Saturday, September 29, 2012

အံ့မခမ်းဘွယ်ရာတိုးတက်မှုများနှင့် မြန်မာပြည်သူများ By မင်းစိုးစံ




ဗမာစစ်အစိုးရ ဦးသိန်းစိန်တို့ နိုင်ငံတကာလှည့်ပြီး လိမ်ညာပြောဆိုတဲ့ ခရီးစဉ်ကတော့ အတော်ကလေးအောင်မြင်
တယ်လို့ ပြောရမှာပါ။ တကယ်လည်း အောင်မြင်ပါတယ်။
ပို့ကုန်တွေကို အပိတ်ခံရတာကနေ အခုဆိုတင်သွင်းခွင့် အပြုခံလိုက်ရပါပြီ။

အင်မတန်ကောင်းတဲ့ အနေအထားတရပ်ကို ဖန်တည်းလိုက်နိုင်တယ်၊ တနည်းအားဖြင့် စစ်အုပ်စုအတွက် ခေါင်း
မော့ပြီး ရင်ကော့နိုင်တဲ့ အခြေအနေမျိုး ရရှိသွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။
စစ်အုပ်စုအတွက် ဆိုတော့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းက လူထုအတွက် ဘာတခုမှ မလုပ်ပေးဘူးလား ဆို လာခဲ့သော် ဟုတ်ပါတယ် သူတို့လုပ်ပေးလို့ အံ့မခမ်းဘွယ်ရာ အခြေအနေတွေကို တကယ်ခံစားနေရပါပြီ။

ဗမာပြည်မှာ ထမင်းငတ်လို့ သေတဲ့မသာ မရှိဘူးဆိုတာကို ပြောင်းလွဲပစ်လိုက်တဲ့အတွက် အခုဆို ဗမာပြည်မှာထ
မင်းငတ်လို့ လူသေရတဲ့အထိ အံ့သြစရာကောင်းလောက်အောင် စွမ်းဆောင်ပေးနိုင်တဲ့ ဗမာအစိုးရပါ။
သူတို့ဘာပြူလို့ တိုင်းရင်းသားဒေသက ပြည်သူလူထုကိုမှရွေးပြီး အစီအစဉ်တကျနဲ့ ရေရှည်ရေတို စီမံကိန်းတွေသေ
သေခြာခြာ ချမှတ်လုပ်ဆောင်ရသလဲ ဆိုတာကိုတော့ ရှည်ရှည်ဝေးဝေးပြောနေစရာမလိုပါဘူး။


သီတဂူဆရာတော် ဟောကြားခဲ့တဲ့ တရားတော်တွေထဲမှာ လူတွေပြောပြောနေတဲ့ အင်မတန်ခေတ်စားတဲ့ စကား တခွန်းရှိပါတယ်တဲ့ အဲဒါကတော့ ကြွမ်းကျင်မှုဆိုတဲ့စကားလုံးပါပဲတဲ့။ တနည်းအားဖြင့် ထူးချွန်တယ်လို့ဆိုပါတယ်။
လူတွေမှာ ကြွမ်းကျင်ပိုင်နိုင်တဲ့နေရာမှာ အကောင်းဘက်မှာ ကြွမ်းကျင်ပိုင်နိုင်တာနဲ့ အဆိုးဘက်မှာ ကြွမ်းကျင်ပိုင်
နိုင်တာဆိုပြီး နှစ်မျိုးနှစ်စားရှိတယ်လို့ ဆရာတော်က ဟောသွားပါတယ်။
ကဲ ဗမာစစ်အစိုးရ အဆက်ဆက်ကိုကြည့်ကြပါစို့။

ဟိုးလွန်ခဲ့တဲ့ ပဒေသရာဇ်ခေတ်က ပထမမြန်မာနိုင်ငံထူထောင်ခြင်း ဒုတိယမြန်မာနိုင်ငံထူထောင်ခြင်း တတိယမြန်
မာနိုင်ငံထူထောင်ခြင်း စတဲ့ မြန်မာ့သမိုင်းဖတ်စာအပြင် အခုနောက်ပိုင်း စတုတ္ထမြန်မာနိုင်ငံထူထောင်ခြင်း စတဲ့အ
ကြောင်းကို ထည့်မစဉ်းစားနဲ့ဦး။ (ဆက်စပ်နေတာတော့ အမှန်ပဲ။)

ဖဆပလ မဆလ န၀တ နအဖ အခုအစိုးရဆိုတဲ့ ဗမာအဆက်ဆက်မှာ လူထုကရွေးကောက်တင်မြှောက်တဲ့ အစိုးရ ဆိုပြီး သိသာထင်ရှားတဲ့အစိုးရဆိုတာ မရှိသလောက်ပါပဲ။ အဲဒီလို မတရားတဲ့နည်းနဲ့ အုပ်စုဖွဲ့ အစွမ်းကုန် မိုက်ရိုင်း ရမ်းကားနေတဲ့ အုပ်စုဆိုတော့ အဆိုးဆုံးအလုပ်တွေ လုပ်ပါများလာတဲ့အလျှောက် အကောင်းကိုလုပ်ဘို့ မဖြစ်နိုင်ရှာ
တော့ပါဘူး။

သူတို့အတွေးထဲမှာ အကောင်းဆုံးလို့ ထင်ပြီးလုပ်နေတဲ့ဟာတွေဟာ အဆိုးဆုံးကိုပဲရောက်ရောက်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အထုံပါနေလို့ပါ။ ဒါကြောင့်မို့ သူတို့ကိုယ်ကို ခေါက်ရိုးမကျိုးတဲ့လူတန်းစားလို့ သတ်မှတ်ပြီး ဂုဏ်ယူနေကြတာပါ။

အဲဒီလို အာဏာရူးတဲ့အုပ်စုဟာ လိမ်ရမှာကိုမရှက် မကြောက်တဲ့အပြင် အမှန်အတိုင်းပြောရ ဆိုရ၊ လူသားကောင်း ကျိုးအတွက် လုပ်ရကိုင်ရ မှာပါလားဆိုတာတောင် မစဉ်းစားမိတော့ပါဘူး။ တခုခုကို အကောင်အထည်ဖေါ် ဆောင် ရွက်တော့မယ်ဆိုလျင် ပထမဦးဆုံး စဉ်းစားတာက တဘက်လူရဲ့ အကျိုးစီးပွါ့း ပျက်ဆီးရာပျက်ဆီးကြောင်းကို ဘယ် လိုလုပ်မလဲ ဆိုတာပါ။

စစ်အုပ်စုရဲ့ အနေအထားဟာ ဘာနဲ့တူနေသလဲဆိုတော့ ခွေးတကောင်နဲ့ နှိုင်းယှဉ်ပြပါရစေ။
တသက်လုံးလူရာအသွင်းမခံရတဲ့ စစ်အုပ်စုဟာ လူရာဝင်ချင်နေပါတယ်။ ဒီတော့ လူရာဝင်ရဘို့ အရေးလူနဲ့တူတဲ့ စကားလုံးတွေကို ကမ္ဘာ့အလည်မှာ ကြိုးစားပမ်းစားပြောနေရှာပါတယ်။ လူလိုသူလိုနားလည်ပြီ ဆိုတဲ့အထင်မျိုး အထင်ခံရအောင် နည်းမျိုးစုံကြိုးစားနေတာ အများအသိပါ။
ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။ ဆိုတဲ့ ဆောင်ပုဒ်ကို ဦးထိပ်ထားရာကနေ အခုဆို
ပြည်ပက အကူအညီတွေ ရဘို့အရေး အဲဒီဆောင်ပုဒ်တွေကို ဘေးထိုးထားလိုက်ပါပြီ။

သူတို့တတွေ ဘယ်လောက်ပဲကြိုးစားနေပေမယ့် ခွေးဆိုတာမျိုးက ကြီးလာမှ လက်ပေး လက်ပေး ဆိုပြီးသင်ခိုင်းလို့ ရတာမဟုတ်လေတော့ သူတို့ခမျာ လူထုကောင်းကျိုးကို ဘယ်လိုလုပ်ရမှန်း မသိရှာတော့ပါဘူး။
ဒါပေမယ့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ သူတို့အစိုးရလက်ထက်မှာ ဗမာပြည်သူလူထုတွေဟာ အံ့သြစရာကောင်းတဲ့ တိုးတက်မှုတွေကို ရရှိနေပါပြီ ဆိုပြီး လိမ်ညာပြောဆိုခဲ့တယ်ဆိုတာကို အားလုံးအသိပါ။

ဟုတ်ပါတယ်။
လူထုတွေ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဘယ်လို တိုးတက်ဖြစ်ထွန်းမှုတွေ ရရှိခံစားနေရတယ်ဆိုတာကိုတော့
အောက်က ရုပ်သံဖိုင်လေးကိုသာ ကလစ်ကြည့်လိုက်ကြပါတော့ဗျာ။




ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

No comments:

Post a Comment

mr.kyaingtun@gmail.com