရယ်မဟုတ်။ ဒီလိုပဲလျှောက်ဖတ်တာပါ။
သူ့စာတွေဖတ်ရင်း မြန်မာပြည်အတွက် ကျနော်တို့ လုပ်စရာတစ်ချို့ သွားပြေးမြင်တယ်။

သူ့ရဲ့ fourteen key principles to managers ၁၄ချက်ကို သေသေချာချာစဉ်းစားလေ ကျနော်တို့ဆီမှာ တလွဲဖြစ်နေတာတွေ အများကြီး တွေ့သလိုပဲ။
အဲဒါတွေ မပြောခင် ကျနော်နည်းနည်းလေး လျှာရှည်ကြည့်ချင်တယ်။

ကျနော်တို့တိုင်းပြည်မှာ ပြည်သူတွေ တကယ်လိုအပ်တာက ဘာလဲ။
ကျနော့်စိတ်ထင် ယေဘုယျအကျဆုံး မှတ်ချက်တစ်ခုပေးမယ်။
မြန်မာပြည်သား ရာခိုင်နှုန်းအများစု လိုအပ်တာ စားဝတ်နေရေး ပြေလည်ဖို့ ဖြစ်ပါလိမ့်မယ်။
အဲဒီကမှ နောက်တစ်ဆင့်တက်ပြီး စဉ်းစားရင် ငြိမ်းချမ်းသာယာစွာနဲ့ ကိုယ့်ကြီးပွားတိုးတက်ရေးကိုယ် ကြိုးစားနိုင်ခွင့်ပါ။

ဒီအတွက်လည်း ကျနော်တို့ ဒီမိုကရေစီကို တောင်းခဲ့ကြတာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှသာလျှင် ငြိမ်းချမ်းသာယာစွာနဲ့ ကိုယ့်ကြီးပွားတိုးမြင့်ရေးကိုယ် ကြိုးစားနိုင်ခွင့်ရှိမယ်လို့ ယုံကြည် ယူဆခဲ့ကြတာကိုး။
ကဲ အခု ကျနော်တို့ စားဝတ်နေရေး ပြေလည်ကြပြီလား။
ဒီမိုကရေစီရော ရကြပြီလား။

ဒါဆိုရင် ၀ိဝါဒကွဲစရာ အဖြေမျိုးစုံဖြစ်လာပါလိမ့်မယ်။
ဒီနေရာကနေ ကျနော်စာရေးဆရာ ငချွတ်ကလေးက တစ်ခု တင်ပြချင်တာကတော့ ဘယ်အစိုးရတက်တက် တိုင်းပြည်ချမ်းသာအောင် လုပ်ပေးနိုင်တဲ့အစိုးရကိုသာလျှင် ပြည်သူက ကြည်ဖြူလိမ့်မယ် ဆိုတာပါပဲ။

အခုဆိုရင် ၂၀၁၅ အကြောင်း ကြိုတင်ပြီး တော်တော်ပြောနေကြတယ်။
ဟိုလူတက်မယ်၊ ဒီလူတက်လိမ့်မယ်ပေါ့။
အိုကေ သေချာတာက တိုင်းပြည်ချမ်းသာအောင် လုပ်ပေးနိုင်မလား။ ဒါကိုပဲ အားလုံးက မျှော်လင့်နေကြလိမ့်မယ်။

Edwards Deming စာအုပ်တွေ ဖတ်ပြီး ကျနော်တွေးမိလာတာက တိုင်းပြည်တစ်ပြည်ကြီးပွားတိုးတက်ဖို့ဆိုရင် စနစ်ကို အဓိက ပြောင်းရလိမ့်မယ်။
စနစ်ဆိုတာ အုပ်ချုပ်ရေး စနစ်တင် မကဘူး။
တိုင်းပြည်ရဲ့ အစိုးရအဖွဲ့၊ အုပ်ချုပ်ရေးယန္တယား၊ စီးပွားရေး တည်ဆောက်မှု ... စတဲ့ စတဲ့ အခွင့်အာဏာရှိသူများ အကောင်ထည်ဖော်နေတဲ့စနစ် အားလုံးကိုပြောတာ။

ကျနော်သိမီသမျှ သက်တမ်းအတွင်းမှာ အုပ်ချုပ်ရေးစနစ်ကြီး သုံးခုပြောင်းတာကို ကြုံခဲ့ပြီးပြီ။
ဆိုရှယ်လစ်စနစ်။
စစ်တပ်အုပ်ချုပ်ရေးစနစ် ... နဲ့
အခု ဒီမိုကရေစီ (လို့ ခေါ်တဲ့) စနစ်။
ကဲ ဘာတွေ ပြောင်းသွားသလဲ။

ဒီမိုကရေစီမှာ အတိုက်အခံဆိုတာ/by မဟာကြောင်

ဒီမိုကရေစီမှာ အတိုက်အခံဆိုတာ ကိုယ့်ကို တိုက်ခိုက် ဝေဖန်တာကိုလည်း ခံနိုင်ရည်ရှိဖို့၊ လက်ခံနိုင်ဖို့ လိုပါတယ်..... အခုလက်ရှိမှာ စစ်တပ်နဲ့ ကြံ့ဖွံ့အစိုးရကို ဝေဖန်ရင် တိုက်ခိုက်ခံရမှု နည်းသလောက် ဒီမိုကရေစီနဲ့ NLD ကို ဝေဖန်ရင် အဆဲခံရဖို့ ကျိန်းသေပါတယ်.... ဒေါ်စုကို ဝေဖန်ရင်တော့ ဘာပြောကောင်းမလဲဗျာ.....

ထူးခတ်ခံရမယ့် ဆင်ဟာ သူ့
ကိုခတ်မယ့် ကျုံးထဲကို အသာတကြည် ၀င်သွားဖို့ ဆင်ဦးစီးနဲ့ ချွန်းက ထိမ်းကြောင်းပေးသွားပါတယ်...... အဲ့ဒိလိုပဲ မြန်မာပြည်က ဒီမိုကရေစီနဲ့ အတိုက်အခံ အင်အားစုတွေဟာ ဒီလိုရိုင်းစိုင်းတတ်ပါလား ဆိုတဲ့လမ်းကြောင်းပေါ်မှာ သွားနေတာ ဘယ်ပန်းတိုင်ကို ဦးတည်နေသလဲ၊ ဘယ်သူတွေက ထိမ်းကြောင်းနေလဲ အသိရှိရင် မြင်တတ်ပါစေ.....

စစ်တပ်နဲ့ လက်ရှိခေါင်းဆောင်တွေကို ဝေဖန်ရင် လက်ခုပ်လက်ဝါးတွေ တီးကြပီး ဒေါ်စုကို ဝေဖန်ချိန်မှာ မင်းက ဘာကောင်မို့လို့လဲ ခင်ဗျားက ဘာကောင်မို့လို့လဲ၊ သူ့လောက်တတ်လို့လား ဆိုတာတွေနဲ့ ပြစ်ပြစ်နှစ်နှစ် ဆဲရေးလို့ ပိတ်ပင်ပစ်ကြတာတွေ များနေပါတယ်.... တစ်ခြားမကြည့်ပါနဲ့ ဦးသန်းညွန့် NLD ကထွက် ရွေးကောက်ပွဲ ၀င်တုန်းက အဖြစ်အပျက်တွေပါပဲ...... ဒီအထဲမှာ ဒီမိုနာ
မည်ခံထားတဲ့ တစ်ယောက်က အဆိုးဆုံးပါပဲ...... နိုင်ငံကိုချစ်တယ်ဆိုရင် ဝေဖန်တဲ့အခါမှာ ဘက်မျှဖို့ အရေးကြီးပါတယ်..... ပါတီစွဲ ထားတာနဲ့ ဝေဖန်တာနဲ့ မတူပါဘူး..... အခုလက်ရှိက နှစ်ဖက်စလုံးမှာ ပုတ်ခတ်တာတွေ များနေကြတယ်.....

ဒေါ်စုစကားမှားလို့ ၀ိုင်းပီး ပြစ်တင်ဝေဖန်ကြတာကို ဒါလေးမှားတာ မဝေဖန်သင့်ဘူးလို့ ပြောလာကြတယ်..... ဒေါ်စုကိုယ်တိုင် သူ့ကို ဝေဖန်ဖို့ လမ်းခင်းပေးထားတာမယ် ဘာကြောင့်များ ကျန်တဲ့လူတွေဟာ ဆတ်ဆတ်ထိမခံ ဖြစ်နေကြသလဲ စဉ်းစားစရာ ဖြစ်နေပါတယ်.... စကားပုံတစ်ခု ရှိပါတယ် လောကကြီးမှာ အမှားမလုပ်ဘူးတဲ့သူဟာ အလုပ်ကြီး အကိုင်ကြီးကို လက်တွေ့မလုပ်ဘူးသူတဲ့.......

ဒေါ်စုလည်း လူပဲဖြစ်တဲ့အတွက် မှားမှာပဲ ဖြစ်ပါတယ်.... အဲ့ဒိအတွက် ဝေဖန်တာကို ခံရမှာကလည်း ဓမ္မတာပါပဲ... ဝေဖန်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်က ပုတ်ခတ်တာတွေလည်း ကြုံရမယ်ဆိုတာ လောကဓံ တရားတွေထဲက တစ်ခုပါပဲ.... ဒါတွေကို ဒေါ်စုအနေနဲ့ ခံနိုင်ရည်ရှိပြီး ရင့်ကျက်နေပေမယ့် ဒေါ်စုဦးဆောင်မှုနောက်ကို လိုက်မယ့်လူတွေ အဆင်သင့်ဖြစ်ပီလား မေးစရာရှိပါတယ်.....

ဒီပုံစံအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ ဒီမိုကရေစီဘက်တော်သားနဲ့ NLD ထောက်ခံသူများ၊ ဒေါ်စုဦးဆောင်မှုနောက် လိုက်မယ့်သူများ ဆိုတဲ့ ဆင်ကြီးဟာ ကိုယ့်ကို အခတ်ခံရမယ့် ကျုံးကို ကိုယ့်ဟာကိုယ် ဦးတည်သွားနေတယ်လို့ မြင်ပါတယ်...... ဟုတ်ကဲ့ ကျွန်တော် James ပါ လွတ်လပ်စွာ ဆဲရေးကြပါကုန်.....

(James Mint)

Friday, November 9, 2012

Suggestions and Discussions by Bo K Nyein on Wednesday, September 19, 2012 at 2:26am ·

မှတ်ချက် ရဂုံ (၁)



   အတိုဆုံး မိတ်ဆက်ရရင်တော့ ဒီပို့စ်ဟာ ကျနော်ရေးဖြစ်ခဲ့တဲ့ မှတ်ချက်တွေကို စုစည်းထား
တယ်လို့ ပြောနိုင်ပါတယ် ။ စာတွေ သိပ်မရေးဖြစ်သလို ဖြစ်နေပေမယ့် တစ်ကယ်တန်းမှာတော့
မိသားစုအရေးတွေကို အချိန်ပေးရတာအပြင် Facebook လိုနေရာမျိုးမှာ မှတ်ချက်ရှည်တွေ ရေး
ဖြစ်ရာက စာတွေပြန့်ကြဲသွားတာကြောင့်ပါ ။
   ကျနော့်မှတ်ချက်တွေကို စုစည်းလိုက်တဲ့အခါ တစ်ခုနဲ့တစ်ခု အဆက်စပ်တော့ ရှိချင်မှ ရှိပါ
မယ် ။
   နောက် မှတ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း မှတ်ချက်နည်းနည်း ပေးချင်ပါတယ် ။
   မှတ်ချက်တွေ ပုံးပေါလအော ထုတ်နေသလိုဖြစ်ပေမယ့် တစ်ကယ်တန်းမတော့ အများစုကို
ချိန်ဆပြီးမှ ရေးဖြစ်တာပါ ။ တရုတ်နှစ်ကူး ဗျောက်အိုးဖေါက်သလို တစ်ဗျန်းဗျန်း ဖေါချင်းသော
ချင်း စာတွေထွက်တဲ့နေရာ စာမျက်နှာတွေမှာ လိုက်ရေးလို့ ဘာမှမထူးသလို ၊ အမည်ဝှက်နဲ့
လူကြိုက်များအောင်လုပ်ပြီး ကိုယ့်ကို အသားလွှတ်ဆော်ဖို့ ခွင်ဆင်ထားတဲ့နေရာတွေကိုလည်း
ရှောင်ရပါတယ် ။
   တစ်ခါ တစ်ဦးတစ်ယောက် သို့မဟုတ် ဆောင်းပါးတစ်ခုမှာ မှတ်ချက်ရေး ဆွေးနွေးတာဆိုပေ
မယ့် အဓိကက လာဖတ်သူ လူအများကို ဦးတည်ရေးရတာမျိုးတွေလည်း ရှိတတ်ပြန်တယ် ။
တည့်တည့်ပြောတာ ၊ စောင်းပါးရိပ်ချည်လုပ်တာ ၊ လက်သီးနဲ့ ချော်ထိုးသလို တမင်မထိတထိ
လုပ်တာ ၊ ရင်ဆိုင်နေရတဲ့လူကို တိုက်ရိုက်မဟုတ်ပဲ သူ့ပတ်ဝန်းကျင်ကို ပြောတာမျိုးတွေလည်း
လုပ်ရတတ်ပါတယ် ။ တစ်ခါ မှတ်ချက်တိုင်းလိုလိုမှာလည်း အနည်းဆုံးတော့ ကိုယ့်စိတ်ထဲက
တစ်ကယ့်အရိုးခံနဲ့ ရေးတာဖြစ်ပေမယ့် နောင်ကို ပြန်ဖြေရှင်းနိုင်ဖို့တွေကိုလည်း ထည့်တွက်ရပါ
သေးတယ် ။
   ဒီလိုပြောတာ ပဏါယူတာ မဟုတ်ပါဘူး ။ ကျနော်လည်း လူသားတစ်ယောက်မို့ မပြည့်စုံတာ
တွေ ရှိရုံမက အားနည်းချက်တွေဟာလည်း တစ်ခါတစ်ရံ မှတ်ချက်တွေမှာ လာထင်ဟပ်တတ်
ပါတယ် ။ ကိုယ့်ဘာသာ သိတာတွေ ရှိသလို ၊ မပြင်နိုင်သေးပဲ ကြိုးစားတည့်မတ်နေရဆဲ အစိတ်
ပိုင်းတွေလည်း ရှိနေတုန်းပါ ။ ဒီတော့ အပြင်မှာ ကံကြုံလို့ လူချင်းသာတွေ့မိရင် စာထဲကလို အ
ထပ်ထပ်ပြင်ထားလို့ ကောင်းမွန် ပြည့်စုံနေတာနဲ့ကွာခြားတဲ့ စာဖတ်သူထက်တောင် အချို့နေရာ
တွေမှာ ညံ့နေတဲ့လူတစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ် ။
မန်းကိုကို
၁၀ ၊ ၁၁ ၊ ၂၀၁၂

==========================================================

Tuesday, October 16, 2012

ဖက်ဒရယ် ဆိုတာ အသစ်အဆန်းမဟုတ်ပေ/by Duwa Kachin

ဖက်ဒရယ် ဆိုတာ အသစ်အဆန်းမဟုတ်ပေမယ့်၊ ခေတ် အဆက်ဆက် သတင်းအမှောင်ချထားခြင်းခံရတဲ့ မြန်မာနိုင်ငံသား မျိုးဆက်သစ်တွေနဲ့ စစ်တပ် အသိုင်းအ၀ိုင်းအတွက် အသစ်အဆန်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။

တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဗမာ ခေါင်းဆောင်များ နဲ
့ တိုင်းရင်းသား ခေါင်းဆောင်များ (အထူးသဖြင့်၊ ကချင်၊ ချင်း၊ ရှမ်း) သဘောတူထားတဲ့ စနစ်ပါ။

တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲတွေ စလာတဲ့ နောက်မှာတော့ ခွဲထွက်ရေးကို ရှေ့တန်းတင် လာပါတော့တယ်။

နောက်ပိုင်း ၈၈ အရေးအခင်း နောက်ပိုင်း ကျောင်းသား ခေါင်းဆောင် အများအပြား၊ ဗမာ နိုင်ငံရေး ပညာတတ် အများအပြား ပြည်ပ ထွက်လာရတော့၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ နဲ့ ထိတွေ့ခွင့် အများကြီးရလာပါတော့တယ်။ အရင်ကတည်းက ဖက်ဒရယ် အတွက် တိုက်နေသူတွေရယ်၊ ခွဲထွက်ဖို့ ရည်မှန်းထားသူတွေရယ် အားလုံး ပေါင်းပြီး မြန်မာ နိုင်ငံအတွက် အကောင်းဆုံး စံပြ နိုင်ငံရေး စနစ်ကို စဉ်းစား လာရပါတော့တယ်။

ဒါကတော့... ဗိုလ်ချုပ်အောင်ဆန်း စိတ်ကူးခဲ့တဲ့ ဖက်ဒရယ်ပါပဲ။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ဖြစ်ပါတယ်။

ကေအိုင်အေလဲ ဒီမူအပေါ် သဘောတူ တဲ့ အလျောက်၊ ငြိမ်းချမ်းရေး ယူ ပြီး စစ်ဗိုလ်ချုပ်များနဲ့ ဒီနိုင်ငံရေး လမ်းကြောင်းပေါ် ရောက်လာအောင် အခေါက်အခေါက်အခါခါ ကြိုးစားခဲ့ပေမယ့်၊ မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးအဆင့် I (Independence) ဆိုတဲ့ စာလုံးတောင် ပြောင်းဖို့အထိ လိုင်ဇာမှာ အစည်းအဝေး လုပ်ခဲ့ပါသေးတယ်။

စစ်ဗိုလ်ချုပ်တွေက သူတို့ စိတ်ကြိုက်ပုံစံသာ လုပ်သွားပြီး၊
နောက်ဆက်တွဲကတော့၊ ထိုးစစ်ဆင်တာ ခံလိုက်ရတာပါပဲ။

ကတိဖျက်တယ် ဆိုတာ နိုင်ငံအတွက် မကောင်းပါဘူး။ သိက္ခာလဲ မရှိပါဘူး။

ဒီတော့ အနှေး နဲ့ အမြန် ဖြစ်လာအောင် ၀ိုင်းလုပ်ရုံပဲ ရှိတာပါ။ မြန်မြန် ဖြစ်လေ၊ ပြည်သူတွေ မြန်မြန် အကျိုးခံစားရလေပါပဲ။

Friday, October 12, 2012

ဒေါ်အောင်ဆန်းစုကြည်ကို မခန့်လေးစား ထိကပါး ရိကပါး ဝေဖန်ရအောင် ကျမက ဘာမို့လို့လဲ..



ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်းလည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်း ပေါက်လာတာနဲ့ ဆိုပါတော့။
ဒေါ်အောင်ဆန်းစုကြည် .. ဥရောပသွားတုန်းကလည်း ဥရောပအလျောက်.. ခု အမေရိက လာတော့ လည်း အမေရိက အလျောက်.. ဆိုင်ရာ အာဏာပိုင်တွေက အတတ်နိုင်ဆုံး တခမ်းတနား.. တလေး တစား.. ကြိုဆိုကြ.. ဂုဏ်ပြုကြ..။ ကျမတို့နိုင်ငံ့အရေး ဆွေးနွေးကြ.. အဖြေ၀ိုင်းရှာကြ။ တကယ် တန်ဖိုး ရှိဖို့ နှစ်ဦးနှစ်ဘက် ကြိုးစားကြ တဲ့ ခရီးပါပဲ။ အဲသလိုပဲ မြန်မာအုပ်စုတွေလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ အရေး၊ အစဉ်အလာ မပျက်ရလေအောင် ပြင်ကြ ဆင်ကြ.. ရန်ဖြစ်ကြ.. စိတ်ဝမ်းကွဲကြ..။ အုပ်စုတွေ ကွဲကြ…။ အုပ်စု ကွဲတယ် ဆိုရင်လည်း အများ အားဖြင့် ပြောကြတာက နှစ်ဘက် မညီလို့ လို့သာ ပြောကြတာပေါ့။ ဒါပေမဲ့ ကျမ အမြဲ စဉ်းစားမိတယ်။ အမှန်နဲ့ အမှား ဘယ်လို ညီနိုင်ပါ့မလဲပေါ့။
အမှန်က လိုက်မှားကြမလား..။ အမှားက လိုက်မှန်ကြရမလား.. စဉ်းစားရမှာပါ။
ဒီနေရာမှာ ကျမနဲ့ အစ်ကိုလို ချစ်ခင်သော ပညာရှင် စာရေးဆရာတယောက် ငြင်းကြခုန်ကြရင်း ပြောခဲ့ ဖူးတာလေး ပြန်ပြောပြချင်လာပါတယ်။ လွှတ်တော်နိုင်ငံရေးနဲ့ ပတ်သက်လို့ပါပဲ။ အဲဒီတုန်းက စစ် အစိုးရ လက်ထက်.. စစ်သားတစ်မတ်သား ကိစ္စနဲ့ ပတ်သက်ပြီး ပြောကြတာမှာ သူက ကျမကို ပြောပါ တယ်။
“လွှတ်တော်ထဲမှာ စစ်တပ်က ၂၅% ပဲ ယူထားတာလို့ စစ်အစိုးရ ကတော့ ထင်မှာပဲ” တဲ့။
 ဒီတော့ ကျမကပြောတယ်.. “စစ်တပ်နဲ့ လွှတ်တော် ဘာဆိုင်သလဲ.. ထုံးစံမှ မရှိတာ..။ ဒါ အမှန် တရား မှ မဟုတ် တာ..။  ပြီးတော့ လူထုသဘောတူတဲ့ အခြေခံဥပဒေလည်း မဟုတ်ဘူး၊ ဒီလောက် အစိုးရက မတရား သဖြင့်တွေ လုပ်နေတာ ဘယ်အချက်က အမှန်လဲ အစ်ကို ကျမကို ပြောပြစမ်းပါ” လို့။
ဒီတော့ အဲဒီအကိုက ပြန်ပြောတယ်..။
“လူတိုင်းကတော့ ကိုယ်သာ မှန်တယ်.. ကိုယ့်ဘက်ကသာ အမှန်လို့ ထင်တာပဲဟ”.. တဲ့။
ကျမလည်း ပြန်ပြောခဲ့ပါတယ်။
“အမှန်တရားဆိုတာ တရားသဖြင့် မှန်ကန်ခြင်းတော့ ဖြစ်ရမယ်မို့လား” လို့..။
မပြီးသေးပါဘူး။ သူက ဆက်ပါတယ်။ “သူတို့ကလည်း တရားတယ်ထင်မှာပဲ” တဲ့။ ဒါနဲ့ ကျမက “တရား တယ်ဆိုတာ လောကကောင်းကျိုး.. လူအများကောင်းကျိုး.. လူအများ စိတ်လက်ကြည်ဖြူ ရှိတာမှပဲ တရားတယ်လို့ အကြမ်းဖျင်း ပြောနိုင်မယ်ထင်တယ်” လို့…။ နောက်ဆုံးတော့ သူနဲ့ကျမ နှစ်ယောက် လုံး သဘောတူ လက်ခံနိုင်တဲ့ အဖြေမရပါဘူး။

Wednesday, October 3, 2012

သူ့ အမြင်...သူ့ အတွေး....../

Kyaing Tun shared Yoke Ga Zoe's status update.

ဘားအံဆက်ဆံရေးရုံးကိစ္စ KNU ဗဟိုရဲ့ခွင့်ပြုချက်မပါဆိုပြီး ဗဟိုကလူတွေက စစ်ဦးစီးချုပ်ကို ဝေဖန်တဲ့ အသံတွေထွက်လာတယ်။ ကြေငြာချက်တွေထုတ်တယ်။ KNLA ဟာ KNU ဗဟို - ကာကွယ်ရေးဌာနရဲ့ လက်အောက်ခံလို့သာပြောသွားတယ်။ ဒါပေမယ့် KNU မှာ စစ်ဘက်ကလူတွေသာ အင်အားကြီး၊ သြဇာကြီးခဲ့တာလဲ ဗိုလ်ချုပ်မြတို့လူသိုက် မန်းဘဇန်ကို နာယကနေရာပို့ပြီးထဲကလို့ ထင
်တယ်။ ဒါလဲ သိပ်တော့မဆန်းပါ။ စစ်ရေးအဓိက ဦးစားပေးခဲ့ရတဲ့ အဖွဲ့အစည်းတော်တော်များများ (မြန်မာအစိုးရအဆက်ဆက်အပါအ၀င်) မှာ စစ်ဘက်ကသာ အဓိကသြဇာလွှမ်းမိုးလာတတ်တာပဲ။ ကေအန်ယူ ဖွဲ့စည်းစက နိုင်ငံရေးအရ အစဉ်အလာရှိသူတွေ ပညာတတ်တွေဦးဆောင်ခဲ့တာလဲ အမှန်ပါ။ ကေအန်ယူစစ်ဘက်မှာ တစ်ချိန်က အင်္ဂလိပ်တပ်မှာကတည်းက ပါဝင်ခဲ့တဲ့ပညာတတ်စစ်ဗိုလ်တွေ (ဥပမာ - တောခို ကရင်သနကများမှ ကာနယ်မင်းမောင်၊
ကာနယ်မြမောင်) စသည်ဖြင့် ပါဝင်ခဲ့ကြတာပဲ။ အကြောင်းမလှတော့